မြန်မာနိုင်ငံ-အာရှရဲ့ဘော့စနီးယားဖြစ်နိုင်မှာလား
by Hla Shwe on Saturday, October 8, 2011 at 8:35am
၁၉၉၈ ခုနှစ်က ကျနော်ခေတ်ဟောင်း ရခိုင်သမိုင်းကို လေ့လာနေတဲ့ အချိန်မှာ ဗမာ့သမိုင်းပ ညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း(၃၀၀) ကျော်တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ် ဘာကြောင်း ရုတ်တရက် ပျက်သုန်းသွားသလဲလို့မေးပါတယ်။ အဖြေကိုတခွန်တည်းနှင့်ပေး ပါတဲ့။ ကျနော်ရဲ့အဖြေက စည်းလုံးမှုမရှိတဲ့အတွက် မြောက်ဦးခေတ် နဂုံးချုပ်ရတဲ့ အကြာင်း ဖြေခဲ့ပါတယ်။ ရခိုင်ရဲ့မြောက်ဦးခေတ်ဆိုတာအေဒီ (၁၄၃၀) ကနေ(၁၇၈၄) ခုနှစ်ထိ နှစ်ပေါင်း (၃၅၄)နှစ်ကြာခဲ့ပါတယ်။ နှစ်ပေါင်း(၃၀၀) ကျော်အတွင်းမှာ တည် ဆောက်ခဲ့တဲ့ ကာကွယ် ရေးစနစ်တွေ၊ နိုင်ငံရေး၊ စီးပွားရေး ဟာမုဆိုးဖိုရွာသူကြီးစတင်တည်ထောင်ခဲ့တဲ့ကုန်းဘောင် မင်းဆက်(၁၇၅၂) က နှစ်ပေါင်း(၃၂)နှစ်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနေ့မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားကိုကြည့်ရင် စည်းလုံးမှုပျက်ပြားနေတဲ့အချိန်ဖြစ်ပါတယ်။ ဗဟိုအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့၊ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ အပါအ၀င် အဖွဲ့ပေါင်း(၂၀)ကျော်ရှိပါတယ်။ အချို့သောလက်နက်ကိုက်အဖွဲ့တွေဟာ စစ်အစိုး ရနှင့်အပစ်အခတ်လုပ်ထားကြသလို၊ အပစ်အခပ်ရပ်စဲရေး မလုပ်တဲ့အဖွဲ့တွေလည်းရှိနေပါ သေးတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာ (UWSA)၊(SSA-North)၊ (KIO) တို့က အင်အားအကြီးဆုံးအဖွဲ့တွေဖြစ်ကြပါတယ်။ (၁၉၈၈)နောက်ပိုင်း စစ်တပ်ရဲ့ညံ့ဖျင်းတဲ့ မဟာဗျူဟာတွေကြောင့် အချို့သောလူမျိုးစုလက်နက်ကိုင်တပ်တွေဟာ အယင်ကထက်အဆ ပေါင်းများစွာ စစ်ရေး၊နိုင်ငံရေးမှာ အင်အားတောင်းတင်းလာခဲ့ပါတယ်။
အဲဒီအထဲကမှ “၀”လူမျိုးစုလက်နက်ကိုင်တပ် (UWSA) ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေထဲမှာအင်အားအကြီးဆုံးဖြစ်ပါတယ်။ လက်နက်ကိုင်အင်အား (၂၅၀၀၀) နှစ်သောင်းခွဲ နှင့် လက်နက်အပိုအရေအတွက်က (၃၀၀၀၀) လောက်ရှိပါတယ်။ စစ်အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအမြောက်အမြားတွေမှာ ဒေါ်လာ ဘီလီယံနှင့်ချီပြီးရင်းနှီုးမြှုတ်နှုံထားတဲ့လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ စက်တင်္ဘာလမှာထွက် ပေါ်လာတဲ့ ၀ီကီလိသတင်းအရဆိုရင် (UWSA) ကရင်းနှီုးမြှုတ်နှုံမှုငွေဒေါ်လာ(၂)ဘီလီယံရှိ ပါတယ်။ မြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနိုလောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီဆောက်လုပ် ထားတဲ့ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော်ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ကခွဲထွက်တုန်းက လက်နက်ကိုင်အရေအတွက် ထောင်ကဏန်းသာရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ(၈)ခုရှိတဲ့တပ်မတော်တရပ်ဖြစ်နေပါပြီ။ ကျနော်တို့သိခဲ့တဲ့“o” လူမျိုးဆိုတာ စာမတတ်ပေမတတ် တောင်ပေါ်သားတွေအဖြစ်သာသိခဲ့ပါတယ်။ အခုအချိန်မှာ တော့ လက်နက်ငယ်ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှဝေဟင်ပစ် ဒုံးလက်နက်တွေပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော်ဖြစ်နေပါပြီ။
ကချင်ဘက်ကြည့်မယ်ဆိုရင် ဌာနချုပ် “လိုင်ဇာ” ဆိုတာလည်း မြို့ပြနိုင်ငံတစ် ခုအဖြစ်တင်စား လို့ရတဲ့အနေအထားကို ရောက်နေပါပြီ။ တာဝန်ထမ်းဆောင်နေတဲ့တပ်သားအရေ အတွက်က (၁၀၀၀၀) နှင့် အရန်တပ်သားက (၁၀၀၀၀) ရှိကြောင်း KIA တာဝန်ရှိသူတဦးမှပြောဆို ခဲ့ဘူးပါတယ်။ လက်နက်ငယ်ထုတ်လုပ်တဲ့ စက်ရုံတွေကိုပိုင်ဆိုင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကလည်းတပ်မဟာ(၇)ခု၊တပ်သားအရေအတွက် (၃၀၀၀)လောက်လှုပ်ရှားနေပြီး၊ လက်နက်ကိုင်အရေအတွက်(၇၀၀၀)လောက်ရှိတဲ့သက်တမ်း အရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဘက်ကိုကြည့်မယ်ဆိုရင် (SSA-South) တခုတည်းမှာတင် တပ်သားအရေအ တွက်က (၂၀၀၀၀) ၀န်းကျင်ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်မှုက အထွဋ်အထိပ်ကိုရောက်နေတဲ့ အချိန်လို့ပြောနိုင်ပါတယ်။ နိုင်ငံတခုရဲ့စည်းလုံးမှုပြိုကွဲနေတဲ့ လက္ခဏာအပြည့်ရှိတဲ့နိုင်ငံတခုဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းလို့ရမှာမဟုတ်ပါဘူး။ ပုဂံခေတ် ကနေကုန်းဘောင်မင်းဆက်ထိ မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် တိုင်းရင်းသားတွေရဲ့ နယ်မြေ အေးချမ်းတညငြိမ်မှု မရှိဘူးဆိုရင်ဗဟိုအစိုးရဟာဘယ်တော့မှ တည်ငြိမ်လေ့မရှိပါဘူး။ထီးနန်း စွန့်ရတဲ့အနေအထားမျိုးကိုရောက်တတ်ပါတယ်။
အခုလက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်တည်မှုကို ကြည့်မယ်ဆိုရင်စစ်အစိုးရဟာ ပြည်သူတွေအပေါ်ဖိ နှိပ်မှုကအမြင့်ဆုံးကိုရောက်နေပါတယ်။ တိုင်းရင်းသားအရေးနှင့် ပတ်သတ်ပြီးဗမာလူမျိုးတွေ တွင်းမှာ စိတ်ဝမ်းကွဲမှုက ထိပ်ဆုံးမှာရှိနေပါတယ်။ တိုင်းရင်းသားတွေအပေါ် ရာသက်ပန်ဖိနှိုပ် ထားလိုတဲ့စစ်အုပ်စုတွေနှင့် တိုင်းရင်းသားတွေအပေါ် နားလည်နိုင်မယ်လို့ယူ ဆရတဲ့ လက်ဘ ရယ်ဒီမိုအုပ်စုတွေရဲ့ စိတ်ဝမ်းကွဲမှုကည်း ညှိနှိုင်းလို့ရနိုင်မယ့်အနေအထားမရှိဘူးဆိုတာကျနော် တို့မြင်တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများကို ကြည့်မယ်ဆိုရင်တရုတ်နိုင်ငံရဲ့အနေအထားဟာ စစ်အစိုး ရအပေါ်မှာ လိုက်လျောအမြတ်ထုပ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ“UWSA” ကိုတောင့်တင်း တဲ့လက်နက်ကိုင် တပ်မတော်တရပ် ပေါ်ပေါက်လာအောင်ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော် တို့အနေနဲ့တူညီတဲ့အမျိုးသားလက္ခဏာ ဟာပေါင်းစည်းမှု သဘောကိုဆောင် တယ်လို့ မှတ်ချက်ချလို့ရပါတယ် ။ “o” တွေဟာ တရုတ်စကားပြော တဲ့လူမျိုးဖြစ်နေပြီး၊ တရုတ်ထုံးတမ်း စဉ်လာကို နှက်သက်မြတ်နိုးတဲ့ တိုင်းရင်းသားလူ မျိုးစုဖြစ်လေတော့ တရုတ်ရဲ့သြဇာ ကိုတည် ထောင်လို့ကောင်းတဲ့လူမျိုးစုအဖြစ် တည်ရှိနေပါတယ်။ “o” လက်နက်ကိုင် တပ်ဟာသဘော အရပြောရရင်နဂါးကြီးရဲ့“ကုတ်”ဖြစ်နေပါတယ်။ ဘော့စနီးယားစစ်ပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့တိုင်းရင်းသား ပေါင်းစုံလေ့လာသင့်တဲ့စစ်ပွဲတခဲုဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုး ရေးမုန်းတီမှု၊ရုရှားအနွယ်ဝင်“ဆာ့ဗ်”လူမျိုးစုအပေါ်မှာ ရုရှားရဲ့မြှေက်ထိုးပဲ့ကော်ပေးမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ အနိဌာရုံမျိုးဖြုတ်သန့်စင်ရေးစစ်ပွဲဖြစ် ပါတယ်။
ကျနော့်နှင့်ဆွေးနွေးဘူးတဲ့ တိုင်းရင်းသာခေါင်းဆောင်တချို့ဆိုရင် “o” ရဲ့အင်အားကြီးထွားမှုကို အပြုသဘော တိုင်းရင်းသားတွေရဲ့အားအဖြစ်မြင်လေ့ရှိပါတယ်။ “o”နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာရှိတဲ့ ပြသနာတွေပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ဘူးလား။ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့စစ်ပွဲပေါင်း (၁၇၀၀) ကျော်ရှိတယ်လို့ ဟန်တင်တန်ရဲ့ ယဉ်ကျေးမှု တို့တိုးတက်မိခြင်း စာအုပ်မှာလေ့လာခဲ့ဖူးပါတယ်။ အများဆုံးကတော့ မတူညီတဲ့ယဉ်ကျေးမှု တွေကြားမှာပေါ်ပေါက်ခဲ့တာလို့ဆိုပါတယ်။ အထူးသဖြင့် “Fault Line” လို့ခေါ်တဲ့နေရာတွေက နေပေါ်ပေါက်ခဲ့ကြောင်းတင်ပြထားပါတယ်။“၀”ဒေသဟာ မြန်မာနိုင်ငံရဲ့အက်ကြောင်းတခုမဖြစ် နိုင်ဘူလား။ “o”ရဲ့အချုပ်အခြာပိုင်မှုကိုကြည့်ရင် လက်ရှိအခြေအနေမှာ ဗဟိုအစိုးရရဲ့ထိမ်းချုပ်မှု အောက်က လုံးဝလွတ်ကင်းနေတာကို တွေ့ရပါမယ်။ ဗဟိုအစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကိုလက်မခံခြင်းနှင့်(၂၀၁၀) ရွေးကောက်ပွဲ ကို “o”ဒေသမှာလုံးဝ လုပ်ခွင့်မပေးခြင်းတို့ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “o”ဒေသဟာ သီးခြာ လွတ်လပ်တဲ့နိုင်ငံတခုလိုဖြစ်နေပါတယ်။
ရက်ပိုင်းတက်လာတဲ့သတင်းတွေအရဆိုရင် စစ်ခေါင်းဆောင်တွေဟာ(UWSA)ကိုဖိအားနေတဲ့ နယ်ခြားစောင့်ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်းတွေ့ရတယ်။ ဒီသတင်းကိုကြည့်ရင် စစ်အစိုးရ က (UWSA)ကိုသွယ်ဝိုက်သောနည်းဖြင့်မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ်အသိအမှတ် ပြုပေးလိုက်တာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ(၂၀၀၉) ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ တပ်တွေက တမီးလ်လူမျိုးစုအပေါ် အပြတ်အသတ်ချေမှုန်းလိုက်တာကို လေ့လာခဲ့ဘူးတယ်လို့ အချို့သောမှတ်တမ်းတွေမှာဖတ်ရပါတယ်။ သိရိလင်္ကာသင်ခန်းစာအရဆိုရင် လက်ရှိမြန်မာ တပ်မတော်ရဲ့အင်အားဟာ (UWSA) လိုလက်နက်ကိုင်တပ်တွေကို အပြတ်ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “o” ကိုမတို့မထိရဲဖြစ်နေတာကို ကြည့်ရင်သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ပြည်ပနိုင်ငံကြီးတခုက မြန်မာ ပြည်တွင်းရေးကို ကစားလိုတဲ့အချိန်ဘယ်အချိန်မဆိုကစားလို့ရတဲ့ အနေအထားမျိုးကိုရောက် နေပါတယ်။ စစ်အစိုးရကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်စုစုပေါင်း အရေအ တွက်ဟာ (၇၀၀၀၀) နှင့်တသိန်းကြားရှိနေပါတယ်။ ပြည်ပနိုင်ငံကြီးတခုက အစိတ်အပိုင်းအ နည်းလောက်ဝင်ရောက် စွတ်ဖက်လိုက်ရုံနှင့် လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားဟာအာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။ ။
လှရွှေ
Non-ceasefire groups
- Arakan Liberation Party (ALP)
- Karenni Army (KA)
- Karen National Liberation Army (KNLA)
- Karen National Defense Organization (KNDO)
- Karen National Union (KNU)
- Karenni National Progressive Party (KNPP)
- Shan State Army - South (SSA-S)
- Kachin Independence Army (KIA)
- Democratic Karen Buddhist Army (DKBA)
- Mon National Liberation Army (MNLA)
- Mong Thai Army (MTA)
- Rebellion Resistance Force
- KNU-KNLA Peace Council
- Chin National Front (CNF)
Ceasefire groups
- United Wa State Army (UWSA)
- Kachin Independence Organization (KIO)
- New Mon State Party (NMSP)
- New Democratic Army - Kachin (NDA-K)
- Myanmar National Democratic Alliance Army (MNDAA)
- Mongko Defense Army (MKO)
- National Democratic Alliance Army (NDAA)
- Kachin Defense Army (KDA)
- Pao National Organization (PNO)
- Palaung State Liberation Party (PSLP)
- Kayan National Guard (KNG)
- Karenni Nationalites People's Liberation Front (KNPLF)
- Kayan New Land Party (KNLP)
- Shan Nationalites People's Liberation Organization (SNPLO)
0 comments:
Post a Comment