Sunday, October 2, 2011

ဇာဂနာ့ အရေးအသားများ


by MoMo Aung on Thursday, March 10, 2011 at 6:32pm
> ပုရွက်ဆိတ်နဲ့ ပရုတ်ဆီ
> ဇာဂနာ

> အငြိမ့်ခန်းရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့
> ဖောက်သည်ချချင်လာပါ တယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ
> အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာ အခန်းဖော်လည်းမရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား
> မေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ ကြွက်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြှောင် တွေ၊
> ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ်
> လိုက်ပြော နေရတာ။

>
> တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း
> တစက်မှ မရှိဘူး။ စဉ်းစားလေ၊ ဘယ့်နဲ့ .. ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ
> ငါးခြောက်ဖတ်လေးတဖတ်လောက် သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။
> ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ၊ နေ့လည်အိပ်နေတုန်း
> ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အ ဆန်းလားဗျာ။
> သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။
>
> ဒါနဲ့ အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို
> စည်းဝိုင်းထားလိုက်တာ၊ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့
> လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ်၊ အထဲ မှာတင်
> ပတ်ပြေးနေတော့တာ၊ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး
> အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။
> တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ
> အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီစက်ဝိုင်း ထဲက ထွက်ဖို့တခါမှ
> မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။
>
> အဲဒါကို အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ ခု
> ပရုတ်ဆီ အ၀ိုင်းခံနေရ တာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။
>
> ရေနွေးနဲ့ဖား
> ဇာဂနာ
>
>ကြားပေါက်လေးတခု
> တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။
> ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖား အရှင် (၃) ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။
> ပြီးတော့ အဲဒီဖားတွေကို ပုံမပျက် အောင် ကျွက်ကျွက်ဆူနေတဲ့ ရေနွေးအိုးထဲ
> ထည့်ပြီး သတ်ရပါတယ်။ ကျနော် တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ
> ပစ်ထဲ့လိုက်တာ ကိုယ်တော် ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲထိပြီး
> ခုန်ထွက် သွားလိုက်တာ (၃) ကောင်လုံး လွတ်သွားရော။
>
> ကုလားကြီးက ရီသလေ့။ ဒီလိုသတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေ ထည့် ပြီး ဖားကို
> ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။
> ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅)
> ဒီဂရီလောက် တိုးတော့ လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅) ဒီဂရီ ထပ်တိုးလည်း
> သကောင့်ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း
> ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီ လောက်လည်း ရောက်ရော အားလုံး
> ဂန့် ဂန့် ဂန့် ဂန့်။
>
> ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေလည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။
> ငါတို့တော့ နေလို့ရသေး တယ် ဘာမှမဖြစ်သေးဘူးဆိုပြီး ဆက်ပြီးကူးမှာလား။
> ခုန်ထွက်မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေးကိုက် ကြမလား။ မျက်နှာကို
> ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင်
> လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။
>
> စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ
> ဇာဂနာ
>
>
စိတ်ကူးယဉ်တဲ့
> အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ်
> ထိုင်နေရုံ ကလွဲလို့ ဘာမှလုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင်
> မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့်၊
> ရှူရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော
> ရှူရှူးရော ပါလည်းပါ ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီး
> သား ရှူရှူးတွေက ဖင်ပြန်စင်နေပြီ။ ကိုယ့်ရှူရှူး ကိုယ်ရွံနေလို့
> မဖြစ်ပါဖူးလေလို့သာ သဘောပိုက်ရပါတော့ တယ်။ ပါလိုက်ဦးဟ ... ပန်းလိုက်ဦးဟ။
>
> အီအီးနဲ့ ဆန့်ကျင်ဘက် မန်မန်ကျတော့လည်း တော်တော်အဆင်ပြေသားခမျ။
> စာထဲပေထဲမှာတော့ ရောင်စုံသူ ပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်းဆိုတာ
> တွေ့နေပါပြီ။ အမယ် ... ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့ များ
> ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက
> စားစရာဆိုလို့ ပါးစပ်တခု ပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း
> လုပ်စားရတာပ။

စစ်ခွေးတိုက်မှာပိုင်ဆိုင်သမျှ ...
>
> မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့
> ပဲဆိုမှ ပဲဟင်းပါ ခမျ။ ည နေကျတော့ တာလပေါဟင်း။ ထောင်စည်းရိုးနားမှာ
> သန့်ရှင်းရေးကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန်းမ သိတဲ့ အလေ့ကျတွေလည်း
> ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီး
> ရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂြီ ဂြီ ဂွမ် ဂွမ် အသံတွေပေးလို့
> လုပ်သားမောင် ၀မ်းနှုတ်ဆေး အ မလေး အဘလေး တသွားလောက်ပါရဲ့။ အိုဘယ့် ... တာလပေါ။
> ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါ ခက် အနေခက်နေတာ၊ အောင်မာ ထောင်ကျတွေကတော့
> ပျော်လို့ဗျား။ ဇာဂနာတည်းခိုနေရာ စစ်ခွေးနံဘေး က ကွက်လပ်ထဲမှာ
> မိန်းမဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။
> တရွှီး ရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင်
> မျက်ရည်ဘူးသီးလောက် ကျသွား လောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
>
> အော် .. သူတို့တွေခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ၊ ထိုင်ငိုနေလို့မှ
> ထောင်က လွတ်မှာမဟုတ်ဘဲ လို့တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ
> နားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ ကိုင်း .. နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ
> ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်း
> ရေးလုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့
> ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ခမျ။
> ဟီဟိ .. ချစ်စရာလေး။ ဒီလိုခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေ ခမျာ တဖြေးဖြေး
> တပ်ကွဲသွားပြီး ည (၁၁) နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့
> တ နေ့တာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လည်း မအိပ်နိုင်
> နံရံမှီပြီး လုပ်စရာမရှိ ရေပဲ သောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ
> စောင့်နေရပါတော့တယ်။
>
> ဘုရားရိုက်မည့် နွားငမိုက်များသို့ …
> ဇာဂနာ
>
> အမှန်အကန်
> အဖန်ဖန် သစ္စာရှိကြဖို့
> သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
> အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
> ပလာတာ မကြိုက်တဲ့
> နွားငမိုက်တွေမှာတော့
> ဘုရားရိုက်တာသာ ခံကြပေရော့လို့
> မလျော့မပို
> အသော့ ဆိုလိုက်ပါရဲ့။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...