19th October 2011 - MoeMaKa Daily
ချိုတူးဇော်နဲ့ စကားလက်ဆုံ (၁)
မိုးမခ၊ အောက်တိုဘာ ၁၉၊ ၂၀၁၁
မြန်မာပြည်က
ကဗျာဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်ဟာ အမေရိကန်ပြည်ထောင်စု၊
အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာစာရေးသားခြင်းအစီ အစဉ်နဲ့
ခေတ္တရောက်ရှိနေချိန်မှာ သူ့အကြောင်း စိတ်ဝင်စားတဲ့ မိုးမခပရိသတ်နဲ့
မိတ်ဆက်ပေးလိုက်ပါရစေ။ မေးခွန်းတွေကို အပိုင်းလိုက် မေးမြန်းဖြစ်တာမို့
အပိုင်းလိုက် တင်ဆက်သွားမယ် ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်
ကိုယ့်စိတ်ထဲရှိတာကို ထုတ်ဖော် ပြောဆိုတတ်တဲ့ စာရေးဆရာတယောက်အကြောင်း
တစေ့တစောင်းမြင်ကြရမယ် မျှော်လင့်ပါတယ်။
မေးခွန် (၁) ။
။ လွန်ခဲ့တဲ့ အနှစ် ၂၀ က
၈၈မျိုးဆက်ကျောင်းသားတဦးအဖြစ် ၈၈ အရေးတော်ပုံမှာ လှုပ်ရှားခဲ့တယ်၊ ၅ညနဲ့လည်း
နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရတယ်။ ၁၉၉၀
ပါတီစုံရွေးကောက်ပွဲကာလကို ဖြတ်သန်းခဲ့တယ်။ အဲသည်တုန်းက အနုပညာသမားက အရင်လား၊
နိုင်ငံရေးသမား (နိုင်ငံရေးလှုပ်ရှားသူ) ဘ၀က အရင်လား။
ချိုတူးဇော် မဖြစ်သေးပေမယ့် ၈၈ မတိုင်မီမှာ ချိုတူးဇော်ဘ၀က စ တော့
စနှင့်နေပါပြီ။ ကျနော် ၁၉၈၅ ဒီဇင်ဘာမှာ အာရ်အိုင်တီ ကျောင်းကို စ တက်တယ်။
ငယ်ငယ်လေးထဲက စာ တွေ စ ရေးခဲ့ပေမယ့် တက္ကသိုလ်ကျောင်းသားဖြစ်မှ စာမူ စ ပို့မယ် လို့
ကိုယ့်ဖါသာ ဆုံးဖြတ်ပြီး အဲဒီ ၁၉၈၅ တက္ကသိုလ်တက်ဖို့စောင့်ရင်းနဲ့ပဲ စာမူတွေ စ
ပို့ခဲ့တယ်။ ၁၉၈၅ မှာပို့တဲ့ စာမူက ၁၉၈၆ နှစ်ဦးပိုင်းလောက်မှာ အရွေးခံရတယ် ဆိုတာ
သိရတယ်။ သပြေတေးမဂ္ဂဇင်းမှာပါ။ အဲဒီတုန်းကတော့ သပြေခေတ်လို့ဆိုရမလောက် သပြေမဂ္ဂဇင်းအောင်မြင်ခဲ့တယ်။
အဲဒီမှာ စာမူအရွေးခံရ ဖေါ်ပြခံခဲ့ရတယ်။ အချစ်ဝတ္ထုလေးတွေပဲ ရေးခဲ့ပါတယ်။ ၁၉၈၇ လောက်မှာ ဖေါ်ပြခံခဲ့ရပြီး၊ နောက်တပုဒ်ကို ၁၉၈၉ မှာ
ဖေါ်ပြခံခဲ့ရတယ်။ သပြေက ဆက်တိုက်ဖေါ်ပြလာပြီး ဆက်ရေးဖို့လည်း တိုက်တွန်းခဲ့တယ်။
၈၈ မတိုင်မီမှာ ကျောင်းထဲက လက်ကမ်းစာစောင်ကဗျာစာအုပ်လေးတွေ ထုတ်ခဲ့ကြ၊
ချိုတူးဇော် အနေနဲ့ ကဗျာတွေလည်း ရေးခဲ့ပြီဗျ။ ဒီတော့ ၈၈ မှာ
နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေပေမယ့် ချိုတူးဇော် သန္ဓေက မွေးပြီးသားလို့
ပြောရပါလိမ့်မယ်။
၈၉ ဧပြီလမှာ အဖမ်းခံရတယ်။ နိုင်ငံရေးပါတီတရပ်ရဲ့ဥက္ကဋ္ဌတာဝန် ယူပြီး
လုပ်ဆောင်နေရင်း အဖမ်းခံရတာဆိုပေမယ့် ဒီရှေ့မှာ ၈၉ ကိုဖုန်းမော်
နှစ်လည်အခမ်းအနားကျင်းပရေး ကော်မီတီ ၁၃ ယောက်ထဲ ပါခဲ့တာ၊ အဲဒီ ၁၃ ယောက်စလုံး
တယောက်မကျန်ဖမ်းခဲ့တယ်။ မိုးသီးဇွန်တယောက်ပဲ လွတ်အောင်ပြေးနိုင်တယ်။ ကျန်တဲ့ ၁၃
ယောက်စလုံး တယောက်မကျန် ဖမ်းတယ်။ အရင်ဆုံးအဖမ်းခံရတာ ကိုပေါ်(မင်းကိုနိုင်ပါ)။
သူ အဖမ်းခံရပြီး ကျနော်တို့ ကိုယ့်ပါတီ စည်းရုံးရေးနယ်မြေတွေ
ကိုယ်ဆင်းပြီး၊ လှုပ်ရှားမှုတွေပြန့်နှံ့အောင် လုပ်ဖို့ တိုင်ပင်ကြတယ်။
"အနကလ"၊ "ရှမ်းမြောက်"၊ စသဖြင့် ကျောင်းသားပါတီတွေ
ကိုယ့်ဒေသကိုယ်ဆင်းပြီး ပြန်လှုပ်ရှားကြတယ်။ ကျနော်တို့
"ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး" အနေနဲ့ မြိတ်၊ ထားဝယ်ကို ပြန်ဆင်းပြီး လှုပ်ရှားမှုတွေလုပ်တဲ့အနေနဲ့ နံရပ်ကပ်စာစောင်လုပ်တယ်။ အဲဒီမှာ အယ်ဒီတာအနေနဲ့ တာဝန်ယူတယ်။ ဥယျောဇဉ်ရေးတယ်။ ကဗျာတပုဒ်ရေးတယ်။ အဲဒီကဗျာကို မင်နီတွေတားပြီးတော့ကို ဖမ်းတာ။ ထောင်တန်တဲ့ ကဗျာပေါ့ဗျာ။ ကျနော်မှတ်မိပါသေးတယ်။ . .

သူငယ်ချင်းရေ..
မင်းပျော်တယ်ဆို
မြရိပ်ညိုလမ်း
ကျောင်းအိုစခန်းဆီ
ရောက်သည် ဆိုရုံရောက်ခဲ့တယ်
မင်းနေခဲ့တဲ့
အဆောင်ရဲ့မုခ်ဦး
တံခါးထူးမှာ
စစ်ဘီလူးတွေဟာ
လက်နက်အပြည့်
ကျည်အပြည့်ပေါ့။
ကျောင်းရဲ့တဘက်မှာ
ဓမ္မာရုံစခန်း
ဗုဒ္ဓနန်းကို
ဘရန်းကယ်ရီယာ
သံချပ်ကာနဲ့
စစ်ထွက်အသွင်
စစ်ပြင်ဆင်ပြီး
စစ်ရင်ပြင်တခု
ပြုနေတယ်..။
x
x x
x
x x x x
ငါတို့
ကျောင်းကို လွမ်းစိတ်ပို ရင်
အပြင်ကနေ
ခိုးကြောင်ခိုးဝှက်ကြည့်ရတယ် …
တဲ့
…။
အဲဒီစာသားတွေကို မင်နီတွေတားပြီးကို ဖမ်းတာ။ တခါမှ အယ်ဒီတာ
တာဝန်မယူဖူးဘူး။ အဲဒါ ပထမဆုံး အယ်ဒီတာအလုပ်ပါ။ အယ်ဒီတာအလုပ်နဲ့ အဖမ်းခံရတော့
ဝမ်းသာပါ့။ ရဲစခန်းမှာ အိမ်ကို စာရေးလို့ ရတယ်ဆိုတော့ ဒီလိုရေးလိုက်တယ်။
"မေမေ …။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ၁၉၃၆ မှာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ
အနေနဲ့တာဝန်ယူရာကနေ ကျောင်းက အထုတ်ခံရတဲ့အချိန်မှာ သူ့အသက် ၂၁ နှစ်၊ ခု ကျနော်လည်း
၂၁ နှစ် စိတ်မပူပါနဲ့မေမေ။ လို့ "
အဲဒီစာဖတ်ပြီး "မ၀တ"ဥက္ကဋ္ဌက စွေ့စွေ့ခုန်နေပါသတဲ့ဗျာ။
နိုင်ငံရေးလုပ်တဲ့အချိန်မှာကတည်းက အနုပညာသမားဖြစ်နှင့်ပြီးပြီ
ထင်ပါတယ်။ နိုင်ငံရေးက မလုပ်မနေ လုပ်ရမှာမို့သာ လုပ်ခဲ့တာပါ။ အနုပညာသမား
ဖြစ်ဖို့ကို မွေးလာတယ် လို့ကိုယ့်ကိုယ်ကိုယ် ခံယူပါတယ်။
ဒါကြောင့် ထောင်ကထွက်လာတော့လည်း အနုပညာသမားဘ၀ကိုပဲ ရွေးခဲ့တယ်။
နိုင်ငံရေးသမားဘ၀ကို ပြန်မသွားချင်တော့ဘူး။
မေးခွန်း (၂)။
။ကိုယ်တိုင်းပြည်ရဲ့
နိုင်ငံရေးအတွက် လှုပ်ရှားရုန်းကန်နေတာတွေကို ခင်ဗျားက ကျောခိုင်းလိုက်တာလား။
ကိုယ့်အချင်းချင်း ရန်ဖြစ်ရတာကို အမုန်းဆုံးပဲ။
နိုင်ငံရေးသမားဘ၀မှာတုန်းက စီနီယာ နိုင်ငံရေးသမား နောင်တော်တယောက်က မေးဖူးတယ်။
ဘယ်တော့မှ ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူး။ အဲဒီလို နိုင်ငံရေးသမားဘ၀ ကို ဘယ်တော့မှ
မလုပ်ဘူး လို့ပြောတော့ ဘာလို့ ပါတီထောင် နိုင်ငံရေးလုပ်ခဲ့တာလဲ … တဲ့။ နာမည်ကြီးချင်လို့လားတဲ့။
အဲဒီတုန်းက ကျနော့်မှာ နာမည်ကြီးဖို့ တခြားအလုပ်သပ်သပ် ရှိပါတယ်။
ကျနော်အဲဒီအလုပ်နဲ့ပဲ နာမည်
ကြီးချင်တယ်။ နိုင်ငံရေးသမားအနေနဲ့တော့ နာမည်မကြီးချင်ဘူး။ နိုင်ငံရေးသမားအလုပ်ကို မလွှဲမရှောင်သာလို့ ဟောဒီရင်ဘတ်ထဲက မနေနိုင်လို့ လုပ်ရတာပါ လို့ပြန်ဖြေခဲ့မိတယ်။

သူက နားမလည်ခဲ့ဘူး။ ကိုယ်လည်း ပြောသာပြောရတာ ချိုတူးဇော် မဖြစ်သေးဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သေချာတာ တခုက ချိုတူးဇော်ပဲ လုပ်မယ် ဆိုတာပါပဲ။
စာတွေရေးမယ်၊ ကဗျာတွေရေးမယ်။ ကားတွေရိုက်မယ်ဗျာ။ ကျနော့်ဘ၀ကို အနုပညာနဲ့ပဲ ထုဆစ်ချင်ပါတယ်။ မတရားမှုတွေ အဓမ္မမှုတွေကို ဆန့်ကျင်တာဟာ အနုပညာသမားအနေနဲ့ ဆန့်ကျင်တာပါ။

ခု ကြီးလာ၊ ရင့်ကျက်လာတော့ ဘယ်လို ခံယူသလဲဆိုတော့ အနုပညာသမားစစ်ရင်၊
ပြည်သူလူထုနဲ့ တသားတည်းနေ၊ တသားတည်းခံစားတဲ့ အနုပညာသမားစစ်ရင် နိုင်ငံရေး
အထွေအထူးလုပ်စရာမလိုပါဘူး၊ အလိုလို မတရားမှုတွေ၊ အဓမ္မမှုတွေကို ဆန့်ကျင်ပြီးသား
ဆိုတာပါပဲ။
ခင်ဗျားတို့လည်း အဲဒီလိုပဲ မဟုတ်လား၊ မီဒီယာသမား ဆိုပေမယ့်
ပြည်သူနဲ့တသားတည်းနေတဲ့၊ ပြည်သူ့ခံစားချက်ကို ကိုယ်စားပြုတဲ့ မီဒီယာသမား ပဲ
မဟုတ်လား။ နိုင်ငံရေး အထွေအထူး လုပ်ဖို့လိုသေးလို့လား။
မေးခွန်း (၃)။ ။ လွန်ခဲ့တဲ့ အနှစ် ၂၀၊
၈၈အရေးတော်ပုံတပ်သားတဦးလို့ ဆိုကြပါစို့။ အဲသည်တုန်းက ခင်ဗျားက
ရန်ကုန်မြို့ကြီးကို စိတ်ကူးနဲ့ ရုပ်ရှင်ရိုက်ခဲ့တယ်လေ။ ရန်ကုန်တမြို့လုံး
စစ်မီးတွေ ဟုန်းဟုန်းတောက်ပြီးတော့ လူတွေက ဆိပ်ကမ်းတွေကနေ သွေးရူးသွေးတန်း ဆုတ်ခွာ
ထွက်ပြေးနေကြပြီ ဆိုပြီး ခင်ဗျား စိတ်ကူးမြင်ယောင်ခဲ့တယ်။ အခုအချိန်မှာကော
ခင်ဗျားစိတ်ကူးတွေက ဘယ်လိုမျိုး ရှိနေသေးလဲ။ အပြောင်းအလဲတွေ ရှိသလား။
အဲဒီတုန်းက ဆိုင်ဂုံကို ဖတ်ဖူးတော့ ဇာတ်သိမ်းခန်း တိုင်းပြည်ပျက်ခန်းက
တုန်လှုပ်ခဲ့မိတယ်။ မြန်မာပြည်ကြီးမှာ ပေါ်ပေါက်နေတဲ့ အဓမ္မမှုတွေကိုသာ
မထိန်းမသိမ်းရင် ဆိုင်ဂုံပျက်သလို ပျက်ရ၊ ဆိုင်ဂုံကနေ လူတွေ ပြေးသလို ပြေးရမယ်
လို့ခံစားခဲ့မိတယ်။ ခုထိ အဲဒီခံစားချက်က ပျောက်မသွားသေးပါ။ စစ်အစိုးရက ခုချိန်ထိ
အမှန်ကို မမြင်သေးရင်၊ ပြည်သူအပေါ်မှာ မရိုးမဖြောင့်ရင် တိုင်းပြည်ကြီး
အစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ပျက်စီး ရမယ် လို့ ခံစားနေမိတုန်းပါ။
ခုက ၈၈ တုန်းကထက်ပိုဆိုးတယ်။ ၈၈ တုန်းက တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အကွဲအပြဲတွေပဲ ရှိနိုင်တယ်။ ခုက တရုတ်တပ်တွေပါ
ဝင်လာနိုင်တယ်ဗျာ။
ရန်ကုန်မြို့ကြီး မီးဟုန်းဟုန်းတောက်နေတဲ့အခါ.. လူတွေ ရရာ လှေတွေ
သမ္ဗာန်တွေနဲ့ ကူးကြ၊ ပြေးကြ တရုတ်စစ်သားတွေ ကသာ၊ ဗန်းမော်ထိ ဒုတိယကမ္ဘာစစ်တုန်းက
ဝင်လာခဲ့ဖူးတယ်။ သိပ္ပံမောင်ဝရဲ့ "စစ်အတွင်းခရီးသွားမှတ်တမ်း"
ဖတ်ကြည့်ပါ။ လက်နှိပ်ဓါတ်မီးကအစ၊ စက်ဘီးက အစ မြင်မြင်သမျှ သိမ်းခဲ့ လုယက်မှုတွေ
လုပ်ခဲ့တယ်။ အဲဒီလို ရုပ်ရှင်ပြကွက်မျိုးကို စိတ်ကူးနဲ့ဖန်တီးကြည့်ပြီး
ကျောချမ်းခဲ့ဖူးတယ်။ ခုလည်း စိတ်ကူးကြည့်ပြီး ကျောချမ်းနေတုန်းပါ။
(ဆက်လက်ဖော်ပြပါမည်)
Labels:
Cho Tu Zaw,
Interview
Burmese Children Poem Recital & Essay Contests - Video
ကလေး လူငယ်များရဲ့
ကဗျာနဲ့ စာစီစာကုံးပြိုင်ပွဲ မြင်ကွင်း
ဆန်ဖရန်ဘေးဧရိယာ
၁၂ကြိမ်မြောက် စာပေဟောပြောပွဲ
မိုးမခ ရုပ်သံ၊
အောက်တိုဘာ ၁၉ ၊ ၂၀၁၁
ဘေးဧရိယာရဲ့ စာပေချစ်သူများနဲ့
(BADA) အဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ ၁၂ကြိမ်မြောက် စာပေဟောပြောပွဲမှာ
မြန်မာတိုင်းရင်းသားပေါင်းစုံ ရဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေက
ကဗျာရွတ်ဆိုပြိုင်ပွဲနဲ့ အလွတ်တန်း စာစီစာကုံးပြိုင်ပွဲ မှာ
ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။ အဲသည်က မြင်ကွင်းကို တင်ဆက်လိုက်ပါတယ်။
ရေခြား မြေခြားမှာ
မိဘတွေကိုယ်တိုင် သင်ကြားပေးတဲ့ မြန်မာစာနဲ့ မြန်မာစကားကို ကြိုးစားပြီး
ပြောဆို ပြိုင်ပွဲဝင်နေကြတာဟာ ကြည်နူးစရာမြင်ကွင်းပါ။ အထူးသဖြင့်ကတော့ တိုင်းရင်းသားမြန်မာမိသားစုေ တွ
စုဝေးနေထိုင်တဲ့ ဥက္ကလံမြို့က ကလေးသူငယ်တွေအတွက် စုဝေး စည်းရုံးလုပ်ဆောင်ပေးခဲ့တဲ့
ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းကိုလည်းက ဆရာ၊ ဒကာ မိသားစုများကိုလည်း
ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
Labels:
VDO News
Kyaw Thu - FFSS Yangon Activity,
ထူးခြားသောမွေးနေ့ နှင့် ထူးခြားသောဖြစ်ရပ်
ကျော်သူ
အောက်တိုဘာ ၁၉၊ ၂၀၁၁
ကျော်သူ
အောက်တိုဘာ ၁၉၊ ၂၀၁၁

၁၈.၁၀.၂၀၁၁ အင်္ဂါနေ့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော (၈၈) ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ မွေးနေ့ဖြစ်သည်။ မွေးနေ့ပွဲကျင်းပရာသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အလုပ်တာဝန်များပိနေ၍ မသွားဖြစ်ခဲ့သော်လည်း မွေးနေ့လက်ဆောင် အမှတ်တရ Birthday Card တစ်ခုကို ပေးပို့ခဲ့သည်။ ထိုမွေးနေ့လက်ဆောင်ကဒ်ပြားတွင် ကဗျာစာပိုဒ်လေးတစ်ခု ကျွန်တော် မှတ်မှတ်ရရ ရင်တွင်းစကား ရေးသားပေးလိုက်သည်။
“မင်းကိုနိုင် (၄၉)”
တကယ်တော့ … ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။
တကယ်တော့ … ပေါက်ကွဲမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။
တကယ်တော့ … ရဲရင့်မှုဟာ
ကမ္ဘာမြေကြီးကို သွေးချောင်းစီးစေနိုင်သလို
မဟာပထ၀ီမြေကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ … မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားခဲ့သလို
ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။
ကျော်သူ
ယင်းမွေးနေ့ အမှတ်တရကဒ်ပြားကို ပေးပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို တိုးချဲ့ဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီး နံနက် (၁၀း ၀၀) နာရီအချိန်တွင် ဆိုက်ရောက်လာသည်။ သံဃာတော် နှစ်ပါး မော်တော်ယာဉ်ပေါ်မှ ဆင်းလာပြီးသည့်နောက် “ဒကာ ကျော်သူနှင့် တွေ့စရာရှိတယ်။ ပစ္စည်းပေးပြီး ချက်ချင်းပြန်ကြွမယ်။” ဟု မိန့်ကြားခဲ့၍ ကျွန်တော်သွားရောက် ဖူးတွေ့လိုက်သည်။ သံဃာတော်တစ်ပါးသည် သူသည် သီရိလင်္ကာမှ ကြွရောက်လာသော Ven.Pannarwdha (အရှင်ပညာဝုဓ) ဖြစ်ကြောင်း … ယခု ဒကာကျော်သူကို သီရိ လင်္ကာမှ ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူနှင့် သစ်ကနက်သားစစ်စစ်ဖြစ် ထုလုပ်ပူဇော်ထားသော မြတ်ဗုဒ္ဓ ဆင်းတုတစ်ဆူကို လာရောက်အပ်နှံကြောင်းကို ပြောကြားပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ပြန်လည်ကြွမြန်း သွားတော့သည်။
ဗုဒ္ဓမြတ်စွယ်တော်တို့နှင့် ကျွန်တော်သည် မည်သည့်အကြောင်းဆက်များကြောင့်
ညီငယ် မင်းကိုနိုင်ရဲ့ ထူးခြားသောမွေးနေ့ (ကမ္ဘာမြေပြင်ကို ရောက်ရှိလာသောနေ့) မှာ ဗုဒ္ဓမြတ် စွယ်တော်သည်လည်း ထူးခြားစွာ ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့ခြင်းသည် မင်္ဂလာရှိသော ထူးခြားမှုတစ်ရပ် ဖြစ်ပေါ်ပေဦးမည်ဟူသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။

Labels:
Kyaw Thu - FFSS Yangon Activity
Tayar Wayyan - News & Media
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်ပြည့်မွေးနေ့
ရန်ကုန်၊ အောက်တိုဘာ ၁၉၊ ၂၀၁၁
တာရာဝေယံ
တာရာဝေယံ

ကိုမင်းကိုနိုင်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ဆုမွန်တောင်းစကားကို မဖြိုးဖြိုးအောင်က ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။
မွေးနေ့အခမ်းအနားကို ဒီနေ့မနက် ၈ နာရီမှ ၁၂ နာရီထိ ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ သမိုင်း မြို့မပရိယတ္တိစာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗိုလ်ကြီးဝင်းထိန် အစရှိတဲ့ အဲန်အယ်ဒီခေါင်းဆောင်းများနှင့် မြို့နယ်အသီးသီးမှ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်များ၊ ဗကသကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်
ကြွရောက်လာကြသူများကို ကိုမင်းကိုနိုင်ရဲ့ဖခင် ဦးသက်ညွှန့်နှင့် ဇနီး၊ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နဲ့ မငယ်တို့က နို့စိမ်းခေါက်ဆွဲနဲ့ ဧည့်ခံခဲ့ကြပါတယ်။
မွေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပွဲဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်စူးကျင်းပတဲ့ပွဲဖြစ်တာမို့ ကိုယ်ကိုတိုင် တဦးချင်းစီကလဲ အဂတိတရား (၄) ပါးကနေ လွတ်ကင်းပြီး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ကိုမင်းကိုနိုင်ဆောင်ရွက်သယ်ပို
ချင်းအမျိုးသားပါတီမှ ဦးဇိုခမ်က ကိုမင်းကိုနိုင်နဲ့အတူ ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးအတွေ့အကြုံများကိြုေ
ကိုဇာဂနာက ကိုမင်းကိုနိုင်နဲ့ အထူးတိုက်မှာ (၄) နှစ်ကျော်နေခဲ့ရတဲ့ကာလတွေကိြုေ
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာကြရန်အတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းခြဲ့
ကိုမင်းကိုနိုင်ရဲ့အမဖြစ်သူ မငယ်က သူ့မောင်လေးကို ကျိုင်းတုံထောင်မှာ ထောင်ဝင်စာသွားတွေ့ရင်း ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကိုဖွဲ့ဆိုထားတဲ့ ကဗျာတပုဒ်ကို ဖတ်ပြခဲ့ပါတယ်။
မွေးနေ့ကို ဂီတအစီအစဉ်များနဲ့ ဆက်လက်ဖျော်ဖြေရာမှာ ကိုနေ၀င်းရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်”၊ ဆောင်းဦးလှိုင်၊ အက်စစ်အဖွဲ့မှ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဇေယျာသော်တို့အပြင် ကျောင်းသားကျောင်းသူများရဲ့ ပျံသာပျံပါခွမ်းဒေါင်းနီ အစချီတဲ့ ဗကသ သီချင်းသံများနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ သံတိုင်ကြားမှာ အနှစ် (၂၀) ကျော် အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်အပါအ၀င် ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုဇေယျာ၊ ကိုသက်ဇော်၊ ကိုဌေးကြွယ် အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းများ
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ မှတ်တမ်းဓာတ်ပုံများ

Labels:
Local News Headlines
Internet in Burma slow and sluggish as ever
တိုင်းပြည်ကြီး ခေတ်ပြောင်းမည်ဆိုသော်လည်း
အင်တာနက်ကား မပြောင်း၊ ပိုတောင်ဆိုးဦးမည်
မိုးမခအထောက်တော် (မရမ်းကုန်း)၊
အောက်တိုဘာ ၁၈၊ ၂၀၁၁
ရတနာပုံတယ်လီပို့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းက
ပင်လယ်ရေအောက်ဆက်ကြောင်းများ ချို့ယွင်းနေသဖြင့် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊
ပြတ်တောက်ခြင်းများ အောက်တိုဘာ ၁၇ က စတင်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ၎င်းတို့ဝက်ဆိုက်တွင်
ထုတ်ပြန်ထားသည်။
အင်တာနက်ဝက်ဆိုက်များ ပိတ်ဆို့ထားခြင်းကို
ဖွင့်ပေးပြီးနောက်ပိုင်း ပရိသတ်မှာ အင်တာနက်နှေးကွေးမှုများ ပိုမိုဆိုးဝါးနေသဖြင့် ထူးထူးခြားခြား
မသိသာဟု ဖွင့်ဟပြောဆိုကြသည်။ ပိတ်ပိတ် ပွင့်ပွင့် နှေးကွေးလေးလံနေသဖြင့် အီးမေးနှင့်
ဖေ့စ်ဘွတ်လောက်သာ ဖွင့်ပြီး ခေတ်နှင့်အဆက်မပြတ်ရုံသာ ရှိကြောင်း မိုးမခပရိသတ်တဦးက
စာရေးသားထားသည်။
Labels:
Internet News,
Local News Headlines
Suu urged activsits to be free from prejudices
နိုင်ငံရေးအကျဉ်းသားတွေကို
အဂတိလေးပါးတရား ကင်းစေကြောင်း
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ခင်နှင်းလွင်၊ အောက်တိုဘာ
၁၈၊ ၂၀၁၁
နိုင်ငံရေး လုပ်ဆောင်နေသူများ အနေဖြင့်
ပြင်ပ အနှောင်အဖွဲ့များမှ လွတ်မြေက်ရန် ကြိုးစားနေစဉ် မှာပဲ ကိုယ်ရဲ့ ကိုယ်တွင်း အနှောင်အဖွဲ့များဖြစ်သည့်
အဂတိတရား ၄ ပါးမှလည်း လွတ်မြောက်စေရန် ကြိုးစားဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
မင်းကိုနိုင်မွေးနေ့တွင်ပြောဆို လိုက်သည်။
ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိ
စာသင်တိုက်တွင် ယနေ့ ကျင်းပသည့် အကျဉ်းကျခံနေရသူ
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏
မွေးနေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။
၎င်းက မွေးနေ့ပွဲတွင် ပြောကြားရာ၌ ဆန္ဒာ
ဂတိ၊ ဘယာဂတိ၊ လောဘဂတိနှင့် ဒေါသ ဂတိတို့ကို ရှင်းပြပြောဆိုကာ “ကျွန်မတို့နိုင်ငံကို
အဂတိတရား ၄ ပါးနှင့် ကင်းဝေးတဲ့ တိုင်းပြည်ဖြစ်စေချင်တယ်” ဟု သူ့၏ ဆန္ဒကို ထုတ်ပြောသွားသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်မှ
ဖဲကြိုးဖြတ်ကာ ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ ဟူသော စာတန်းများ ပါသည့် မိုးပျံပူပေါင်းများ
လွှတ်တင်ကာ မွေးနေ့ကို ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့ ကျင်းပသည့်ပွဲသို့ ၈၈ မျိးဆက်ကျောင်းသား
နိုင်ငံရေး လှုပ်ရှား တက်ကြွသူများသာမက၊ လူမှုကူညီနေရး လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊
နာရေးကူညီမှု အသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေ၊ အဆိုတော် အနဂ္ဂ၊ ဆောင်းဦးလှိုင် အပါအ၀င် ပြင်ပမှ
စိတ်ဝင်စားသူများပါ တက်ရောက်ကြသည်။ မွေးနေ့ပွဲသို့ ပရိတ်သတ် ၁ထောင် တက်ရောက်လာကြသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ
စုံစုံလင်လင် တက်ရောက်ကြပြီး မကြာခင်ကမှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ချို့လည်း
တက်ရောက်လာကြတာကို တွေ့ရသည်။
တက်ရောက်လာသူများထဲမှ လက်ရှိ အကျဉ်းကျနေသော
နိုင်ငံရေးအကျဉ်းသား ကိုဝင်းမော်၏ အမျိုးသမီး မသဇင်က “ မင်းကိုနိုင်မွေးနေ့ကို နှစ်စဉ်ပါဝင်ဖြစ်တယ်။
အားလုံးစုံစုံလင်လင် မတွေ့တော့ မပျော်ဘူး ၀မ်းနည်းမိတယ်”လို့ ပြောသည်။
တက်ရောက်လာသူများမှ မင်းကိုနိုင်၏ မွေးနေ့ဆုတောင်းကို
လက်မှတ်ရေးထိုး ဆုတောင်းပေးခဲ့ကြပြီး ယခုလို မွေးနေ့ပွဲသည် မင်းကိုနိုင်၏ မွေးနေ့သာ
မဟုတ်ပဲ မလွတ်သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အထိမ်းအမှတ်နေ့သာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား
ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောခဲ့သည်။
“လွတ်လာတဲ့ ပမာဏဟာ နည်းလွန်းလို့ အစိုးရဟာ
တကယ်ပြောင်းလဲလာတယ်လို့ မယူဆဘူး ဘာဖြစ်လို့လဲဆိုတော့ အမြန်ဆုံး အတိကျဆုံး လုပ်ရမဲ့အလုပ်ကို
အလွန်နှောင့်နှေးပြီးတော့ မပီပြင်လို့ပါ”လို့ ဒေါ်ညွှန့်ညွှန့်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား
မိသားစုများ နှင့်
နိုင်ငံရေးအကျဉ်းသားများ အနေနဲ့ တကယ်မှန်တယ်ထင်လို့ လုပ်တာလား
ကိုယ်လုပ်ချင်လို့ လုပ်တာလားဆိုသည့်
ဆန္ဒဂတိ၊ ကြောက်ခြင်းတရား ကိုယ့်ကိုယ် လွှမ်းမိုးခြင်းမှ ကင်းလွတ်မည့်
အဘယကတိ၊ လောဘဂတိနှင့် ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့ မလုပ်တဲ့
ဒေါသဂတိတို့
ကင်းရှင်းစေလိုကြောင်း ထိုအဂတိလေးပါး ကင်းရှင်းမှ တိုင်းပြည်လွတ်မြောက်မည်
ဖြစ်ကြောင်း
ပြောကြားသွားသည်။
Acid in Min Ko Naing's birthday
မင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲတွင် အက်ဆစ်အဖွဲ့ သီချင်းဆို
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၈၊ ၂၀၁၁
အက်ဆစ်
တေးဂီတ အဖွဲ့ဝင်များ ဖြစ်သော အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့ ၃ ဦးက
ယနေ့ ရန်ကုန်မြို့ ဘုန်းတော်ကြီးကျောင်းတခုတွင် ပြုလုပ်သည့် မင်းကိုနိုင်
မွေးနေ့တွင် စုပေါင်းပြီး သီချင်းဆိုခဲ့ကြသည်။ ဟစ်ဟော့ပ်သီချင်းများကို
မြန်မာပြည်နှင့် စတင်မိတ်ဆက်ခဲ့သော အက်ဆစ်အဖွဲ့ဝင်များသည်
နှစ်ပေါင်းများစွာ သီးခြားစီ ရပ်တည်ခဲ့ရာမှ ယခု ပြန်လည်စုစည်းမိကြခြင်း
ဖြစ်သည်။
သီချင်းရေးဆရာ အဆိုတော် ကိုနေ၀င်းလည်း ထိုပွဲသို့ တက်ရောက်ပြီး သီချင်းဆိုခဲ့သည်။ (ဓာတ်ပုံများ - NLD)

မင်းကိုနိုင်၏မိဘ၂ပါးနှင့်အတူ တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး

News in Photos
Kamar Pale - Poem
ကိုယ့်သဘော ကိုယ်ဆောင်နေတဲ့ ... လိပ်ပြာ
ကမာပုလဲ
အောက်တိုဘာ ၁၈၊ ၂၀၁၁

မခမ်းနားဘူး
သိမ်မွေ့ခြင်းကင်းမဲ့
မုဆိုးမတယောက်ရဲ့
စိတ်ကူးစိတ်သန်းကိုတောင်
ယှဉ်တုမမီတဲ့ အတ္တများ
စိတ္တဇ ပစ္စုပ္ပန်တည့်တည့်များ
လမ်းကြိုလမ်းကြား အမှိုက်ပုံလို ...။
ဘ၀ကို
လှချင်လိုက်တာကလည်း စက်စက်ယို
လူအထင်ကြီးခံချင်တယ်
ကျော်ကြားချင်တယ်
ပိပိယိယိ ကြွယ်ဝချမ်းသာချင်တယ်
ဒီတော့ ...
သူများကိုလိမ်ဖို့
ကိုယ့်ကိုယ်ကိုယ် ဦးစွာလိမ်တယ်
ဒါပေမဲ့ ... မငြိမ်သက်ဘူး
သေသေသပ်သပ် မလုပ်နိုင်ရှာဘူး
နှလုံးသားမှာ ...
ယုဒ* သစ်ပင်တွေ ... သာ
အလုအယက် အပြိုင်အဆိုင်
ရှင်သန် ပေါက်ရောက်နေခဲ့တယ် ... ။
ကလေးငယ် တယောက်ရဲ့ ငိုသံလို ...
ရယ်မောသံတွေ ရိုးသားနိုင်ပါရဲ့လား
အာရုံခြောက်ပါးစလုံးမှာ
လက်ရဲ ဇက်ရဲ ဆုတံဆိပ်တွေကိုသာ
အာသာငမ်းငမ်း ငတ်မွတ်ဆာလောင်နေပြီလား ...။
တွင်းဝင်တော့ ဖြောင့်ချင်တယ်
ဒါပေမဲ့
မြွေတကောင်လို စင်းပြီး အရိုက်မခံရဲဘူး
ကိုယ့်မရိုးသားမှုတွေနဲ့ ... ကိုယ်
ဆင်စွယ်နန်းထက်
တသက်စာ အကျဉ်းကျခဲ့ပုံများ ... ။ ။
* ယုဒ = သစ္စာတရားအပေါ် သစ္စာဖောက်သူ၏ အမည်နာမ

De Nyein Linn
[Message clipped] View entire message
![]() | ![]() | ![]() | ![]() |

|
show details 12:08 PM (15 minutes ago)
|
- Show quoted text -

ဒီငြိမ်းလင်း သို့  တမ်းတခြင်းများ
ထွန်းဝေ တိုကျို
အောက်တိုဘာ ၁၈၊ ၂၀၁၁
ထွန်းဝေ တိုကျို
အောက်တိုဘာ ၁၈၊ ၂၀၁၁

လောက နိရာမ တရား အရ ဘာမှမမြဲကြဘူးလေ၊၊
ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက်လာတဲ့ အာဏာရှင် လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာပဲ။ ထောင်ဆိုတာ ဘယ်သူကမှ မနေချင်ကြတာအမှန်ပါဘဲ ။ နိုင်င်္ငကျော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့် က မင်းနဲ့ ဘဲ မဆိုင်ဘူးလို့ မသတ်မှတ်စေချင်ဘူးကွာ၊ မင်း ခေါင်း ကြောမမာပါနဲ့ ၊၊ ၈၈ကျောင်းသားခေါင်းဆောင်တွေလဲ မင်းလိုဘဲ မလွှတ်သေးပါဘူး။ မနေ့ က မစုစုနွေး ပြန်လွတ်လာပါတယ်၊၊ ကိုယ်ချင်းစာကြည့်ပေါ့၊ အစ်ကိုလဲ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးလွတ်စေချင်ပါတယ်။ နေ့ စဉ်နှင့် အမျှ ဆုတောင်းပေးနေပါတယ်၊၊
ဒီထောင်ထဲမှာ အလွမ်းတွေ၊ ဒဏ်ရာတွေ၊ အံကြိတ်တောက်ခေါက်သံတွေ၊ ထောင်သားတွေရဲ့  သောက အမောတွေ နောက်ပြီး ညည်းတွားသံတွေ ပြည့်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ GW ညီ ဇေယျာသော်တို့  လိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အင်အားသစ်လူငယ်အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်း တောက်ပနေတယ်ဆိုတာ သက်သေခံနေတာဘဲလေ၊၊
ဒီလို ပုံရိပ်တွေ တေးသံ၊ အလွမ်း၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အောက်က မြန်မာ ပြည်သူတွေ နိစ္စဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေထဲက တစိတ်တပိုင်းလို့လဲ ဆိုနိုင်ပါတယ်။ အစ်ကို ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေအုံးမှာပါဘဲ။
အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကို မြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင် ဇာတ်သွင်းနေတဲ့ အတွက်
မြန်မာပြည်သူတွေ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိကြီးနဲ့ အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာ ဖြစ်ပါတယ်။
ရင်နာစရာ အဖြစ်အပျက်တွေလား
နွေခေါင်ခေါင် နေပူထဲမှာ
ခနီး္တထောင်မှ မုံရွာထောင်သို့  အပြောင်း
ထောင်ဒဏ် မကျဘူးတဲ့
ဒီငြိမ်းလင်းရဲ့ အကြောင်း
ခုမှ ပို သိခဲ့ရတယ်။
လူကောင်က သေးသေး
စိတ်ဓါတ်က ပြင်းပြင်း
အကောင်သေးပေမဲ့
အဆိပ်ပြင်းတဲ့ မင်းလိုလူ
ပွဲပြီးခါနီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ မင်းကံကြမ္မာက
နိုင်ငံကျော်သမ္မတကြီးဦးသိန်းစိ
မှောက်ဖဲတစ်ချပ်တဲ့လား ။
လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့ စွာ မင်းလုပ်နေတဲ့
တော်လှန်ချစ်စိတ်က ချစားခံရတော့မတဲ့
ထောင်ဝင်စာရဲ့ အပြုံးက
လွတ်ရက်တွေ စေ့ဖို့  အချိန်ကျော်နေပြီဟေ့။
အကျဉ်းသားတွေရဲ့ ဘ၀တွေ
အတိတ်က တမ်တခြင်း များစွာနဲ့ 
ထောင်တံခါးဝ ရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်
မင်းမိသားစုရဲ့  အိမ်မက်ဟာ
ထောက်လှမ်းရေး ကားသံကြားတိုင်း
ခြောက်လှန့်ခံနေရဆဲပဲ ။
လောက နတ်ကမီး ဖန်ဆင်းထားသလိုပဲ
ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
တိမ်ပြာတွေ မီးတောက်ခဲ့တဲ့
မုံရွာထောင်က မင်းလို
အကျဉ်းသားတွေက
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲပဲ
ဒီငြိမ်းလင်း ရေ...။
ထွန်းဝေ တိုကျို။ 17.10.2011 3.08am
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
0 comments:
Post a Comment