Tuesday, August 23, 2011

[mrsorcerer:8957] နေအဖွဲ့အစည်းပြင်ပသို့ ပထမဦးဆုံးရောက်ရှိသည့် အာကာသယာဉ်


နေအဖွဲ့အစည်း၏ ပြင်ပသို့ ပထမဦးဆုံးရောက်ရှိသည့် အာကာသယာဉ် Voyager 1 က ရိုက်ကူးခဲ့သော ကမ္ဘာနှင့်လတို့၏ တည်ရှိနေပုံ


moon&earth.jpg

ကမ္ဘာနှင့် လတို့အတူတကွ လည်ပတ်နေပုံကို ဂြိုဟ်တုတစ်ခုက ပထမဦးဆုံးရိုက်ကူးထားသော ပုံဖြစ်သည်။ ယင်းပုံအား Voyager 1 အာကာသယာဉ်က ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ကမ္ဘာနှင့် မိုင်ပေါင်း ၇.၂၅ သန်း (ကီလိုမီတာ ၁၁.၆၆ သန်း) အကွာအဝေးမှ ရိုက်ကူခဲ့ခြင်းဖြစ်သည်။ အဆိုပါပုံအား Voyager 1 အာကာသယာဉ်ပေါ်တွင် ပါရှိသည့် ကင်မရာ filter များက ရိုက်ကူးခဲ့ သည့် ဓာတ်ပုံ (၃) ပုံအား NASA ၏ Jet Propulsion Laboratory (JPT) တွင် ပြန်လည်ပေါင်းစည်း၍ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ပုံတွင်မြင်တွေ့နေရသည့် လ၏ အရောင်မှာ ပိုမိုတောက်ပမှုရှိစေရန် အရောင်တင်ထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသည် လထက်အဆပေါင်းမြောက်မြားစွာ ပိုမိုတောက်ပသောကြောင့် ဓာတ်ပုံကြည့်ရှုသူများ ရှင်းလင်းပြတ်သားစွာ မြင်သာစေရန် ပြန်လည် အရောင်တင်ထားခြင်းဖြစ်သည်။ Voyager 1 အာကာသယာဉ်အား ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral လွှတ်တင်ရေးစခန်းမှ Titan III E/Centaur လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၇၂၂ ကီလိုဂရမ်ရှိသော Voyager 1 အာကာသယာဉ်အား နေအဖွဲ့အစည်းနှင့် ယင်းပြင်ပရှိ အာကာသကို လေ့လာရန်လွှတ်တင်ခဲ့ခြင်းဖြစ် သည်။ Voyager 1 အာကာသယာဉ်သည် နေအဖွဲ့အစည်း၏ ပြင်ပကိုလေ့လာရန်လွှတ်တင်ထားသော အာကာသယာဉ် (၅) စင်းအနက်မှ (၁) စင်းဖြစ်ပြီး လွှတ်တင်သည့်နေ့မှ ယနေ့အထိ နှစ်ပေါင်း ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်ဖြစ်သည်။ Voyager 1 အာကာသယာဉ်သည် လက်ရှိအချိန်တွင် နေမှအကွာအဝေး ၁၁၇.၈၄၃၆ AU (Astronomical Units)၊ ကီလိုမီတာအားဖြင့် ၁.၇၆၂၉၁၅×၁၀၁၀ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိနေပြီး စကြာဝဠာအတွင်းတွင် အဝေးဆုံးရောက်ရှိနေသော လူသားများပြုလုပ်သည့်အရာဝတ္ထုတစ်ခုဖြစ်သည်။
voyager.jpg
Voyager 1 အာကာသယာဉ်၏ ပုံဖြစ်သည်။ ယင်းအာကာသယာဉ်၏ ထူးခြားချက်မှာ နေရောင်ခံပြားများ ပါဝင်ခြင်းမရှိဘဲ အာကာသယာဉ်၏ ပါဝါကို ယာဉ်ပေါ်တွင်ပါရှိသည့် Radioisotope Thermoelectric Generator (RTG) မှ ထုတ်ယူသုံးစွဲခြင်းဖြစ်သည်။

ဂြိုဟ်တုနှင့်အာကာသအကြောင်းကို http://sites.google.com/site/9spacestudy/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ Groupသို့ mail များဖြန့်ဝေလိုပါက satellitestudygroup@googlegroups.com သို့ပေးပို့နိုင်ပါသည်။ အဖွဲ့ဝင်ဖြစ်လိုပါက satellitestudygroup+subscribe@googlegroups.com သို mail ပို့ပြီး ၀င်နိုင်ပါသည်။ အဖွဲ့မှထွက်လိုပါက satellitestudygroup+unsubscribe@googlegroups.com မှ နှတ်ထွက်နိုင်ပါသည်။group သို့ ၀င်ရောက်ကြည့်ရူလိုပါက http://groups.google.com/group/satellitestudygroup?hl=en မှ ၀င်ရောက်နိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...