Sunday, October 16, 2011

ကျွန်တော် လူမှုဖွံဖြိုးရေးလုပ်သား

by Aung Myo Thu on Monday, October 17, 2011 at 10:54am
 
ယုံကြည်ချက်ကြောင့် လူမှုရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်နေသူတစ်ယောက်ရဲ့ ကိုယ်လျှောက်ခဲ့တဲ့လှမ်းမှန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို နောက်ပြန်လှည့်ကြည့်မိတဲ့ အတွေးလေးတွေပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းဟာ တိုးတက်လိုသူတိုင်းလုပ်လေ့ရှိတဲ့ အလေ့အထကောင်းတစ်ခုပါ။ ဒီစာမှာတော့ အခက်အခဲအမျိုးမျိုးကြားကနေ လူမှုရေးလုပ်ငန်းတွေလုပ်တာ ၄ နှစ်တိတိပြည့်ပြီး သူ့ကိုယ်သူပြန်လှည့်ကြည့်လိုက်တော့.....

ကျွန်တော် လူမှုဖွံဖြိုးရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့သည်မှာ ၃နှစ်ကျော်၍ ၄ နှစ် နှစ်တိတိကိုပင် ပြည့်ပေတော့မည်။ အကဲ့ရဲ့ခံ အရွဲ့အစောင်းခံကာ စိတ်မပျက်လက်မပျက် လုပ်ကိုင်ခဲ့သည်ကို လည်း  အားရမိသည်။

အချို့ က ကျွန်တော်တို့ကို မျောက်ပြဆန်တောင်းသူများ၊ ခေတ်သစ်နယ်ချဲ့ လက်ဝေခံ၊ ဖောက်ပြန်ရေးသမား၊ ဒေါ်လာစား၊ လုပ်စားနေသူများ၊ ပရိုပိုဆယ်သမား၊ ခေတ်မှီ သူတောင်းစားများလို့ အမည်နာမ စုံလင်စွာဖြင့် အချို့သော ဆရာ့ဆရာကြီးများက  သမုတ်ကြသော်လည်း ကျွန်တော် ဒီအလုပ်ကို စိတ်မပျက် နှစ်နှစ်ကာကာကို လုပ်ခဲ့သည်မှာ ၄ နှစ်တိတိပင် ပြည့်လေတော့သည်။


ကျွန်တော်လုပ်ခဲ့သည့် ၄ နှစ်တာ ကာလတွင်း ကချင်၊ကယား၊ကရင်၊ချင်း၊ရှမ်း(တောင်)(မြောက်) နှင့် မကွေး၊မနဿတလေး၊ဧရာဝတီ၊စစ်တိုင်း စတဲ့စတဲ့ တိုင်းနဲ့ပြည်နယ်တွေ က ဝေးလံခေါင်သီတဲ့ ဒေသတွေက ရွာတွေ ရွံ့တွေဗွက်တွေ ပေါင်လယ်လောက် ရှိသည့် နေရာတွေ ဖြတ် ကျွတ်တို့ မျော့တို့ ဆီ လျက်လျက် ရောရောကို သွေးလှူခဲ့ ဖူးသည်။ အချိန်မှန် မအိပ်ရ မစားရတာ စကားထဲပင်တည့်မပြောကြ။ လုံးဝမအိပ် ရသည် ညများရှိသည်။ လုံးဝမစားရသည့် နေ့များရှိသည်။  ဒီလိုပင်ပန်းဆင်းရဲခံကာ လုပ်ခဲ့ခြင်းသည် တိုင်းပြည် နှင့် လူမျိုးတို့ အတွက် တိုးတက်ရာတိုးတတ်ကြောင်း နည်းလမ်းတစ်ခုဟု ယူဆမိသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့သည် ငွေကြေးချမ်းသာသူများ မဟုတ် ကိုယ် ဝါဒနာပါသည့် ပရဟိတ လူမှုဖွံဖြိုးရေး လုပ်ငန်းတွေကို ကိုယ်စိတ်နဲ့ တွေလို့ လုပ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တွင် နိုင်ငံရေးစိတ်ဓာတ် နိုင်ငံရေးခံယူချက် အပြည့်အဝပင်ရှိပါတယ်။ ဒါပေမယ့် ထောင်တန်း အကျခံနိုင်သောသတ္တိမျိုးမရှိ။ တိုင်းပြည်အတွက် ကိုယ့်တစ်ဘဝလုံး စွန့်လွတ် အနစ်နာခံ မရဲ။ အစိုးရ လုပ်သမျှဆန့်ကျင်၊ မဆန့်ကျင်ရင် မလုပ်ရဆိုသော သဘောထားမျိုးလည်းမရှိ။ မိမိအမြင် မိမိ ယုံကြည်ချက် နှင့် ကိုက်ညီသော အလုပ်မို့ မိမိလုပ်မိပါသည်။ ဒါကို တော်လှန်ပြောင်းလဲရေး လုပ်တာမဟုတ် ဖောက်ပြန်သည်ဟု ထင်လို့က ထင်ကြ။
ကိုယ်ရသင်ရထိုက်သော လုပ်ခ လစာမှတပါး  ဂွင်ဖန်တာမျိုး၊ ခေတ်ထလို့ ကိုယ်မယုံကြည်ပဲ လုပ်ခဲ့တဲ့ လုပ်ငန်းမျိုးမရှိ၊ လုပ်ခဲ့ပြီး စိတ်ထဲ သိပ်မတွေ့လှ ဆိုရင်လည်း ထွက်ပြီး ယုံကြည်သည့် အလုပ်ကိုသာ ဆက်လုပ်ခဲ့သည်။ မည်သူက မည်သို့ပင် စွပ်စွဲပုတ်ခက် ပြောဆိုပါစေ၊ အကုန်သိမ်းကျုံးပြီး ဝါးရင်းထုတ်ဖြင့် ရမ်းပါစေ၊ ဆဲဆိုပါစေ နကမဿမတိ မတုန်လှုပ်ချေ။ ကိုယ်ယုံကြည်ချက် ကိုယ် လက်ကိုင်ထားပြီး လုပ်စရာ ရှိသည်များ ကို လုပ်ခဲ့ပါသည်။

ကျွန်တော်ကိုယ် ကျွန်တော် မျောက်ပြဆန်တောင်းသူ၊ ခေတ်သစ်နယ်ချဲ့ လက်ဝေခံ၊ ဖောက်ပြန်ရေးသမား၊ ဒေါ်လာစား၊ လုပ်စားနေသူ၊ ပရိုပိုဆယ် သမား၊ ခေတ်မှီ သူတောင်းစား လို့ ဘယ်တုန်းက မှမထင်မှတ် ခဲ့ပါ။ တိုင်းပြည်ကောင်းစားအောင် တစ်ဘက်တစ်လမ်းမှ လုပ်နေသည်ဟုပင် ထင်မိပါသည်။ယုံကြည်မိခဲ့ပါသည်။
ဤယုံကြည်သည် မှားသည်လော မှန်သည်လော။ မှားနေလျင် ကျွန်တော်ဘဝ အဓိပဿပာယ်မရှိတော့  ထိုသို့ ယုံကြည်သောကြောင့် ဤသို့ လုပ်ခဲ့သည်။ ထိုသို့ လုပ်တာ မှားနေလျင် ကျွန်တော် ဘ၀ တန်ဖိုးမရှိတော့ပါ။ မျိုးချစ်စိတ်ဓာတ် နှင့် နိုင်ငံရေး အသိအမြင်သည် လူတမျိုးတစားတည်းက၊ တစ်ခုတည်းက အတန်းအစားတစ်ခုကပဲ ပိုင်ဆိုင်သည်ဟု ကျွန်တော် မထင်မှတ်ခဲ့ပါ။ တိုင်းပြည်အတွက် ကျွန်တော်တို့ထက်    အဆ ရာချီထောင်သောင်း ပေးဆပ် အနစ်နာခံသူများ ရှိသည်ကို ကျွန်တော် သိပါသည် ထိုသူများကိုလည်း အမြဲရိုသေလေးစားနေပါသည်။ ကျွန်တော်တို့မှာ ထိုသူများနှင့် ယှဉ်ရင် ခပ်ညံညံသာဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ လည်း တိုင်းပြည် ကို ချစ်ပါသည်။ တိုင်းပြည်ကို တိုးတတ်စေချင်ပါသည်။ ဒီအတွက်လည်း တတ်နိုင်သလောက် ကြိုးစားခဲ့ပါသည်။

လူတိုင်း ဘုရားဆုပန်ကာ လေးသချေင်ဿ နှင့် ကမဿဘာတစ်သိန်း ပါရမီ မဖြည့်စွမ်းနိုင်ပါ။ ဒုကဿကရစရိယာ မကျင့် နိုင်ပါ။ လူတိုင်း ရဟန်းဘောင်တွင် မနေနိုင်ပါ။ ဘုရားဆုမပန်သူတိုင်း လည်း ပဗဿဗဇိတ ရဟန်းပြုကာ        ရဟန်းဘောင် သူမနေနိုင်သူတိုင်း ဗုဒဿဓဘာသာ မဟုတ်။ တကဿကဒွန်များဖြစ်သည်၊ ဒေဝဒတ်အနွယ်များဖြစ်သည် ဟု မယူဆသင့်ပါ။ ဥပသကာ ဥပသကီဘဝနှင့် လောကီ လောကုတ် အလုပ် နှစ်လုပ် လုပ်နေသူများ လည်း ဤလောကတွင် ရှိသင့်သေးသည် မဟုတ်လော။ သူတို့သည် လူကောင်းကြီး မဖြစ်ရင် တောင်မှ လူဆိုးကြီးများမဟုတ်၊ သာသနာ့ ရန်စွယ်ဆူးညောင့်များ မဟုတ်၊ အထောက်အပံများသာဖြစ်သည်။ ရဟန်းမဝတ်ရကောင်းလား ဘုရားဆုမပန်ရကောင်းလား အပြစ်ပြောစရာမလို။

ထိုသို့ပင် တိုင်းပြည်ကို ချစ်ရာတွင် နိုင်ငံရေးနည်းလမ်းတစ်ခု ကိုသာသုံးမှ ချစ်ရာရောက်သည် မဟုတ် အခြားနည်းလမ်းများဖြင့်လည်း တိုင်းပြည်ကို ချစ်၍ ရသည်။ တိုင်းပြည် တိုးတတ်ရေး၊လွတ်မြောက်ရေး အတွက် အထောက်အကူပြုနိုင်သည်။ လူမှုဖွံဖြိုရေး လုပ်ငန်းသည် လည်း တိုင်းပြည်တိုးတတ်ရေး၊ တိုင်းပြည် လွတ်မြောက်ရေးအတွက် အကူအညီအထောက်အပံပြုမည်ဟု ထင်မြင်မိပါသည်။

P.S: လူမှုရေးလုပ်တွေ လုပ်ဖြစ်ခဲ့တာ ၄ နှစ်ကျော်ကြာခဲ့ပြီ ဒီအတွက် ကိုယ့်ကိုယ်ကို ကျေနပ်သည် အားရမိသည်။ အခုလည်း လုပ်နေသည် နောင်လည်း လုပ်နေအုံးမယ် ဖြစ်ပါသည်။ ၄ နှစ်ပြည့် ခဲ့တဲ့ အထိမ်း အမှတ်နဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ပါသည်။ မည်သူကိုမှ မရည်ရွယ်ပါ မတိုက်ခိုက် ဒီပို့စ်ကို ဖတ်ပြီး သဘောမတူ၍ တိုက်ခိုက် လာပါကလည်း ခံယုံသာ


Mg Ogga
===========================================================

ကွန်မန့်လေးတွေပါ ထည့်ပေးလိုက်ပါတယ်။ ပါဝင်ဆွေးနွေးလိုသူတိုင်းလည်း မိမိအမြင်များကို လွတ်လပ်စွာပြောဆိုနိုင်ပါတယ်။


Reply by MG MYO on Thursday

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ။ ဒီနိုင်ငံရေးဆိုတာကို လုပ်မှတိုင်းပြည်ကို ချစ်တာလားဆိုတာကို အဓိကထားဆွေးနွေးချင်ပါတယ်။
တကယ်တမ်းတော့ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ရဲ့ဝါသနာ (Talent) ကို သိဖို့ အရေးအကြီးဆုံးပါ။ ဒါကိုသိပြီဆိုရင် တစိုက်မတ်မတ်လုပ်ပါ။
ဒါ တိုင်းပြည်ကိုချစ်တာပါပဲ။ တိုင်းပြည်တစ်ပြည် တိုးတက်ဖို့အတွက် ဘက်ပေါင်းစုံက လူတော်လူကောင်းတွေ လိုပါတယ်။ ကိုယ်ကကိုယ်သန်ရာမှာ ကောင်းအောင်မွန်အောင် အစွမ်းကုန်လုပ်နေပြီဆိုရင် ခင်ဗျားလည်း အဲ့ဒီထောင်ထဲက လူတွေနီးနီးတန်ဖိုးရှိနေပါပြီ။ အဓိကကတော့ အမှန်အမှားခွဲခြားနိုင်တဲ့ ဥာဏ်ပညာရှိဖို့ အမြဲမပြတ်လေ့လာဆည်းပူးနေဖို့ပါ။ ပန်းပေါင်းစုံပွင့်မှ ဥယျာဉ်ကြီးက လှပတာပါ။ ကဲ ကိုဥက္ကရေ ခင်ဗျားဘာပန်းလဲဗျာ။ ကျွန်တော်တော့ အရပ်ရှည်တော့ အမ်း ?????


 Reply by Mg Ogga on Thursday

အနော်က ခွေးသေးပန်းဗျ ဆေးဘက်ဝင်တယ် ဟီဟီ နံတော့နံတယ် နာမည်လည်း ဆိုးတယ်

 Reply by Thein Zaw

ကိုယ့်စကားနဲ့ကိုယ်ရှင်းပြီးသားပါ။ ကျွန်တော်လူမှုဖွံ့ဖြိုးဖွံ့ဖြိုးရေးလုပ်သားလို့ဆိုထားတာဘဲ။ ကျွန်တော်နိုင်ငံရေးသမားလို့မှ အမည်မတပ်ခဲ့တာ။ တခုပဲပြောချင်တာကတော့ နိုင်ငံရေးသမားဆိုသူများသာ နိုင်ငံအကျိုးပြုတာမဟုတ်ဖူးဆိုတဲ့အချက်ပါဘဲ။ ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းကို မျှတစွာအသက်မွေးသူ၊ သူတပါးအပေါ်မတရားအမြတ်မထုတ်သူ မိမိအလုပ်ကို လုပ်ရင်းသူတပါးကို အကျိုးဖြစ်စေသူဖြစ်ဖို့လိုတာပါဘဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း သူတပါးကို လောကကို အကျိုးဖြစ်စေရင် အကျိုးဖြစ်အောင်အားထုတ်ရင် နိုင်ငံကို အကျိုးဖြစ်စေပါတယ်။ နိုင်ငံရေးသမားတံဆိပ်တပ်မှသာ နိုင်ငံအကျိုးပြုသူမဟုတ်ပါလို့ပြောချင်ပါတယ်။ နိုင်ငံရေးသမားလို့ အမည်ခံသူများကလဲ  စိတ်စေတနာကောင်းနဲ့ အကျိုးရှိရှိလုပ်သူ အကျိုးဖြစ်စေသူများသာ နိုင်ငံရေးသမားအမည်နဲ့ထိုက်တန်ပါမယ်။ လူမှုဖွံ့ဖြိုးရေးလုပ်သားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ ကိုယ်က ကိုယ်ဟာကိုယ်အမည်မတပ်နေရဘဲ ပတ်ဝန်းကျင်က၊ အကျိုးခံစားရသူများက အလိုလိုအကဲဖြတ် အမည်တပ်အသိအမှတ်ပြုခံရခြင်းမျိုးကသာ မွန်မြတ်ပါကြောင်းပြောလိုပါတယ်။

 Reply by Mg Ogga

ဟုတ်ကဲပါခင်ဗျာ က ကျွန်တော်ဒီစာကို ရေးထားတာ ကြာပါ့ပြီ ကျွန်တော်ဘလော့မှာရေးတာပါ စရေးထဲက အမည်တပ်ထားပါတယ် ရေးရတဲ့ ရည်ရွယ်ချက် ကလည်း NGO NGO ဆိုပြီး သေသေချောချာ မလေ့လာပဲ သူများ ပြောစကားနဲ့ လေဖမ်းဒါန်းစီး တဲ့ ကောင်တွေ နဲ့ အချို့ အချို့် သော မဟာမဟာ့ ဆရာ့ဆရာကြီးတွေ ရေးတဲ NGO မကောင်းသတင်းတွေ ကို ဘ၀င်မကျလို့ ရေးခြင်းသာ ကိုယ်ဘာကို တံဆိပ်ကပ်သလားလို့ မေးရင် ကပ်ပါတယ်ခင်ဗျ ကျွန်တော်ရဲ ရှေ့ရောက်နောက်ရောက် စာ၊ တောင်အတွေး မြောက်အတွေးများ ကို အချိန်ကုန်ခံဖတ်ပေးတဲ့ အတွက် ကျေးဇူးပါနော်

Original post : http://myanmar-yis.net/forum/topics/4971275:Topic:16957

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...