အမှိုက်တွေ ဘယ်မှာပစ်ရပါ့
Cloud Cuckoo Land created a doc.
မီးမောင်းနေတဲ့ ရပ်ကွက်ထဲမှာ အမှိုက် ပြဿနာ တော်တော်ကြီး သည်။ ထို့ကြောင့် ရပ်ကွက် တွင်းမှ လူများသည် လမ်းတစ်လမ်း ၏လမ်းဘေး တွင် အမှိုက်ကန် အဖြစ် သဘော ထားကာ အမှိုက်များ စွန့်ပစ်ရသည်။ ထိုအမှိုက်များကို အမှိုက် ကားက ညနေတိုင်း လာရောက် သိမ်းဆည်း သွားသည်။ ထိုကဲ့သို့ အမှိုက်သိမ်း စနစ်ကို ချမှတ်ထားခဲ့ ကြသည်။ ဤစနစ်သည် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း ထက် သာလွန် ကောင်းမွန် သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထို့အတွက် မြို့တော်ဝန် အသစ်ကို ကျေးဇူးတင် ရပေမည်။ သို့သော် အမှိုက်ကန်များ ထားပြီး အမှိုက်များကို သွားသွန် နေရသည့် စနစ်ထက် ပိုကောင်းသော စနစ် ရှိသေးသည်ကို မီးမောင်း ထိုးပြ လိုသည်။ရပ်ကွက်သူ၊ ရပ်ကွက်သားများ လမ်းဘေးတွင် အမှိုက်သွား ပစ်ကြသဖြင့် အဓိက ဒုက္ခရောက် ရသူများမှာ အမှိုက်စွန့်ပစ်သည့် လမ်းတွင် သွားလာနေကြသည့် ရပ်ကွက် သူရပ်ကွက် သားများနှင့် အနီးအပါးရှိ အိမ်များဖြစ်သည်။ အမှိုက်ပုံမှ အနံ့ဆိုးများသည် အမှိုက် ကားလာ ရောက်မသိမ်းမီ အချိန်အထိ ရပ်ကွက်နှင့် ဖြတ်သန်း သွားလာသူများကို ဒုက္ခပေး လျက်ရှိသည်။ တာမွေမြို့နယ်၊ မင်းလမ်း မှတ်တိုင် အနီးရှိ အမှိုက်ပုံဆိုလျှင် ဘတ်စ် ကားနှင့် ခရီးသွားသည့် ပြည်သူများ ကိုပါ ဒုက္ခပေးလျက်ရှိသည်။ ထိုသို့အနံ့ဆိုးများဖြင့် နေထိုင်ရ သည့် ပြည်သူများ အတွက် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် မည်သို့မျှ ကောင်းနိုင်စရာ မရှိပေ။ မီးမောင်း နေထိုင်ခဲ့ဖူးသည့် ထိုင်းနိုင်ငံတွင်တော့ လမ်းဘေး အမှိုက်ပုံခြင်း ထက် ပိုမိုကောင်း လွန်သော အမှိုက်ပုံးစနစ်ကို အသုံးပြု သည်။
ဘန်ကောက်မြို့ လမ်းမကြီး တိုင်းတွင် ဓာတ်တိုင်တစ်တိုင်းခြား တိုင်း၌ အစိမ်းရောင် အမှိုက်ပုံး ကြီးများ ထောင်ထားသည်ကို တွေ့ရ မည်ဖြစ်သည်။ ထိုအမှိုက်ပုံးများကို လမ်းသွား၊ လမ်းလာများ တင်မက အနီးအပါးရှိ လူနေ တိုက်ခန်းများ၊ အိမ်များမှ အမှိုက်များလည်း အဆိုပါ အမှိုက်ပုံးများထဲသို့ လာရောက်စွန့်ပစ်ကြသည်။ ထိုကဲ့သို့ လမ်းမကြီး များတွင် အမှိုက်ပုံးများ ရှိသကဲ့သို့ လမ်းကြို လမ်းကြား တွေမှာပါ အမှိုက် ပုံးများ ထားရှိသည်။ ထိုအမှိုက်ပုံးများသို့ ညနေမှစ၍ ညလုံးပေါက် အမှိုက်ကားများက လာရောက်သိမ်းဆည်းကြသည်။ မနက်မိုးလင်း သည့်အခါ အမှိုက်ပုံးများထဲတွင် အမှိုက် တစိုးတစေ့မျှမရှိတော့ဘဲ ပြောင်တလင်းခါနေတော့သည်။ နောက်နေ့အတွက် အမှိုက်သွန်ရန် အဆင်သင့်ဖြစ်နေတော့သည်။
ထိုကဲ့သို့သော အမှိုက်ပုံး စနစ်သည် ဘန်ကောက်၊ ချင်းမိုင်တို့ ကဲ့သို့ မြို့ကြီးများတွင်သာမက မီးမောင်းနေခဲ့ဖူးသော ထိုင်းနိုင်ငံ တောင်ပိုင်းက ပင်လယ်ကမ်းစပ် ကျေးရွာလေးတွင် ပါရှိသည်။ မီးမောင်းနေ ထိုင်ရာ အိမ်ရှေ့လမ်းမပေါ်တွင် အမှိုက်ပုံး နှစ်ခုထားရှိပြီး အမှိုက်ကားက ညစဉ်လာရောက်သိမ်းဆည်းနေသည်ကို နေ့စဉ်တွေ့ နေရသည်။ ထိုအမှိုက်ပုံးများထဲသို့ အနီးအနား အိမ်နီးချင်းများ ကလည်း လာရောက် စွန့်ပစ်ကြသည်။ ထို့ကြောင့် အမှိုက်စွန့်ပစ်ရေးကိစ္စသည် ထိုင်းပြည်သူတို့အတွက် ရေးကြီးခွင်ကျယ်ကိစ္စတစ်ရပ် မဟုတ်တော့ ပေ။ ထိုအမှိုက်ပုံးများတွင် အဖုံးလည်း ပါရှိသဖြင့် ရပ်ကွက်နှင့် လမ်းသွား လမ်းလာများအတွက် အနံ့ဆိုးများဖြင့် ဒုက္ခပေးခြင်းမရှိတော့ပါ။ ပြည်သူလူထုက မိမိအိမ်ကအမှိုက်များကို အမှိုက်ပုံးထဲအထိ ရောက် အောင်စွန့်ပစ် ထားပြီး သက်ဆိုင်ရာမြို့နယ်၏ စည်ပင် သာယာရေး ကော်မတီက အမှိုက်ပုံးထဲမှ အမှိုက်များကို ညစဉ်လာရောက်သိမ်း ဆည်းသည်။
ထိုကဲ့သို့ အလေ့အကျင့်သည် ပုံမှန်ဖြစ်နေပြီး ပြည်သူ လူထုအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စေသောလုပ
ထိုအမှိုက်ပုံးများကို နေ့စဉ်လာရောက် သိမ်းဆည်းရ သဖြင့် စည်ပင်သာယာအဖွဲ့အတွက် အလုပ်ပိုချင်လည်း ပိုလာလိမ့် မည်။ သို့သော် မြို့၏ စည်ပင်သာယာရေးကို တာဝန်ယူထားသော ဌာနတစ်ခု အနေနှင့် ထိုတာဝန်အား ယူကိုယူရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများအတွင်းရှိ အခြားမြို့ကြီးများတွင် ထိုကဲ့သို့ အမှိုက်ပုံးစနစ်ကို အောင်မြင်စွာ ထားရှိနေနိုင်ပြီဆိုလျှင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံက ရန်ကုန်မြို့တွင် အဆိုပါ စနစ်ကို စတင်အသုံးပြုရန် သင့်လျော်နေပြီဖြစ်သည်။ ထို့ထက်ပို၍ စိတ်ပူပန်စရာ ကောင်းသည့် အချက်မှာ မြန်မာ နိုင်ငံသည် ၂၀၁၄ ခုနှစ် တွင် အာဆီယံဥက္ကဋ္ဌနေရာကို ယူရတော့မည်ဖြစ်သည်။
ထိုသို့ အာဆီယံ ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာအခမ်းအနားများ၊ အစည်းအဝေးများ စုစု ပေါင်း ၆၀ဝ ကျော် ကျင်းပရမည့်အချိန်တွင် ရန်ကုန်မြို့၌ လမ်းဘေး တွင်အမှိုက်ပုံနေသည်ကိုတွေ့ရှိခဲ
အမှိုက်ပုံးစနစ်ထားရှိရန်အတွက် အမှိုက်ပုံးများ ထောင်နှင့်ချီ၍ လိုအပ်မည့်အပြင် အမှိုက်သိမ်းရန်အတွက်လည်း အမှိုက်သိမ်းကား များ လိုအပ်မည်ဖြစ်သည်။ အမှိုက်သိမ်းကားများတွင်လည်း နိုင်ငံတကာ တွင် လက်ရှိအသုံးပြုနေသည့် ကားထဲတွင်ပင် အမှိုက်များအား ကြိတ်ချေ သည့်စက် တပ်ဆင်ထားသည့် ကားမျိုးဖြစ်ရန်လိုအပ်သည်။ လက်ရှိ ရန်ကုန်တွင် အသုံးပြုနေသော အမိုးဖွင့် အမှိုက်ကား များကြောင့် အမှိုက် ကားသွားရာလမ်းတစ်လျှောက်တွင် အနံ့ဆိုးများနှင့် လေထုညစ်ညမ်း သွားခဲ့သည်။ ရန်ကုန်မြို့၏ အချို့မြို့နယ်များဆိုလျှင် တရုတ်ပြည် ထုတ် ဂွမ်ဒေါင်း အင်ဂျင် တပ်ထားသည့် ယာဉ်ငယ်တွင် နောက်တွဲတပ် ၍ အမှိုက်သိမ်းနေသည် ကို တွေ့ရမည်ဖြစ်သည်။
ထိုကဲ့သို့ အမှိုက်သိမ်း ပုံသိမ်းနည်းသည်လည်း မည်သည့် ခေတ်မီမြို့ကြီး များတွင်မှ မရှိတော့ သည့်နည်းစနစ်ဖြစ်သည်။ မီးမောင်းတင်ပြခဲ့သကဲ့သို့ ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်တွင် လမ်းဘေး အမှိုက်ကန်များ ဆောက်၍ အမှိုက်သိမ်းသည့် စနစ်ကို ဆက် လက်ထား ရှိမည့်အစား အမှိုက်ပုံးများကို လမ်းဘေး၊ ဝဲယာတွင်ချထား၍ ခေတ်မီအမှိုက်ကားများက ညလုံးပေါက် အမှိုက်သိမ်း နိုင်လျှင် မီးမောင်း တို့ကဲ့သို့ ပြည်သူလူထုဘက်ကလည်း အမှိုက်များကို အမှိုက်ပုံးများထဲသို့ အရောက် တာဝန်သိသိ၊ တာဝန်ရှိရှိဖြင့် အမှိုက်စွန့်ပစ်မည်ဖြစ်ကြောင်း ရဲရဲကြီး အာမခံနိုင် သည်။
posted by မီးမောင်း
The Voice Journal
0 comments:
Post a Comment