Friday, August 5, 2011

ကျောပေါက်ကြီး



          ကျနော် ခပ်ငယ်ငယ် သတ္တမတန်းကျောင်းသားလောက်ကဖြစ်မည်ထင်ပါသည်။ တနေ့သာ ညနေကျောင်းဆင်းချိန်၊ ကျနော်တို့သူငယ်ချင်း သုံးလေးယောက်အုပ်စုသည် အခြားသူများနှင့်ရောနှော၍ စကားတပြောပြောဖြင့် ကျာင်းခန်းတွင်းမှထွက်လာခဲ့ကြသည်။ မှတ်မှတ်ရရ ကျာင်းဝင်းအပြင်ကိုပင် မရောက်သေး။ မိုးကလေးက တဖွဲဖွဲကျနေသည်။ ဘယ်ကနေ စကားဆက်သွားသည် မသိ၊ သူငယ်ချင်း တစ်ယောက်က ကောင်မလေးတစ်ယောက် သူရဲ ခြောက်ခံရပုံကို ပြောပြတော့သည်။
          “အခုလိုကျောင်းဆင်းချိန်ပေါ့၊ ကျာင်းသူလေးတစ်ယောက်ဟာ ကျာင်းနဲ့ခပ်လှမ်းလှမ်းရောက်မှ
ကျာင်းခန်းထဲမှာ ကွန်ပါဗူးကျန်ခဲ့တာကို သတိရတယ်။ ဒီတော့ သူ့အဖေါ်တွေကို လမ်းမှာပဲစာင့်ခိုင်းပြီး သူက ချက်ခြင်းလှည့်ပြန်ယူတယ်။ သူတို့ကျောင်းကလည်းဒို့ ကျာင်းလိုပဲ နှစ်ထပ်ကျာင်းကြီးတဲ့။   ကာင်မလေးအခန်းက အပေါ်ထပ်မှာ။ ကျာင်းဆင်းတာမကြာသေးတော့ ကျာင်းဝင်းတံခါးမကြီးလည်း မပိတ်သေးဘူး။ ဒါပေမယ့် ကျာင်းဝင်းထဲမှာ လူကရှင်းနေပြီ။ ဆရာ၊ ဆရာမတွေတောင်ပြန်ကုန်ပြီ။ သူ အာက်ထပ်လှကားရင်းနားရောက်တော့ ကျာင်းသန့်ရှင်းရေးက ခပ်ရွယ်ရွယ် ဦးလေး တစ်ယောက်ကို တံပြက်စည်း လှဲမလို့ပြင်နေတာတွေ့ရတယ်။ ဒါနဲ့ သူလည်း အဲဒိဦးလေးကို ကွန်ပါဗူး ကျန်ခဲ့လို့ ပြန်တက်ယူမယ့် အကြောင်းပြောပြောဆိုဆိုနဲ့ပဲ လှကားကို ခပ်သွက်သွက်တက်ခဲ့တယ်။ အပေါ် ထပ်ရောက်၊ အခန်းထဲဝင်။ ရှေ့ဆုံးအတန်းက သူ့ခုံဆီအသွား…အဲဒိမှာ...။ အခန်းဝကနေကြည့်တုန်းက အခန်းထဲမှာ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ပေမယ့် အခုတော့ သူ့ခုံဘေးက ခုံတစ်လုံးမှာ… လူတစ်ယောက်၊
ကျာကုန်းမှာ အပေါက်ကြီးနဲ့…၊ သွးတွေနဲ့… လူတစ်ယာက်။ သူ့ကို နောက်ကျောပေးပြီးထိုင်နေတာကို မမျှော်လင့်ပဲ ဗြုန်းကနဲ တွေ့လိုက်ရတယ်တဲ့။
ဘာပြောကောင်းမလဲ ကောင်မလေးလည်း လိပ်ပြာလွင့်မတတ် အော်ပြီး လှည့်ပြေးတော့တာပေါ့ ။   လှကားထစ်တွေကို ဘယ်လိုကျော်ဖြတ်ပြီးဆင်းခဲ့သလည်း မသိဘူး၊ အောက် ရောက်လာတယ် ဆိုပါတော့ကွာ။ အောက်ရောက်တော့ ကောင်မလေးခမြာ မျက်လုံးပြူးမျက် ဆံပြူးနဲ့ ဖြစ်နေပြီ၊ သိပ်ကြောက်နေပြီ။ တကိုယ်လုံးတုန်တုန်ယင်ယင်နဲ့ အသက်ကိုတောင် မနဲ လုရှုနေရပြီ။ ဒိအချိန်မှာပဲ အတက်တုန်းကတွေ့ခဲ့တဲ့ တံပြက်စည်းလှည်းနေတဲ့သူ ရှိနေသေး တာကို တွေ့လိုက်ရတယ်တဲ့။ ဒါဟာ ကောင်မလေးအတွက်တော့  ကယ်တင်ရှင်ကို တွေ့လိုက်ရတာပဲလေ၊ အဲဒိတော့ ကောင်မလေးလည်း တအားတက်ပြီး အဲဒိလူကို သူ အပေါ်ထပ်မှာ သူရဲခြောက်ခံရကြောင်း အမောဆို့မတတ်ဖြစ်နေရင်းက အားကိုးတကြီးနဲ့ ပြောပြတော့တာပေါ့။ ဟို ပုဂ္ဂိုလ်က ကောင်မလေးစကားဆုံးတဲ့အထိ အေးအေးဆေးဆေး နားထောင်တယ်။ ဘာ စကားမှ ဖြတ်မမေးဘူး၊ ဖြတ်လည်း မပြောဘူး။ ပြီးမှ… ကောင်မလေးစကား ဆုံးတော့မှ… ခေါင်းတညိတ်ညိတ်လုပ်ရင်း ဟောဒီလိုမျိုးကြီးလားဆိုတဲ့သဘောနဲ့ သူ့နောက်ကျောကုန်းကို လှည့်ပြလိုက်တယ်။ အေး…သူ့ ကျောကုန်းမှာလည်း အပေါက်ကြီးနဲ့…၊ သွေးတွေနဲ့ပဲတဲ့။”
          ပုံပြင်ထဲက ကောင်မလေးတော့ ဘယ်လိုဖြစ်သွားသလဲ မသိတော့ပါ။ နေရာမှာတင် မျက်ဖြူလန်ပြီး အရုပ်ကြိုးပြတ်ခွေကျသွားသလား။…ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားသလား။ ပေါက်ကွဲလွင့်စင်…။ အမှုံဖြစ်…။ အငွေ့ပျံ…။ ဒါမှမဟုတ် ဦးတည်ရာမဲ့ လျှောက်ပြေးနေမလား၊ ဆက်မတွေးဖြစ်။ သူ့အဖြစ်ကို ကြားလိုက်ရသည့် မဆီမဆိုင်ကျနော်ပင် ကြက်သီးမွှေးညှင်းတွေထ၊ ခေါင်းနပန်းကြီးသွားရ၏။
အခုပဲဆင်းလာသည့် ကိုယ့်ကျောင်းကိုကိုယ်ယောင်ယောင်ကန်းကန်း ပြန်လှည့်ကြည့် မိသည်။ ၀င်းအကျယ်ကြီးထဲမှာ အောက်ထပ်က အုတ်ဖောင်ဒေးရှင်း ထူထူမြင့်မြင့်နှင့်အခန်း များ။ အပေါ်ထပ်က သစ်၊ ရေနံ ၀၀။ အုတ်ကြွပ်မိုးနီနီနှင့် မြို့ဂုဏ်ဆောင် အမျိုးသားကျောင်း ဟောင်းကြီး။ မိုးဖွဲဖွဲအောက် အုံ့မှိုင်းမှိုင်း ညနေခင်းနောက်ခံမှာ ခပ်တည်တည်နဲ့ ထီးထီး မားမားကြီး။ ကျနော်တို့လက်ထက်ကြတော့ အလက(၁)၊ ကျိုက်လတ် ဖြစ်နေပြီ။
နံဘေးက ဆူညံသံများကြား၌ ကျနော်တို့တွေ အသံတိတ်နေကြသည်။ အတွေးကိုယ်စီ၊ အကြောက်ကိုယ်စီနှင့်ဖြစ်မည်။ ထိုစဉ် သူငယ်ချင်းက သူ့စကားကိုဆက်သည်။
          “ အဲဒိ သူရဲတွေက ရန်ကုန်က ကျောင်းသားကြီးတွေတဲ့။ ဆဲဗင်းဇူလိုင်တုန်းက ဆန္ဒပြပွဲ အပြီးမှာ မောမောပန်းပန်းနဲ့ ကျောင်းထဲမှာ နားနေကြတဲ့ အချိန်၊ မမျှော်လင့်ပဲ သူတို့ နောက်ကျောကနေ စစ်တပ်က ဘက်နက်နဲ့ထိုးသတ်တာခံလိုက်ရတဲ့ ကျောင်းသားတွေတဲ့။”

ပုံပြင်ကြားခဲ့ရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ကျနော့် ရင်ထဲ ခုထိခြောက်ခံနေရတုန်း။ ထိုအချိန်က နိုင်ငံရေးနှင့်ပတ်သက်၍ ဘာမှ သိပ် မသိသေးပေမယ့် နင့်နင့်နဲနဲ စွဲကျန်ခဲ့သည်။ မမေ့။ အရွယ်ကလေးရလာသည်နှင့်အမျှ ဤပုံပြင် ကို ကျနော့်လို့ပင် အခြားသူများလည်း ကြားဖူးကြောင်းသိလာရသည်။ သူတို့တွေထဲက အချို့ နှင့် လူချင်းတွေ့လာရသည်။ သူတို့ ကြားရပုံနှင့် ကျနော်ကြားခဲ့ရပုံချင်း မတူ၊ ကြားရသည့် အရပ်ဒေသချင်း၊ အချိန်ကာလချင်း ကွာခြားကြောင်းလည်းတွေ့ရသည်။ သို့သော် ဇာတ်လမ်း ကျောရိုးကတော့ဖြင့် တူကြသည်။ အခြားတူသည့် အချက်များထဲမှ ထူးခြားသည်မှာ နှစ်စဉ် လိုလို ဟိုမြို့မှာ ခြောက်ခံလိုက်ရသည်။ ဒီကျောင်းမှာ ခြောက်ခံ လိုက်ရသည်ဟု ကြားသိရ သော်လည်း ကျောပေါက်ကြီးခြောက်သဖြင့် လက်တွေ့ဘ၀တွင် ကျောင်းသူကျောင်းသား တဦးတယောက်မျှ ဒုက္ခရောက်သွားရသည်ဟု မကြားရခြင်းဖြစ်သည်။ ထို့အပြင် ကျောပေါက် ကြီးသည် ကျောင်းအစောင့်တို့နှင့် ၎င်းတို့၏မိသားစု များ၊ ကျောင်းပတ်ဝန်းကျင်မှ လူများအား မခြောက်မလှန့်ခြင်းကလည်း အံ့သြစရာကောင်းလှသည်။
သို့ဆိုလျှင် ထိုဝိဉာဉ်တို့သည် ကျောင်းအဆောက်အဦးများ၌ အမြဲရှိနေပုံ မပေါ်။ ကျောင်းသားထု၏ ရင်၌သာ ကိန်းအောင်းနေပုံရသည်။ ကျောင်းသားထုတွင်း၌သာ မျိုး ဆက်တစ်ဆက်ပြီးတစ်ဆက် သမိုင်းပေးအသိဖြင့် ထုံကူး၍ လက်ဆင့်ကမ်းသယ်ဆောင်နေကြခြင်းဖြစ်မည်။
တစ်နည်းအားဖြင့် ခါးခါးသီးသီး နာကျည်းကြေကွဲရမှုများကို မမေ့ရန်၊ ထွန်းပြောင်ခဲ့သည့် တိုက်ပွဲဝင်ကျောင်းသားသမိုင်းအား သတိရနေစေရန်နှင့် မိမိတို့ပုခုံးပေါ် ကျရောက်လာသည့် သမိုင်းပေး တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြစေရန်အတွက် ကျောင်းသားများအား တပ်လှန့်ပေးကြခြင်း သာဖြစ်မည်။
...  … …
စနစ်ဆိုးတိုင်းကို ခွပ်ဒေါင်းပီပီ တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည့်၊  ရက်ရက်စက်စက်လည်းနှိပ်ကွပ်
ခံခဲ့ကြရသည့် ကျောင်းသားတို့၏ အရိုးတွန်သံဟူသည်မှာ ဤအရာမျိုးကိုခေါ်ခြင်းဖြစ်မည် ထင်ပါသည်။
           ကျောပေါက်ကြီးကား… ဆက်ခြောက်နေဆဲ။
ဝမ်းနည်းစရာပင်…၊ ပြည်သူတွေ မလွတ်မြောက်သေးသ၍ သူတို့ မကျွတ်နိုင်ကြသေး။


ကျနော်လည်း ထိုစဉ်ကတည်းက အပမီခဲ့တာဖြစ်မည်။ ၈၈၊ နောက် တောက်လျှောက် …။


ထူးအောင်
၇.၇.၂၀၁၁
htooaung601@gmail.com

ထောင်ဒဏ် နှစ်(၆၀)ကျော် ချခံထားရသည့် သူငယ်ချင်း အေးမင်းနိုင်နှင့်တကွ မလွတ်မကျွတ်သေးသူများ အမြန်လွတ်မြောက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းလျှက်…။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...