မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၅)
မိဘကိစ္စ
ဆရာတွေ ကျောင်းတွေနဲ့ မကင်းကွာဘဲ အတူတူပူးပေါင်း လုပ်ဆောင်ရမည်။
မြန်မာ့ပညာရေးစနစ်မှာ အလွန်ကောင်း သော ဆောင်ပုဒ်တစ်ခုရှိပါတယ် “မိဘနှင့်ဆရာပူးပေါင်း
ကလေးပညာရေးကောင်း” ဟူ၍ဖြစ်သည်။ ဒါကြောင့် မိဘနှင့်ဆရာ အနီး
ကပ်ပူးပေါင်းခြင်းအားဖြင့် ကလေးပညာကောင်းရုံသာမက မိဘမှာလည်းတန်ဖိုးကြီးတဲ့ အကျိုးအမြတ်တွေရပါတယ်။
ကိုယ့်ကိုယ်ကို မိဘအဖြစ် ယုံကြည်စိတ်တွေ တိုးလာစေတယ်။
ကိုယ်အိမ်ဟာလည်း ခလေးအတွက်သင်ယူရေး ပတ်ဝန်းကျင်တစ်ခုဆိုတာ နား လည်လာစေတယ်။ ကျောင်းရဲ့လုပ်ဟန်တွေနဲ့
လုပ်နိုင်စွမ်းတွေကို သဘောပေါက်လာစေတယ်။ ကျောင်းနဲ့ဆက်သွယ်ပူးပေါင်းရာမှာ အဆင်ပြေ လွယ်ကူလာသည်။
ခလေးပညာရေးအတွက် အရေးကြီးတဲ့လုပ်စရာတွေကိုလည်း မိဘတစ်ယောက်အနေနဲ့ ပါဝင်အကြံ ပေးလာ နိုင်ပါတယ်။
ခလေးရဲ့ ကျောင်းစာတွေအပေါ် တက်တက်ကြွကြွစိတ်ဝင်စားခြင်း။
ပညာရေးနဲကျောင်းကို
မိဘတွေစိတ်ဝင်စားရင် ခလေးရဲ့ဖြစ်မြောက်မှု တိုးတက်လာနိုင်၍ ခလေးရဲ့ကျောင်းစာတွေအ ကြောင်း မေးမြန်းသင့်၊ စစ်ဆေးသင့်ပါတယ်။ ဒါမှ ခလေးကြိုက်တာနဲ့
မကြိုက်တာတွေသိလာမည်။ ခလေးရဲ့အားသာချက်၊ အား နည်းချက်တွေ တွေ့လာရမည်။ မိဘတွေက ကျောင်းကိုဂရုစိုက်ကြောင်းပြတာသည်
ကျောင်းရဲ့တန်ဖိုးနဲ့ အရေးကြီးပုံကို ခလေးတွေ ရင်ထဲရောက်အောင် လုပ်ဆောင်လိုက်တာဖြစ်သည်။
သို့သော် ကိုယ့်ခလေးအကြောင်း ကိုယ်သိအောင် ခြုံလေ့လာတာမျိုးမဟုတ် ပဲ အိမ်မှမိဘက အတင်းအကြပ်စာတွေထပ်သင်၊
ဖိသင်ပေးနေတာမျိုးကြပြန်တော့ အကျိုးကျေဇူးတစ်မျိုးဖြစ်ပြန်ရော။ ခလေးများ ပြဿနာဖြေရှင်းနည်းကို
ဥာဏ်မသုံးရတော့ပဲ အဓမ္မအလွတ်ကျက်ရခြင်းအားဖြင့် ဦးနှောက်ကိုဝန်ပိခြင်း ဖြစ်လိမ့်မည်။
အိမ်သည် လေ့လာသင်ယူစရာတွေ ºကွယ်ဝတဲ့ရိပ်သာတစ်ခု ဖြစ်ပါစေ။ ဥပမာ-အိမ်မှာဖတ်စရာစာများများထားလေ
ခလေတွေစာဖတ်သမား ကောင်းတွေ ဖြစ်လာကြမည်။ ခလေးကိုစာဖတ်ပြခြင်း၊ ခလေးနှင့်အတူစာဖတ်ခြင်း
ပုံပြင်တွေကို အသံကျယ်ကျယ်ဖတ်ပြတာသည် မိဘတွေလုပ်ပေးနိုင်တဲ့ ကိစ္စတစ်ခုဖြစ်သည်။ သိပ်အရေးကြီးတဲ့
ကိစ္စတခုလည်းဖြစ်သည်။ ခလေးနဲ့အတူအကျိုးရှိချိန် များများသုံး ခြင်းသည် ခလေးရဲ့စိတ်ဝင်စားမှု၊
စိတ်ကူးစိတ်သန်း၊ ကိုယ့်ကိုကိုယ်ပုံဖော်မှု စသည်တွေကိုလှုံဆော်ပေးနိုင်ပြီး မိသားစုတစ်ခုလုံး
လည်း ပါဝင်ပျော်ရွင်နိုင်တဲ့ အစီအစဉ်လေးတွေ လုပ်ပေးဖို့လိုပါတယ်။
ခလေးနှင့်အတူ အလုပ်လုပ်သောသူများနှင့် မိဘများအတွက်မှတ်သားဖွယ်ရာ။
(၁) ခလေးများသည် ထိတွေ့မှုအားရုံများကို
စွဲစွဲမြဲမြဲမှတ်ထားတတ်ပါသည်။ ထို့ကြောင့် ခလေးငယ်တွေနှင့် အလုပ်လုပ်လျှင် သင့် တာဝန်ကြီးပါသည်။
(၂) ခလေးငယ်များကို မြတ်နိုးနှစ်သက်မှုရှိပါသည်။
(၃) သူတို့၏ အချိန်ကိုသင်နှင့်အတူအသုံးòပရာတွင်
ပျော်ရွင်ပါစေ။ စိတ်ဝင်စားပါစေ။ သူတို့ဥာဏ်ရည်တိုးလာအောင် လှုပ်ဆောင် နိုင်ပါစေ။
(၄) ခလေးတိုင်းကိုလည်းကောင်း၊
သူမိသားစုကိုလည်းကောင်း၊ သူ၏နောက်ခံအခြေအနေကိုလည်းကောင်း သိကျွမ်းအောင် ကြိုး စားပါ။
(၅) ခလေးသည် မိသားစု၏လွှမ်းမိုးမှုကို
များစွာခံရပါသည်။ ခလေးသည်အိမ်တွင် ကောင်းမွန်မျှတသော အစာရရဲ့လား။ နွေးနွေး ထွေးထွေးဝတ်ဆင်ရသလား။
ချစ်ခင်ယုယမှုရပါသလား။ နောက်ခံအခြေအနေများကို သိအောင်လေ့လာထားရမည်။
(၆) ခလေးတွေ အပေါ်ကြင်နာပါ။
ကြင်ကြင်နာနာယုယုယယ၊ ဂရုစိုက်ဆက်ဆံပါ။
(၇) ခလေးတိုင်းသည် တန်ဖိုးရှိသောလူသားတစ်ဦးဖြစ်သည်ကို
အသိအမှတ်òပပါ။ ဘာအကြောင်းအကြောင့်မှ ခလေးအားငယ် သေးသိမ်စေမှု၊ နှိမ့်ချမှု၊ ဟားမှုများ
မòပလုပ်ပါနှင့်။
(၈) ခလေးများအပေါ် မျှတပါ။
သူတို့မေးသောမေးခွန်းများကို ရိုးသားစွာဂရုစိုက် မှန်မှန်ဖြေပါ။
(၉) တကယ်ဆောင်ရွက်ပေးမည်ဟု
မရည်ရွယ်လျှင် အစကတည်းက ဂတိမပေးထားပါနှင့်။
ဆရာကြီး တစ်ဦးပြောခဲ့သောဆောင်ပုဒ်။
ဖခင်ပေးသောအကြံဥာဏ်ကိုသာ
သားကလက်မခံလျှင် အလွန်အကျွံစိတ်မပျက်ပါနှင့်။ ၎င်းအကြံဥာဏ်သည် အဟောသိ ကံဖြစ်လိမ့်မည်မဟုတ်။
နောင်နှစ်များအတန်ကြာလာချိန်၌ ထိုသားများက သူတို့ကိုယ်ပိုင်သားမီးများကို ၎င်းအကြံဥာဏ်များ
လက်ဆင့်ကမ်းပါလိမ့်မည်။ ဖခင်တစ်ဦးက သူခလေးများအတွက် အရေးကြီးဆုံးလုပ်ပေးနိုင်သောအရာသည်
သူတို့မိခင်ကိုချစ်ခြင်း ပင်ဖြစ်သည်။ ခလေးတို့သည် သူတို့၏မိဘများကို ချစ်ချစ်ခင်ခင်ရှိရန်
များစွာလိုလားကြသည်။ အကယ်၍ မိဘများသည် တစ်ဦး နှင့်တစ်ဦး ရန်ဖြစ်နေလျှင် ခလေးစိတ်ဆင်းရဲရသည်။
ခလေးများသည် စိတ်ဓါတ်ကျဆင်းပြီး လူကြီးလိုနားလည် သည်းခံနိုင်မည်းမဟုတ်ပေ။ သူတို့သည်
နေအိမ်မှထွက်ပြေးခြင်း၊ ကျောင်းစာတွင်လည်း ထိခိုက်လာတတ်ပါသည်။ အကယ်၍ သင့်မှာအိမ်ထောင်
ရေးပြဿနာများရှိလျှင် သင့်ခလေးများလည်း ပြဿနာအမျိုးမျိုး ဆက်လုပ်လာနိုင်ပါလိမ့်မည်။
ခလေးတို့သည် လူကြီးသူမတို့၏ စကားကိုမည်သည့်အခါမျှ ကောင်းစွာနားထောင်ခဲ့သည်မရှိပါ။ သို့သော်
သူတို့ကိုအတုခိုးရန် မည်သည့်အခါမျှပျက်ကွက်ခဲ့သည် မဟုတ်ပေ။ သင်သည် သင့်ခလေး၏ဘ၀အတွက်
အခြေခံဖြစ်သည်။ မိဘတို့အားလုံး၏ အခန်းကဏ္ဍသည် စံပြဖြစ်သည်။ ကျနော်တို့ သည် မည်ကဲ့သို့သောအခန်းကဏ္ဍမှ
စံပြဖြစ်ကြောင်း မေးစရာရှိပါသည်။ ၎င်းတာဝန်ကို ကျနော်တို့ မည်မျှကောင်းမွန်စွာထမ်းရွက်
နေသနည်း။ “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့်” ဆိုသောစကားသည် အရာမထင်ပါ။
သင်သည် သင့်ခလေးများအတွက် အခန်းကဏ္ဍသည် စံပြဖြစ်သည်။
အဓိကသော့ချက်။ ။ မိမိကိုယ်တိုင်
မိမိခလေးကိုဖြစ်စေချင်သော ပုဂ္ဂိုလ်မျိုးဖြစ်ပါစေ။
မိသားစုစည်းမျဉ်း စည်းကမ်းများကို ချမှတ်၍ ယင်းတို့ကိုတိတိကျကျလိုက်နာပါ။
နေအိမ်စည်းမျဉ်းစည်းကမ်းများသည်
ခလေးကစားခြံနှင့်တူ၍ ၎င်းတို့က လုံခြုံသောကန့်သတ် စည်းမျဉ်းဘောင်အတွင်း လွတ်လပ်မှုပေးသည်။
မိသားစုစည်းမျဉ်းစည်းကမ်းများ ချမှတ်ရာတွင် မိဘတိုင်းကိုယ်လွတ်ရှောင်ရမည့် ထောင်ချောက်နှစ်ခုရှိသည်။
(၁) ခလေး၏ အလိုလိုက်ခြင်း။
(၂) စည်းကမ်းတင်းကြပ်လွန်းခြင်း။
တို့ဖြစ်သည်။
ဤအရာနှစ်ခုသည် မိဘများသတိထားဖို့ လိုအပ်ပါသည်။ (လှောင်အိမ်ထဲမှ
ငှက်သည်အစာကောင်းစွာစားရ၍ ဘေးအိမ်မှ ကြောင်ရန်ကိုလည်း ကြောက်ရသည်မဟုတ်ပေ)။ သို့သော်
ငှက်သည်တန်းကလေးပေါ်တွင် တစ်သက်လုံးထိုင်၍ နားနေရန်မဟုတ်ပဲ ပျံသန်းရန်လည်းမွေးဖွားလာခြင်းဖြစ်သည်။
ကျမတို့၏ သားသမီးများးသည် ကြီးပြင်းလာသောအခါ သူတို့သွားလိုရာ၊ လုပ်လိုသောအရာများကို
သူတို့အိမ်မှ ထွက်ခွာသွားတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့်မထွက်ခွာမှီ စည်းကမ်းရှိရှိ
သွန်သင်ဆုံးမထားပါသည်၊
သတိပြုရန်
(၁) မိသားစုစည်းမျဉ်းစည်းကမ်းများသည်
သင့်ခလေးကို ဘေးရန်ကင်းရှင်းသော ကန့်သတ်စည်းမျဉ်းအတွင်း လွတ်လပ်မှုကိုပေးသည်။
(၂) ဖြစ်နိုင်သည့်အခါတိုင်း
သင်တကယ်လိုအပ်မည့်အချိန်မတိုင်မှီကတည်းက စည်းမျဉ်းစည်းကမ်းများ လက်ဝယ်ရှိနေရန် အရေးကြီးသည်။
(၃) များပြားသော စည်းမျဉ်းစည်းကမ်းများရှိခြင်းထက်
အနည်းအကျဉ်းရှိခြင်းသာ ပိုမိုကောင်းမွန်ပါသည်။
(၄) အရေးကြီးသည့် ကိစ္စဟုတ်မဟုတ်
သေချာစဉ်းစားပါ။ အရေးကြီးသင့်သောကိစ္စများနှင့် စပ်လျဉ်း၍ သင့်ခလေးများနှင့် တိုက်ပွဲ
မ၀င်ပါနှင့်။
(၅) စည်းမျဉ်းစည်ကမ်းများသည်
သင်အပါအ၀င် လူတိုင်းကသဘောတူပြီး တဝေမတိမ်းလိုက်နာရမည်။
(၆) လူတိုင်းတကယ်တမ်းလိုက်နာအောင်
ကောင်းမွန်စွာ ကြပ်မတ်ဖို့မရည်ရွယ်လျှင် စည်းမျဉ်းစည်းကမ်းတရပ်ကို ချမှတ်ခြင်းသည် အဓိပ္ပါယ်မရှိပါ။
(၇) တင်းကြပ်သော စည်းမျဉ်းစည်းကမ်းနှင့်
သတ်မှတ်ထားသော်လည်း ၎င်းစည်းကမ်းများကို တဖြေးဖြေးလျှော့ကာ ယုံကြည်မှုဒီဂ ရီကို တိုးမြ‡င့်သင့်ပါသည်။
(၈) သင်တွင်ကြင်ဖော်ရှိလျှင်
စည်းလုံးညီညွတ်ပါ။ ၎င်းစည်းကမ်းများနှင့်စပ်လျဉ်း၍ နှစ်ဦးသဘောတူညီချက်များရှိပါစေ။
သော့ချက်မူများ
သင့်နေအိမ် စီမံအုပ်ချုပ်မှုအတွက် သင်လိုအပ်သော အြုပသဘောဆောင်သည့်
မိသားစုစည်းမျဉ်းစည်းကမ်း(၄)ခုကို စဉ်းစားချမှတ် ပါ။
(၁) သင့်ကလေး တိုးတက်ဖွံ့òဖိးစေချင်သော
အရည်အချင်းများကိုစည်းစား၍ ၎င်းတို့နှင့် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ချ မှတ်ပါ။
(၂) သင့်စည်းမျဉ်းစည်းကမ်းများကို
အòပသဘောဆောင်၍ အဖျက်သဘောရှောင်ပါစေ။
(၃) သင့်စည်းမျဉ်းစည်းကမ်းများသည်
ရှင်းလင်းပြတ်သား၍ လက်တွေ့ဆံကြောင် သေချာအောင်လုပ်òပပါ။
(၄) စည်းမျဉ်းစည်းကမ်းတခုကို
ကြပ်မတ်လိုကကြပ်မတ်၍ မကြပ်မတ်လိုက ပယ်ဖျက်ပစ်နိုင်သည်။ ဤအတိုင်း လက်ကိုင်ထား၍ လျစ်လျူရှုမထားပါနှင့်။
အသင့်ဖြစ်ပါစေ။
လောကတွင် လူတို့၏လုပ်ဆောင်ချက်များသည်
ယခုလည်းမှားနေမည်။ နောင်လည်းမှားနေလိမ့်မည်။ အရာခတ်သိမ်းတို့ တွင် အမှားများရှိနေလိမ့်မည်။
“မမှားသောရှေ့နေ မသေသောဆေးသမား”ဆိုသည့် စကားပုံတခုရှိသည်။
လောကတွင် လူတိုင်း မှားကြသည်သာဖြစ်သည်။ မမှားသောသူ လုံးဝမရှိပါ။ ထို့ကြောင့် အစစအရာရာ
ကြီကျယ်ဆိုးရွား ကြောက်စရာကောင်းလောက် အောင် မှားယွင်းကုန်သည့်အခါတွင် သင်မည်သိြု့ပလုပ်မည်နည်း
။သင်လိုအပ်သည်မှာ စည်းကမ်းထိန်းသိမ်းမှုအတွက်အိပ်ဆောင် လက်နက်ကြိယာ သေတ္တာငယ်မဟုတ်ပဲ
ပြင်ဆင်မှုလက်နက်ကြိယာအပြည့်စုံပါသည့် သေတ္တာကြီးဖြစ်နေလျှင် သင်မည်သိြု့ပလုပ် မည်နည်း။
ဤစာအုပ်၌ဖော်ပြသော ချစ်ခြင်းမေတ္တာ၊ စည်းကမ်း၊ ချီးမွမ်းခြင်းနှင့် တသမတ်တည်းဖြစ်မှု
အကြောင်းများကိုဖတ်၍ ဒါ တွေသိပ်ကောင်းတာပေါ့ကွာ ဒါပေမယ့်ငါ့အတွက်တော့နောက်ကျခဲ့ပြီပဲ
တကယ်တော့ငါဟာမအောင်မြင်ခဲ့ပါလား ဟုစဉ်းစားမိ သည့်အခါ မည်သို့ခံစားရမည်နည်း။ ၎င်းဖြစ်စဉ်ကိုကြည့်လျင်
မြင်းတကောင်သည် မြင်းဇောင်းမှလွတ်ပြေးသွားပြီး သုံးမိုင်ခရီးခန့် ရောက်သွားမှ မြင်းဇောင်းတံခါပိတ်ရန်óကိးစားခြင်းနှင့်
ဆင်တူနေသည်။ ပထမဦးစွာနားလည်ရမည်မှာ ပျက်စဉ်ပြင်ခဏဖြစ်၍ အခြေနေသည် မည်မျှဆိုးပုံရသောလည်း
သင်ပြင်ဆင်နိုင်သေးကြောင်းပင်ဖြစ်သည်။ သင်သာဆန္ဒရှိမည်ဆိုလျှင် သင့်ကလေးများနှင့် အလွယ်တကူ
အစဉ်ပြေနိုင်မည်ဖြစ်သည်။ သူတို့ကသင့်ကို အမြဲခွင့်လွတ်လိုကြပါသည်။ သူတို့ကသင့်ကိုချစ်ရန်
လိုအပ်ချက်ရှိနေပါ သည်။ သူတို့အနေဖြင့်သင့်ကိုချစ်ရန် ကြီးမားသောဆန္ဒရှိသည်။ သင်နှင့်အစဉ်ပြေမည်ဆိုလျှင်
သူတို့လည်းစိတ်ချမ်းသာမည် ဖြစ် သည်။ သူတို့ဘ၀လမ်းဆန်းနိုင်ရန်အတွက် သင်၏ချစ်ခြင်းမေတ္တာနှင့်
လေးစားမှုကိုသင်ထင်မှတ်သည်ထက်ပို၍ လိုအပ်လျက်ရှိပါ သည်။ ထို့ကြောင့် သင်ရင်ဆိုင်နေရမည့်
အလုပ်သည် အစဦးတည်းကထင်မှတ်သကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့ဖွယ် မဟုတ်ပါ။ သူ တို့ကသင်နှင့်
ပြေလည်ပြီး စိတ်ဒဏ်ရာဒဏ်ချက်များ တကယ်ပျောက်ကင်းလိုကြခြင်းသာ ဖြစ်သည်။ အချိန်ကြန့်ကြာမှုရှိသည်။
သို့သော် စိတ်ဒဏ်ရာဒဏ်ချက်များကိုတော့ ပျောက်ကင်းအောင်ကုသနိုင် ပါသည်။
လောကတွင် ကြုံတွေ့ရသောကိစ္စများအနက်
အတူတကွနေထိုင်ခြင်းက အခက်အခဲဆုံးဖြစ်သည်မှာ တောက်လျှောက်သည်းခံ၍ ခွင့်လွှတ်နေသောကြောင့်
ဖြစ်သည်။ ချစ်ခြင်း မေတ္တာသည် မည်သည့်အခါမှ ခွင့်လွှတ်ရန် တောင်းပန်မနေရခြင်းဖြစ်သည်။
မည်သူမျှစင်းလုံးချောမဖြစ်၍ မိဘအားလုံးသည်လည်း သင့်ကဲ့သို့ အမှားတောင်ပုံရာပုံ òပလုပ်ကြစမြဲဖြစ်ပါသည်။
သို့သော် အားတက်ဖွယ်ကောင်းသည်မှာ အနုတ်လက္ခဏာတစ်ရပ်ကို အပေါင်းလက္ခဏာအသွင် ပြောင်းနိုင်ခြင်းပင်ဖြစ်သည်။
ကျနော်တို့သည် စွန့်ပစ်ပစ္စည်းများမှပင် အòပသဘောအမြတ်ထုတ်နိုင်သေး သည်မဟုတ်ပါလား။ ဤသို့ဆိုလျှင်
ကျနော်တို့မည်သို့òပလုပ်မည်နည်း။ ကျနော်တို့အားလုံးသည် ခလေးအမှားòပမိသောအခါ ၀န် ခံနိုင်လောက်အောင်
ဖြောင့်မတ်စေပြီး သတ္တိရှိစေချင်သည်။ အကယ်၍ ခလေးတို့သည် ကျနော်တို့ သို့မဟုတ် အခြားသူတစ်ဦးတ
ယောက်ကို စိတ်ထိခိုက်အောင် òပမိသည်ဆိုလျှင် သူတို့òပမိသည့်အမှားအတွက် ၀န်ခံ၍ခွင့်လွှတ်ရန်
တောင်းပန်စေချင်သည်။ သို့ သော်ကျနော်တို့ကိုယ်တိုင်က ကျနော်တို့၏အမှားများကို မည်သည့်အခါမျှဝန်မခံ
သို့မဟုတ် မတောင်းပန်ဘဲနေခဲ့သော် သူတို့တွေ ဤကိစ္စကို မည်ကဲ့သို့သင်ယူနိုင်မည်နည်း။
တောင်းပန်ခြင်းသည်
အင်အားကြီးမားခြင်း လက္ခဏာတစ်ရပ်မဟုတ်ပါ။ တခိျု့မိဘများက သူတို့ခလေးများကို တောင်း ပန်ခြင်းသည်
ပျော့ညံ့ခြင်းလက္ခဏာတစ်ရပ်ဖြစ်မည်ကို စိုးရိမ်ကြသည်။ ခလေးတို့က သူတို့ပျော့ညံ့သည်ဟုမြင်လျှင်
သူတို့ကိုရော သူတို့ချမှတ်သည့်စည်းကမ်းကိုပါ အရိုအသေတန်မည်ဟု ယူဆသည်။ သို့တည်းမဟုတ်
သူတို့ပြောဆိုòပလုပ်ခဲ့သည့်အတွက် တောင်းပန်ခြင်းသည် ခလေးတို့ပြောဆိုòပမူခဲ့သည့် အမှားကိုပင်
လက်ခံလိုက်လျောမိသယောင် ဖြစ်မည်ကိုစိုးရိမ်သည်။ သို့သော် တကယ်တမ်းမှာ မိမိအမှားကို
မိမိဝန်မခံနိုင်သောမိဘများသည်သာ နောက်ဆုံး၌ ခလေးတို့ညံ့ခြင်းလက္ခဏာတရပ်မဟုတ်ပါ။ တကယ်တမ်းမှာ
၎င်းသည်အင်အားကောင်းခြင်း လက္ခဏာပင်ဖြစ်သည်။ သင်ကတောင်းပန်ခြင်းအားဖြင့် စံနမှုနာပင်ဖြစ်ရမည်။
အမှားအယွင်းတစုံတရာòပမိသည့်အခါ သင့်ခလေးများကိုယ်တိုင် တောင်းပန်တတ်ရန် သင်ကသွန်သင်အားပေးရပါမည်။
အဘယ့် ကြောင့်ဆိုသော် -
(၁) တောင်းပန်မှုတရပ်သည်
စိတ်မကျေနပ်မှုကို ကျေအေးစေနိုင်၍ လေးစားမှုကို ဖန်တီးနိုင်သည်။ ၎င်းတို့နှစ်ဦးနှစ်ဖက်
ခွင့်လွှတ် ခြင်းအတွက် လမ်းခင်းပေးရာရောက်သည်။
(၂) တောင်းပန်မှုတရပ်သည်
စံနမှုနာကောင်းတစ်ခုဖြစ်သည်။ ၎င်းသည် သင့်ခလေးကအမှားòပမိသည့်အခါ သို့မဟုတ် တစ်စုံတ ယောက်ကို
စိတ်ထိခိုက်အောင်òပမိသည့်အခါ ၀န်ခံရန်လိုအပ်သော မိမိကိုယ်ကိုယုံကြည်မှုကို ကူညီတည်ဆောက်ပေးသည်။
(၃) တောင်းပန်မှုတရပ်သည်
ခလေးတို့မျက်နှာမပျက်ရပဲ သူတို့အမှားကိုသူတို့ ၀န်ခံနိုင်ကြောင်းညွန်ပြသည်။
(၄) တောင်းပန်မှုတရပ်သည်
အဆင်မပြေကျရှုံးမှုမှာ ခွင့်အလွှတ်နိုင်သော အပြစ်အဟုတ်သည့်အပြင် အမှားòပမိလျှင်လည်းကိစ္စမရှိ
ကြောင်းနှင့် သင်အပါအ၀င်လူတိုင် မှားတတ်ကြောင်းကို ဖော်ပြသည်။
(၅) တောင်းပန်မှုတစ်ရပ်သည်
လေးစားမှုကိုဖော်ပြသည့်အပြင် သင့်ခလေးတို့သည် သင့်အတွက် အဖိုးတန်ကြောင်းနှင့် ၎င်းတို့
ခံစား၊ စဉ်းစားပုံကို သင်ကဂရုစိုက်ကြောင်းများ ဖော်ပြသည်။
ဤသည်မှာ သင့်ခြေလှမ်း။
မိဘတိုင်းလိုလိုသည်
သူတို့၏မိဘများက သူတို့ကို မတရားဆက်ဆံခဲ့သည့်အကြောင်းကို ရေးတေးတေးမှတ်မိနေတတ်၏ ခလေးတို့သည်
တရားမျှတမှုနှင့် စပ်လျဉ်း၍ အလွန်သိလွယ်ပြီး တာရှည်လည်းမှတ်မိတတ်၏ ထို့ကြောင့် သူတို့အပေါ်မတရားòပမိ
ပြီး သင်ကမတောင်းပန်ခဲ့လျှင် နောင်အခါတွင် သင့်ကိုအကြီးအကျယ် ငြိုငြင်လာလိမ့်မည်။ အချိန်ကြာလျှင်
အနာကျက်နိုင်သည်ဆို သော်လည်း တကယ်တမ်းမှာ ကြာလေဆိုးလေဖြစ်နိုင်သေးသည်။ ပြဿနာများကို
ပြေလည်အောင်မရှင်းလျှင် သင့်ခလေးနှင့်သင် တို့ကြားမှ အတားအဆီးသည် အချိန်ကြာမြင့်သည်နှင့်အမျှ
ကြီးမားသည်ထက် ကြီးမားလာလိမ့်မည်။ အကယ်၍ သင့်ခလေးနှင့် သင်တို့အကြား၌ မပြေလည်သည့်ပြဿနာရှိလျှင်
မိဘအနေဖြင့် ပြေလည်အောင်စတင်ကြိုးစားရမည် ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် မကြည်လင်ဖြစ်သည့်အခါ
အခြေအနေတမျိုးတဖုံပြောင်းလဲအောင် သူတို့တောင်းပန်လာသည့်အထိ အစောင့်ဆိုင်းပါ နှင့် သူတို့ကလွန်သည်ဟု
သင်မည်မျှထင်မြင်စေကာမှု သင်သည်လူကြီးဖြစ်၍ သူတို့မှာလူကြီးမဖြစ်သေးသည့်အတွက် ငြိမ်းချမ်း
ရေးကမ်းလှမ်းမှုသည် သင်၏တာဝန်သာဖြစ်သည်။
သတိပြုရန်။
(၁) သင်သည်မည်မျှပင်
အားသွန်ခွန်စိုက်ကြိုးပမ်းသည်ဖြစ်စေ အရာခပ်သိမ်းသည် အမြဲတစေမှားနေလိမ့်မည်။
(၂) အရာခပ်သိမ်းနှင့်
စပ်လျဉ်းသော အစဉ်မပြေမှုများရှိစေကာမူ သင်နှင့်ခလေးတို့၏ ဆက်နွယ်မှုအစဉ်ပြေအောင် ကုစားနိုင်ပါသည်။
(၃) သင်ကတစုံတစ်ယောက်ကို
ချစ်သည်ဆိုလျှင် ကျနော်စိတ်မကောင်းမပါဟူသော လက်သုံးစကားများကို မပြတ်ပြော ကြားဖို့
လိုအပ်ပါသည်။
(၄) တောင်းပန်ခြင်းသည်
မိဘတိုင်းပျိုးထောင်အပ်သည့် အလေ့အထတစ်ခုပင် ဖြစ်သည်။
(၅) သင်သည် တောင်းပန်ရန်လိုလိုလားလားရှိပါက
အနုတ်လက္ခဏာတရပ်ကို အပေါင်းလက္ခဏာတရပ်အသွင်ပြောင်း နိုင်ပါသည်။
(၆) မိဘအနေနှင့် ငြိမ်းချမ်းရေးအတွက်
ပထမခြေလှမ်းကိုလှမ်းလိုက လှမ်းနိုင်ပါသည်။
(၇) သဘောကွဲလွဲမှုကို
ပြင်ဆင်ဖို့လက်မနှေးပါနှင့်။ အက်ကြောင်းကို ကြာရှည်စွာထားလေလေ၊ ပြင်ဆင်ရန်ခက်လေလေ ဖြစ်မည်။
0 comments:
Post a Comment