Monday, August 15, 2011

ပီသ ညီမျှ ဂီတ

by Win Ko Myint on Monday, August 15, 2011 at 3:41am
 
အသံကြောင်တွေချည်းကြားနေရတော့
ကြားရတဲ့သူတွေမှာ ပျော်တယ်ရယ်လို့ဘယ်မှာရှိနိုင်ပါတော့မလဲ
ဟိုနားကတစ်ပေါက် ဒီနားကတစ်သံ သူ့ဟာနဲ့သူတော့မှန်တယ်ဆိုတာချည်းပဲ

စွတ်တီးနေကြတယ်လေ
ဒိုကလည်း ဒိုအလျောက် ဒို
မီကလည်း မီအလျောက် မီ
ဆိုကလည်း ဆိုအလျောက် ဆို
ခက်တာက ဆိုလိုသမားတွေ တပြိုင်ထဲအပီအပြင်ဆွဲနေတာကိုက အော့ချင်စရာကြီး

တခါက တူရိယာပေါင်း နှစ်သောင်းလောက်ပါဝင်တီးမှုတ်သွားတဲ့ အော်ခတ်စထြာတစ်ခုဟာ
၁၂ သံစဉ်အကုန်လုံးသုံးသွားတယ်
ထည့်မသုံးနိုင်စရာ တသံတလေမှမပါဘူး
နားဝင်ပီယံရှိဖို့ တူရိယာသမားတွေဟာ တိုးသင့်သူက တိုးရတယ် ကျယ်သင့်သူက ကျယ်ရတယ်
တချို့တချို့ဘားတွေမှာ လုံးဝနားထားရသူရှိတယ်
တခါတခါ တချို့တူရိယာသမားက
သံစဉ်အတက်အကျလေးတွေမှာဖြည့်ပေးရတဲ့ ဖြတ်သွားဖြတ်လာအသံကလေးသက်သက်
တခါတခါ တချို့တူရိယာသမားက
အခြားတူရိယာသံကာလာလှအောင် အားဖြည့်ပေးရတဲ့ အားဖြည့်သံကလေးသက်သက်
တခါတခါ တချို့တူရိယာသမားက
အသံမြိုင်အောင် အားပြိုင်ပေးရမယ့် ဟာမိုနီသံလေးသက်သက်
တခါတခါ တချို့တူရိယာသမားက
စွမ်းရည်ထွက်ပြရတဲ့ ရှေ့ထွက် ဇာတ်ဆောင်သံ
တခါတခါ တချို့တူရိယာသမားက
နောက်ကွယ် ဖရိန်ချထားတဲ့ အမာခံ နောက်ကအဖြည့်သံလေး
အဲဒါတွေကို
အားလုံးကတီးပေးထားတယ်
ဒါပေမယ့် သူ့အချိန်နဲ့သူ သူ့ဖရိန်နဲ့သူ
အားလုံးဟာ
ပီသမှု ရှိတယ်
ညီမျှမှု ရှိတယ်
စည်းလုံးမှု ရှိတယ်
နားထောင်ကောင်းတယ်လေ

ဆန္ဒရှိရင် ကျုပ်တို့အားလုံး ဂီတကိုခံစားလို့ရတယ်
လောလောဆယ် ဂီတသင်္ကေတတွေနားမလည်ရင်နေပါ
ဝိုင်းခေါင်းဆောင်က အခရာပဲဟာ
ညီမျှတဲ့ဂီတတစ်ခုအတွက်
မွေးရာပါကိုယ်ပိုင်လက်နှစ်ဖက်ပဲလိုတယ်
လူပေါင်းသန်းခြောက်ဆယ်လောက်ဟာ ပြုံးပြုံးလေးလက်ခုပ်တီးပြီး
တပြိုင်ထဲဆိုတီးကလေး စည်းလုံးစွာဆိုလို့ရတယ်

ဟုတ်ပါတယ်
သီချင်းကတော့ တူရမယ်

ကဲ ကြည့်လိုက်ရအောင်
တီးဝိုင်းဆရာဘာသီချင်းရွေးထားလဲ လို့

... ... ...
အခြားလူ
Aug 15, 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...