Sunday, October 2, 2011

မန္တလေးမြို့က မြစ်ပွားနာကုထုံးတစ်ခု

by Zaw Min Chit on Wednesday, September 28, 2011 at 10:24am
 
တိုင်းရင်းဆေးဝါးဆိုတာ မြန်မာပြည်သူပြည်သားတွေ ဘိုးစဉ်ဘောင်ဆက် အားထားလာရတဲ့ ကနဦး ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုပါ။ နိုင်ငံတော်အစိုးရကလဲ မြန်မာ့တိုင်းရင်းဆေးဝါးကို အဆင့်အတန်းမြှင့်တင်တဲ့ အနေနဲ့ တိုင်းရင်းဆေးဝါး တက္ကသိုလ်တစ်ခုကို ထူထောင်ပေးပြီး တိုင်းရင်းဆေးပညာရှင်တွေကို မွေးထုတ်သင်ကြားပေးတဲ့အပြင် အနောက်တိုင်းဆေးပညာသင်ကြားနေတဲ့ ဆေးကျောင်းတွေမှာပါ တိုင်းရင်းဆေးကို သင်ကြားပေးနေပါတယ်။ အဲ့သည်အတွက် အခုနောက်ပိုင်း ဘွဲ့ရ ဆရာဝန်မောင်မယ်များမှာ တိုင်းရင်းဆေးအသိပညာတွေရှိနေပြီးဖြစ်ပါတယ်။ တိုင်းရင်းဆေးဝါးတွေကလဲ မြန်မာပြည်သူလူထုကို အကျိုးပြုနေတာကလဲ နှစ်ပေါင်းများစွာကြာမြင့်လာပြီ ဖြစ်တော့  ကုထုံးအများစုဟာ စိတ်ချလက်ချလက်ခံလို့ ရနေပေမဲ့ တချို့တချို့သော ကုထုံးတွေမှာ ကျွန်တော်တို့ အမြင်မှာ လူနာအတွက် အန္တရာယ်ရှိနေတာကို တွေ့လာရပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ သီလရှင်လူနာနှစ်ယောက်ရဲ့ အကြောင်းကတော့ မြစ်ပွားနာတိုင်းရင်းဆေးကုထုံးတစ်ခုကနေဖြစ်လာတဲ့ ဆိုးကျိုးကြောင့် ခွဲစိတ်အထူးကု ပါမောက္ခတစ်ဦးကနေဆက်လက်ကုသပေးခဲ့ရတဲ့ အဖြစ်ကို ဖော်ပြထားတာပါ။ မြစ်ပွားနာဆိုတာကို ကင်ဆာရောဂါလို့ပဲ ဘာသာပြန်ဆိုချင်ပါတယ်။
ဒီသီလရှင်လူနာနှစ်ပါးက ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်မှာ ရှိတဲ့ ကျောင်းတိုက်တခုမှ သီတင်းသုံးနေကြတဲ့ တိုင်းရင်းသား လူငယ်နှစ်ယောက်ဖြစ်ကြပါတယ်။ ဒီသီလရှင်နှစ်ပါးရဲ့ ဒကာများကတော့ ရန်ကုန်မြိုကပါ။ တစ်နေ့တော့ သီလရှင်နှစ်ပါးက ရင်သားမှာ အကျိတ်တွေ့ခဲ့ကြတယ်။ အဲ့သည်တော့ ကျောင်းမှာ လာရောက်တရားအားထုတ်တဲ့ ဓမ္မမိတ်ဆွေလူနာတစ်ဦးရဲ့ ပြောကြားချက်ကနေ အဆိုပါတိုင်းရင်းဆေးဆရာကြီးဆီကို ရောက်သွားပြီးကုသမှုခံယူခဲ့ကြတယ်လို့ဆိုပါတယ်။ တိုင်းရင်းဆေးဝါးနဲ့ ရင်သားအကြိတ်ကို ပျောက်အောင်ကုရင်းနဲ့ ပြသနာဖြစ်လာတာကို လာရောက်လှူဒါန်းကြည့်ရှု့တဲ့ ရန်ကုန်က ဒါယိကာ ဒါယိကာမ နှစ်ပါးကတွေ့သွားတဲ့ အခါမှာ မန္တလေးမြို့ကို ခေါ်လာပြီး ခွဲစိတ်အထူးကုဆရာဝန်ကိုပြပြီး ဆက်လက်ကုသပေးခဲ့ရတယ်လို့ပြောပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဓါတ်ပုံများကတော့ ဒါယိကာက မှတ်တမ်းတင်ထားပေးတာပါ။ ခွဲစိတ်အထူးကုဆရာဝန်ကြီးကတော့ တိုင်းရင်းဆေးအမြင်နဲ့ ဘယ်လိုပဲကုကု အန္တရာယ်ရှိသွားတဲ့ အခြေအနေမျိုးကို ရောက်တာ မဖြစ်သင့်ဘူးလို့ဆိုပါတယ်။ အထက်ပါကုထုံးတွေကြောင့် ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ပိုဆိုးသွားခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်လို့လဲ ဆိုပါတယ်။
အောက်မှာ ပြထားတာကတော့ သီလရှင်လူနာတစ်ဦးရဲ့ တိုင်းရင်းဆေးကု မှတ်တမ်းစာအုပ်ပဲဖြစ်ပါတယ်။ စာအုပ်ရဲ့ အရှေ့ပိုင်းမှာ ကုထုံးအကြောင်းကို သေသေချာချာ တိုင်းရင်းဆေးအမြင်ဘက်ကနေ ရှင်းပြပေးထားတာတွေ့ရပါတယ်။ လူနာကို ကုထုံးအကြောင်းရှင်းပြပေးထားပြီး သဘောတူကြောင်းကိုလဲ စာရေးခိုင်းပြီး consent ယူထားတာကိုလဲတွေ့ရပါတယ်။











အောက်ဖော်ပြပါပုံတွေကတော့ သီလရှင်နှစ်ပါးထဲမှ သိပ်မဆိုးတဲ့ တစ်ပါးသောသီလရှင်ကတော့ ကုထုံးပြီးမြောက်တဲ့ အခါမှာ နောက်ကျောမှာ အမာရွတ်အကြီးတွေနဲ့ ပုံပျက်ပန်းပျက် ကျန်ရစ်ခဲ့တာကို ဒကာဖြစ်သူကမှတ်တမ်းတင်ထားတာပါ။
 
အထက်ပါ သီလရှင်လေးအား အရှေ့ဘက်က ရိုက်ထားတဲ့ပုံမှာကတော့ ဆေးစည်းပြီးလို့ ကျန်တဲ့ဒဏ်ရာ ပျောက်စပြုနေတဲ့ ဒီသီလရှင်ရဲ့ ၀ဲဘက်ရင်သား nipple ဟာ ကြွေကျပျက်စီးသွားပြီး ညှပ်ရိုးအပေါ်မှာ အမာရွက်အကြီးနဲ့ ကျန်ရစ်ခဲ့တာကို ပြထားတာပါ။



အောက်မှာ ဆက်လက်ဖော်ပြထားတဲ့ပုံတွေကတော့ အဆိုပါသီလရှင်လူနာနှစ်ဦးစလုံးကို ခွဲစိတ်ပါမောက္ခဆီခေါ်လာပြီး ဆက်လက်ကုသပေးတဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။

နောက်သီလရှင်တစ်ဦးကတော့ ပိုပြီးဆိုးဆိုးရွားရွားကို ဖြစ်ခဲ့ပါတယ်။
အောက်ပုံကတော့ ဆေးရုံစရောက်တဲ့ အချိန်မှာ အဆိုးဆုံးခံစားခဲ့ရတဲ့ သီလရှင်ကို တိုင်းရင်းဆေးစည်းထားတာကို တွေ့ရတာပါ။



အပေါ်မှာစည်းထားတဲ့ အကာကို ခွာချလိုက်တဲ့ အချိန်မှာ အုပ်ထားတာရဲ့အောက်မှာရှိတဲ့ အထိများတဲ့အရေပြားနေရာ များဟာ ကွာကျပျက်စီးသွားတဲ့ အတွက် အသားနု (granulation tissue) တက်ပြီး ရဲတောက်နေတာကို တွေ့ရပါတယ်။ ကြောဘက်တစ်လျှောက်နဲ့ ပါးခုံးနှစ်ဘက်ပေါ်မှာ ပိုဆိုးနေတာကိုတွေ့ရပါတယ်။ အရေပြားများဟာ ဆေးကြောင့် မီးလောင်သကဲ့သို (chemical burn) ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။
 



အဆိုပါသီလရှင်ဟာ အလွန်နာကျင်နေတဲ့ အတွက် စကားကိုတောင်ဖြောင့်ဖြောင့်မပြောနိုင်ဘူးလို့ပြောပါတယ်။ ၄င်းလူနာရဲ့ အနာကို သန့်ရှင်းဆေးကြောပြီး wound dressing လုပ်ပေးဘို့ရန်အတွက် မေ့ဆေးဆရာရဲ့ အကူအညီကိုယူပြီး ခွဲစိတ်ခန်းထဲမှာ မေ့ဆေးပေးပြီး လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။  ခွဲစိတ်ဆရာဝန်ကြီးကတော့ အရေပြားမှာ တော်တော်များများကွာကျပျက်စီးတဲ့ အတွက် ပိုးဝင်ပြီး septicaemia (သွေးဆိပ်တက်) တောင်ဖြစ်နေလို့ ပိုးသတ်ဆေးအမြင့်စားများနဲ့ ကုသပေးခဲ့ ပါတယ်တဲ့ခင်ဗျား။ ဆက်လက်ဖော်ပြထားတဲ့ ပုံတွေကတော့ လူနာနှစ်ဦးဟာ ဆေးရုံ emergency department မှာဝင်ယောက်ပြသပြီး ခွဲခန်းဝင်ကုသပေးခဲ့ ရတဲ့ မှတ်တမ်းများသာ ဖြစ်ပါတယ်။
 




အဲ့သည်တော့ ဒီဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်ရင် အထက်ပါကုထုံးက လူနာတွေကို ဆိုးကျိုးဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို လက်တွေ့မြင်လိုက်ရတာဖြစ်ပါတယ်။ ခွဲစိတ်ပါမောက္ခကြီးပြောကြားတာကတော့ အဆိုပါအကျိတ်ဟာ fibroadenoma (FA) breast သာလျှင်ဖြစ်ပြီး ကင်ဆာကျိတ်မဖြစ်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။
ကျွန်တော်ဟာ တိုင်းရင်းဆေးပညာကို နကန်းတလုံးမျှနားမလည်ပါဘူး။ တိုင်းရင်းဆေးပညာကိုလဲ နားလည်ချင်ပါတယ်။ ဒါပေမဲ့ ဆေးကုသတဲ့နေရာမှာ ဟစ်ပိုကရေးတီးရဲ့ စကားတစ်ခုတော့မှတ်မိပါတယ်။ "First Do No Harm" ဆိုတဲ့ အချက်ကိုပါပဲ။ လူနာကို မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့လို့များ ဘာသာပြန်ဆိုလိုက်ရမလား။ဘယ်လိုပဲ ဘယ်ဆေးပညာနဲ့ ကုသကုသ လူနာကို အန္တရာယ်မရှိစေဘို့ အလွန်အရေးကြီးပါတယ်။
မြန်မာ့တိုင်းရင်းဆေးဟာ Herbal Medicine အုပ်စုထဲမှာ အကြုံးဝင်တဲ့အတွက် အထက်ပါ ကုထုံးလိုမျိုးကို သိပံ္ပနည်းနဲ့ လက်တွေ့ကျကျ သေချာပြန်လည် ဆန်းစစ်သင့်တယ်လို့ ယူဆမိပါတယ်။ ဒီလိုကုထုံးမျိုးကို လက်ခံသင့်သလား လက်မခံသင့်ဘူးလားဆိုတာကိုတော့ သက်ဆိုင်ရာ ဆေးပညာအဖွဲ့အစည်းများနဲ့ လူနာများရဲ့ အပိုင်းက ဖြစ်ပါတယ်။
နောက်ဆုံးကုသပေးလိုက်တဲ့ ခွဲစိတ်ပါမောက္ခကြီးရဲ့ အမြင်မှာ အတော်ကိုဆိုးရွားလှတဲ့ ရလဒ်များဖြစ်တဲ့ အတွက် အထက်ပါကုထုံးလိုမျိုးကို သတိထားသင့်ပါတယ်ဆိုတဲ့ အကြောင်းပါခင်ဗျား။
· · Share

  • Aung Soe, TeZa Hlaing and 28 others like this.
  • View all 84 shares
    • Sein Myint The Director General (DG) and Principal(Rector) of Department of Traditional Medicine and University of Traditional Medicine should also be duly informed and action should be taken.Minister for health should also be informed.That is my feeling.
      Friday at 3:51pm · · 12 peopleLoading...
    • Hla Hla Myint Ca.Endometrium ဖြစ်တဲ့အဒေါ်ကြီးတယောက်...OG နဲ့ပြနေရင်းကနေ ..ဓါတ်ကင်ရမယ်ပြောတာကြောက်လို့ ...ဘေးလူအပြောကောင်းလို့ တိုင်းရင်းဆေးဆရာတယောက်ဆီမှာ...သွားပြတာတွေ့ဖူးတယ်။အမြစ်ထုတ်တယ်ပြောပြီးခါးအောက်ပိုင်းကိုဆေးကပ်ပေးတာ...။ Low back မှာအနာအကြီးကြီးဖြစ်ပြီးရောက်လာဖူးတယ်။နောက်တော့..ဆုံးသွားတယ်။Ca .Breast..အဒေါ်ကြီးတယောက်လဲ...Surgeon မပြပဲ...တိုင်းရင်းဆေးသွားစီးတာ...အနာကြီးဖြစ်သွားတယ်။ရှင်းပြလဲလက်မခံတဲ့သူတွေအများကြီးရှိနေတယ်။
      Saturday at 10:49pm · · 2 peopleLoading...
    • Thanthan Lwin Thanks for sharing.
      Saturday at 11:24pm ·
    • Chan Aye ကျွန်တော်လဲဒါမျိုးတစ်ယောက်တွေ့ဘူးပါတယ်။ ရိုးရိုး skin infection ကို ကင်ဆာဆိုပြီးအဲဒါမျိုးကြပ်စည်းတာ နာလို့အနာသက်သာအောင်လုပ်ပေးပါဆရာတဲ့။ ကင်ဆာမဟုတ်ဘူးဆက်မလုပ်ပါနဲ့ပြောမိလို့ကျွန်တော်နဲ့ဆက်မပြတော့ဘူးဗျာ။ နောက်တော့သတင်းကြားတာကင်ဆာပျောက်သွားပြီတဲ့။ ပျောက်မှာပေါ့ကင်ဆာမှမဟုတ်တာ။
      Saturday at 11:25pm · · 1 personLoading...
    • Chan Aye နောက်တစ်ခုစဉ်းစားမိတာ ဆရာဝန်တစ်ယောက်ယောက်လုပ်လို့ဒီအတိုင်းအတာအထိဖြစ်သွားခဲ့ရင်ဘယ်လိုများနေလိမ့်မလဲလို့။ ဘယ်သူတွေကဘယ်လောက်တောင်းပြီးဘယ်သူတွေကဘယ်လောက်တောင်ဖွလိုက်မလဲပဲ။
      Saturday at 11:28pm · · 8 peopleLoading...
    • May Xon အင်းမြင်ဖူးတဲ့အစ်မတစ်ယောက်ကတော့.. လည်ပင်းကဘာအကျိတ်မှန်းမသိတာကို.. အဲဒီဆေးကပ်ပြီးမှ အမာရွတ်ကြီးတွေဖြစ်ကျန်ခဲ့တော့မှ.. အကျီကိုကော်လံပါတာပဲဝတ်ရဲတော့တယ်ဆိုပြီး.. လာပြတာမြင်ဖူးပါတယ်.. သူလည်းဆေးရုံတက်ပြီးမသေရုံကုခဲ့ရပါတယ်တဲ့.. တော်တော်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာပါ.. ကပ်ထားချိန်မှာ အရမ်းနာတယ်လို့လည်းပြောပါတယ်..
      Yesterday at 1:04am ·
    • Phobia Zin
      အဲ ကျွန်တော့ အဖိုးကတော့ ၁၉၉၇ လောက်ကထင်တယ်။(သေချာတော့ မမှတ်မိတော့ပါဘူး) ရှားရှားပါးပါး Ca Breast နဲ့ ရန်ကုန်မှာ သွားပြရင်း Radiation ပေးရမယ် ဆိုလို့ ပြန်လာပီး နာမည်ကျော် တိုင်းရင်းသမားတော် တစ်ယောက်နဲ့ကုတာ (ဖြေးဖြေးချင်းလှီးလိုက် အရွက်တွေ အုံ...လိုက်နဲ့ နောက်တော့ မုန့်ပျားသလက်ကို အစာတွေ ခွာထားတဲ့ပုံစံကြီးပဲ ကျန်တော့တာ) နောက်ဆုံးတော့လဲ ....... နောက်ပီး အဒေါ်တစ်ယောက်လဲ (သူလဲ Ca Breast ပါပဲ) မရတော့မှန်း သိသိကြီးနဲ့ လင်ဇီင်္းဆေးဆိုလား..... အဲတာတွေ တိုက်တာပဲ။ မှီရာ ကောက်ရိုးတမျှင် ထင်ပါရဲ့ဗျာ ဆေးခန်း ထိုင်တုန်းကလဲ Breast Lump နဲ့ တစ်ယောက်လာဖူးပါတယ်။ သူလဲ တိုင်းရင်းဆေး ဆရာနဲ့ ပြနေလို့ အာပေါက်အောင် ရှင်းပြပီး ဆေးရုံကို မနည်းလွတ်ရပါတယ်ဆရာရေ။ ဆေးတဖုံ သုံးသောင်းတဲ့ဗျာ။ဆေးရုံကျတော့ ပိုက်ဆံကုန်မှာဆိုးလို့ ကြောက်လို့ ဆိုပီး မသွားဘူးဗျာ နောက်တော်တော်ကြာမှသူ့ဆွေမျိုးတစ်ယောက်ကို တွေ့လို့မေး ကြည့်တော့ ရွာပြန်သွားတာ ပြန်ကိုပေါ်မလာတော့ဘူးတဲ့ဆရာရေ.... ကျနော်လဲ ကြုံလိုက်ရရင် ဒါမျိုးတွေပါပဲဗျာ။စိတ်ပဲ ညစ်ပါတော့တယ်။See More
      Yesterday at 3:18am · · 1 personMin Htet likes this.
    • Koyoe Say
      ကိုစိန်မြင့် ပြောတာ လက်ခံပါတယ်။ တာဝန်ရှိသူတွေ တာဝန်သိဖို လိုပါတယ်။ ကိုယ်တို့ ပြောရင် လွန်ရာကျမယ်။ တကယ် တာဝန်သိသိနဲ့ လုပ်နိုင်တဲ့ ဘောင်ထဲက လုပ်သင့်တာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရော ဘာတတ်နိုင်ပါမည်နည်း ဆိုပြီး ရေစုန်မျောနေကြတာ ...အဆင့်ဆင့်ပါပဲ။ ကြုံခဲ့ရတယ်။ အမြင့်ဆုံး စီမံချက် မန်နေဂျာအဆင့်တောင်မှ အဲသလိုပြောတာ။ ဆုံးဖြတ်ချက် ဆိုတာ မိုးပေါ်က လာတာဆိုပဲ။ အဲသလိုပဲ သွားကြမှာလား။စိတ်ကုန်တယ်။ ကိုယ်တော့ ပြောရဲတယ် နောက် ဆယ်စုတစ်နှစ်ကို ကျော်တာတောင် သည်အချိုးသည်စိတ်ဓာတ်တွေနဲ့ မလွယ်ဘူး။ အဲသည်ပြဿနာအတွက် တိုင်းရင်းဆေးပညာဦးစီးဌာနကို ဖွဲ့စည်းခဲ့တယ် ထင်ပါတယ်။ အဲသည် ဦးစီးဌာနဖွဲ့ပြီး ဆရာဝန်တွေကို ကိုင်ခိုင်းလိုက်တော့မှ တရုတ်က ကျင်းပတဲ့ တိုင်းရင်းဆေးညီလာခံမှာ ကိုယ်တို့ လူတွေ တက်နိုင်ခဲ့တယ်။မဟုတ်ရင် တိုင်းရင်းဆေးက ဘာယောင်ယောင်တွေ တက်ပြီး ကိုယ်တို့နဲ့ ယှဉ်လာမှာ မြင်ယောင်မိတယ်။ ရှေ့ရေး ကြိုမြင်ခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ရမှာပါ။အခုပဲကြည့် ဂမ္ဘီရ ဆရာတွေ ဒေါက်တာဘွဲ့တွေ ဘာတွေနဲ့လေ။ မဟုတ်ရင် အဲသလို သူတို့ဘာသာသူတို့ ဒေါက်တာတွေ ဖြစ်လာမှာ။ အခုက တိုင်းရင်းဆေးပညာဦးစီးဌာန ဖွဲ့ပြီး သူတို့ဘာသာ ထိန်းခိုင်းထားတာ ။ အဆင့်ဆင့်က တာဝန်သိဖို့ လိုတယ်။လိုအပ်ရင် ဥပဒေနဲ့ ကိုင်တွယ်ရမယ်။ သို့သော် ခါတလေ သူတို့ အမျိုးတွေမေးအုံး။ မဟုတ်ရင် ကိုင်တဲ့သူပြန်အမှုပတ်အုံးမယ်။ အဲသလိုတွေကို ကြောက်ရင်းနဲ့ ပတ်ခြာရိုက်နေကြတာ ကြာလှပေါ့။ စိတ်မောမိတယ် တကယ်ပါဗျာ။လူနာတွေ၊ ပြည်သူတွေအတွက် ရင်လေးမိပါတယ်။See More
      22 hours ago · · 2 people2 people like this.
    • Koyoe Say
      တလောက ပြည့်ဖြိုးပြောသလို တည်းခိုခန်းသာသာ ပြင်ပဆေးခန်းတွေ၊ စည်းကမ်းနဲ့မညီတဲ့ ဆေးခန်းကြီးတွေ စည်းကမ်းရှိလာအောင် ကြပ်မတ်ရာမှာ အများကြီး လိုနေသေးသလို နိုင်ငံအတွက် လိုအပ်သော Statistic အတွက် လိုအပ်သော သတင်းအချက်အလက်တွေအတွက် သည်ဆေးခန်းကြီးတွေက ရအေ...ာင် စီမံမှုတွေမရှိသလို မြို့နယ်တွေမှာ အဖွဲ့အစည်းပေါင်းစုံကမွေးသော Volunteersတွေအတွက် သင့်တော်သော စီမံခန့်ခွဲမှုအတွက် ကိုယ့်လူတွေကို သေချာ မညွှန်ကြားနိုင်သေးပါဘူး။ တွေးကြည့်ရင် တကယ်ပဲ မောမိပါတယ်။ အဲဒါတွေကို လုပ်နိုင်ဖို့ဆိုတာ ကိုယ်တို့က Playersတွေပဲဖြစ်တယ်။ Policy makerက ချပေးသော အလုပ်တွေကို အကောင်အထည်ဖော်ရုံပါ။ သူတို့ပဲ လုပ်မှ ဖြစ်မှာဖြစ်ပေမဲ့ ပြောတဲ့သူကိုပဲ ပြောနေပြန်ပြီလို့ မြင်နေတော့ ခက်ရချည်ရဲ့ပါ။ ဘာပြောပြော အားလုံးကောင်းဖို့ အားလုံး သည်နေ့ပဲ စလုပ်ကြရမှာပါ။(ပြောသာပြောရတယ်၊ စိတ်တော့ပျက်လှပြီ။ ကိုယ့်တာကိုယ်လုံရဲ့လားလို့ ပြန်မေးရင် ကိုယ့်နိုင်သလောက် အစွမ်းကုန်တော့ လုပ်နေခဲ့၊ လုပ်နေဆဲပေမဲ့ နောက်ထပ် လုပ်နေဖို့ တော့ သေချာ အင်အားမရှိတော့သလိုပါပဲ။)See More
      22 hours ago ·
    • Thein Myint
      ခုလို မျိုးလွှဲချော်နေတဲ့ ကုထုံးနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတာ တကယ်ရင်နာ ပါတယ်ဗျာ။ ကိုယ့်ပြည်တွင်းက တိုင်းရင်းဆေးပညာကို အဆင့်တန်းမြင့်အောင် ၀ိုင်းဝန်းထောက်ပံ့နေတာကို အခွင့်ကောင်းယူပြီး ရောဂါတို...င်းကို ကိုင်တွယ်ကုသနေတာတော့ တိုင်းရင်း သမားတော်များ ရှောင်ကြဉ်သင့်ပါတယ်။ တိုင်းရင်းဆေးကို နှိမ်ချင်လို့မဟုတ်ပါဘူး။ ခုလိုခေတ်ကြီးမှာ ဥုံဖွမှန်းမှုတ်ပြီး ကုရမယ့်အချိန်မဟုတ်တော့ပါဘူး။ ပိုပြီး လက်တွေ့ကျတဲ့၊ စမ်းသပ်ချက်တွေနဲ့ သက်သေပြနိုင်တဲ့ အန္တရာယ်ကင်းတဲ့ ကုထုံးတွေကိုသာ လက်ခံပြီး ကျန်တဲ့ မရေရာတဲ့ကုထုံးကို စွန့်လွှတ်သင့်ပါပြီ။ လာဟေ့ ၉၆ပါးအကုန်ပျောက် တယ်ဆိုပြီး အောက်လမ်းလိုလို၊ဘာလိုလို ပြည်သူတွေကို ညာစားနေတဲ့ ဆေးဆရာတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်ပါပြီ။ ဒီကိစ္စမှာ မီဒီယာတွေလည်း ပူးပေါင်းပါဝင်နိုင်မှ အောင်မြင်မှုကိုရရှိမှာပါ။ဒါကြောင့် မီဒီယာတွေ သိရှိနိုင်အောင် ကျွန်တော်တို့ တတ်နိုင်သလောက် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ တင်ပြကြရအောင်လားဗျာ။ ခုကိစ္စက ပေါ့သေးသေးမဟုတ်ပါဘူး။ ခုလို တိတိကျကျ တင်ပြပေးတဲ့ ကိုဇော်မင်းချစ်ကို ကျေးဇူးကမ္ဘာပါလို့ ပြောချင်ပါတယ်။ တကယ်ရင်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ်။See More
      22 hours ago · · 1 personMin Htet likes this.
    • Kyaw Min
      ကျွန်တော်တို့လူနာတွေရဲ့ အစွဲတစ်ခုက "ဓါတ်ကင်ရင် သေတာပဲ" လို့ စွဲမှတ်ထားကြတယ်။ အဲတော့ ဓါတ်ကင်ပါလို့ ပြောလိုက်ရင် ရှောင်ပြေးတော့တာပဲ။ ဓါတ်ကင်မဲ့အစား တခြားဟာတွေလိုက်လုပ်တော့ လမ်းတွေလွဲကုန်တော့တာပဲ။ ခက်တာက ဓါတ်ကင်ရတဲ့ လူနာအများစုကလည်း ရောဂါအဆင့်...ကျွမ်းနေတဲ့သူတွေများတော့ သေတာများနေကြတာပေါ့။ အဲဒါကိုပဲ လူတွေက သတိထားမိနေကြတယ်။ စာရေးကောင်းတဲ့ ဆရာများ အဲဒီမဟုတ်မမှန်တဲ့ အစွဲအလမ်းတွေ ပျောက်အောင်လည်း များများရေးပေး၊ ပြောပေးကြပါဦးလို့။ နောက်တစ်ခုကြားတာက ကျွန်တော်တို့ရဲ့ radiation therapy အကြောင်းပါ။ ကျွန်တော်တို့ရဲ့ radiation ပေးတဲ့ စက်က တခြားနိုင်ငံက စက်တွေလို မကောင်းဘူးတဲ့။ ကောင်းတဲ့စက်ကလည်း ဈေးတော်တော်ကြီးတယ်လို့ကြားရပါတယ်။ ရှိတဲ့စက်နဲ့ပဲ ပေးရတာဆိုတော့ ကျွန်တော်တို့ရဲ့ ဓါတ်ကင်ကုသမှုဟာ သိပ်မထိရောက်ဘူးတဲ့။ "ဓါတ်ကင်ရင် သေတာပဲ" ဆိုတာမှာ အဲဒီအချက်လည်း ပါနေလားလို့ပါ။ အဲဒါလည်း ကျွန်တော်ကြားတဲ့ အကြားနဲ့ပဲ ပြောတာပါ။ ကျွန်တော်ပြောတာမှားနေရင် ခွင့်လွှတ်ပါ။ Radiation Oncology က ဆရာများလည်း ဟုတ်မဟုတ် ပါဝင်ဆွေးနွေးပေးရင် ကောင်းမယ်ထင်ပါတယ်။See More
      21 hours ago · · 1 personLoading...
    • Soe Thiha ကျွှန်တော်က MGH radiotherapy Department က radiation oncologist ပါ
      17 hours ago · · 2 peopleLoading...
    • Soe Thiha
      ဓါတ်ကင်ရင် သေတာပဲ ဆိုတာမဟုတ်ပါဘူး၊ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါ ကို ကုသရာမှာ ရည်ရွယ်ချက်(၂)မျိုးရှိပါတယ်၊ Radical intent and Palliative intent ပါ၊ radiotherapy alone နဲ့တင် ကင်ဆာရော တော်တော်များများ..ကိုပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်၊..ဥပမာ ...Ca cervix,Ca vagina,Ca vulva, Head and Neck ကင်ဆာများဖြစ်တဲ့ Ca PNS,Ca Tongue,buccal mucosa,larynx , Lymphoid ကင်ဆာတွေထဲက Hodgekin disease,NHL စသဖြင့် အများကြီးရှိပါတယ်၊ ကင်ဆာရောဂါ သည် အားလုံး ရဲ့ ၆၀% ခန့်ဟာ Radiation ပေးဖို့ လိုအပ်ပါတယ်၊ ရောင်ခြည်ပေးကုသတဲ့အခါမှာ RT principle က maximum dose to the cancer tissues and minimum dose to normal tissues ဖြစ်ပါတယ်၊ ရောင်ခြည်ပေးရင် ကောင်းတဲ့ cell ရော မကောင်းတဲ့ cell အကုန်ထိတာပါ ပဲ၊........ ကောင်းတဲ့ cell ကို နည်းနည်းပဲထိပြီး cancer cell ကိုပဲများများထိစေချင်ရင်တော့ advanced technology လိုအပ်ပါတယ်၊ အဲဒီစက်တွေကဈေးသိပ်ကြီးတယ်၊ဒေါ်လာ ၄-၅ သန်း......စက်အတွက်ခြည်းသက်သက်ပေးရပါတယ်၊ဒါတင်မက ပြုပြင်ထိန်းသိမ်းဖို့ တတ်ကျွှမ်းတဲ့အင်ဂျင်နီယာ၊လူအင်အား အများကြီးသုံးရတယ်၊.........ကျှန်တော်တို့ နိုင်ငံမှာ မ၀ယ်နိုင်ပါ၊ဒီတော့ ဘာဖြစ်သလဲဆိုတော့ ဒီမှာ ဓာတ်ရောင်ခြည်ပေးရင် radiotherapy treatment ရဲ့ side effect ကိုသူတို့ဆီမှာထက်စာရင်ပိုခံစားရပါတယ်၊ ဒါပေမယ့်တစ်ခုခံသာတာက........side effect ပိုခံစားရတယ်ဆိုပေမယ့်ရောင်ခြည်ကတော့ ထွက်နေတုန်းပါ၊ကင်ဆာရောဂါကိုကုသနိုင်တဲ့အခြေအနေကတော့ ရှိနေတုန်းပါ...၊ဒီကစက်တွေမှာ သုံးထားတာ တွေက radioactive ဖြစ်တဲ့ source တွေကို စက်ခေါင်းထဲမှာထဲ့ ထားတာပါ၊ဒီ source တွေကနေ radiation က တောက်ရှောက်သူ့အလိုလို ထွက်နေတာပါ......အဲသူ့ကို စက်ခေါင်းရဲ့ အထဲမှာ လုံလုံခြုံခြုံ ဖြစ်အောင်တော့ စီမံထား ရတာပေါ့၊ camera shutter ဖွင့်သလို အသုံးပြုရတာပါ၊.....ဒီတော့ shutter အဖွင့်အပိတ် လုပ်တဲ့ motor ကောင်းနေသရွေ့ radiation ထွက်နေမှာဖြစ်ပါတယ်၊See More
      16 hours ago · · 3 peopleLoading...
    • Soe Thiha သူတို့ဆီကစက်တွေက ကျှန်တော်တို့ စက်တွေထက်ပိုကောင်းတယ် ဆိုတာ ကတော့ မှန်ပါတယ်၊မြန်မာနိုင်ငံမှာ radiotherapy center လက်ရှိ (၅) နေရာပဲရှိပါတယ်၊ရန်ကုန်၊မနလေး၊တောင်ကြီး၊နေပြည်တော် နဲ့ ရန်ကုန် တပ်မတော်ဆေးရုံ မှာပါ၊ရန်ကုန် center ဆိုရင် 1958 ကတည်းက စ တည်ထောင်ထားတာပါ၊
      16 hours ago · · 1 personLoading...
    • Kyaw Min ‎@Soe Thiha ကျေးဇူးပါ ဆရာ။ အဲဒီမဟုတ်မမှန်တဲ့ အစွဲအလမ်းတွေ ပျောက်အောင် များများရေးပေး၊ ပြောပေးပါ။ ကျွန်တော် GP ထိုင်တဲ့အခါ အဲဒီအယူအဆတွေ လူတော်တော်များများမှာ ရှိနေတာကို တွေ့မိလို့ပါ။ Please accept my friend request.
      15 hours ago · · 1 personMyo Myo Myint likes this.
    • Soe Thiha
      ရန်ကုန်မှာ လက်ရှိ စက် အဟောင်းတစ်လုံး၊၁၀နှစ်ကျော်သုံးထားပေမယ့် တော်တော်ကောင်းနေသေးတဲ့ စက်တစ်လုံး ၊အောက်တိုဘာလမှာ စသုံးမယ့် အသစ်တစ်လုံးရှိပါတယ်၊.....အားလုံးပေါင်းလိုက်ရင် ဓာတ်ရောင်ခြည် စက်အကြီးအသေး ၁၀ လုံးခန့် မြန်မာနိုင်ငံမှာရှိပါတယ်၊ ဆိုတော...့ လူ(၆)သန်း မှာမ စက်တစ်လုံးပဲ ကုသပေးနိုင်တယ် ဆိုတဲ့ သဘောပါ၊......ဘယ်လိုမှအချိုးအစားမညီမျှပါဘူး၊ဒီတော့ ဓာတ်ရောင်ခြည်ရ ဖို့ တန်းစီစောင့် ရတဲ့ အနေအထားတွေဖြစ်လာရတယ်၊ရန်ကုန်မှာ ၄ လ လောက်စောင့်ရပါတယ်၊အခုမနလေးမှာ တစ်လကျော်လောက်စောင့်ရပါတယ်၊ဒါတွေဟာ သိပ်ကောင်းတဲ့ လကဏာတော့ မဟုတ်ဘူးဆိုတာအားလုံး အသိ ဖြစ်မှာပါ၊ ဒီလိုအနေအထားမှာ လူနာတွေ အနေနဲ့ကောင်းနိုးရာရာ ရှာရင်းနဲ့ ဦးမှတ်ကြီး (ဆေးဆရာ၏ နာမည်ရင်းမှာဦးမှတ်ကြီးမဟုတ်ပါ၊ ......၄င်းကုသလိုက်သောလူနာအားလုံး တွင် ကင်ဆာအမြစ်ထုတ်သည်ဟုဆိုကာ ဆေးကြပ်ဆီးပြီးပါက သေရာပါ အမာရွတ်အမှတ်များကျန်ခဲ့သောကြောင့် ထို အမည်တွင်သွားခြင်းဖြစ်သည်၊)....ဆီရောက်သွားတာလည်းဖြစ်နိုင်ပါတယ်See More
      15 hours ago · · 1 personLoading...
    • Kyaw Min ဆရာပြောတာကို ကြိုက်တယ်ဆရာ။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေလည်း အမြန်ဆုံး ပြည့်စုံလာနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။
      15 hours ago ·
    • Ko Ko Gyi Role of the Traditional Medicine in treatment of Tumours should be only in the last palliative stage after surgery, chemo, radiotherapy (or immunotherapy). Even at that stage this method should not be allowed. I used to advise those last stage malignent pts to try any thing as long as not very expensive.
      13 hours ago ·
    • Soe Thiha
      ကျွှန်တော် ရန်ကုန် တွင် ကျောင်းတက်နေသော (၂) နှစ်၊မနလေးရောက်ရှိသော (၂)နှစ်ခန့်အတွင်း ၄င်းဆေးဆရာ ကုသပြီး မသက်သာပဲ ဆေးရုံရောက်ရှိလာပြီးတွေ့မြင်ဖူးသော လူနာများ မှာ ရာ ဂဏန်းမျှရှိပြီဖြစ်သည်၊လက်ရှိကျွှန်တော်ကုသနေသော ကင်ဆာလူနာများတွင် ထိုဆေးဆရာနှင်...့ ဆေးကုဖူးသော လူနာ မနည်းပါ၊တိုင်းရင်းဆေးတွင် မကျွှမ်းကျင်သောကြောင့် ....၄င်းတို့၏ ကုထုံးများကို မဝေဖန်လို ပါ၊သို့သော် မိမိ၏ personnel အမြင်အရပြော ရမည်ဆိုပါက...... ၄င်း၏ကုထုံးများကြောင့်သက်သာပျောက်ကင်း သွားသည့်အဖြစ်အပျက်မျိုး မကြားမတွေ့ရပါ(မှတ်ချက်....တွေ့ဖူးသော လူနာ ရာကျော်ဆိုသည်မှာ မသက်သာသောကြောင့်သာ ဆေးရုံသို့ရောက်လာခြင်းဖြစ်ရာ...သက်သာသူများမလာခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်။) ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုတော့ ရှိသည်၊ Advanced Ca Neck Gland with unknown primary case လူနာတစ်ဦး ရှိခဲ့ပါသည်၊ထိုလူနာ မှာ လာကတည်းက advanced case ဖြစ်ရာ palliative radiotherapy ဖြင့် treatment ပေးခဲ့ ပြီးသက်သာ သွားခဲ့သည်၊သို့သော် လူနာ ကို သေခြာရှင်းပြပြီးဖြစ်သည်....၄င်း၏ရောဂါမှာ ရင့်နေပြီဖြစ်ရာ RT ၏ ရည်ရွယ်ချက်မှာ သက်သာရုံဖြစ်ကြောင်း၊မည်သည့်ဆေးဖြင့်ဖြင့် ကုကု ပျောက်ကင်းဖို့ မဖြစ်နိုင်ကြောင်း၊တစ်နှစ်ခန့် အကြာ တွင် neck gland ပြန်ပေါ်လာသည်၊ RT က second time ဆိုတာပြန်ပေးလေ့မရှိ၊palliative chemo က ငွေမတတ်နိုင်၊ နောက်ဆုံး ထိုဆေးဆရာဆီရောက်သွားသည်၊ဆေးဆီးပေးလိုက်သည်၊၊လူနာမှာ ကျွှန်တော်၏လူနာဖြစ်သည့် အပြင် အလွန်လည်း ရင်းနီးနေသောလူနာဖြစ်ရာ ဆေးကြပ်ဆီးထားသည်မှာ ပူလောင်လှသောကြောင့် ဆေးလာလာထိုးရသည်၊ထို့နောက် မကြာခင်သေဆုံးလေသည်၊သေဆုံးရခြင်းမှာ brain secondary ကြောင့် ဖြစ်သော်လည်း မသေခင်လူနာမှာ ဆေးကြပ်ဆီးထားသော ဝေဒနာ ကို ထပ်တိုးခံစားသွားရသည်။ပြောရလျှင် ၄င်းကုသပေးသော ကင်ဆာလူနာအများစုမှာ သက်သာရာရခြင်းမရှိဟုပြောနိုင်သည်၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...