Friday, October 21, 2011

ထုတ်ခွင့်ပြုသည်

by Moenge Aung on Saturday, October 22, 2011 at 10:22am

 မြတ်မွန်ကြော့ဆွေ

ဦးငြိမ်းအောင်သည် မြို့နယ် သမ၀ါယမ အသင်း ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က တာဝန်ထမ်းခဲ့စဉ်က ဖြစ်ပါသည်။ မြို့နယ် အသင်းသို့ ရောက်ရှိလာသော ပစ္စည်းစုံ
အားလုံးကို ရပ်ကွက်၊ ကျေးရွာ သ/မ အသင်းများသို့  ညီညီမျှမျှ အချိုးကျ ခွဲဝေ ပေးပါသည်။

ရပ်ကွက်၊ ကျေးရွာ အသင်းများကလည်း မိမိတို့၏ အသင်း ဆိုင်အတွက် ခွဲတမ်း ပစ္စည်းများ ထုတ်ယူခွင့်ကို မြို့နယ် အသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်ထံ လျှောက်လွှာများ တင်ကြရသည်။ ထိုလျှောက်လွှာများကို ဦးငြိမ်းအောင်က လုပ်ထုံး လုပ်နည်း အရ ဖတ်ရှု စစ်ဆေးပြီး၊ လျှောက်လွှာများပေါ်၌ “ထုတ်ခွင့်ပြုသည်”၊ “ထုတ်ခွင့်ပြုသည်” ဟူသောစာကို လက်မှတ်ရေးထိုးလျက် ခွင့်ပြုလိုက်ပါသည်။
တစ်နေ့တွင် အသင်းဝန်ထမ်း အမျိုးသမီးက မီးဖွားခွင့် လျှောက်လွှာကို ဥက္ကဋ္ဌထံ တင်လိုက်သည်။ မကြာမီ လျှောက်လွှာ ပြန်ကျလာသည်။ လျှောက်လွှာပေါ်မှ ဥက္ကဋ္ဌ၏ လက်မှတ် အပေါ်မှ ဥက္ကဋ္ဌ လက်ရေး စာကြောင်းလေးကို ကာယကံရှင် အမျိုးသမီးနှင့် အခြားနီးစပ်ရာ လူများပါ ဖက်ပြီး တချို့လည်း ပြုံးစိစိ၊ တချို့လည်း မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ကြလေ၏။ ဥက္ကဋ္ဌ ဦးငြိမ်းအောင် မှတ်ချက်ချ ခွင့်ပြုလိုက်ပုံက “ထုတ်ခွင့်ပြုသည်” ဟူသတည်း။
မြတ်မွန်ကြော့ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...