Wednesday, October 12, 2011

ငြိမ်းချမ်းရေးလမ်း


နက်ဖြန်အတွက်ကြိုတွေးမိတော့
အပိုအရေးတွေဘေးချိတ်
အရင်အတိတ်က မသမာ
ယုတ်မာပါတဲ့လူတချို့ရယ်ကြောင့်
သူတို့တတွေပေးဆပ်
သွေးအသက်နဲ့နှစ်ပေါင်းများစွာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျ
ရှင်းမရတဲ့ပုစ္ဆာတပုဒ်ဟာ
အဖြေရှာရန် ချိန်တန်ခဲ့ပြီ..။



တကယ်တော့...
သူတို့တွေဟာ လူဆိုးမဟုတ်
လူရှုပ်လူပွေ လူတေ လေလည်း မဟုတ်ခဲ့ပါ
ဆုတ်ယုတ်လာတဲ့ တိုင်းပြည်အတွက်
ကိုယ်ကျိုးမဖက် ပေးဆပ်ကြမည်
သန္ဓေတည်စိတ်ထားနဲ့
အများအတွက်
လမ်းဖောက်ခဲ့ရုံသက်သက်...


ခုတော့သူတို့ဖောက်ခဲ့တဲ့လမ်း
ငါတို့လျှောက်လှမ်းနေရပေမယ့်
သူတို့ မပါတဲ့ခရီးဟာ
အဓိပ္ပါယ်ရှိနိုင်ပါ့မလား


ဒီတော့တလှေထဲစီး
တခရီးထဲသွားကြဖို့
သူတို့တွေကို ပြန်ခေါ်
ငြိမ်းချမ်းရေးပန်းတိုင်မျှော်လို့
တို့ရဲ့လမ်းကို ဆက်ဖောက်ကြစို့


ဒါကြောင့်
တိုင်းပြည်အပေါ်ထား
စေတနာတရားမှန်ကန်စေကြောင်း
သက်သေပြရန်အရေး
နိုင်ငံရေးအကျဉ်းသားများ
ချွင်းချက်မထားပြန်လွှတ်သွားပါ


တို့ရဲ့လက်တွေ ခိုင်ခိုင်တွဲယှက်
တို့ရဲ့လက်များ ခိုင်ခိုင်ထားလို့
တချိန်က အာဃာတတွေဘေးဖယ်
နားလည်မှုတွေနဲ့ပေါင်းစပ်လိုက်ရင်
ကောင်းမြတ်တဲ့ရလာဒ်တခု
ရရှိလာမှာအသေအချာ
ဟိုမှာ..ကြည့်ကြစမ်း
ငြိမ်းချမ်းရေးလမ်းမှာ ပန်းတွေပွင့်နေဘီ..။


နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် ၀မ်းသာပျော်ရွှင်စွာဖြင့် ရင်ထဲက အတွေးစများအား ကဗျာတပုဒ်အဖြစ်ရေးထုတ်လိုက်ပါ၏..။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူများအား ဤကဗျာဖြင့် ဂုဏ်ပြုရင်း..
မြန်မာပြည် ထာဝရ ငြိမ်းချမ်းတိုးတက်ပါစေ..။
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား (11-10-11)
by ဖိုး သိကြား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...