ဂျပန်ပဟေဠိ
ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်မှာ
အလွန်ထူခြားလှသော အခြင်းအရာများဖြင့်ရှုပ်ထွေးပြီး နားလည်ရ ခက်ခဲသည်ဟုပင် လေ့လာသူများက ဆိုကြပေသည်။ ပထမဆုံးသောထူးခြားသည့် စိတ်ဓာတ်အခြင်း အရာမှာမည်သည့်
အလုပ်ကိုမဆို ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်းရှိမှု ပင်ဖြစ်သည်။
ဂျပန်လူမျိုးတို့၏ ဒုတိယထူးခြားသော စိတ်ဓာတ်အချင်းအရာတစ်ရပ်မှာ
လူပုဂ္ဂိုလ် တစ်ဦးချင်းသည် လူ့အဖွဲ့အ စည်းတွင်မိမိ၏တာဝန်(ဂီရိ)၂ နှင့် ၀တ္တရား
(သို့) ကျေးဇူးတရား(အွန်)၃ ကိုအလေးအနက် ခံယူ ထားခြင်းဖြစ်သည်။ ဂျပန်လူ မျိုးတစ်ဦး၏
ဘ၀သည်လည်း အမျိုးမျိုးသော တာဝန်နှင့်
ဝတ္တရားများကို အဆက်မပြတ်ထမ်းဆောင်နေရပြီးယင်းထမ်းဆောင်မှုများအတွက် အဆက်မပြတ်သော ကျေးဇူးတုန့်ပြန် မှုများကို
ခံစားနေရသည့်ဘ၀အခြေအနေပင်ဖြစ်သည်ဟု ဆိုပေသည်။
(အဆင့်ဆင့်တာဝန်ရှိမတြွင် ဘုရင်မင်းမြတ်အပေါ်တာဝန်ရှိမသြည် အဆင့်အမြင့် ဆုံးဖြစှုပီး
ကမ္ဘာကြီးပေါ်တွင်တာဝန်ရှိမှု မိမိ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းရန် တာဝန်ရှိမှု
စသည်ဖြင့်များစွာရှိပါသည်။ ၀တ္တရားရှိမတြွင်လည်း မိဘအပေါ်ဝတ္တရားရှိမှု အရှင်သခင်အပေါ်
ဝတ္တရားရှိမှုနှင့် ဆရာသမား အပေါ်ဝတ္တရားရှိမှု စသည်ဖြင့်ရှိပါသည်။
ဂျပန်လူမျိုးတစ်ဦးအတွက် မိမိ၏ဂုဏ်သိက္ခာကို
မထိန်းသိမ်းနိုင်ခြင်းသည် ပြစ်မတြစ်ခုနှင့် ရှက်ဖွယ်ရာအပြုအမူ တစ်ရပ်ဖြစ်ပေသည်။
အလားတူပင် ထင်ပေါ်ကျော်ကြားမှုနှင့် အဆင့်အတန်း မြင့်မားမှုတို့ကို
မစွမ်းဆောင်နိုင်ခြင်းသည် ဂုဏ်သိက္ခာမြင့်တင်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်
ပျက်ကွက်ခြင်းပင်ဖြစ်သည်ဟု ယူဆကြသည်။ တာဝန် မကျေပွန်၍ မိမိကိုယ်ကို မိမိသတ်သေ ခြင်းသည်
တာဝန်သိစိတ်၏ တောင်းဆိုချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုပေသည်၊၊
ဂျပန်လူမျိုးတို့၏ တတိယထူးခြားသော
စိတ်လက္ခဏာတစ်ရပ်မှာ ဂျပန်လူမျိုးတစ်ဦးချင်းသည် လူပုဂ္ဂိုလ်တစ်ဦး ချင်းအနေအထားထက်
အဖွဲ့အစည်းနိုင်ငံတော် စသည်တို့နှင့် ဆက်စပ်နေသည့်
အနေအထားဖြင့်သာပြုမူလပ်ြရှားဆောင် ရွက်တတ်ခြင်းပင် ဖြစ်ပေသည်။ မိမိကိုယ်မိမိ
ကျယ်ပြန့် မြင့်မားသောအဖွဲ့အစည်းနှင့် ယှဉ်တွဲအသိအမှတ်ပြုသည့် စိတ် ဓာတ်သည်
ဂျပန်လူမျိုးတို့တွင် အမြင့် မားဆုံးဖြစ်သည်ဟုဆိုပေသည်။ ထိုကြောင့်ပင်
ဂျပန်နိုင်ငံတွင်ဇိုင်ဘတ်ဆု ခေါ်စီးပွား ရေးအဖွဲ့၊ ဟာဘတ်ဆုခေါ် နိုင်ငံရေးအစုအဖွဲ့၊
ကန်ဘတ်ဆုခေါ် အုပ်ချုပ်ရေးဆိုင်ရာအစုအဖွဲ့၊ ဂန်ဘတ်ဆုခေါ် စစ်ဘက်ဆိုင် ရာအစုအဖွဲ့၊
ဂါကူဘတ်ဆုခေါ် တက္ကသိုလ်များဆိုင်ရာ အစုအဖွဲ့များ
ပေါများခြင်းဖြစ် ပေသည်။
ဂျပန်လူမျိုးတို့၏ အထူးခြားဆုံးသော
အခြားစိတ်လက္ခဏာတစ်ရပ်မှာ မိမိတို့အား အခြားသူများ က အမြဲစောင့် လေ့လာနေသည်ဟု
ရှုမြင်ခံယူသည့် စိတ်ဓာတ်ပင်ဖြစ်ပေသည်။
ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်နှင့်
ပတ်သက်၍ဂျပန်နိုင်ငံမှ လူမရြေးဗေဒပညာရှင်တစ်ဦးဖြစ်သူ မီချီကို အီနူကာအိက
ဂျပန်လူမျိုးတို့သည် ကိုယ်ကိုကိုယ် အလွန်အမင်းစိတ်ဝင်စားနေခြင်းကြောင့်
အခြားလူမျိုးများနှင့် နိုင်ငံများက မိမိတို့အပေါ် မည်သို့ သဘောထားနေသည်ဟူသော
အချက်နှင့် ပတ်သက်၍ဂျပန်လူမျိုးတို့သည် အမြဲတစေစိုးရိမ်ပူပန်တတ်ကြသည်။
ထိုစိုးရိမ်စိတ်က တစ်ဖန်တခြား လူမျိုးတို့၏အမြင်တွင် မိမိတို့ဂျပန်လူမျိုးတို့သည်
နိမ့်ကျသည်၊ ပျော့ညံ့သည်ဟူ၍မမြင် အောင်ကြိုးပမ်း လိုသည့် စိတ်ဓာတ်ကို
ဖန်တီးပေးခဲ့ပြန်သည်။ ထိုစိတ်ဓာတ်ကပင် ဂျပန်နိုင်ငံအားအချိန်တိုအတွင်း ခောတ်
မှီနိုင်ငံကြီးတစ်ခုဖြစ်လာအောင် ဖန်တီးပေးခဲ့ပြန်သည် ဟုရေးသားဖော်ပြခဲ့ပေသည်။
ဂျပန်လူမျိုးတို့၏ အခြားထူးခြားသည့်
စိတ်လက္ခဏာတစ်ရပ်မှာ ဂျပန်လူမျိုးတို့သည် သူတို့ကို သူတို့ သူတစ်ပါး ထက်ထူးခြားသည်။
နြိင်းယှဉ်ဖွယ်ရာမရှိသော သီးသန့်ပုံစံဖြစ်သည်ဟု ခံယူထားခြင်း ပင်ဖြစ်သည်။
စိုးတင်ဝင်း
(ဘဏ်)
0 comments:
Post a Comment