Wednesday, October 19, 2011

သူတို့ရယ်..... ကျွန်တော်တို့ရယ်.... ခင်ဗျားတို့ရယ်......

Cloud Cuckoo Land created a doc.
ဆင်းရဲနွမ်းပါး သူများနှင့် နေ့စဉ် ထိတွေ့မှု အများဆုံး သူများမှာ (ကျွန်တော် ၏ တစ်ဦး တည်း အမြင်ကတော့) ကျွန်တော် တို့ကဲ့သို့ ဆရာဝန် များသာ ဖြစ်ပါ လိမ့်မယ်။ ငွေကြေး အဆင်မပြေ လို့ ခုလိုနောက် ကျမှ ရောက်ရတာပါ၊ ဖြစ်နိုင်ရင် ဆေးရုံမတက်ပါရေ စနဲ့၊ ကုန်ကျ စရိတ် သက်သက် သာသာနဲ့ အပြင်မှာပဲ ကုပါရစေ၊ ဆေးရုံ အရမ်း တက်ချင် ပါတယ် ဆရာရယ်၊ ဆရာ က အခမဲ့ ကုပေးမယ်ဆိုလို့လည်း ဝမ်းသာပါတယ်၊ ဒါပေမယ့် နောက် ကြောင်းက မအေးဘူး ဆရာရဲ့၊ စား ရေးသောက်ရေး အတွက် အလုပ်က တစ်နေ့မှ ပျက်လို့ မရဘူးဖြစ် နေတယ် စသော ဆင်းရဲနွမ်းပါးမှု၏ အသံတွေ ဟာ ကျွန်တော်တို့ နေ့စဉ် အကြိမ်ကြိမ် ကြားနေရတဲ့ စကား တွေပါပဲ။

ဆင်းရဲ ခြင်းကို ခွဲခြားတဲ့နေရာမှာ အလွန်အမင်း ဆင်းရဲခြင်း၊ ဆင်းရဲခြင်းနှင့် နှိုင်းယှဉ် ချက်အရ ဆင်းရဲခြင်းဆိုပြီး ခွဲခြားနိုင် ပါလိမ့်မယ်။ ဒီနေရာမှာ နှိုင်းယှဉ်ချက် အရ ဆင်းရဲခြင်းကို ဆင်းရဲတာလို့ ကျွန်တော်မယူဆတာကြောင့် မဖော် ပြတော့ပါဘူး။ အလွန်အမင်း ဆင်းရဲ ခြင်းဖြစ်တဲ့ စားဖို့မရှိ၊ ဝတ်စရာမရှိ၊ နေစရာမရှိ၊ အာဟာရချို့တဲ့ နေသူတွေ ဟာလည်း ကျွန်တော်တို့နိုင်ငံမှာ မရှိ သလောက် ရှားပါးလှပါတယ်။ ဒါပေ မယ့် သာမန်ဆင်းရဲသူ အများအပြား ကတော့ ကျွန်တော်တို့၏ နေ့စဉ် ပတ်ဝန်းကျင်မှာ အမြဲလိုပင် တွေ့ကြုံ နေရတတ်ပါတယ်။ ဆင်းရဲခြင်းကို ပညာရှင်အများက တစ်နေ့တာ ဝင်ငွေ သည်တစ်ဒေါ်လာ အောက် သို့မဟုတ် နှစ်ဒေါ်လာ အောက်ဆိုလျှင် ဆင်းရဲ သည်ဟု သတ်မှတ်ကြ တယ်လို့ သိရပါ တယ်။ ကျွန်တော့်အမြင်ကတော့ ဝင်ငွေကို အဓိကမထား လိုပါဘူး။ ကျွန် တော်တို့နိုင်ငံမှာ ဝမ်းဝရုံ စားနိုင်သူ များ၊ ခါးလှရုံဝတ်နိုင်သူများ၊ ရာသီ ဥတုဒဏ်ခံ နိုင်ရုံ နေစရာ ရှိသူတွေက များပါတယ်။
သို့သော် အများစုသော သူတို့ဟာ အလှည့်အပြောင်း (တစ် နည်း) အလှုပ်မခံနိုင်ကြပါဘူး။ ပုံမှန လည်ပတ်နေသော ဖြစ်စဉ်တွေကနေ သွေဖည်သွားရင် ဥပမာ-ပြင်းပြင်း ထန်ထန်နေမ ကောင်းခြင်းကဲ့သို့သော မမျှော်လင့်သော အခြေအနေတွေဖြစ် လာရင် သုံးစွဲကုန်ကျခံစရာ ငွေပိုမရှိပါ ဘူး။ ကျွန်တော်ကတော့ တစ်နေ့တာ ဝင်ငွေမည်မျှအောက်ကို ဆင်းရဲတယ် လို့ဆိုမည့်အစား ယင်းကဲ့သို့ မမျှော် လင့်သော အခြေအနေ တစ်ရပ်ရပ် ကြောင့် အလှုပ်မခံနိုင်သောသူများကို ဆင်းရဲနေတယ်လို့ သတ်မှတ်ချင် ပါတယ်။ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး မှာ အပိုင်းကဏ္ဍ အသီးသီးရှိပါတယ်။ အစိုးရရယ်၊ ပေါ်လစီလို့ခေါ်တဲ့ လမ်းကြောင်းရယ်၊ အောက်ခြေမှာ အကောင်အထည်ဖော်ကြမယ့် ကျွန်တော်တို့လို မြို့နယ်အဆင့် တာဝန်ရှိသူတွေရယ်၊ လိုက်နာကျင့် သုံးကြရမယ့် ပြည်သူတွေရယ်ဆိုပြီး အသီးသီးခွဲခြားလို့ရပါတယ်။ တစ်ဦး တစ်ယောက် တစ်ဖွဲ့ကောင်းနှင့် ဆောင်ရွက်လို့ ဘယ်လိုမှ မအောင်မြင် နိုင်ပါဘူး။ အားလုံးခံယူချက်ရှိရှိ ဝိုင်းဝန်း ဆောင်ရွက်မှသာ ရည်မှန်းရာကို ရောက်ရမှာပါ။ ယနေ့အချိန်မှာ အစိုးရရယ်၊ လမ်းကြောင်းရယ်က ဆင်းရဲနွမ်းပါးမှု လျော့ပါးပပျောက်ရေး အတွက် အင်တိုက်အားတိုက်နှင့် ဆောင်ရွက်နေတဲ့ ကာလဖြစ်လို့ အားရှိစရာ အခြေအနေတစ်ရပ်ပဲဖြစ် ပါတယ်။ သာမန်ဝန်ထမ်းငယ်တစ်ဦး သာဖြစ်တဲ့ ကျွန်တော်ကတော့ လက်ရှိအနေအထားကို နှစ်သက်ပါ တယ်။

ဒီနေရာမှာ ကျွန်တော်တွေ့ရှိ ရသမျှကတော့ အထက် (အစိုးရ) က ချပေးလိုက်တဲ့ လမ်းကြောင်းတွေက အတူတူဖြစ်ပေမယ့်အောက်ခြေအဆင့် အသီးသီးက အကောင်အထည်ဖော်ကြ တဲ့ နေရာမှာတော့ ကွဲပြားမှုတွေ ရှိနေ ကြပါတယ်။ အရည်အချင်းမတူလို့၊ စေတနာမတူလို့၊ ခံယူချက်မတူလို့ ဆိုတာတွေဟာ ပြောစရာဖြစ်ပေမယ့် လက်ရှိအနေအထားဟာ အရှိန်အဟုန် နှင့် လုပ်ကိုင်ရတော့မယ့်အပိုင်းရောက် နေပြီဖြစ်လို့ သိသာလွန်းတဲ့ ကွဲပြားမှု တွေအတွက် စိတ်မရှည်နိုင်တော့ပါဘူး။ အထက်အဆင့်အသီးသီးကလည်း အဲဒီလို ကွဲပြားမှုတွေ လျော့ပါးသွား အောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွေကို ခေါ်ယူကျင်းပ ကြီးကြပ်နေကြ ပါတယ်။ ကျွန်တော်တို့လို လမ်း ကြောင်းကို လက်တွေ့အကောင်အ ထည်ဖော်ကြရမယ့် မြို့နယ်အသီးသီး က ဌာနဆိုင်ရာအကြီးအကဲ အသီးသီး ဟာ တကယ်တော့ ရှေ့တန်းခံစစ်မှူး တွေပါပဲ။ ပြည်သူနှင့် ရှေ့ဆုံးက ထိ တွေ့၊ ရှင်းပြ၊ စည်းရုံး၊ အခက်အခဲတွေ ကို ဖြေရှင်း၊ တာဝန်ခံဟာ မိမိအောက် က ဝန်ထမ်းအဆင့်ဆင့်ကို ကြီးကြပ် ကွပ်ကဲ၊ ပြီးတော့ အထက်နှင့်အောက် ကို ပေါင်းစည်းညှိနှိုင်းပေးနေရတဲ့ သူ တွေပါ။
အရေးကြီးဆုံးက ကျွန်တော် တို့ဟာ ကျွန်တော်တို့ဘာလဲ၊ ကျွန်တော် တို့ ဘာလုပ်ရမှာလဲ၊ ရည်ရွယ်ရင်းက ဘာလဲဆိုတာရယ်၊ မိမိဒေသရဲ့အနေ အထား၊ မိမိအောက်ခြေဝန်ထမ်းတွေ ရဲ့အရည်အသွေး အလိုက်လမ်းကြောင်း ကိုလည်း မသွေဖည်အောင်ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကို နားလည် သဘောပေါက်ဖို့လိုအပ်ပါတယ်။ တချို့သော တိုင်းဒေသကြီးတွေမှာ ကျွန်တော် တို့လို အလယ်အဆင့် တာဝန်ခံ (Mid- level Manager) တွေအတွက် စံကိုက်နည်းလမ်း (SOPs) တွေ ထုတ်ပေးထားတယ်လို့ သိရတာ အင်မတန်ကို အားရစရာကောင်းလှပါ တယ်။ အဲဒီ စံကိုက်လမ်းကြောင်း အတိုင်းသာ လိုက်ပါဆောင်ရွက်လိုက် ရင် ကွဲပြားမှုအနည်းဆုံးနှင့် တညီ တညွတ်တည်း အောင်မြင်ကြမှာဖြစ်ပါ တယ်။ အမှန်တော့ အဲဒီစံကိုက် နည်းလမ်းတွေဟာ အသစ်အဆန်းတွေ မဟုတ်တော့ပါဘူး။


နဂိုကတည်းက ကျွန်တော်တို့ ဆောင်ရွက်နေကျ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့လို ဆရာဝန်တွေဟာ ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေးမှာ အဓိက အချက်တစ်ချက်ဖြစ်တဲ့ ကျေးလက် လူမှုဘဝ တိုးတက်ရေးမှာ တာဝန် တစ်စိတ်တစ်ပိုင်းရှိနေပါတယ်။ ပြည်သူ တွေ ကျန်းမာပါမှ အလုပ်လုပ်နိုင်ပြီး ကာယအား၊ ဥာဏအားတွေ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ရောဂါ များမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်လာပါက အချိန်မီကုသခြင်း ဆိုတာတွေဟာ ဟိုးယခင်ကတည်းက လုပ်ခဲ့ကြတဲ့ အလုပ်တွေပါ။ ပြည်သူ တွေ ကျန်းမာရေးစရိတ်တွေ မထောင်း ရအောင် ဆေးပဒေသာပင် စိုက်ထူ တာတွေ၊ ဆေးဝါးလှည့်ပတ်ရန်ပုံငွေ တိုးပွားအောင် ဆောင်ရွက်တာတွေ၊ ပြည်သူလူထု အခြေပြု ကျန်းမာရေး စောင့်ရှောက်မှု စတာတွေဟာ ကျွန်တော်တို့ရဲ့ ပုံမှန်လုပ်ငန်းတွေ သာဖြစ်ပါတယ်။ သတိထားပြီး မိမိ လုပ်ငန်းကို အားထည့်ဆောင်ရွက် လိုက်ရုံပါပဲ။
ပြည်သူလူထု ပါဝင်လှုပ်ရှားလာ အောင် စည်းရုံးဆောင်ရွက်ရာမှာ အခြေခံ လုပ်နည်းလုပ်ဟန် နှစ်နည်းပဲ ရှိတယ်လို့ ယူဆပါတယ်။ အကြောက် တရားဖြင့် စည်းရုံးခြင်းနှင့် ယုံကြည်မှု ဖြင့် စည်းရုံးခြင်းတို့ဖြစ်ပါတယ်။ မှတ်ရ လွယ်အောင်ဆိုရရင် ဘယာနှင့် သဒ္ဓါ (Fear and Faith) ပေါ့။ တကယ် တော့ အကြောက်တရားဖြင့်စည်းရုံး ခြင်း (မလုပ်ရင် ဒဏ်ခတ်မယ်) ဆိုတဲ့ စနစ်ဟာ ဆေးမြီးတိုနှင့် တူပါတယ်။ ခေတ္တခဏ အောင်မြင်နိုင်ပေမယ့် ရေရှည်မှာမဖြစ်ပါဘူး။ 

လတ်တလော အောင်မြင်မှုကို ပေးနိုင်ပေမယ့် ရည် ရွယ်ချက်ကို မပြီးမြောက်စေပါဘူး။ အင်မတန်ပြောင်းလဲဖို့သင့်ပြီဖြစ်တဲ့၊ တကယ်လည်း အကျိုးရှိမယ့် ဇီဝ ဓာတ်မြေဩဇာကို တောင်သူတွေ တွင်တွင်ကျယ်ကျယ် မသုံးစွဲဖြစ်တာ အကြောက်တရားဖြင့် စည်းရုံးခဲ့ခြင်း ကြောင့်ပဲဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။

ယုံကြည်မှုကို တည် ဆောက်ရင်တော့ အချိန်ကာလတစ်ခု စီကို စိတ်ရှည်လက်ရှည် တပင်တပန်း ကျော်ဖြတ်ရပါလိမ့်မယ်။ ဒါပေမယ့် ယုံကြည်မှုကြောင့်ရရှိတဲ့ အောင်မြင်မှု ဟာ ရေရှည်တည် တံ့ခိုင်မြဲပါတယ်။ ယုံကြည်မှုဆိုရာမှာလည်း ကျွန်တော် တို့တွေဟာ ပြည်သူရဲ့ ယုံကြည်မှုကို မရခင် ကျွန်တော်တို့ရဲ့ အောက်ခြေ အကျဆုံး ပြည်သူနှင့် အများဆုံး ထိတွေ့နေရတဲ့ ဝန်ထမ်းတွေဖြစ်တဲ့ သားဖွားဆရာမတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးစာရေးတွေရဲ့ ယုံကြည်မှုကို အရင်တည်ဆောက်ရပါ ဦးမယ်။ သူတို့တွေရဲ့ ယုံကြည်သက်ဝင် မှုဟာ အင်မတန်မှ အရေးပါလှပါ တယ်။ တိုင်းပြည်တိုးတက်ဖို့ လုပ်ကိုင် ရာမှာ ခိုင်းတာသာလုပ်တတ်တဲ့ စက် ရုပ်လူသားတွေကို အလိုမရှိပါဘူး။ မိမိလုပ်နေတဲ့ လုပ်ငန်းရဲ့ ရည်ရွယ် ချက်ပန်းတိုင်နှင့် မိမိရဲ့ အရေးပါမှု အနေအထားတွေကို သူတို့တွေသိလာ အောင် ရှင်းပြစည်းရုံးရပါမယ်။ သူတို့ ကနေတစ်ဆင့် ပြည်သူကို ထပ်ဆင့် ချပြ စည်းရုံးရမှာ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ပြည်သူတွေဘက်ကလည်း အမှန် တကယ် ပါဝင်ချင်စိတ်ရှိဖို့ လိုပါတယ်။ ဘယ်သူကတော့ ဆင်းရဲတွင်းမှာ နေချင်မလဲလို့ ဆိုနိုင်ပေမယ့် တစ်ခါ တလေ ကိုယ်ကိုယ် တိုင် ပြုမူတဲ့ အပြု အမူတွေဟာ ကိုယ့်ကို ဆင်းရဲစေ တယ်ဆိုတာ သိစေချင်ပါတယ်။ မိမိတို့၏ အ္တရာယ်ကို ဂရုမထားဘဲ ဆောင်ရွက်နေရသည်ကို ကြုံဖူး၊ တွေ့ ဖူး၊ မြင်ဖူးပါသည်။ မိုင် ၂၀ ခန့် ခရီးကို ခြေလျင်၊ ကုန်းကြောင်း လျှောက်၍သွားလာခဲ့ရသလို၊ သုံးလေး မိုင်ခရီးကို တောင်ဆင်းတောင်တက်ပြု ၍ လူနာအိမ်သို့ သွားနေကြရ သည်ကိုလည်း သိပါသည်။ ကိုယ့် စရိတ်ကိုယ်စား၍ လူနာအိမ်ရှိရာ ချောင်ကြိုချောင်ကြား၊ အိမ်ကြိုအိမ် ကြား၊ နောက်ဖေးလမ်းကြားပါမကျန် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် အမှိုက်ပုံ၊ သင်္ချိုင်းကုန်းအထိ လူနာ ကိစ္စကို သွားရောက်ဖြေရှင်းနေကြရ သည်ကိုလည်း သိပါသည်။ ကိုယ်တိုင် လည်း လုပ်ခဲ့ရဖူးပါသည်။ ဆေးလူမှု ဆက်ဆံရေးလောကသားတို့ဘဝကို လည်း ကိုယ်ချင်းစာ နားလည်လျက် ရှိသည်ဟု ထပ်လောင်းပြောပါရစေ။


ကိုယ်တွေ့ဖြစ်ရပ်တချို့ကို ပြော ပြလိုပေသည်။ အငြိမ်းစားယူသွား သည့် ဌာနအကြီးအကဲအချို့အား ဆရာသမားဖြစ် သွားရောက်ကန် တော့သည့်အခါဖြစ်စေ၊ သွားရင်း လာ ရင်းကြုံကြိုက်သည့်အခါဖြစ်စေ ရှေး ဟောင်းနှောင်းဖြစ်များကို အလ္လာပ သလ္လာပစကားအဖြစ် ပြန်ပြောင်းပြော ကြရာတွင် အတူတူ လက်တွဲဆောင် ရွက်ခဲ့စဉ်က အမြင်ကတ်မှုဖြစ်ခံရခြင်း၊ မျက်နှာလွှဲခဲပစ်ပြုမူခံရခြင်း၊ မုန်းတီးမှု ဖြစ်ခံရခြင်း၊ ဆုံးဖြတ်ချက်မှားခံရခြင်း စသည့်ကိစ္စများသို့ ရောက်သွားပြီး အ ခြေအနေမှန်၊ အဖြစ်မှန်ကို အေးအေး ဆေးဆေး ရှင်းပြသောအခါမှ ထိုသူ တို့သည် အထင်မှားအမြင်မှား ဖြစ်ရ ခြင်း၊ အမှတ်မှား၊ ဆုံးဖြတ်ချက်မှားရ ခြင်းအတွက် စိတ်မချမ်းမသာဖြစ် သွားပြီး၊ “အဲဒီအချိန်တုန်းက ဘာ ဖြစ်လို့ အဖြစ်မှန်ကို မပြောတာ လဲ” ဟု မေးမြန်းခြင်း ခံခဲ့ရဖူးပါသည်။ ထိုစဉ်က အဖြစ်မှန်ကိုပြောပြလျှင် လက် ခံလိမ့်မည်မဟုတ်ချေ။ အဂတိတရား ကို အခြေခံ၍ မျက်စိနှစ်လုံး၊ နား နှစ်ဖက်ရှိသည့်အနက် နားတစ်ဖက်၊ မျက်စိတစ်လုံးသာ ကြားမြင်နေခဲ့သည် ကို ပြန်ပြောင်းသတိရသွားဟန်တူ သည်။ ယခုမူကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနနှင့် ရာထူးဂုဏ်ရှိန် ဩဇာအာဏာမရှိတော့၍ ကိုယ့်လိပ် ပြာကိုယ်မလုံ ဖြစ်သွားခဲ့ရသည်ကို ကြုံတွေ့ဖူးပါသည်။ ကိုယ့်ဘက်က စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန် ဖြင့် ကိုယ့်အလုပ်ကို အားထည့် လုပ် ဆောင်ရန်သာ လိုပါသည်။
မီးခဲပြာဖုံး ဖြစ်နေစေကာမူ အားမငယ်သင့်လှ ပေ။ ပတ္တမြားမှန်လျှင် နွံမှာနစ်သော် လည်း အရောင်မှိန်ရိုးထုံးစံမရှိဟု ဆိုရိုး ရှိပါသည်။ အချိန်တန်လျှင် အမှန် တရားမှာ သူ့အလိုလို ပေါ်လာမည် ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းသည် ဆေးရုံရှိ လူမှုဝန်ထမ်းလုပ်ငန်း (Social Work in Medical Setting) ဖြစ်၍ အဓိက ဆောင်ရွက်ရန်မှာ ဆေးကုသမှုခံယူ ကြသော ရောဂါဝေဒနာ ရှင်လူနာတို့ ၏ အခက်အခဲအမျိုးမျိုးကို ကိုယ့်ကိစ္စ ကိုယ့်အရေးကဲ့သို့ သဘောထား၍ စေတနာ၊ ဝါသနာ၊ အကြင်နာထား ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ကိုယ့် စေတနာသည် ကိုယ့်ကို ရောင်ပြန် ဟပ်စမြဲဖြစ်ပါသည်။
လူမိုက်တစ် သောင်း ကဲ့ရဲ့ရှောင်းက၊ လူကောင်း တစ်ယောက် ချီးမွမ်းပျောက်၏ဟု ဆိုရိုးစကားလည်းရှိပါသည်။ သို့သော် အရာရာကို အပြစ်တင်မစောစေချင် ပေ။ မကြာသေးမီက မိတ်ဆွေ တစ်ဦး ထံမှ လက်ဆောင်ရခဲ့သော ဆရာ တော်တစ်ပါး၏ ဒီဗီဒီတရားခွေ၌ ပါရှိ သော “အကြည့်မှန်မှ အမြင်မှန်မည်၊ အမြင်မှန်မှ အမှန်မြင်မည်” ဟူသော ဩဝါဒကဲ့သို့လည်းကောင်း၊ Health Digest ဂျာနယ်၏ “ဆေးလောက ဇာတ်ခုံထက်က သံသယမုန်တိုင်း” ဟူသော ဆရာဒေါက်တာစိုးလွင်၏ ဆောင်းပါးခေါင်းစဉ်ကဲ့သို့ “သံသယ ပျောက်ပါစေ၊ အမှန်ဘဝရောက်ပါစေ” ဟုဆိုပါရစေ။ တကယ်တော့ “အကြည့် မှန်မှ အမြင်မှန်မည်၊ အမြင်မှန်မှ အမှန်မြင်မည်၊ အမှန်မြင်မှ သံသယ ပျောက်ပြီး အမှန်ဘဝရောက်မည်” ဖြစ်ကြောင်းပါခင်ဗျား။


posted by အေးစုမွန်

Health Digest

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...