ကောင်မလေးထံသို့ ပေးစာ
by စာပေခရီးသွားခြေလှမ်းများ on Wednesday, October 19, 2011 at 10:09am
သို့..... ကောင်မလေး
မင်းဘယ်ရောက်နေတယ်ဆိုတာကို မင်းရဲ့ ကောင်လေးက ဂရုစိုက်မှာ မဟုတ်ဘူးလို့ မထင်ပါနဲ့....ဂရုစိုက်ပါတယ်၊ တကယ်တော့ ကောင်လေးအနေနဲ့ တခြားသူနဲ့ မသိတဲ့ ယောက်ျားလေးတွေနဲ့ မင်း အတူရှိနေမှာကို စိတ်ပူတတ်ကြတယ်လေ။
ပြီးတော့ မင်းရဲ့ အတိတ်က ချစ်သူအကြောင်းကို ကောင်လေးရှေ့မှာ သွားမပြောပါနဲ့။ သူတို့က ဘယ်တော့မှ မကြားချင်... မသိချင်...အလေးအနက်မထားချင်ကြဘူးလေ။ တကယ်လို့ မင်းက သွားပြောတယ်ဆိုရင် သူ့ကို မနာလိုဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ...မင်းကောင်လေး မင်းပေါ်ယုံကြည်မှု နည်းပါးလာလိမ့်မယ်။
မင်း တခြားကောင်လေးတွေနဲ့ စကားပြောတာ...တခြားယောက်ျားလေးတွေနဲ့ မိတ်ဆွေ ဖြစ်တာ သူတို့ အပြစ်မမြင်ကြပါဘူး။ ဒါပေမဲ့ သူမင်းနဲ့ အတူတူထိုင်နေတုန်း အခန်းထဲကို တခြားယောက်ျားလေးတစ်ယောက်ဝင်လာတာကို သူနဲ့ အရင် မိတ်မဆက်ပေးပဲ မင်းက သွားနှုတ်ဆက်မိရင်တော့ ကောင်လေး စိတ်အချဉ်ဖောက်သွားတတ်တယ်။ သူက မင်းနဲ့ အတူရှိနေတယ်ဆိုတာကို မင်းကို သတိရနေစေချင်တယ်လေ။
မင်းချစ်သူ ကောင်လေး မင်းကို လှတယ်... ချောတယ်... လန်းတယ် ချစ်စရာကောင်းတယ်...ဆွဲဆောင်မှုရှိတယ်လို့ ချီးမွမ်း ပြောလာရင် သူတကယ်ပြောတာပါ... သူတို့ကို မှားတယ်လို့ သွား ကန့်လန့် မပြောပါနဲ့။ မင်းအပေါ်ယုံကြည်မှု ပျက်သွားလိမ့်မယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှု အရှိဆုံးအလှတရားက ချစ်သူက သူမအပေါ်ယုံကြည်မှု ရှိနေဖို့ပဲလေ။
ကောင်လေး မင်းကို စေတနာနဲ့ တခုခု လုပ် ပေးတဲ့အခါ ကျေးဇူးတင်ကြောင်း ပြုံးပြီး ပြောဆိုပါ... သူက တကယ် လုပ်ပေးချင်လို့ပါ... အဆိုးမမြင်ပါနဲ့။ ကျေးဇူးတင်စကားက သူ့ကို ထာဝရဆွဲဆောင်စေနိုင်ပါတယ်။
ဘယ်သူမှ မရှိတုန်း ချစ်သူကောင်လေး ကို အနမ်းပေးပါ... ဒီလိုနမ်းခြင်းဖြင့် ကောင်လေး သူ့ကိုယ်သူယုံကြည်မှုတိုးလာပါလိမ့်မယ်။ မင်းကိုလဲ အချစ်တွေပိုတိုးလာစေပါတယ်။
မင်းကို တကယ် ချစ်တဲ့ ကောင်လေးဟာ မင်းရဲ့ အ၀တ်အစားကို ဂရုမစိုက်ပါဘူး။ သူ မင်းနဲ့ ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာ... ဆွဲဆောင်မှု အရှိဆုံးဖြစ်အောင် အ၀တ်အစား ခမ်းခမ်းနားနား ၀တ်ရမယ်ဆိုတဲ့ အတွေးမျိုးမတွေးပါနဲ့... သဘာဝအတိုင်း အလှဆုံး ၀တ်ခဲ့ပါ... ကောင်လေးက မင်းဘယ်သူဆိုတာ ပဲ စိတ်ဝင်စားပါတယ်။ မင်း ဘာလဲ ဆိုတာ သူမသိချင်ပါဘူး။
ကောင်လေးရဲ့ နောက်ကွယ်မှာ တခြား ယောက်ျားလေးတွေနဲ့ မရိုးမသားမလုပ်ပါနဲ့။ ကောင်လေးတွေက အမြင် အာရုံ ထက်မြက်ကြတယ်။ သူတို့ သိသွားရင် မင်းကို နာကျည်းသွားလိမ့်မယ်။
ကောင်လေးက နောက်ပြောင်ကျီစယ်တာကို တကယ်လို့ မင်း မမှတ်လိုက်နဲ့ဦး။ သူတို့ရဲ့ အလှတရားက မင်းကို စိတ်ပျော်ရွှင်စေတဲ့ စေတနာဖြစ်တယ်... အဲဒီအလှကို စိတ်ရှည်ရှည်နဲ့ မြင်အောင်ကြည့်ပေးပါ...
ကောင်လေးတွေရှေ့မှာ မင်းသား တွမ်ခရုစ်... ဂျက်စတင်ဘီဘာတို့ အကြောင်းသွားမပြောပါနဲ့... သူတို့ ငြီးငွေ့သွားလိမ့်မယ် စိတ်ဝင်စားမှာမဟုတ်ဘူး။ တကယ်လို့ ပြောချင်ရင် မင်းရဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့သာ ပြောပါ။
ဒီလောက်နဲ့ လုံလောက်ဦးမှာ တော့ မဟုတ်ဘူး ကောင်မလေး... တကယ်လို့ မင်းချစ်သူကောင်လေးက မင်းအပေါ် မှန်မှန်ကန်ကန် သဘောထား မဆက်ဆံဘူးဆိုရင် သူ့ကို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။ ပြီးတော့ မင်းကို လေးလေးစားစားဆက်ဆံနိုင်တဲ့၊ မင်းရဲ့ ခံစားမှု ကို အလေးထား ဦးစားပေးနိုင်တဲ့၊ မင်းစိတ်ပျက်အားငယ်စဉ်မှာ မင်းကို ပြုံးရယ်စေနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာဖွေပါ...
မူရင်း ။ ။Dear Girls( From us guys) by mel
(ဇေယျာ) 19/10/11, Wednesday, 10:00 am
0 comments:
Post a Comment