Tuesday, August 16, 2011

ဒီဇိုင်းမျိုးစုံ.... အရက်မူးပုံ

 
by Catherine Nyo on Tuesday, August 16, 2011 at 5:40pm
 
  * ၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ

* ၂)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသူ

 * ၃)ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ

 * ၄)မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ


 * ၅)၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ

 * ၆)ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ

 * ၇)တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ

 * ၈)နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ

 * ၉)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကို ဘာမျှမမှတ်မိဟု ပြောတတ်သူ

 * ၁၀)မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ ( လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်

 * ၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ

*
* ၁၂) ခိုမူး ....အာစွတ်ရုံမူးလာသည်နှင့် ဇာတ်လမ်းပမာနားဆင်စရာ
ရှေးအဖြစ်ဟောင်း အောင်းမေ့ဖွယ်အတိတ်ဝေဒနာများကို
တတွတ်တွတ် ရေရွတ်မြည်တမ်း...မျက်ရည်စမ်းစမ်း..
တစ်အားလွမ်းပြီး..ငိုချင်းချတတ်သူ။



*၁၃)ဘဲမူး...ရေချိန်မှန်လာလျှင် ဆင်ဖမ်းကျားဖမ်း
တစ်အားလန်းတတ်သူ။

*၁၄) ဇီဝဇိုးမူး....မူးလာလျှင် စားသောက်ထားသမျှ တစ်စက်မကျန်
လေပါအန်ပေါင်း ဆန်ပြုတ်ရောင်းသောသူ။

*၁၅) ကတ္တ၀ါမူး.....ရေချိန်ကိုက်လာလျှင် တစ်ပိုင်းတစ်စသိသမျှ
ရုပ်ရှင်ထဲကြည့်ဖူးသမျှ ကြာဖူးနားဝရှိ တိုင်းရင်းသား/နိုင်ငံခြား
ဘာသာစကားများ မတောက်တခေါက် ကရားရေလွှတ်
ပြောပြီး သမားဂုဏ်ပြ ဆွေမျိုးစပ်တတ်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...