နွားနို့တစ်ခွက်...
Cloud Cuckoo Land edited a doc.
သူက အမိအဖမရှိ တစ်ကောင်ကြွက်..ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေရသူတစ်ယောက်လည်း ဖြစ်သေးရဲ့။ ကျောင်းစရိတ် ကူညီထောက်ပံ့သူ မရှိတဲ့အတွက် ပညာတတ် ဖြစ်ချင်လွန်းသောစိတ်ဖြင့် မီးဖိုချောင်သုံး အသေးအမွှားပစ္စည်းတွေ၊ ငရုပ်၊ကြက်သွန် စတဲ့ ဟင်းသီးဟင်းရွက် လေးတွေကို အိမ်ပေါက်စေ့ လိုက်လံ ရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ပင်ပန်းဆင်းရဲလွန
တစ်နေ့မှာတော့… အဲဒီလို ဈေးလိုက်ရောင်းရင်း သူ့ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေခဲ့ပါတယ်။ ခြေလှမ်းတွေတောင် ဆက်ပြီးလှမ်းဖို့ သူ့မှာ အင်အား မရှိသလောက် ဖြစ်နေရပါပြီ။ လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်.. ဒီငွေလေးဟာလည်
“ဒီနွားနို့အတွက် ငွေဘယ်လောက်ကျပါသလဲ ခင်ဗျာ” လို့…
သူ့အမေးကို မိန်းကလေးက ပြန်ဖြေပါတယ်…
“နွားနို့က ကျွန်မ စေတနာနဲ့ တိုက်တာပါ။ အဲဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး။ ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ အတွက် တန်ဖိုးအဖြစ် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက်မခံဖို့ ကျွန်မကို သင်ပေးထားပါတယ် ”
“အိုး… ဒီလိုဆိုရင်ဖြင့် ဒီနွားနို့တစ်ခွက်အတွက် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… ခင်ဗျာ။ ကျွန်တော် သိပ်ကိုဆာနေခဲ့တာပါ ” လို့ သူ ကျေးဇူးတင်လွန်းစွာ ပြန်ပြောလိုက်မိပါတယ်။
နွားနို့တစ်ခွက်ကုန်အောင် သောက်လို့ပြီးတာနဲ့ အားအင်ပြည့်ဝစွာနဲ့ အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်… ဒီနွားနို့တစ်ခွက်ကြောင့် သူ့ကိ
နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်။ အဲဒီမြို့က ဆရာဝန်တွေဟာ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေပြီး မိန်းခလေးရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုဆိုးဆိုးလာပါတယ်။ နောက်ဆုံးတော့ မြို့တော်က ဆေးရုံကြီးတစ်ရုံမှာ အခု မိန်းခလေးမှာ ဖြစ်နေတဲ့ ရောဂါမျိုးတွေကို ကုသရာမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိကြောင်းနဲ့ ထိုဆရာဝန်ကို သွားတွေ့ပြီး ကုသမှု ခံယူသ့င်ကြောင်း သူမကို ကုနေတဲ့ ဆရာဝန်တွေက တိုက်တွန်းတာနဲ့ မိန်းခလေးရဲ့ မိဘတွေက သူမကို ဆေးကုသခံဖို့ မြို့တော်ကြီးကို ခေါ်ဆောင်လာပါတယ်… ဆေးရုံကြီးဆီရောက်လို့ သူမ မိဘတွေက ဆရာဝန်ကြီးနဲ့တွေ့ပြီး လူနာအကြောင်း ပြောပြတဲ့အချိန်မှာတော့ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ ကြားလိုက်ရော ဆရာဝန်ကြီးရဲ့ မျက်နှာနဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်မှုတစ်ချို့ ပေါ်လာပါတယ်။ ချက်ခြင်းပဲ ဆရာဝန်ကြီးက ထိုင်နေရာကနေ အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျော ၀င်ရောက်သွားပါတယ်။ ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာမိန်းကလေးကို သွားကြည့်ပါတယ်။ ဒီမှာတင်ဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..
သူ့ရဲ့ ဆေးကုသခန်းထဲကို ပြန်ဝင်လာပြီးတော့ သူမအသက်ကို ကယ်ဖို့အတွက် သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေ့ကစလို့ ဆရာဝန်ကြီးဟာ သူကိုယ်တိုင် အထူးဂရုစိုက်ပြီး အကောင်းဆုံး ကုသမှုကို ပေးပါတယ်.. ရက်ပေါင်း အတော်ကြာတဲ့အခါမှာတော့ ရောဂါနဲ့ ပညာရှင် လွန်ဆွဲနေတဲ့ပွဲမှာ ဆရာဝန်ကြီး အနိုင်ရသွားပါပြီ။ လူနာအသက်ကို သူ ကယ်လိုက် နိုင်ပါပြီ။ လူနာမိန်းခလေး ရောဂါ သက်သာလာလို့ ဆေးရုံက ဆင်းခါနီးမှာတော့ ဆရာဝန်ကြီးက ဆေးရုံရဲ့ ဆေးကုသစရိတ် ပေးချေရာဌာနကို သွားပြီး မိန်းခလေး အတွက် ကျသင့်တဲ့ ဆေးဖိုးကုန်ကျငွေ စာရွက်ကို သူ့ဆီကို ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဆေးကုသစရိတ် ကျသင့်ငွေစာရွက် ရောက်လာတဲ့အခါ ဆရာဝန်ကြီးက တစ်ချက် ကြည့်လိုက်ပြီးတော့ စာရွက်ရဲ့အောက်ဆုံးမှာ တစ်စုံတစ်ခုကို ချရေးလိုက်ပါတယ်။ ရေးလိုက်ပြီးတာနဲ့ အဲဒီစာရွက်လေးကို မိန်းခလေးထံ ပို့ခိုင်းလိုက်ပါတော့တယ်..
ဆေးကုသစရိတ် စာရွက်ကလေး မိန်းခလေးဆီကို ရောက်သွားတဲ့အခါမှာ စာရွက်ကို ဖွင့်ကြည့်ဖို့သူမ ကြောက်ရွံ့နေမိပါတယ်။ သေချာတာတစ်ခုကတော့သူမတို့အနေနဲ့
“ကျသင့်သမျှ ဆေးဖိုးအားလုံး နွားနို့တစ်ခွက်နဲ့ ပေးချေပြီးပါပြီ ”
အောက်မှာတော့ သူမငယ်စဉ်က နွားနို့တစ်ခွက်တိုက်ခဲ့ဖူးတဲ့ ကောင်လေးရဲ့နံမည်ကို တွေ့လိုက်ရပါတယ်။ သူဟာ ခုချိန်မှာတော့ ဆရာဝန်ကြီး “ဟောင်းဝတ်ကယ်လီ” ဖြစ်နေခဲ့ပါပြီ။ စာရွက်ပေါ်က လက်ရေး စာလုံးလေးတွေနဲ့ ထိုးထားတဲ့ လက်မှတ်လေးကို ကြည့်ပြီး သူမရဲ့ မျက်ဝန်းတွေကနေ ၀မ်းသာကြည်နူးမှု မျက်ရည်တွေ တစ်လိမ့်လိမ့် ကျဆင်းလာပါတော့တယ်။ ဘာကိုမှ မမျှော်ကိုးဘဲ တိုက်ကျွေးခဲ့မိတဲ့ နွားနို့လေးတစ်ခွက်ဟာ သူမရဲ့ အသက်ကို ကယ်လိုက်နိုင်ရုံသာမက များပြားလှတဲ့ ဆေးဖိုးတွေကိုပါ ပေးချေ ပစ်နိုင်လောက်အောင် တန်ဖိုးကြီးလှတယ်ဆိုတာ မယုံနိုင်လောက်အောင် ထူးဆန်းနေပါတော့တယ်.. တကယ်တမ်းတော့ ဒီအဖြစ်အပျက်လေးဟာ “တစ်ဦးမေတ္တာ တစ်ဦးမှာ” ဆိုတဲ့ စကားရပ်လေးက မှန်ကန်လှကြောင်း သက်သေဘဲ မဟုတ်ပါလားနော်။
~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇာတ်လမ်းလေးဟာ ကျွန်မ စာရေးခါစကတုန်းက ဘာသာပြန်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ပါ။ အကြောင်းအရာလေးကို နှစ်သက်မိတာမို့ မဖတ်ဖူးသေးသူများ ခံစားကြည့်ဖို့နဲ့ ဖတ်ဖူးပြီးသူများလည်း ပြန်လည်ခံစားဖို့ တင်ပေးလိုက်ပါတယ်နော်။ တစ်စုံတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အကြင်နာလေးဟာ တစ်ဖက်သားအတွက် မထင်မှတ်တဲ့ အကျိုးကျေးဇူးတွေ ရရှိသွားတတ်တယ်ဆိုရင် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတဲ့စကားနဲ့အညီ အကူအညီ လိုအပ်နေသူများ၊ ဒုက္ခရောက်နေသူများကို ကိုယ်တတ်နိုင်သလောက် စေတနာရှေ့ထားလို့ ကူညီသင့်ကြတယ် မဟုတ်ပါလားနော်။
A Glass of Milk (Unknown Author)ကို ဘာသာပြန်ပါသည်။
Posted by ချော(အစိမ်းရောင်လွင်ပြင်)
0 comments:
Post a Comment