Thursday, October 13, 2011

ပကတိ အရှိတရားကို သတိထားပြီး ဆင်ခြင်ကြစေချင်

by Moenge Aung on Friday, October 14, 2011 at 10:48am
Yangon Times Journal

တိုးတက် ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းအလိုက် အီမို၊ ပန့်၊ အော်တာ အစရှိသဖြင့် ဆံပင်စတိုင် ခပ်ဆန်းဆန်း၊ အဝတ်အစား ခပ်ဆန်းဆန်းများနှင့် နုပျိုသစ်လွင်တဲ့  အလှကိုယ်စီနဲ့ ယနေ့ ၂၁ ရာစု လူငယ်များကြားမှာ ရေပန်းစားလို့ နေသည်။ ဆံပင်ရှည်နဲ့ နားကပ် တွဲလောင်း နွဲ့နွဲ့နောင်းနောင်း သွားနေသော သူတစ်ယောက်ကို အနီးကပ် ကြည့်ပါက ယောက်ျားလေး တစ်ယောက် ဖြစ်နေတက်သည်ကို များစွာ ကြုံဖူးကြ ပေလိမ့်မည်။ ယာဉ်တစ်စီးပေါ်သို့ ယောက်ျားသားများနှင့် အပြိုင် တက်နေသည့် မျက်နှာတွင် ဘာမျှ လိမ်းခြယ် မထားသည့် မျက်နှာပြောင် အမျိုးသမီးလေးတွေကိုလဲ တွေ့ဖူး ကြပေလိမ့်မည်။ သို့သော် ယင်းမြင်ကွင်းများတွင် အပြင်ပန်း ပုံသဏ္ဌာန်သာမက စိတ်ပါ နုနယ် လှပနေသော အမျိုးသား ကောင်းလေးများ ယခုတလော ပိုမို အတွေ့များလာရခြင်းကိုလဲ သတိပြုမိနေကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျား၊ မ ခွဲခြားရန် ခက်ခဲသည့် ဝတ်စား ဆင်ယင်မှုများမှ တစ်ဆင့် လွှဲမှား ချွတ်ချော်နိုင်သည့် စိတ် အခြေအနေသို့ ရောက်ရှိသွားသည့် အချိန်များတွင် . . .


နုနယ်ချင်လာသည့် ယောက်ျား သားများ

“အခုနောက်ပိုင်း ရုပ်ရှင်တွေမှာ မိန်းမယောင်ဆောင်တဲ့ ပြကွက်တွေ တော်တော်များပါတယ်။ ဘယ်မှာကြည့်ကြည့် နွဲ့နေတဲ့ ကောင်လေးတွေကို မြင်ရတာ များလာပါတယ်။ ဒီပြဿနာတွေကို မိဘတွေအနေနဲ့ ထိန်းချုပ်ဖို့ လိုနေပါပြီ” ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခိုင်ခိုင်မာက အကြံပြု ပြောသည်။

စိတ်အလိုကို လိုက်ကာ

ယခုကဲ့သို့  နွဲ့နောင်းမှုများ ဖြစ်နေခြင်းသည် ယင်းတို့၏ ပတ်ဝန်းကျင်ကြောင့် ပိုမို အဖြစ်များနေရကြောင်း သိရပြီး ခေတ်ရေစီးကြောင်းအလိုက် မျောပါရာမှ စိတ်အလိုလိုက်မိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ “အခုက မိန်းမလျာ ပတ်ဝန်းကျင် အရမ်းကျယ်ပြန့်လာတယ်။ ကလေးတွေ ကိုယ်တိုင်ကလဲ လှချင်လာကြတယ်။ ကိုရီးယားကားတွေမှာ ကောင်လေးတွေ အသားဖြူဖြူလေးတွေနဲ့ မိန်းကလေးလို ချစ်စရာကောင်းတဲ့ ပုံစံတွေကို လုပ်ပြကြတယ်။ ဒီက လေးတွေကလဲ အဲဒါကို လှတယ်ထင်တယ်။ သူတို့ လိုက်လုပ်ကြတယ်။ မနွဲ့ နွဲ့အောင် နေကြတယ်။ အလှပြင် ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်သုံးကြတယ်။ စိတ်ဓာတ်ကလဲ မရင့်ကျက်သေးတော့ သူတို့ ဘဝလေးတွေ ပျော့ပျော့ပဲ နေကြတာမျိုးတွေ ဖြစ်လာတယ်။ ဒါကိုပဲ အချင်းချင်း နားလည်မှု ယူတယ်ဆိုပြီး လိင်တူယူတဲ့ကိစ္စ ဖြစ်လာတော့တာပဲ” ဟု ဆက်လက် ပြောသည်။

အမျိုးသားသုံး အလှအပ ပစ္စည်းများတွင် ကျယ်လာ

ယခုအခါတွင် ဈေးနှုန်းကြီးမြင့်သည့် အလှကုန်များသာမက ဈေး အသင့်အတင့်ဖြင့် ဝယ်ယူ၍ ရနိုင်သော အလှကုန်များလဲ ဝင်ရောက်လာပြီး အမျိုးသားသုံး အလှကုန်များ ခွဲခြား ထွက်ရှိလာခြင်းသည်လည်း အချက်တစ်ခု အနေဖြင့် ပါရှိနိုင်ကြောင်း နေ အရည်အသွေးပြည့် ဆေးခန်းမှ ဆရာဝန်တစ်ဦးက ပြောသည်။

အလိုလိုက်ခံရသော ကလေးများ သတိထား

အချို့သော အဘွားများနှင့် အန်တီ အပျိုကြီးများနှင့်သာ နေရသော ကလေးများတွင်လည်း ယင်းကဲ့သို့  နွဲ့နောင်းမှု ဖြစ်စေတတ်ကြောင်း သိရသည်။ “ဒီလိုမျိုး ကလေးတွေက နဂိုအခံမှာကတည်းက စိတ်က အားငယ်ပြီးသား။ အပျိုကြီးတွေက ယောက်ျားမုန်း ဝါဒီဆိုရင် ကလေးမှာ ပိုပြီးတော့ နွဲ့စေတယ်။ အဘွားတွေကလဲ အလိုလိုက်ကြတော့ တစ်မျိုး၊ ချစ်လွန်းလို့ ချုပ်ချယ်တော့ ကလေးတွေမှာ ခံစားမှု ဖြစ်သွားရင်လဲ ဒီကိစ္စတွေကို ပိုကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီလို ကလေးတွေကို ဝိုင်းဝန်းကူညီဖို့လိုပါတယ်”ဟု ဆိုသည်။

အညာဆေရော်တို့ရဲ့ ရိုက်ချက်

ကိုရီးယား ဇာတ်လမ်းတွဲများတွင် ပါဝင်သော မင်းသားများ၊ များသောအားဖြင့် အဆိုတော်များ၏ ပုံပန်းသဏ္ဌာန်များသည် အတုခိုးမှားသဖွယ် ဖြစ်နေကြောင်း ဒေါက်တာ ဒေါ်ခိုင်ခိုင်မာက ဆက်လက်ပြောသည်။ “ခေတ်ရေစီးကြောင်း ဆိုပေမယ့်လဲ သူတို့တွေရဲ့ ပုံစံတွေက အရမ်း နွဲ့လွန်းပါတယ်။ အခု နောက်ပိုင်း ရန်ကုန်မှာ မြင်လာရတဲ့ ပုံစံတစ်ခုက ကောင်လေးတွေ မျက်နှာတစ်ခြမ်း စောင်းအုပ်နေတဲ့ အီမိုဆံပင်ကို ခဏခဏ မျက်နှာပေါ် ဆွဲချတယ်။ ပြီးတော့ တကယ့် မိန်းကလေးလိုပဲ ရယ်တာ၊ သွားလာစားသောက်တာကအစ အရမ်း နုနွဲ့နေကြတယ်” ဟု ဆိုသည်။

သတိ သူ ပြောင်းလဲနိုင်တယ်

“အရင်က ကျားကျားလျားလျားတွေ ရွေးချယ်ကြပေမယ့် အခုခေတ် မိန်းကလေးတွေကိုက နုနုနယ်နယ် ကောင်လေးတွေကို သဘောကျကြတယ်။ ဒီလို အချက်တွေကလဲ သူတို့ ပြောင်းလဲရတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေက ကလေးတွေကိုကြည့်ပြီး မိမိတို့ရဲ့ ကလေး ပြောင်းလဲလာမှုကို တစ်နည်းနည်းနဲ့ ပြင်ဖို့ ကြိုးစားရမယ်။ မတက်နိုင်ရင်လဲ စိတ်ပညာရှင်တွေနဲ့ ချက်ချင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်မာက ပြောသည်။ လူ့ဘဝမှာ အလွန်ရှိနိုင်ခဲသည့် အားလျော်စွာ မိမိတို့၏ ဘဝအမှန်ကို အမှန်အတိုင်း တန်ဖိုးထားနိုင်ရန် ရေးသားလိုက်ရပါသည်။

ငွေစန္ဒီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...