ပေါင် ၇၀ဝ ရှိတဲ့ ကမ္ဘာ့ အဝဆုံး အမျိုးသမီး .....
Author: lubo601 |
3:04 AM |
No မှတ်ချက် |
ပေါင် ၇၀ဝ ရှိတဲ့ ကမ္ဘာ့ အဝဆုံး အမျိုးသမီး .....
မျိုးရိုး လိုက်တယ်ဆိုတာ ကို အထွေ အထူး ရှင်းပြစရာ မလိုဘဲ အားလုံး
သိကြမှာပါ။ မိဘ နှစ်ပါးက အရပ် ရှည်ရင် မွေးလာတဲ့ သားသမီးတွေကလည်း ယေဘုယျ
အရပ်ရှည်ကြမှာပါ။ ပိန်ရင် သားသမီး တွေလည်း ပိန် မယ်၊ ဝရင်ဝမယ်
ဒါတွေအားလုံးဟာ မျိုးရိုးလိုက်ခြင်းရဲ့ သဘော သဘာဝဖြစ်ပြီး ပိန်နေတဲ့
မျိုးရိုးက ဆင်းသက်လာသူဟာ ဝချင်လို့ အစားအသောက် ဘယ်လောက်ပဲစားစား အလွယ် တကူ
ဝနိုင်မှာ မဟုတ်သလိ...ု
ဝတဲ့မျိုးရိုးရှိတဲ့ သူတွေဟာလည်း အစားအသောက် ဘယ်လိုပဲ လျှော့စား ပါစေ
ဝမြဲဝ နေကြတာပါပဲ။ အခုလည်း ပေါင် ၇၀ဝ အထိ အံ့ဩ သင့်ဖွယ် ဝလာတာကြောင့်
ကမ္ဘာ့အဝ ဆုံးအမျိုး သမီးအဖြစ် တရားဝင်စံချိန်တင်နိုင်ခဲ့ပြီ ဖစ်တဲ့
ကယ်လီဖိုးနီးယား ပြည်နယ်သူ ပေါလိုင်းပိုတာ (၄၇နှစ်) ဟာ အခုလို မတော်မတရား
ဝလာခြင်းနဲ့ပတ်သက်ပြီး မျိုးရိုးဗီဇကို အပြစ်တင်နေပါပြီ။ ပိုတာဟာ သူမရဲ့
ကိုယ်အလေးချိန်ကြောင့် အရင်ကလို ပါတီပွဲတွေသွားပြီး ပျော်ပါးကခုန်ခြင်း၊
ခရီးတို သွားခြင်း စတာတွေမလုပ်နိုင်တော့သလို ကိုယ်ပိုင်ကားထဲမှာတောင်
မဝင်ဆံ့တော့ပါဘူး။ ဒါ့အပြင် အိပ်တဲ့အခါမှာလည်း မလူးလိမ့်နိုင်တော့သလို
နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ အတွက် သားဖြစ်သူကိုပဲ အားကိုးနေ ရပြီဖြစ်ပါတယ်။
အဲဒါကြောင့် ပေါင် ၅၀ဝ လောက်အထိ ဝိတ်ပြန်ကျစေ ချင်တဲ့ မစ္စပိုတာ က
“အခုလိုဝလာတော့ မျိုးရိုး ကိုပဲ အပြစ်တင်ချင်တယ်။ ကျွန်မ အမေဆိုရင် ပေါင်
၄၀ဝကျော်၊ အဖေဆိုရင်လည်း ပေါင် ၆၀ဝကျော်ရှိတယ်။ မောင်နှမ ရှစ်ယောက်
စလုံးကလည်း ကျွန်မကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး ပေါင် ၃၀ဝ
ကျော်တွေချည်းပဲ။ ပေါင် ၅၀ဝ လောက်ပဲရှိချင် ပေမယ့် ပေါင် ၂၀ဝ၊ ၃၀ဝ
ဆိုရင်တော့ အရင်လိုပျော်ရွှင်တဲ့ဘဝမျိုး ပြန်ရနိုင်လိမ့်မယ်” လို့ ပြောကြား
သွားခဲ့ပါတယ်။
ပိုတာဟာ အစားအသောက် အရမ်းမက်သူ
တစ်ဦးဖြစ်တာကြောင့် ဝိတ်ချတဲ့အခါ အကူအညီ ပေးနိုင်မယ့် အာဟာရပညာရှင်တစ်ဦးနဲ့
ဆရာဝန်တစ်ဦးရှာဖွေနေပြီဖြစ်ပါတယ်။
မျိုးရိုး လိုက်တယ်ဆိုတာ ကို အထွေ အထူး ရှင်းပြစရာ မလိုဘဲ အားလုံး သိကြမှာပါ။ မိဘ နှစ်ပါးက အရပ် ရှည်ရင် မွေးလာတဲ့ သားသမီးတွေကလည်း ယေဘုယျ အရပ်ရှည်ကြမှာပါ။ ပိန်ရင် သားသမီး တွေလည်း ပိန် မယ်၊ ဝရင်ဝမယ် ဒါတွေအားလုံးဟာ မျိုးရိုးလိုက်ခြင်းရဲ့ သဘော သဘာဝဖြစ်ပြီး ပိန်နေတဲ့ မျိုးရိုးက ဆင်းသက်လာသူဟာ ဝချင်လို့ အစားအသောက် ဘယ်လောက်ပဲစားစား အလွယ် တကူ ဝနိုင်မှာ မဟုတ်သလိ...ု ဝတဲ့မျိုးရိုးရှိတဲ့ သူတွေဟာလည်း အစားအသောက် ဘယ်လိုပဲ လျှော့စား ပါစေ ဝမြဲဝ နေကြတာပါပဲ။ အခုလည်း ပေါင် ၇၀ဝ အထိ အံ့ဩ သင့်ဖွယ် ဝလာတာကြောင့် ကမ္ဘာ့အဝ ဆုံးအမျိုး သမီးအဖြစ် တရားဝင်စံချိန်တင်နိုင်ခဲ့ပြီ
ပိုတာဟာ အစားအသောက် အရမ်းမက်သူ တစ်ဦးဖြစ်တာကြောင့် ဝိတ်ချတဲ့အခါ အကူအညီ ပေးနိုင်မယ့် အာဟာရပညာရှင်တစ်ဦးနဲ့ ဆရာဝန်တစ်ဦးရှာဖွေနေပြီဖြစ်ပါတယ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment