Saturday, October 8, 2011

ဘာ ရ ထား လဲ




http://uploads3.wikipaintings.org/images/aleksandra-ekster/costume-for-romeo-and-juliet-1920.jpg
www.wikipaintings.org
ဘာ ရ ထား လဲ
အဆန် နဲ့ အစုန် ၊ ကိုယ့် လမ်းနဲ့ ကိုယ်
အချိန်မှန်လား ၊ အချိန် နဲ့ မှန်
မှန်နဲ့ လုပ်တဲ့ ပန်းစကြာမှာ မိတ္တူက ခပ်များများ
ဟန် ကိုယ့်ဖို့ ၊ ငါ့ဖို့ ၊ ဖို့ နိုင်မှာပါ
ပြည့်အောင် ဖို့ဖို့တော့ လိုပါလိမ့်မယ်  ၊ အထပ်ထပ်
အထပ်တွေက ထပ်နေလို့ ထပ်ပြီး စာရင်းပြုစုရမယ်


ဖြစ်တာတွေကို ပြုလို့ ဖြစ်နေတာတွေ ရှိနေတဲ့ စာရင်းမှာ
အမည်စာရင်း ပေးအုံးမလား ၊ ကန့်ကွက်စာရင်းကို မှတ်တမ်းတင်
ဖြစ်တာတွေက အရှိအတိုင်းလို့ အထင်တွေနဲ့
အမှား နဲ့ အမှန်စာရင်းမှာ အမှတ်ရပြီလားဟင်
ဘာ ရထားလဲ ။ မရှိခြင်းတွေပဲ စုဆောင်းမိ
စောင့်နေတဲ့ ဖဲက ထွက်ကျလာပြီ
မှောက်ထားတာတွေ လန်သွားပြီလား
လိုက်မလား ၊ မလိုက်ဘူးလား ၊ ရထားက လမ်းပေါ်မှာ
ဆိုက်ရောက်မှု နဲ့ ထွက်ခွာမှု ကြားမှာ ပျံသန်းနိုင်မှု ရှိတယ်
ပျံတာ မဟုတ်ပေမယ့် အမြင့်ခုန်တာလည်း စွမ်းရည်ပါပဲ
ရထားတဲ့ အပျံ နဲ့ အခုန်ကို အမှန်လို့ ယုံချင်ပါတယ်
မွန်းမတည့်ခင် တည်နေရာကို ရှာဖွေတွေ့ရှိဖို့လိုပါမယ်
နေရောင်ခြည် နဲ့ မျက်နှာသစ် ၊ မျက်လုံးကို ဖွင့် ကြည့်
ဘယ်ဘူတာကို ရောက်နေပါသလဲ ...   ...   ... ။


ငြိမ်းစိုးဦး
( Oct ; 7 ; 2011 )
http://nyeinsoeoo.multiply.com/journal/item/401/401

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...