Monday, August 1, 2011

မြစ်မင်းဧရာဝတီ

Min Thant Syn created a doc.
နောက်ခံသမိုင်း
အလွန်ရှေးကျသော ဆန့်စ်ကရစ် (SANSKRIT Indo-Aryan Language) ဘာသာစကားအရ ဟိမဝန္တာ တောင်မှ
အစပြု စီးဆင်းလာသော ရာဗီ (RAVI) သို့မဟုတ် အိုင်ရာဗတီ (IRAVATI) ဆိုသော အမည်မှ
ဆင်းသက်လာသည်ဟုဆိုသည်။ အဆိုပါ အိုင်ရာဗတီ (ဧရာဝတီ) အမည်တူ မြစ်ကို ပါ...ကစ္စတန် နှင့် အိန္ဒိယ
နိုင်ငံအကြားတွင် တွေ့ ရှိနိုင်သည်။
ပါဠိဘာသာစကားအရ အင်ဒရာ (Indra) အမည်ရှိသော ဟိန္ဒူနတ်ဘုရားအပေါင်းတို့၏ ဘုရင်စီးနင်းသည့်
ထူးဆန်းသော ဆင်ဖြူကြီး ဧရာဗေတာ (Airavata) ၏ မိခင် အိုင်ရာဗစ်တီ်(Iraviti) ကို အစွဲပြုပြီး ဧရာဝတီ ဟူ၍
ခေါ်တွင်သည်။ ယင်းဆင်ကို ထိုင်းနိုင်ငံတွင်လည်း စီးပွားတိုးတက်မည်ဟု ယုံကြည်ကာ ကိုးကွယ်ကြ၏။
ကမ်ဘောဒီးယားနိုင်ငံတွင်လည်း လက်ရှိ နိုင်ငံတော်သင်္ကေတနှင့် ဘုရင့်ကိုယ်ပွားသဖွယ် ကိုးကွယ် အသုံးပြု
ကြသည်။ ထိုနည်းတူပင် များစွာသော ဗုဒ္ဓဘာသာနိုင်ငံများတွင်လည်း အမည်အမျိုးမျိုးဖြင့် ပူဇော်ပသ
လေ့ရှိကြသည်။

မိခင်ဧရာဝတီ

ဟိမဝန္တာတောင်ခြေတွင် မြစ်ဖျားခံ၍ ကြမ်းတမ်းခက်ခဲစွာ စီးဆင်းလာရသော (ညီမ) မေခ သည်
ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ချောမွေ့ညင်သာစွာစီးဆင်းခဲ့ရသည်
့ (အစ်ကို) မလိခ နှင့် ပေါင်းဆုံပြီး ဧရာဝတီမြစ်
အဖြစ် အမည်တင်ွလာခ့သဲ ည်။
ကမ္ဘာကြီး၏ဝိဥာဉ်တော်နတ်ဘုရားက ရွှေခွက်ကို လက်နှစ်ဘက်နှင့်ကိုင်ပြီး အေးမြသော ရေသွန်းလောင်းပေး
နေ၍၊ ဧရာဝတီမြစ်ဝန်းကျင်တွင် ရွှေမှုန်ရွှေခဲများတွေ့ရှိရသည် ဟု ကချင်တိုင်းရင်းသားတို့က ယုံကြည် သက်ဝင်
ကြသည်။ ထို့အပြင် နဂါးနတ်သမီးနှင့် နေသူရိန် နတ်သားတို့ ချစ်ကျွမ်းဝင်ပြီး ဥသုံးလုံးဖွားမြင်ခဲ့သည်။ ပထမ
တလုံးကို သပိတ်ကျင်းအနီးတွင် ပေါက်ခဲ့ပြီး ပတ္တမြားများ ဖြစ်လာခဲ့သည်။ ဒုတိယတလုံးမှာ မြန်မာပြည်
အလည်ပငိုးတငွ် ပေါက်ဖွားခြဲ့ပီး ကျားများဖြစ်သွားသည်။ ကျန်တလုံးမှာ မြစ်ဝကျွန်းပေါ်တွင် ပေါက်ဖွား၍
မိကျောင်းများဖြစ်သွားသည်ဟုလည်း
ဒဏ္ဍာရီပုံပြင်များ ရှိခဲ့သည်။
အဆိုပါ ဒဏ္ဍာရီဆန်လှသော ဧရာဝတီမြစ်ကြီး နဘေး၌ပင် မြန်မာ့သမိုင်းအစ တကောင်း အမည်ရှိ မြို့တော်
ရှိခ့သဲ ည်။ ထို့အပြင် နန်ချို (ယခု ယူနန်နယ)် သားတို့ ဖျက်ဆီးခဲ့သော ပျူနိုင်ငံတော်သည် လွန်ခဲ့သော
နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက
စတင်ပေါ်ပေါက်ခဲ့သည်။ ယင်းနောက် မြန်မာဖြစ်လာမည့် ကျွန်ုပ်တို့၏
အဘိုးအဘွားတို့သည် ဧရာဝတီမြစ်ညာသို့ ဆန်တက်ပြီး ကျောက်ဆည်၊ ပုဂံ၊ အင်းဝ၊ အမရပူရ (မန္တလး)
အစရှိသည့် သမိုင်းဝင်မြို့ကြီးများကို တည်ထောင်ခဲ့ကြသည်။ ပုဂံမှသည် ရန်ကုန်အထိ ခေတ်အဆက်ဆက်
မြို့တ်ာကြီးများ တည်ထောင်ခြဲ့ကသည်။

သူရေဲ ကာင်းတို့ မေွး ဖွားခ့ရဲာ ဤ ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အသက်၊ သိက္ခာ၊ ဘဝ၊ ယဉ်ကျေးမှု
သမိုင်းမှတ်တိုင် အဆက်ဆက်ကို ထင်ဟပ်စေခဲ့သည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အသက်။ ဧရာဝတီသည်
မြန်မာနိုင်ငံ၏ ဘဝ။
ဤ ဧရာဝတီမြစ်ကြီးကိုမှီပြီး မြို့ရွာပေါင်းများစွာ ရပ်တည်နေကြရသည်။ ပိုက်ကွန်ယက်သကဲ့သို့ မြစ်ခွဲငယ်
များဖြင့် ဖြာထွက်နေသော မြစ်ဝကျွန်းပေါ်ဒေသသည် စိုက်ပျိုးရေးအရ အရေးပါသဖြင့် မြန်မာတို့၏ စပါးကျီအဖြစ်
တင်စားခေါ်ဝေါ်ခြဲ့ကသည်။ ဧရာဝတီမှ သယ်ဆောင်လာသောနှုံးမြေနုများကြေ
ာင့် အကဒ် မန်ပင်လယ်ထဲ၌
တနှစ်လျှင်ပျဉ်းမျှ ပေ (၁၅၀) ခန့်  တိုင်းပြည်နယ်မြေကို ကျယ်စေသည်။
ဧရာဝတီ၏ အလှ၊ ဧရာဝတီ၏ ကျေးဇူးများကို ဖေါ်ကျူးရလျှင် ကုန်နိုင်ဖွယ်မရှိပါ။
ဧရာဝတီကို ဖျက်ဆီးကြလေပြီ
စစ်အုပ်စုအဆက်ဆက်လက်ထက်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်
ထုတ်လုပ်ရောင်းချခြင်း မရှိပဲ၊ ပြည်ပသို့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရောင်းစားနေကြသည်ဖြစ်ရာ မြန်မာနိုင်ငံမှ
ကျောက်မျက် ရတနာများလဲ ကုန်လုပြီ။ မြန်မာ့ရေပိုင်နက်မှ ငါးများသည်လဲ မျိုးတုန်းလုပြီ။ ကျွန်းမှသည်
ပိတောက်အဆုံး၊ သစ်တုံးကြီးငယ် တင်ထားသော ကားကြီးများ ထိုင်းနှင့် တရုတ်နိုင်ငံသို့ နေ့နေ့ညည
သွားနေသည်ကိုလဲ ၀မ်းနည်းစွာ တွေ့မြင်နေကြရသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကိုလဲ အမှောင်ကျနေသော မြန်မာပြည်အတွက် အသုံးမချပဲ နိုင်ငံခြားသို့
ရောင်းချ ခြဲ့ကသည်။ ကိုးကိုးကျနွ်းနှင့် ဇာဒက်ကြီးကျွန်းအပါအ၀င် ကျွန်းငယ်များစွာမှာလဲ နိုင်ငံခြားသို့
ရောင်းချခံရလုမတတ် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ရရှိသော ဝင်ငွေကိုလဲ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေးအတွက် အသုံးပြုခြင်း မရှိပဲ၊ စစ်လက်နက်ပစ္စည်းများ တိုးချဲ့တပ်ဆင်၍ တိုင်းရင်းသား
ပြည်သူလူထုအား လက်နက်ဖြင့် ဗိုလ်ကျခြိမ်းချောက် အနိုင်ကျင့်လျက်ရှိသည်။
စစ်အုပ်စုအဆက်ဆက်တို့သည် ယင်းသို့ အဖိုးတန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဖျက်ဆီးနေရုံသာမက
မဟာမြစ်မင်း ဧရာဝတီ၏ အလှတရားကိုလဲ နအဖ အမည်ပြောင်း သိန်းစိန်အုပ်စုမှ ဖျက်ဆီးနေကြလေပြီ။ China
Power Investment Co-Operation နှင့် စာချုပ်ချုပ်၍ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား
ထုတ်လုပ်ကာ တရုတ်ပြည်သို့ ရောင်းချတော့မည်ဖြစ်သည်။ ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ရေသည်
၆ပေအထိ ကျဆင်းသွားနိုင်ပြီး မြစ်ဝကျွန်းပေါ်ရှိ မြစ်ခွဲတချို့ တိမ်ကောပျောက်ကွယ်သွားနိုင်သည်။
မြစ်ဆုံရေကာတာစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အကျိုးကျေးဇူးများကို ဧရာဝတီကို ပိုင်ဆိုင်သော
မြန်မာနိုင်ငံသားတို့ မခံစားရပဲ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့ကသာ ခံစားရမည်ဖြစ်သည်။
ရေကာတာကြောင့် မြစ်ညာအထက် သစ်တောများကို ရေဖုံးလွှမ်းသွားနိုင်ပြီး၊ မြစ်အောက်ဖက် ရေနေသက်ရှိ
တည်ရှိမှုစနစ်များကို ထိခိုက်စေနိုင်ပါသည်။ ရေကာတာကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲစေပြီး၊
ဧရာဝတီမြစ်အောက်ပိုင်း ဒေသများရှိ ရေတင်မြေများဆီသို့ သဘာဝရေစီးဝင်မှုနှင့် မြေဆီဖြစ်ထွန်းမှုကို
ပျက်စီးစေမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသ၊ ဆန်စပါးစိုက်ပျိုးရေး
လုပ်ငန်းများကို ဆိုးဝါးစွာ ထိခိုက်စေ တော့မည်ဖြစ်သည်။
ထိုမျှမက ရေကာတာသည် မြေငလျင်လှုပ်လွယ်သော ဒေသတွင်း ပြတ်ရွှေ့ကြောင်းမှ ကီလိုမီတာ (၁၀၀)
အကွာတွင်သာ ရှိသည်ဖြစ်ရာ၊ ရေကာတာ ကျိုးပေါက်သွားပါက မြစ်အောက်ဖက် ကီလိုမီတာ (၄၀) အကွာတွင်
တည်ရှိသော ကချင်ပြည်မြို့တော် မြစ်ကြီးနားအား ရေလွှမ်းမိုးခံရနိုင်ဖွယ် ရှိပါသည်။ မြန်မာပြည်၏ အသက်
သွေးကြောဖြစ်သော လယ်ယာမြေနှင့် ရေလုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။
မြစ်ဆုံရေကာတာ စီမကံ နိးကို ဆန့် ကျင်ြက
သို့ဖြစ်ပါ၍ မြစ်မင်းဧရာဝတီ၏ အလှတရားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဧရာဝတီမြစ်ကို မှီ၍
တည်ထောင်ထားသော မြို့ပြရပ်ရွာများ ရေရှည်တည်တံ့ခိုင်မြဲရေး တို့အတွက် မြစ်ဆုံရေကာတာ စီမံကိန်းအား
လက်တွဲညီညီ ၀ိုင်းဝန်းဆန့်ကျင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
  မင်္ဂလာ၊ မင်းညိုအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...