Sunday, October 2, 2011

သူခိုးလက်ကသူဝှက်လု။

by Htun Aung Gyaw on Monday, October 3, 2011 at 11:04am

ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီ ဖြစ်ကြောင်း DVB ၏ အတွင်း ရေး အကျင့်ပျက်မှုကြီးက မီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီး ဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေးများကို လက် ညှိုးထိုး နံမည်ကောင်းယူပြီး ဂုဏ်သရေရှိရှိ ဆက်ခိုးကြဘို့သာရှိပေသည်။       

မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက်“ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှ ကောက်တင်လိုက်သဖြင့် အရှင်မွေး နေ့ခြင်းကြီးဆိုသလို ဥရောပတခုလုံးဆိုင်ရာနာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကို ဝေစားမျှစားလုပ်စားနေခဲ့သော်လည်း ယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။
ဥရောပတခုလုံးဆိုင်ရာနာဂုတ်ကိုယ်စား လှယ်ဘဝဖြင့် သူ၏သားသမီးများကိုအလွန်ဈေး ကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက်၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီEthnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကို သွေး ခွဲ၍ခေါင်းဆောင်လုပ်ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။

သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့်(ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာ ပြည် သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်း ပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို
“ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကိုဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။)ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်းNCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်းမဖြုတ်ဘဲမှေးစား နေ စဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍ တိုင်းရင်းသားတော်လှန်ရေးသမားများကို ဆွဲစားခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီသုံးရင်းတိုင်း ရင်းသားခေါင်းဆောင်များ၏ နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။

အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ်(compromise) ကိုပြော လာ သော အခါ  စီးပွါးရေး ပိတ် ဆို့မှု (sanction) ကို တောက်လျှောက်အော် လာသောဟန်ညောင်ဝေက  နအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ် ဆိုပြီးပြောင်းလဲအော်ခါနေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။
အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့”။  DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊
အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာ   ဖို့ များတယ်။

DVB ကို NCGUB က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန်ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ် တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ်ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည် တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။
DVBဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC,VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင်မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး(ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ်မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကိုဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင် ဖွင့်ခဲ့တာပါ၊ ဒါကို  ဖလော်ရီဒါမှာ အခုရှိနေတဲ့  ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။

ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေးဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ် ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ ဓါတ်ပုံ၊အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်းသောမှတ် တမ်းလက်ခံများကို သေတ္တာတစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ  တချိန်ကျရင် ရွှေဖြစ်မှာ"  လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကို ရောင်းစားရင်ဖြစ်ဖြစ် ထုတ်ဝေရင်ဖြစ်ဖြစ် ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့ သဘောပေါ့)။

ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ်ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံးနေ့များဆောင်းပါးသုံးပုဒ်ကို
ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေးဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာနေခဲ့တဲ့ စာရေးအားကောင်း၊ လေ့လာအားလဲကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်)ကိုDVB ကနေဘတ်ဂျက်နဲတာကိုအ ကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင် သား နိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေးနိုင်ဘူး။ ထားဝယ်သားချင်းအတူတူ သူမဟုတ်တာလုပ်တာကို သိနေလို့ မပေါ်အောင် စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်းရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်တယ်။

မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါနိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့်DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထားတယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွားခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးကဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်းNCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင်
ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီအဝန်းအဝိုင်းထဲမှာဒေါက်တာသောင်း ထွန်း  ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်း ထိုး ပြနေပြီဖြစ်တယ်။NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင် ရွေး လိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင်မမှားဘူး။

DVB အကျင့်ပျက် ချစားမှုဟာထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလိုသူတို့ကိုအာမခံ ပေး တဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့်ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ်လို့မြင်တယ်။ ယာယီနှုတ်ထွက် ထားပြီး  ပြန်လည်တာဝန်ပေးခြင်းမျိုးမရှိသင့်တော့ ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့လိုတယ်။

 ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ
အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကိုDVB ညွန် ကြားရေးမှူးအနေနဲ ယာယီ တောင်  တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေ တဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက်သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုး အ တွက်ခန့်လိုက်တာကိုအခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွား ပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေးကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင်မရေးတတ် တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး
“ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါတာဘဲ”
အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခုလုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုးရှာ တော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ် လိုက်နေသာသလိုအနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။

အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။
လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။
ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ(Transperency) ရှိဘို့လိုပါသည်။

တော်လှန်ရေးသစ္စာဖြင့်

ထွန်းအောင်ကျော်

မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ
Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။

 Mr. Harald Bockman, Board Chairman, Tel +47
9414 38 38.



It’s a shameful story
for us. The Burmese "Super Thief caught Thieves" in Norway because
Harn Yawnghwe is well known as a super corrupter among the Burmese.If the
Norway donors is continue to use these corrupted management, it will be
obviously reflected as neglected democratic societies of Burma.

K K O

Bertil Lintner ရဲ့စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ
စာရေးဆရာ Samaranyake ဟာ သမတကြီး စပ်ရွှေသိုက် ရဲ့သမီးနဲ့လက်ထပ်ခဲ့သူ Peter Simms ဟာဗြိတိန်အစိုးရရဲ့စပိုင်တယောက်ဖြစ်နေတာစာရေး
ဆရာ ကသိပုံမပေါ်ဘူး လို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့အမကြီးယောက်ျားပေါ့။

“During that time he
also met Peter Simms, an Englishman turned Buddhist who had married one of the
daughters of Myanmar's first president, Sao Shwe Thaike, and become an adviser
to one of the country's newspaper editors. What Samaranayake probably did not
know was that Simms was also a British intelligence agent,”

Book Review Asia Times
October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of
Burma Days 1940-1958 by F Smaranayake

Reviewed
by Bertil Lintner



http://www.facebook.com/photo.php?v=2245830358180

DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ
ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ
သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ
၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်.. အလွဲသုံးစားမှုမှာ
ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး
တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက်
ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..
ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ
အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန်
ယာယီ ထမ်းဆောင်ပါမယ်.



By DVB

Published: 30 September 2011

1. The Management and Board of
Directors of the Democratic Voice of Burma (DVB) have discovered that the
leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up
to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US
Dollars) from funds allocated for journalists and operations inside Burma.

2. Preliminary investigations by the
Board show that other DVB journalists working in Burma and elsewhere were not
involved.

3. The Executive Director of DVB,
Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not
involved in the embezzlement, have taken full responsibility. They have stepped
down from their management positions to enable external auditors to conduct an
impartial investigation.

4. The Board of Directors have
accepted the decision of the two Executive Directors and have appointed Harn
Yawnghwe as Acting Executive Director of DVB to oversee operations in the
interim.

5. The DVB Board has initiated legal
action. This initiative is of crucial importance to prove that the DVB as an
exiled media institution that promotes democratic values and transparency does
not allow any organisational practices that go contrary to what it is
promoting. DVB is registered as a Norwegian Foundation.

6. This process will not have any
major impact on DVB operations, nor on any of the DVB affiliates.

Over the years, DVB has built up an
extensive network of reporters inside the country, which has delivered news
under challenging conditions. The fact that 17-DVB journalists from the network
at present are serving from 3 to 65 year terms in various prisons in Burma is a
clear indicator of the selfless and dedicated work of these journalists.

(Harald Bockman)

Contacts:

1. Mr. Harald Bockman, Board
Chairman, Tel +47 9414 38 38.

2. Mr. Harn Yawnghwe, Acting
Executive Director, Tel +32 475 75 3632.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...