မြန်မာ့ ဖြစ်ပေါ်မှု သတင်းပေါင်းချုပ်
- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အိန္ဒိယ၀န်ကြီးချုပ် ထုတ်ပြန် ၊
- ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည် ၊
- သမ္မတရုံးအမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု ၊
- မြစ်ဆုံကိစ္စ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဖြေရှင်း အဖြေရှာရန် သဘောတူ ၊
- ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေသတ္တုတူးဖော်ရေး ခွင့်ပြုသက်တမ်းကုန်ပါက ဆက်လုပ်ခွင့် ပေးမည်မဟုတ် ၊
- ဝေးလံသောဒေသရှိ ၀န်ထမ်းများအတွက် ရှားပါးစရိတ်နှုန်းထား ပြောင်းလဲရေး အတည်ပြု ၊
- ပြည်ပမီဒီယာများ ပြန်လည်ဝင်ရောက်ခွင့်ရရှိမှုအပေါ် အစိုးရ၏ သိသာသည့် ပြောင်းလဲမှုဟု ခံယူနေကြ ၊
- ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒဆွေးနွေးပွဲသို့ မြန်မာတက်ရောက် ၊
- ၄ နှစ်တာအတွင်း ပုဂံသို့ ဧည့်အဝင် စံချိန်ချိုး ၊
- စီအင်န်ဂျီရှိပြီး ကားဟောင်းများ ကားသစ်တွင် တပ်ဆင် ထုတ်ယူခွင့်ရ
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အိန္ဒိယ၀န်ကြီးချုပ် ထုတ်ပြန် |
အောက်တိုဘာလ ၁၄ ရက်နေ့က နယူးဒေလီရှိ သမ္မတနန်းတော်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊
သမ္မတကတော် ဒေါ်ခင်ခင်ဝင်းတို့အား အိန္ဒိယနိုင်ငံ သမ္မတ ပရာတီဘာဒေ၀ီ ဆင်းန်ပတေး၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ကြိုဆိုနှုတ်ဆက်စဉ်
အိန္ဒိယအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကော်ဇောနီခင်းကာ နိုင်ငံတော် အဆင့်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်း မန်မိုဟန်ဆင်းန်က ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီ အစိုးရအဖြစ် အသွင်ကူးပြောင်းမှုနှင့် ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုပါကြောင်း၊ အားလုံး ပါဝင်ပြီး ကျယ်ပြန့်သည့် လက္ခဏာ ရှိသော အသွင်ကူးပြောင်းမှုမျိုး ပိုမိုအားကောင်းစေရေးအတွက် လိုအပ်သော အကူအညီ အားလုံးပေးအပ်သွားမည် ဟု ကမ်းလှမ်းပါကြောင်း ကြေညာချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံတွင်း လွှတ်တော် အစည်းအဝေးများ ကျင်းပမှုကိုလည်း ကြိုဆိုကြောင်းနှင့် ပါလီမန်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်ပြီး အိန္ဒိယ၏ အတွေ့အကြုံကို မျှဝေလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်၊ နယ်စပ်ကုန်သွယ် ရေးတိုးမြှင့်ရန်၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်မှု အရှိန်မြှင့်ရန်တို့ကို အဓိက ဆွေးနွေးခဲ့ကြ သည်။ Ref: AFP, AP |
ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည် |
စိစစ်ဆောင်ရွက်နေဆဲ ဥပဒေကြမ်းများ၏ အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိခြင်းနှင့် ပတ်သက်၍ ‘‘အလုပ်သမား အဖွဲ့အစည်း ဥပဒေဆိုရင် ဒါအလုပ်သမား သမဂ္ဂပဲခေါ်ခေါ် labour union ပဲခေါ်ခေါ် ဒါတွေကို ဖွဲ့စည်းခွင့်ပြုလိုက်တဲ့ ဥပဒေဖြစ်တယ်။ နောက်ပြီး အများ ပြည်သူ စိတ်ဝင်စားနေတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမျိုး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွေဟာ တော်တော်လေး အရေးပါ ပါတယ်။ အခု လက်ရှိအနေအထား မှာတော့ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ကို တင်လာတဲ့ အမျိုးသားလွှတ်တော်က စတင်ဆွေးနွေးတဲ့ ဥပဒေက ရှစ်ခု၊ ပြည်သူ့လွှတ်တော်က စတင်ဆွေးနွေးတဲ့ ဥပဒေက ရှစ်ခု ရှိတယ်။ ဒီဥပဒေတွေမှာ ဆိုရင်လည်း အမျိုးစုံရှိ ပါတယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက တင်လာတဲ့ဥပဒေမကဘူး။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ဟင်္သာတ မဲဆန္ဒနယ်က ဦးဌေးဦးတင်လာတဲ့ ‘၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေကြမ်း’၊ နောက် အမျိုးသားလွှတ်တော် မှာဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီး ကဦးတင်ယုတင်လာတဲ့ ‘လွှတ်တော်ရုံး ဥပဒေကြမ်း’ ဒါမျိုးတွေက private bill အနေနဲ့ဝင်တာပေါ့။ ပြည်ထောင်စု လွှတ်တော်အနေနဲ့ပဲ သီးသန့်ဆွေးနွေး ဆုံးဖြတ်ရတဲ့ ဥပဒေတွေလည်း ရှိပါ တယ်။ အဲဒါကတော့ ငွေရေးကြေး ရေးနဲ့ ဘဏ္ဍာငွေဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။ အမြတ်ခွန်ဥပဒေ အပါအ၀င် ဥပဒေ ငါးခုကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ မြတ်ဥာဏစိုးက ဆက်လက်ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ဥပဒေကြမ်းမှာ ၁၃ ခု ဖြစ်ပြီး ယင်းအနက်အချို့မှာ အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသည့် ဥပဒေကြမ်း များဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ဥပဒေကြမ်းမှာ ကိုးခုဖြစ်ပြီး ယင်းအနက်အချို့ မှာ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသည့် ဥပဒေကြမ်းများ ဖြစ်သည်။ |
သမ္မတရုံးအမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု
ရွှေယင်းမာဦးနှင့် ကျော်ဆုမွန်
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
မြစ်ကြီးနား အကျဉ်းထောင်မှ လူရွှင်တော် ဇာဂနာ ပြန်လည် လွတ်မြောက်လာသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - မြစ်ကြီးနားအဖွဲ့
အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံ မှုဖြင့် သမ္မတက ချမှတ်ခြင်း ဖြစ်ပြီး မြစ်ကြီးနားထောင်မှ ကိုဇာဂနာ၊ စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေးထင် စသူတို့အပြင် မှတ်ပုံမတင်ရ သေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၆၀ ခန့် လွတ် မြောက်လာသည်ဟု အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါ ပါတီဝင်တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ခါ အင်းစိန် ထောင်မှ အကျဉ်းသားစုစုပေါင်း ၄၀၀ ကျော် လွှတ်ပေးခဲ့ပြီး အမျိုးသား ၅၆၄ ဦးနှင့် အမျိုးသမီး ၇၈ ဦး ကျော်ပါကြောင်း အကျဉ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ရှည်က အောက်တိုဘာလ ၁၂ ရက်နေ့က ပြောသည်။
"ယုံကြည်ချက်ကြောင့် ကျနေသူရယ်တော့ မဟုတ်ဘူး။ ပြစ်မှုပြစ်ဒဏ်ကြောင့်ကျနေသူတွေ
"အကျဉ်းသားတွေရဲ့ နှစ်ကာလ အပိုင်းအခြားကို စိစစ်နေဆဲပါ။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိဆိုတာ အခုချိန်ထိ ပြောလို့မရ သေးပါဘူး"ဟု ဦးသက်ရှည်က ပြောသည်။
ပြစ်ဒဏ်စီရင်ခြင်းခံရသူများအနက် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအ၀င် ထိုက်သင့်သော ပြစ်ဒဏ်ကိုကျခံပြီး စည်းကမ်းနှင့် အကျင့် စာရိတ္တကောင်းမွန်လာသော အကျဉ်း သားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်းဖြစ်ကြောင်
လွတ်ငြိမ်းချမ်းသာခွင့်ခံစားရသူ
ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် တွင် မန္တလေးအကျဉ်းထောင်မှ ၄၈၀ လွတ်မြောက်မည်ဖြစ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦးလည်း ပါဝင်ကြောင်းသိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် ခံစားရသော အကျဉ်းသားများအား လွှတ်ပေးမည်ဟု ကြေညာလိုက်သည့် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ခါ ရန်ကုန်ရှိ အင်းစိန် အကျဉ်းထောင်ရှေ့တွင် လာရောက် စောင့်ဆိုင်းသူများ ရှိခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့မနက် အစောပိုင်းကပင် အင်းစိန်ထောင်ရှေ့၌ လာရောက် စောင့်ဆိုင်းနေသူများထဲတွင် ယုံကြည်မှု ကြောင့် အကျဉ်းကျသူများ၏ မိသားစုများလည်း ပါဝင်ခဲ့သည်။
ရန်ကုန်မြို့သို့ လေကြောင်းဖြင့် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ရောက်ရှိလာသည့် လူရွှင်တော်ဇာဂနာက အနုပညာကို ဆက်လုပ် မည်ဖြစ်ပြီး နိုင်ငံရေးကိုလည်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောသည်။
ကျန်းမာရေးမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ကိုဇာဂနာ က ပြောသည်။ မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ၂၀၀၅ ခုနှစ်ကတည်းက ထောင်ဒဏ် ရှစ်နှစ်ကျခံနေခဲ့ရသော ယခင် မြန်မာ့ စီးပွားရေးဘဏ်ခွဲ(၂)မှ ၀န်ထမ်းဟောင်း မအေးသီခိုင်က လွှတ်ရက်ထက် ငါးလ စောပြီး လွတ်လာကြောင်း ပြောသည်။
"သမ္မတကြီးလုပ်ရပ်က တက်လာပြီး မှ နှစ်ကြိမ် နှစ်ခါ လွှတ်ပေးတယ်ဆိုတော့ ကောင်းပါတယ်။ ကောင်းစေချင်တဲ့ဆန္ဒ ရှိတာလည်း ကောင်းပါတယ်။ ဒီထက်ပိုပြီးတော့ သမ္မတကြီးအနေနဲ့ အခွင့်အရေးတွေ ပိုပေးမယ်ဆိုရင်တော့ အရမ်းဝမ်းသာမှာပါ"ဟု မအေးသီခိုင် က ပြောသည်။
၎င်းက ဆက်လက်ပြောရာတွင် ၂၀၀၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုအချိန်သည် ထောင်တွင်း၌ များစွာတိုးတက်ကောင်း မွန်လာကြောင်း ပြောသည်။
၂၀၀၅ ခုနှစ်ကတည်းက ပြစ်ဒဏ် ရှစ်နှစ်ကျခံနေရသော မွန်ပြည်သစ်ပါတီမှ ကိုရင်ထွန်းကလည်း ခုနစ်နှစ်နှင့် လေးလ အကျဉ်းကျ ခံပြီးကြောင်း ပြောသည်။
"ထောင်ထဲမှာ နေတာကြာပြီဆိုတော့လည်း အိမ်နဲ့က အဆက်အသွယ်က မရှိဘူး။ အရင်က လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါခဲ့ဘူး။ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ လွှတ်ရက်လည်း နီးနေပြီး ခံစားခွင့် ရတယ်လို့ပဲ ယူဆပါတယ်"ဟု သူက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က ကျောင်း လက်မှတ်အတုပြုလုပ်မှုဖြင့် ထောင်ဒဏ် ငါးနှစ် ကျခံခဲ့ရသော ကျောင်းဆရာမဟောင်း ဒေါ်နွယ်နွယ်အောင်ကလည်း လာမည့် ၁၉ ရက်နေ့တွင် ၎င်း၏ လွတ်ရက်ကျပြီဖြစ်ကြောင်း ပြောသည်။
"ထောင်မကျခင် ခင်ပွန်းလည်း ဆုံးပြီး ပြီဆိုတော့ သမီးလေးကိုလည်း အိမ်ထောင်ချပေးလိုက်ပါတယ်။ ထောင်ထဲမှာလည်း တရား စခန်းတွေ ၀င်ခဲ့တော့ ဒီကနေ ပြန်ထွက်ရင် ဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားပြီးသားပါ"ဟု ၎င်းက ပြောသည်။
မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်စည်းရုံး ရေးမှူးဟောင်း ဦးဘတင့်ကလည်း နောင်တွင် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
ပြစ်ဒဏ် ခုနစ်နှစ်ကိုသာ ကျခံခဲ့ရသူ ဦးဘတင့်က "လွတ်မယ်ထင်ထားတဲ့သူတွေ အများကြီး ကျန်နေတယ်။ အရင် အင်န်အယ်လ်ဒီ သွားခဲ့တဲ့လမ်းကိုပဲ ဆက်သွားမှာပဲ"ဟု ဆိုသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်သည် စတင် တာဝန်ယူသည့်အချိန်မှစတင်ခါ လွတ် ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ပြီးဖြစ်သည်။
၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ခဲ့ရာ ပြစ်ဒဏ်တစ်နှစ်ကျခံရန် ကျန်ရှိသည့် အကျဉ်းသား ၁၄,၆၀၀ ကျော် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြဲ့
ပထမအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က "အခုရတဲ့ သတင်းအရတော့ ၁၀၀ လောက်ရှိလာပြီ။ အားလုံးတော့ မပြည့်စုံသေးဘူး။ ဆက်ပြီးလွှတ်မယ် လို့တော့ မျှော်လင့်ထားတာပဲ။ တစ်ယောက် လွတ်တာကို တန်ဖိုးဖြတ်လို့မရဘူး။ လူတိုင်းလူတိုင်းရဲ့ လွတ်လပ်မှုက တန်ဖိုးဖြတ်လို့ မရဘူး။ "ပိုပြီးလွှတ်လေ နိုင်ငံအတွက်ကောင်းလေပဲ။ အကျဉ်းသားတွေ လွှတ်တာဆိုတာကိုတော့ တစ်ယောက်ချင်း လွတ်ရင်လည်း ၀မ်းသာတယ်။ ကျေးဇူးလည်း တင်တယ်။ ဒါပေမယ့် အားလုံးလွတ်စေချင်တယ်" ဟု အောက်တိုဘာလ ၁၂ ရက် နေ့က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော ကန်တော့ပွဲ၌ သတင်းထောက်များအား ပြောသည်။
အဆိုပါပွဲ၌ပင် ဦးဝင်းတင်က "နိုင်ငံရေးအကျဉ်းသားတွေ လွတ်တဲ့သူတွေ လွတ်လာကြပြီ။ နောက်လွတ်မယ့်လူတွေလည်း ရှိသေး တယ်။ လွတ်လာကြတဲ့ သူတွေလည်း ၀မ်းသာတယ်။ ကြိုလည်း ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ အခုလို လွှတ်ပေးတဲ့အတွက် လည်း နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။ "ဒါပေမယ့် လွတ်မြောက်လာကြသူတွေကို အခုလို ကြိုဆိုတယ်ဆိုရုံနဲ့ မပြီးသေးဘူး။ လက်တွဲရမယ်။ ထောက်ပံ့ရမယ်။ သူတို့ရဲ့ဘ၀တွေကို ထူထောင်ပေးရမယ့်။ အကျဉ်းသားတွေ အားလုံးမှာ ဘ၀တွေရှိကြပါတယ်။ စီးပွားရေး၊ မိသားစု၊ နိုင်ငံရေးစတဲ့ သူတို့ရဲ့ဘ၀တွေ အားလုံး ထောင်ထဲရောက်တဲ့အချိန်က စပြီး ဘ၀တွေပျက်ပြားခဲ့ရတယ်။ ဒီလို ပျက်ပြယ်သွားကြတဲ့ သူတို့ဘ၀တွေကို ပြန်လည်ထူထောင်နိုင်အောင် ကူညီပေးကြရမယ်" ဟု သတင်းထောက်များအား ပြောသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်ေ
၎င်းစာကို မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်စား ပေးပို့ခဲ့ခြင်းဖြစ်သည်။
စာစောင်ထဲတွင် ကုလသမ္မဂ အတွင်းရေးမှူးချုပ်နှင့် အချို့သောနိုင်ငံတို့၏ မျှော်လင့်တောင့်တချက်တစ်ရပ် ဖြစ်သော 'ယုံကြည်ချက် ကြောင့် အကျဉ်း ကျခံရသူများ' (prisoners of conscience) အား လွှတ်ပေးရေးကိစ္စ ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို အကျဉ်းကျခံနေရသူများမှာ တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒဏ် ကျခံနေရခြင်းဖြစ်သည် ဟူသော နိုင်ငံတော် အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်က သဘောပေါက်ကြောင်းနှင့် ထိုကဲ့သို့ အကျဉ်းကျ နေရသူများထဲမှ နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာ ရေးကိုထိပါးမည့်၊ တိုင်းရင်းသား အကျိုးစီးပွားကိုထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်း သားများကိုလွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော်တည် ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြော
မြစ်ဆုံကိစ္စ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဖြေရှင်း အဖြေရှာရန် သဘောတူ
ဆန်းဦး
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းနှင့် ပတ် သက်ပြီး
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း
ဖြေရှင်း အဖြေရှာသွားရန်နှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို
တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူ ညီခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရှင်ဟွာသတင်းဌာနက
ဖော်ပြခဲ့သည်။အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
မြန်မာသမ္မတ ဦးသိန်းစိန်၏ အထူး ကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင် လွင်သည် တရုတ် နိုင်ငံခြားရေးဝန်ကြီ့း ညေဲါငနခ့င နှင့် ယခုလ ၁၀ ရက်နေ့ က ပေဂျင်းမြို့တွင် တွေ့ဆုံခဲ့ သည်။
ထိုသို့ တွေ့ဆုံခဲ့ကြရာတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
မြစ်ဆုံ ရေအားလျှပ်စစ်စက်ရုံ တည် ဆောက်ရေးလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ စက်တပ် ဆင်အင်အား မဂ္ဂါဝပ် ၆,၀၀၀ ရှိ အဆိုပါ စက်ရုံကို ၂၀၁၉ ခုနှစ်တွင် တည်ဆောက် ရေးလုပ်ငန်းများ ပြီးစီးနိုင်မည်ဟု ခန့်မှန်း ထားခဲ့သည်။
သို့ရာတွင် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဧရာဝတီမြစ်အပေါ် ထိခိုက်လာနိုင်သည့်အချက်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် အများပြည်သူများ စိုးရိမ်ပူပန်လာကြပြီး ထောက်ပြ ဝေဖန်မှုများ ပြင်းပြင်းထန် ထန်ပေါ်ထွက်လာပြီး နောက် စီမံကိန်းကို မိမိတို့အစိုးရလက်ထက်တွင် ဆောင် ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က စက်တင် ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်များ သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ပါသည့် ပူးပေါင်းဆောင်ရွက်မှုများလုပ် ဆောင်သွားရန် သဘောတူညီခဲ့ကြ သည်ဟုသိရသည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အတွက် တစ်ဦးနှစ်တစ်ဦး လေးစားမှု၊ တန်းတူညီမျှမှုနှင့် နှစ်ဖက်အကျိုးဖြစ် ထွန်းစေမှုများကို အခြေခံထား ဆောင် ရွက်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန်ထံမှ တရုတ် သမ္မတ ဟူဂျင်ထောင်ထံ ပေးပို့သည့် နှုတ်ဆက်စကားနှင့် စာလွှာကိုလည်း ဦးဝဏ္ဏမောင်လွင် က တရုတ်နိုင်ငံခြား ရေးဝန်ကြီးထံမှတစ်ဆင့် ပေးအပ်ခဲ့ သည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးမှ သဘောထား ကြီးကြီးနှင့် ရေရှည်အမြင်နှင့် ဆောင် ရွက်သွားစေချင်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ယခုလ ၈ ရက်နေ့က ပြောကြားသည်။
"အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်း ချစ်ကြည်မှုရှိမယ်၊ နားလည်မှုရှိမယ်ဆိုရင် အကောင်းဆုံးပဲ"ဟု ၎င်းက ပြောကြားသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေသတ္တုတူးဖော်ရေး ခွင့်ပြုသက်တမ်းကုန်ပါက ဆက်လုပ်ခွင့် ပေးမည်မဟုတ်
အိအိတိုးလွင်
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)
ဧရာဝတီမြစ်အထက်ပိုင်း တစ်နေရာရှိ ရွှေကျင်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များကမူ မြစ်ကြောင်းထိန်းသိမ်းမည်ဆိုပါက စက်ယန္တရားဖြင့် ရွှေတူးဖော်မှုများကိုမူ ဖြစ်နိုင်ပါက ချက်ချင်း ရပ်တန့်ပစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
"ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းဖို့ဆိုရင်တော့ ရွှေတူးတာအပြင် သစ်ခုတ်တဲ့လုပ်ငန်း၊ မြစ်ကမ်းဘေးမှာ လုပ်နေတဲ့ စက္ကူစက်တွေ၊ ဘိလပ် မြေစက်ရုံတွေကိုပါ ချက်ချင်းရပ်ပစ် လိုက်ရမှာ။ ခွင့်ပြုလိုင်စင်ဆိုတာက ဘယ်တော့ကုန်မလဲဆိုတာမှမသိတာ။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး လေ။ ဧရာဝတီမြစ်မှာ တစ်နေ့ကို ရွှေသုံး ပိဿာလောက် ရတယ် ပြောတယ်။ ဒါပေမယ့် ဒေသခံ ဆင်းရဲသားတွေ တစ်နေ့ကို တစ်မူးသား၊ တစ်မတ်သားလောက် ကျင်တာကတော့ မထိခိုက်ပါဘူး။ အခုတော့ စက်တွေ၊ ယန္တရားတွေ နဲ့ ရွှေကျင်တယ်။ မာကျူရီတွေ၊ ဆိုင်ယာ နိုက်တွေ သုံးတဲ့အတွက်ကတော့ ဧရာဝတီမြစ်အတွက် အန္တရာယ်ကြီးပါတယ်" ဟု သစ်တောသယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုထိန်းသိမ်းေ
ဧရာဝတီမြစ်အပါအ၀င် မြန်မာနိုင်ငံ၏ ရွှေအများအပြားထွက်ရှိသော ဒေသများတွင် ဒေသခံလက်လုပ်လက်စားများ၏ ကနဦး ရွှေများတွေ့ရှိမှုအပေါ် မူတည်ပြီး ငွေကြေးရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များက တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သတ္တုတွင်း ၀န်ကြီးဌာန ၏ ရွှေသတ္တုအသေးစားတူးဖော်ခွင့် လိုင်စင်ရယူ၍ လုပ်ကိုင်လျက်ရှိပြီး ရွှေအသေးစားထုတ်လုပ်ရေးကုမ္ပဏီ ပေါင်း ၄၉၇ ခုရှိကြောင်း သိရသည်။
ရွှေအသေးစားထုတ်လုပ်မှုလိုင်စင်အရ ရွှေထုတ်ယူရာတွင် စက်ယန္တရား များ အသုံးပြုခွင့်မရှိသော်လည်း အချို့ ကုမ္ပဏီများက ယင်းစက်များအသုံးပြုကာ ထုတ်ယူခြင်း၊ ရွှေစာများကို စည်းကမ်း မဲ့စွာ စွန့်ပစ်ခြင်းများကြောင့် မြစ်ကြောင်း အတွင်းသာမက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဧရာဝတီမြစ်မှ ရွှေတူးဖော်ရရှိမှု ပမာဏမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းပါးသဖြင့် ယခုကဲ့သို့ ရွှေတူးဖော်ခွင့်အား လုံးဝပိတ်ပင် လိုက်ပါက လုပ်ငန်း ရှင်များထက် ဒေသခံများ၏စားဝတ်နေရေးကို ထိခိုက်စေနိုင်သည့်အပြင် သဘာဝသယံဇာတများမှာ အကျိုးရှိစွာ အသုံးပြုခွင့်မရဘဲ လေလွင့်သွားမည်ပင်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
"မြစ်ထဲကနေ ရွှေတူးတယ်ဆိုတာ တကယ်တော့ ကုန်ကျစရိတ် အသက်သာဆုံးပါပဲ။ ရွှေတူးတဲ့အခါမှာ မြစ်ထဲ ကနေ စုပ်ထုတ်ပြီး ကုန်းပေါ်ကို တင်ပြီး ရွှေကျင်မယ်ဆိုရင် မြစ်ကြောင်းကိုလည်း နက်မယ်။ မြစ်တိမ်ကောမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ "နောက်သစ်ပင်တွေလည်း ခုတ်စရာ မလိုပါဘူး။ ဒါပေမယ့် စည်းကမ်းမဲ့ မြစ်ထဲမှာ မြေတွေကိုစုပ်ထုတ်၊ မြစ်ထဲကိုပဲ ပြန်ပစ်မယ် ဆိုရင်တော့ မြစ်ကို ထိခိုက်စေမှာပါ။ "ရွှေလုပ်ငန်းဆိုတာ ၀င်ငွေလည်းရ သလို လူတွေအတွက်လည်း အသုံးဝင်တဲ့ သဘာဝ သယံဇာတ တစ်မျိုးပါပဲ။ မတူး လည်း မြေထဲမှာဒီအတိုင်း ကုန်သွားမှာပဲ။ ဒါကြောင့် လုံးဝပိတ်ပင်လိုက်တာထက် စာရင် စည်းကမ်းနဲ့ စနစ်တကျ ထုတ်ယူ တာက ဒေသခံတွေအတွက် ၀င်ငွေ လည်းရသလို မြစ်ကြောင်းထိခိုက်မှုကို လည်း ကာကွယ်နိုင်မှာပါ" ဟု အောင်သမာဓိရွှေဆိုင်မှ ဦးအောင်က ပြောသည်။
ဝေးလံသောဒေသရှိ ၀န်ထမ်းများအတွက် ရှားပါးစရိတ်နှုန်းထား ပြောင်းလဲရေး အတည်ပြု
စိုးသန်းလင်း
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် 'ဝေးလံခေါင်သီ၍ လူမှု
ရေးခက်ခဲသော ဒေသများတွင် တာဝန်
ထမ်းဆောင်လျက်ရှိသည့် အစိုးရ ဌာန
ဆိုင်ရာဝန်ထမ်းများအတွက် နိုင်ငံတော်
အစိုးရမှ ရှားပါးစရိတ်များကို အခြေ အနေနှင့် လိုက်လျောညီထွေရှိသော နှုန်းထားပြောင်းလဲရေး' ဟူသည့် ချီဖွေ
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ် ဦးဇုံးတိန့်၏ အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
"ဒီအဆိုကို ပါဝင်ဆွေးနွေးကြသူတွေ က မိမိတို့ဒေသတွင်း နေထိုင်သွားလာ စားသောက်ရပုံတွေကို ရိုးသားပွင့်လင်းစွာ တင်ပြသွား ကြတာ တွေ့ရပါတယ်။ ဒီအဆိုမှာ ၀န်ထမ်းများကိုသာ ရည်ညွှန်း ထားတာဖြစ်ပေမယ့် ဒေသခံတွေရဲ့ အခြေအနေတွေကိုပါ သိနား လည်စေပါတယ်။ "၀င်ရောက်ဆွေးနွေးကြတဲ့အထဲမှာ ခေါင်လန်ဖူး မဲဆန္ဒယ်မှ ဦးဇင်းဝမ်နဲ့ ဖာပွန်မဲဆန္ဒနယ်က ဦးစိုင်းသန်းနိုင်တို့ရဲ့ ဆွေးနွေးမှုက အတော်ထူးထူးခြားခြားရှိပါတယ်။ သူတို့ရဲ့တင်ပြချက်တွေဟာ အင်မတန်မှကိုယ်ချင်းစာဖို့ကောင်
ပြည်ပမီဒီယာများ ပြန်လည်ဝင်ရောက်ခွင့်ရရှိမှုအပေါ် အစိုးရ၏ သိသာသည့် ပြောင်းလဲမှုဟု ခံယူနေကြ
ကျော်ဆုမွန်
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
ယခင်ကထက် လွတ်လပ်စွာ သတင်းရယူခွင့်ရှိနေသည့် သတင်းထောက်များအား တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
လက်ရှိအစိုးရ၏ မီဒီယာအပေါ် ထားရှိသည့်အမြင် ပိုမိုပွင့်လင်းလာပြီး သမ္မတကြီးဦးသိန်းစိန် ပြောကြားခဲ့သည့် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ပတ်သက်ပြီး များစွာပြောင်းလဲလာခြင်း ဖြစ်ကြောင်းလည်း သတင်း မီဒီယာ လောကက ပြောသည်။
"အစိုးရအာဘော် သတင်းစာတွေရဲ့ နောက်ကျောမှာ ပြည်ပမီဒီယာ တွေကို ဆန့်ကျင်တဲ့စာသားတွေကို ဖြုတ်လိုက်ကတည်းက သိသိ သာသာ တိုးတက်မှုပဲလေ။ နဂိုကထက် လွတ်လပ်လာပြီလို့ပဲ ပြောရမယ်"ဟု The Voice Weekly ဂျာနယ်၏အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။
ထို့နောက်ပိုင်းတွင် ပြည်ပအသံလွှင့် ဌာနများမှ သတင်းထောက်များ ပြည်တွင်းသို့ ၀င်ရောက် သတင်းရယူနိုင်လာသောကြောင့် ထိုအချက်သည် သတိပြုမိသည့် အပြောင်းအလဲဖြစ်ကြောင်းလည်း သုံးသပ်သူအချို့ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ သတင်းရယူနိုင်ခဲ့သည့် အမေရိ ကန်နိုင်ငံ အခြေစိုက် ဗီအိုအေ သတင်း ဌာနမှ ဒေါ်ခင်စိုးဝင်းကလည်း မထင် မှတ်ဘဲ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ကြောင့် ကနဦးတွင် အံ့အားသင့်သည် အထိ ဖြစ်ခဲ့သည်ဟုပြောသည်။
အမေရိကန်နိုင်ငံမှ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ် မစ်ချယ်၏ ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်း ရယူခွင့်အပြင် နေပြည်တော်ရှိ လွှတ်တော်သို့လည်း တက်ရောက် သတင်းရ ယူခွင့်ပေးသဖြင့် အစိုးရ၏ မီဒီယာ အပေါ် ပြောင်းလဲလာသည့် တိုးတက်မှု တစ်ခုအဖြစ် ရှုမြင်ကြောင်း ၎င်းက ပြောခဲ့သည်။
ထို့ပြင် အောက်တိုဘာလဆန်းပိုင်း တွင်ပင် ဗြိတိန်နိုင်ငံအခြေစိုက် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် ကိုမျိုးသာ ထက်က ပထမဆုံးအနေဖြင့် မြန်မာ အစိုးရ အဖွဲ့မှ ၀န်ကြီးများနှင့် လွှတ်တော် တာဝန်ရှိသူများကို တရားဝင်သတင်း ရယူခွင့် တောင်းခံရရှိခဲ့ သောကြောင့် နှစ် ၂၀ အတွင်း ယင်းသို့ သတင်းရယူခွင့် ရခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယခင်က အပတ်စဉ်ထုတ် ဆဲဗင်းဒေး သတင်းဂျာနယ်၏ ဒုတိယအယ်ဒီတာချုပ်တစ်ဦးဖြစ်ခဲ့
၎င်းက ဘီဘီစီသတင်းထောက်အဖြစ် လာရောက် သတင်းဝင်ယူခွင့်ရခဲ့သည့် စက်တင်ဘာ ၃၀ ရက်သည် အစိုးရ သက်တမ်းခြောက် လပြည့်သည့် အချိန် နှင့်တိုက်ဆိုင်နေခဲ့သည်ဟုဆို
"သတင်းယူခွင့်ကို လွတ်လပ်စွာ လုပ် ခွင့်ရခဲ့ပါတယ်။ တွေ့လိုသူတွေကိုလည်း တွေ့ခွင့်ရခဲ့ပါတယ်။ နောက်တစ်ကြိမ် ဆိုရင်တော့ မီဒီယာပိုင်း မှာလည်း အပြည့်အ၀လွတ်လပ်ပြီး နေ့စဉ်ထုတ် သတင်းစာတွေကို ပြည်သူတွေ ဖတ်ရှုနေတာမျိုးလည်း မြင်တွေ့ရလို ပါတယ်"ဟု ကိုမျိုးသာထက်က ပြောသည်။
ထို့ပြင် ဒီဗီဘီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ အသံလွှင့်သတင်းဌာနများတွင် နိုင်ငံအသွင်ကူးပြောင်းရေးဆိုင်
ထိုသို့ ပြန်လည်ရောက်ရှိလာခဲ့ရာတွင် မည်သည့် ပိတ်ပင်တားဆီးမှုမှမရှိခဲ့ကြောင်
"ဘာပဲပြောပြော အရင်က အစိုးရနဲ့ ရန်သူလိုဖြစ်နေခဲ့တဲ့ ပြင်ပမီဒီယာကလူတွေ ပြန်လာတာကို ခွင့်ပြုတယ်ဆိုတာ အသိအမှတ်ပြု ရမယ့် ပြောင်းလဲမှုပါ။ နောက်ထပ်လည်း ခွင့်ပြုဦးမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ နှစ်ပေါင်း ၅၀ လောက် အာဏာ ပိုင်စနစ် ကျင့်သုံးလာခဲ့တဲ့အတွက် အားလုံးရဲ့ စိတ်သန္တာန်မှာ ဒီစနစ်ရဲ့ဆိုးမွေတချို့တော့ ကိန်းအောင်းကျန်နေနိုင်သေးတယ်"
ပြည်ပအခြေစိုက် အွန်လိုင်းမီဒီယာ အများစုမှ သတင်းထောက်များသည်လည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားမှုများရှိနေပြီ ဖြစ်ကြောင်း ထိုမီဒီယာလုပ်ငန်းများနှင့် ဆက်စပ်အသိုင်းအ၀ိုင်းများက ဆိုသည်။
ထိုသို့ ယခုကာလအတွင်း ပြည်ပမီဒီ ယာလောကအတွင်း အစိုးရ ပြောင်းလဲ လာသည့်အနေအထားကို စောင့်ကြည့် နေချိန်တွင် တစ်ဖက်ကလည်း ပြည်တွင်း ရှိ သတင်းဂျာနယ်များကို ယခုထက် ပိုမို လွတ်လပ်စွာ ရေးသားဖော်ပြနိုင်ရန် အလိုရှိနေကြသည်။
သတင်းဦးစားပေးဂျာနယ်များ လက်ရှိတွင် စာပေစိစစ်ရေးသို့ တင်ပြပြီးမှ ထုတ် ဝေခွင့်ရနေခြင်းကြောင့်လည်း လွတ်လပ်နေပြီဟု ဆို၍မရသေးကြောင်းလည်း ဦးကျော်မင်းဆွေက ပြောသည်။
နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မဏ္ဍိုင်လေးခုအနက် စတုတ္ထမဏ္ဍိုင်၏ အရေးပါပုံကိုလည်း အလေးထားပြီး ထို မဏ္ဍိုင်နှင့် သက်ဆိုင်သည့် မီဒီယာ၏ အခန်းကဏ္ဍမှ ဝေဖန်ထောက်ပြမည်ကိုလည်း လက်ခံနားထောင်မည့် အကြောင်း လူသိရှင်ကြား ပြောကြား ထားပြီးဖြစ်သည်။
ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒဆွေးနွေးပွဲသို့ မြန်မာတက်ရောက်
ကိုရီးယားသမ္မတ
နိုင်ငံတွင် ကျင်းပသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ
မူဝါဒ ဆွေးနွေးပွဲသို့ သမ္မတရုံး၏ စီးပွား ရေးအကြံပေးတစ်ဦးနှင့်
အဖွဲ့ဝင်များ တက်ရောက်လျက်ရှိကြောင်း ကိုးရီးယား အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(KOICA)မှ သိရသည်။ အဆိုပါ အစီအစဉ်ကို အောက်
တိုဘာ ၉ရက်မှ ၂၂ရက်ထိ ၁၄ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကိုးရီးယားနိုင်ငံ၏
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊
နည်းစနစ်များနှင့် ကျေး လက်ဒေသ တိုးတက်အောင်မြင်မှု အတွေ့အကြုံကောင်းများကို
မြန်မာ နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အားဖလှယ်ပေးရန်၊ မြန်မာနိုင်ငံ
အတွင်းရှိ လက်ရှိဖြစ်ပေါ်ပြောင်းလဲ နေသော စိုက်ပျိုးရေးနှင့် ကျေး လက်ဒေသ
တိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ပါဝင် ဆွေးနွေးပြီး
မိမိတို့နိုင်ငံ၏ ကျေးလက်ဝန်းကျင် တိုးတက်မှုနှင့် ကျေးလက်နေ ပြည်သူများ၏
လူနေမှု အဆင့်အတန်းမြင့်မား စေရေးအတွက် ၄င်းတို့ကိုယ်တိုင်
ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KOICA၏ အစီအစဉ်ဖြင့် ကျင်းပသော အဆိုပါသင်တန်းတွင် ကိုးရီးယားနိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါပုံ၊
ကိုးရီးယား တွင် လက် တွေ့အသုံးချအောင်မြင်ခဲ့သည့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးစံပြဖြစ် သည့် ကျေးရွာသစ်လှုပ်ရှားမှု၊
ကိုရီးယားကျေးလက်ဝန်းကျင် တိုး တက်မှုဆိုင်ရာ နည်းဗျူ ဟာများ
အစရှိသည်တို့ကို မြန်မာအဆင့်မြင့် အရာရှိကြီးများအား မျှဝေပေးမည်
ဖြစ်ကြောင်း သိရသည်။ ဖော်ပြပါ ဆွေးနွေးပွဲသို့ တက် ရောက်ရန်အတွက် သမဝါယမ
ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဦးဆောင်ပြီး နိုင်ငံတော်သမ္မတ၏ စီးပွားရေး
အကြံပေးအရာရှိတစ်ဦး၊ လယ်ယာကုန်ထုတ်နှင့် လက်လုပ် လက်စား ငွေစုငွေချေး
အသင်းမှ ဥက္ကဋ္ဌ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါ
ယမဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ အစရှိသည့် အစိုးရ ဌာနများမှ
အဆင့်မြင့်အရာရှိများ အပါ အဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊
ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊
တနင်္သာရီတိုင်း ဒေသကြီးတို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ၁၄
ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။
PN-043
PN-043
၎ နှစ်တာအတွင်း ပုဂံသို့ ဧည့်အဝင် စံချိန်ချိုး
October 13, 2011
By Popular News
၂ဝ၁၁
ခုနှစ် ငါးလတာကာလ အတွင်း ပုဂံဒေသသို့ ပြည်ပဧည့် လာရောက်မှုသည် ၄ နှစ်တာ
ကာလအတွင်း အများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏
တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။
၂ဝ၁၁ ခုနှစ် ဧပြီလမှသြဂုတ်လအထိ ခရီးသည် ၂ဝ၉၃၅ ဦး လာရောက်ခဲ့ပြီး ယခင်နှစ်ထက် လူဦးရေငါးထောင်နီးပါး ပိုမိုများပြားကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
”ဒီနှစ်က တိုင်းပြည်အခြေအနေ ပွင့်လင်းလာလို့ ခရီးသည်တွေ ပိုများလာတဲ့သဘောပဲ”ဟု ဧည့် လမ်းညွှန်တစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။
ပုဂံဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းရွှေကလည်း ပုဂံဒေသခရီးသွားရာသီဖွင့်ပွဲကို အောက်တိုဘာ ၂ ရက် နေ့က ပုဂံညောင်ဦးလေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ယခုနှစ်ခရီးသွား ရာသီတွင် ခရီးစဉ်ဒေသသစ်များဖြင့် ဆွဲ ဆောင်မှု ပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။
ဧည့်လမ်းညွှန်တစ်ဦးကလည်း ထိုသို့ ခရီးစဉ်သစ်တိုးချဲ့မှုနှင့် ပတ်သက်၍ ”ဒီလိုမျိုး လည်စရာနေရာတွေ ချဲ့ပေးတာကောင်းတာပေါ့။ ဧည့်သည်လာရင် ဘုရားတွေမှာ ပြုံ ကျနေတာမျိုး။ ဥပမာ သဗ္ဗညုဆိုရင် တိုးကားငါးစီးလောက်ဆိုရင် ရှုပ် သွားတာလေ။ ဧည့်သည်တွေက လည်း ဘုရားမဟုတ်ဘဲ တခြား ရွာလေးတွေကိုလည်း သွားချင်ကြ တယ်”ဟု ဆိုသည်။
ပုဂံသို့ ဧည့်အဝင်များလာသောကြောင့် ယွန်းထည်အရောင်းဆိုင်များလည်း ရောင်းအားပြန်ကောင်း လာကြောင်း ဦးဘငြိမ်းယွန်းထည် လုပ်ငန်းမှ မမီမီစန်းမြင့်က အောက်တိုဘာလဆန်းတွင် ပြောသည်။
ပုဂံသို့ လာရောက်သူများတွင် ဥရောပမှ အများဆုံးဖြစ်ပြီး စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အမေရိ ကန်နှင့် အာရှမှ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့အများ ဆုံး လာရောက်ကြကြောင်း သိရသည်။
ဧပြီလမှ သြဂုတ်လအထိ ငါး လတာအတွင်း ပုဂံဒေသသို့ ၂ဝဝ၈ ခုနှစ်တွင် ပြည်ပဧည့် ၆၂၈၄ ဦး၊ ၂ဝဝ၉ တွင် ၁၁၉၄၆ ဦး၊ ၂ဝ၁ဝ တွင် ၁၆၁၇၃ ဦးနှင့် ၂ဝ၁၁ တွင်မူ ၂ဝ၉၅၃ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
မေဇင်ဝင်း
၂ဝ၁၁ ခုနှစ် ဧပြီလမှသြဂုတ်လအထိ ခရီးသည် ၂ဝ၉၃၅ ဦး လာရောက်ခဲ့ပြီး ယခင်နှစ်ထက် လူဦးရေငါးထောင်နီးပါး ပိုမိုများပြားကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
”ဒီနှစ်က တိုင်းပြည်အခြေအနေ ပွင့်လင်းလာလို့ ခရီးသည်တွေ ပိုများလာတဲ့သဘောပဲ”ဟု ဧည့် လမ်းညွှန်တစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။
ပုဂံဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းရွှေကလည်း ပုဂံဒေသခရီးသွားရာသီဖွင့်ပွဲကို အောက်တိုဘာ ၂ ရက် နေ့က ပုဂံညောင်ဦးလေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ယခုနှစ်ခရီးသွား ရာသီတွင် ခရီးစဉ်ဒေသသစ်များဖြင့် ဆွဲ ဆောင်မှု ပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။
ဧည့်လမ်းညွှန်တစ်ဦးကလည်း ထိုသို့ ခရီးစဉ်သစ်တိုးချဲ့မှုနှင့် ပတ်သက်၍ ”ဒီလိုမျိုး လည်စရာနေရာတွေ ချဲ့ပေးတာကောင်းတာပေါ့။ ဧည့်သည်လာရင် ဘုရားတွေမှာ ပြုံ ကျနေတာမျိုး။ ဥပမာ သဗ္ဗညုဆိုရင် တိုးကားငါးစီးလောက်ဆိုရင် ရှုပ် သွားတာလေ။ ဧည့်သည်တွေက လည်း ဘုရားမဟုတ်ဘဲ တခြား ရွာလေးတွေကိုလည်း သွားချင်ကြ တယ်”ဟု ဆိုသည်။
ပုဂံသို့ ဧည့်အဝင်များလာသောကြောင့် ယွန်းထည်အရောင်းဆိုင်များလည်း ရောင်းအားပြန်ကောင်း လာကြောင်း ဦးဘငြိမ်းယွန်းထည် လုပ်ငန်းမှ မမီမီစန်းမြင့်က အောက်တိုဘာလဆန်းတွင် ပြောသည်။
ပုဂံသို့ လာရောက်သူများတွင် ဥရောပမှ အများဆုံးဖြစ်ပြီး စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အမေရိ ကန်နှင့် အာရှမှ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့အများ ဆုံး လာရောက်ကြကြောင်း သိရသည်။
ဧပြီလမှ သြဂုတ်လအထိ ငါး လတာအတွင်း ပုဂံဒေသသို့ ၂ဝဝ၈ ခုနှစ်တွင် ပြည်ပဧည့် ၆၂၈၄ ဦး၊ ၂ဝဝ၉ တွင် ၁၁၉၄၆ ဦး၊ ၂ဝ၁ဝ တွင် ၁၆၁၇၃ ဦးနှင့် ၂ဝ၁၁ တွင်မူ ၂ဝ၉၅၃ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
မေဇင်ဝင်း
စီအင်န်ဂျီရှိပြီး ကားဟောင်းများ ကားသစ်တွင် တပ်ဆင် ထုတ်ယူခွင့်ရ
ဂျူးလိယက်နှင့်
အေးသီတာကျော်
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
စီအင်န်ဂျီဖြင့် လက်ရှိအသုံးပြုနေသည့်
နှစ် ၄၀ နှင့်အထက် ယာဉ်ဟောင်းများ
အား ပြန်လည်အပ်နှံကာ အစားထိုး
တင်သွင်းလာ ခဲ့လျှင် ယင်းတင်သွင်း
သည့် ကားသစ်၌ စီအင်န်ဂျီတပ်ဆင်ထား
သည့်ယာဉ်ဖြစ်ပါက မူလယာဉ်ဟောင်း
အား ခွင့်ပြုထားသည့် ဂက်စ်အိုးအရွယ်
အစားအတိုင်း ပြောင်းလဲတပ်ဆင်ခွင့်ပြု
သွားမည်ဖြစ်ကြောင်း အောက်တိုဘာ
လ ၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား
လွှတ်တော်အစည်းအဝေး၌ ရထား
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးသောင်းလွင်က ပြောသည်။အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဖုန်းမြင့်အောင်၏ မေးခွန်းနှင့်စပ်လျဉ်း၍အပ်နှံ
သို့ရာတွင် လောင်စာဆီနှစ်မျိုးသုံး မော်တော်ယာဉ်သစ်အား တင်သွင်းမည် ဆိုပါက ဓာတ်ဆီကိုသာ အသုံးပြုသွားရမည်ဖြစ်ကြောင်း ပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ယနေ့အထိ နှစ် ၄၀ ကျော် ယာဉ်စုစုပေါင်း ၇,၇၄၄ စီးအား လက်ခံထားပြီးဖြစ်ကြောင်း နှင့် ၎င်းထဲတွင် စီအင်န်ဂျီတပ်ဆင်ယာဉ် ၃၄၄ စီး ပါဝင်သည်။
"လက်ရှိမှာတော့ ကိုယ်ပိုင်နာမည် ပေါက်အောင် အခွန်ဆောင်ထားပြီးပြီ။ လက်ရှိတပ်ဆင်ပြီးဖြစ်တဲ့ စီအင်န်ဂျီတွေကို ပေးလက်စ ပမာဏ အတိုင်း ကားသစ်တွေမှာမပေးဘူးဆိုရင် ကားပိုင်ရှင်တွေက ပြောမှာပေါ့"ဟု စစ်ကျန် ဘတ်စ်ကား ပိုင်ရှင်တစ်ဦးက ပြောသည်။
ယင်း နှစ် ၄၀ သက်တမ်းအထက် မထသယာဉ်ပိုင်ရှင်များ ၎င်းတို့ယာဉ် ဖျက်သိမ်းပြီးသည်နှင့် ကိုရီးယားနိုင်ငံထုတ် ယာဉ်များ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး(
မထသတွင် အနှစ် ၄၀ နှင့်အထက် သက်တမ်းရှိ 'စ၊ ဆ၊ ဇ' အက္ခရာယာဉ်များ မှာ အစီး ၃၈၀ ကျော်၊ နှစ် ၃၀ မှ ၃၉ နှစ် ကြား 'ဈ၊ ည' ယာဉ်များမှာ ၁၇ စီးနှင့် အနှစ် ၂၀ နှင့်အထက် 'ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ' အက္ခရာယာဉ်များမှာ အစီးရေ ၁၇၀ ကျော် ရှိသဖြင့် မထသက ဖျက်သိမ်းရမည့် ယာဉ်များမှာ အစီးရေ ၅၇၀ ကျော် ရှိနေသည်။
လက်ရှိ ရန်ကုန်မြို့တွင် စီအင်န်ဂျီတပ် ဆင်ထားသည့် ယာဉ်စီးရေပေါင်း ၂၆,၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် ၈၀၀ ခန့်က 'ပ' အက္ခရာရှိသည့် ယာဉ်အို ယာဉ်ဟောင်းများဖြစ်သည်။
More info : http://groups.google.com/
With Best Regards,
Slip
http://www.mee-pya-tite.com/
0 comments:
Post a Comment