Thursday, August 18, 2011

ရေသယံဇာတ ဖွံ.ဖြိုးရေးစီမံကိန်းနှင့် သဘာဝပတ်ဝန်းကျင် ( ၀င်းကျော် )

by Save Irrawaddy on Thursday, August 18, 2011 at 6:31pm

[By Ko Zam]

(ဒီစာတမ်းဟာ ၂၀၀၉ ခုနှစ်အတွင်းမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် မှာတင်သွင်းဖတ်ကြားခဲ့တဲ့ စာရေးသူ ၀င်းကျော် ရဲ. စာတမ်းဖြစ်ပါတယ်။ဖတ်ကြားတင်သွင်းစဉ်က အင်္ဂလိပ်ဘာသာနဲ.ဖြစ်ပြီး စာရေးသူ ၀င်းကျော်ကိုယ်တိုင်မြန်မာလို.ဘာသာပြန်ဆိုပြီး ၂၀၁၁ ခုနှစ် မတ်လပိုင်းလောက်မှာ လက်လှမ်းမီရာ အသိုင်း
အ၀ိုင်းထဲမှာသာ ကန်.သတ်ထုတ်ဝေဖြန်.ချိခဲ့တာဖြစ်ပါတယ်။ ဒီနေရာကနေ စာရေးသူ ၀င်းကျော်ကို အထူး
ကျေးဇူးတင်ရှိကြောင်း ကမ္ဗည်းမှတ်တမ်းတင်အပ်ပါတယ် )


နိဒါန်း
လူသားတွေဟာ လျှပ်စစ်စွမ်းအား ထုတ်လုပ်ဖို.၊ရေသွင်းစိုက်ပျိုးဖို.၊ ရေလွှမ်းမိုးမှုမှ ကာကွယ်ဖို. ၊သောက်သုံး ရေရရှိဖို. စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ. ရေသယံဇာတဖွံ.ဖြိုးမှု စီမံကိန်းကြီးငယ်တွေကို အကောင်အထည်ဖော်တည်ဆောက်ခဲ့ပါတယ်။ဒီလို ရေသယံဇာတဖွံ.ဖြိုးရေးစီမံကိန်းတွေမှာ ရေလှောင်တမံကြီးငယ်တွေကိုတည်ဆောက်
ပြီး အထက်ဖော်ပြပါ ရည်ရွယ်ချက်အမျိုးမျိုးတွေကို အကောင်အထည်ဖော်ခြင်းဟာ လူသားတွေနဲ.သဘာဝပတ်
ဝန်းကျင်ကို ထိခိုက်နစ်နာစေပါတယ်။ဒီရေလှောင်တမံကြီးငယ်၊ တွေဟာ ကမ္ဘာ.နေရာအနှံအပြားမှာ ပြန်လည်
အဖတ်ဆယ်လို.မရတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ရေသယံဇာတစီမံကိန်းတွေ
ကို ကန်.ကွက်ရှုတ်ချသံတွေ နှစ်ဆယ်ရာစုရဲ.နောက်ပိုင်းနှစ်တွေမှာ ထွက်ပေါ်လာပါတယ်။အလွန်အကျွံဝေဖန်
သူတွေက ဒီရေလှောင်ကန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေးနဲ.ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုတွေဟာ ရေ
လှောင်ကန်တွေက ရရှိတဲ့ အကျိုးတရားတွေထက် ပိုမိုကြီးမားနေတာကြောင့် ရေလှောင်တမံတွေတည်ဆောက်
ခြင်းဟာ ဘယ်လိုမှကျိုးကြောင်းခိုင်လုံမှု မရှိဘူးလို.ထင်ပါတယ်။တချို.ကတော့ ဖြစ်ပေါ်လာမယ့် ပြဿနာတွေ
ကို သေသေချာချာကြိုတင်လေ့လာပြီး သင့်တင့်လျောက်ပတ်တဲ့ငွေရေးကြေးရေး သုံးစွဲကုစားပါက လူမှုရေးနဲ
ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေကို အများလက်ခံနိုင်တဲ့ အဆင့်အထိ လျှော့ချနိုင်တယ်လို. ဆိုပြန်ပါတယ်။

          အများသိကြတဲ့အတိုင်း ရေလှောင်တမံစီမံကိန်းတွေဟာ နိုင်ငံရဲ.စီးပွားရေးဖွံ.ဖြိုးတိုးတက်စေဖို.နဲ. လူမှု
အဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်စေဖို. မရှိမဖြစ်တဲ့လျှပ်စစ်စွမ်းအားကို ထုတ်လုပ်ပေးပါတယ်။လူတွေအများ
အပြားနေထိုင်တဲ့မြို. ၊ကျေးရွာ ၊စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးမြေတွေကို ရေလွှမ်းမိုးမှုမှကာကွယ်ပါ
တယ်။ရေသွင်းစိုက်ခြင်းဖြင့် သီးနှံအထွက်နှုန်း ကို တိုးမြင့်စေပြီး သီးထက်စိုက်ပျိုး နိုင်တဲ့ အတွက် လူသားတွေ
ကို ရိက္ခာဖူလုံစေပါတယ်။ သွယ်ဝိုက်ဖန်တီးပေးတဲ့အကျိုးတရားတွေအနေနဲ. ရေလှောင်တမံ စီမံကိန်းတည်
ဆောက်မှုနဲ.ဆက်နွယ်ပြီး လမ်းပန်းဆက်သွယ်ရေး ၊လူမှုဆက်ဆံရေး တွေ၊ ပညာရေး၊ကျန်းမာရေး စတာတွေကို
ကျေးလက်နေ ပြည်သူတွေဟာ ခံစားလာနိုင်ကြပါတယ်။ တောင်သူလယ်သမားတွေဟာ မိမိတို.ရဲ. ကောက်ပဲ
သီးနှံထုတ်ကုန်တွေကို ဈေးကွက်သု.ိ တိုက်ရိုက်တင်ပို.ရောင်းချလာနိုင်တဲ့အတွက် ၀င်ငွေကို တိုးတက်စေပါ
တယ်။

၁။ ရေလှောင်ကန်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
                   ရေလှောင်တမံတွေတည်ဆောက်ခြင်းကြောင့် ပူးတွဲဖြစ်ပေါ်တတ်တဲ့ လေထုတွင်ဖုန်များလာ
ခြင်း၊ မြေလွှာတိုက်စားမှုများလာခြင်း။ မြေသားတွေ တူးဖော်သယ်ယူခြင်း နဲ. စွန်.ပစ်ပစ္စည်းတွေ များလာခြင်း၊
စသည့် တိုက်ရိုက် သဘာဝပတ်ဝန်းကျင် ကို ထိခိုက်တာထက် ရေလှောင်ကန်တည်ဆောက်ခြင်းကြောင့် လယ်
ယာသစ်တောမြေတွေ။ကျေးရွာလူနေအိမ်ရာတွေ ရေဖုံးလွှမ်းမှုဖြစ်ခြင်း နဲ. မြစ်ကြောင်းအောက်ပိုင်းရဲ.ရေစီးရေ
လာ ပြောင်းလဲမှုတွေဖြစ်ပေါ်ခြင်း ဆိုတဲ့အချက်  ၂ ချက်ဟာ အဓိကထိခိုက်မှုတွေဖြစ်ပါတယ်။ ဒီအကျိုးဆက် ၂ ခုဟာ ဇီဝမျိုးကွဲ တို.ကို ထိခိုက်မှုတွေရှိသလို ထိခိုက်မှုအခံရဆုံးကတော့ ရေလှောင်ကန် ပတ်ဝန်းကျင်နေ လူသားတွေ ဖြစ်ပါတယ်။
          ရေလှောင်ကန်ဖြစ်ပေါ်မှုကြောင့် မြေဧရိယာ အများအပြားဟာ ရေဖုံးလွှမ်းခြင်းခံရပါတယ်။ ဒီလိုမြေဧရီ
ယာ တွေထဲမှာ သစ်တောတွေ၊ မြို.ရွာ၊တွေ၊လယ်ယာစိုက်ပျိုးမြေတွေ ပါတတ်ပါတယ်။ သစ်တောတွေထဲမှာ အဖိုးတန် သစ်အမျိုးအစားတွေ ဆုံးရှုံးမှုရှိသလို  သစ်တောတွေထဲမှာ ကျက်စားနေထိုင်ကြတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာလည်း ရေလွှတ်ရာကို ပြောင်းရွှေ.ပြေးကြရပါတယ်။ ရေနေတွားသွားသတ္တ၀ါတွေ တွင်းအောင်းသတ္တ၀ါအချို.တွေကတော့ ရေလွတ်အောင် မပြေးနိုင်ကြတဲ့ အတွက်သေကြေပျက်စီးကြရပါတယ်။
တချို.နေရာတွေမှာ မျိုးတုံးပျောက်ကွယ်တော့မယ့် ဒေသရင်း တိရစ္ဆာန် fauna နဲ.ဒေသရင်း သစ်ပင်မျိုး Flora တွေဟာ ရေဖုံးလွှမ်းမှုကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။

          ရေလှောင်တမံတွေတည်ဆောက်ခြင်းကြောင့် လူသားတွေ အတွက် အကျိုးတရားတွေအများအပြားဖြစ်
လာပေမယ့်ရေလှောင်ကန်တွေနဲ.တည်ဆောက်လာတဲ့ လမ်းတွေ။ ဓာတ်အားလိုင်းတွေဟာလည်း ပတ်ဝန်းကျင်
ကို ဖျက်ဆီးမှုတစ်ရပ်ဖြစ်လာသလို ရေလှောင်ကန်တွေက ဖန်တီးပေးလိုက်တဲ့ လျှပ်စစ်စွမ်းအား ကို အသုံးပြုတဲ့
စက်ရုံ၊အလုပ်ရုံတွေကထွက်လာတဲ့အပူရှိန်တွေ၊အခိုးအငွေ.တွေ၊ရေဆိုးတွေ၊ဘေးထွက်ပစ္စည်းတွေနဲ. ရေသွင်း
စိုက်ပျိုးမှုကြောင့် ပေါ်ထွက်လာတဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေက ထွက်ရှိလာတဲ့ ရေအတွင်း ဓာတုပစ္စည်းတွေပိုများ
လာမှု၊ဆားငန်ဓာတ်လွန်ကဲလာမှု စတာတွေဟာ သွယ်ဝိုက်ပြီး ထိခိုက်မှုတွေဖြစ်ပါတယ်။
          သဘာဝအလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကိုပတ်ဆို. ပြီးရေလှောင်တမံတွေတည်ဆောက်ခြင်း
ဟာ မြစ်ချောင်းတွေရဲ.သဘာဝရေစီးရေလာတွေကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်း မှာ ရေစီးရဲ. ပမာဏ၊ အရည်အသွေး ၊ နုန်းပို.ချမှု ပုံသဏ္ဍာန်နဲ. ရေအသုံးချမှုပုံစံတွေဟာ ပြောင်းလဲကုန်ပါတယ်။ စီးနေတဲ့ ရေစီးတွေ
ကို ထိန်းသိမ်းသိုလှောင်လိုက်တဲ့ အခါ ရေရဲ.ရုပ်ပိုင်း physical ဓာတု chemical နဲ. ဇီဝ Biological ဆိုင်ရာ
ပြောင်းလဲမှုတွေဖြစ်ပေါ်ပါတယ်။ သိပ်ကြီးမားတဲ့ ရေလှောင်ကန်တွေ မှာ ရေဟာ လည်ပတ်မှုမရှိတဲ့အခါ ရေလှောင်ကန်အတွင်းမှာ အလွှာလိုက်ဖြစ်စဉ် stratification ဆိုတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လေ့ရှိပါတယ်။ ရေလှောင်ကန်မျက်နှာပြင်က များသောအားဖြင့် နေရောင်ခြည်နဲ.ထိတွေ.ရတဲ့အတွက် အတော်အသင့် ပူနွေးနေ
တတ်ပြီး ရေလွှာဟာ လှည့်ပတ်ပြီး ရေစီးနှုန်းမြန်တတ်တဲ့သဘောရှိပါတယ်။ ဒီအလွှာကိုတော့ epilimnion လို.ခေါ်ပါတယ်။ ဒီအလွှာရဲ.အောက်ပိုင်းအလွှာဟာ ရေရဲ.အပူရှိန် သိသာစွာ ပြောင်းလဲနေတဲ့ metalimnion
လို.ခေါ်တဲ့အလွှာဖြစ်ပြီး ရေနက်လေ အပူရှိန်လျော့လေလေ ဖြစ်ပ့ါတယ်။ ဒီအလယ်ကအလွှာပြီး နောက်ဆုံး
Hypolimnion ခေါ်တဲ့အလွှာဟာ ရေငြိမ်နေတတ်ပြီး သိပ်အေးတဲ့ ရေအလွှာဖြစ်ပါတယ်။ ဒီအလွှာလိုက်ဖြစ်စဉ်
ကြောင့် ရေလှောင်ကန်ရဲ.နောက်ဆုံးအလွှာက ရေရဲ.အရည်အသွေး ဟာကျဆင်းနေပြီး ရေမှာအောက်စီဂျင်
ဓာတ်ပျော်ဝင်မှု နည်းတတ်ပါတယ်။ အောက်ဆုံးအလွှာဟာ နေရောင်ခြည် ၇ဲ.ထိုးဖောက်မှုမရတဲ့အတွက်
ရေရဲ.ဇီဝဓာတုအောက်ဆီဂျင် လိုအပ်ချက်  Biochemical 0xygen Demand ဟာပြန်လည်ပြည့်ဝခြင်းမရှီဘဲ
ဖြစ်ပါတယ်။
          ဓာတ်အားပေးစက်ရုံတွေက ရေယူ intake အပေါက်တွေ ၊ဆည်မြောင်းရေယူအပေါက်တွေဟာ ရေ
လှောင်တမံတွေရဲ.အောက်ပိုင်းတွေမှာတပ်ဆင်ထားလေ့ရှိတဲ့အတွက် အောက်ဆီဂျင်ဓာတ်ယုတ်လျော့နေပြီး
အအေးဓာတ်လွန်ကဲနေတဲ့ ရေကို ထုတ်ယူသုံးစွဲကြလေ့ရှိတဲ့အတွက် အပူပိုင်းနဲ.သမပိုင်းဇုံတွေမှာစိုက်ပျိုးကြတဲ့
သီးနှံတွေအတွက် တိုက်ရိုက် ဆည်ရေပေးရန် မသင့်လျော်သလို ငါးမွေးမြူရေးလုပ်ငန်းတွေကို လည်းထိခိုက်နိုင်
ကြောင်း တွေ.ရှိရပါတယ်။
          မြစ်ရေစီး တွေမှာ ကျဆင်းလာတဲ့အတွက် နုန်းတွေဟာ ရေလှောင်ကန်အတွင်းတဖြည်းဖြည်း စုပြီးကျ
ဆင်းလာတဲ့အတွက် ရေလှောင်ကန်ရဲ. သုံးစွဲနိုင်မှုဟာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်။ မြစ်တွေ။ချောင်း
တွေဟာ နှစ်စဉ်ရေကြီးတဲ့အခါ ရေစီးနဲအတူ ပါလာတတ်တဲ့ နုန်းတွေကို မြစ်ချောင်းတွေရဲ.ကမ်းပါး ရေလွှမ်းလွင်
ပြင်တွေအပေါ် တင်ကျန်လေ့ရှိပါတယ်။ ဒီသဘာဝအလျောက်ဖြစ်ပေါ်တဲ့ နုန်းတင်မြေတွေဟာ တောင်သူလယ်
သမားတွေအတွက်  သင့်တင့်တဲ့ အပိုဝင်ငွေကို ရရှိစေပါတယ်။ ရေလှောင်ကန်တွေတည်ဆောက်ပြီးေ၇လွှမ်းမိုး
မှုကို ထိန်းချုပ်လိုက်တဲ့အခါ ရေလှောင်ကန်အောက်ပိုင်းဒေသတွေမှာ ဒီနုနုးတင်မြေ စိုက်ပျိုးရေး လုပ်ငန်းဟာ
ကွယ်ပျောက်ခဲ့ရပါတယ်။ ရေလှောင်ကန်က လွှတ်ထုတ်တဲ့ ရေဟာ ရေကြည်တွေဖြစ်လေ့ရှိတဲ့အတွက် တိုက်စားerosion ကို အားပေးပါတယ်။ ဒါကြောင့် တမံတွေရဲ. အောက်ပိုင်း ၊ မြစ်ချောင်းတွေရဲ။. ကမ်းပါးတွေ
ဟာ နှစ်အတော်ကြာတဲ့အထိ ရေတိုက်စားခြင်း ကို ခံရလေ့ရှိပါတယ်။


၂။ သဘာဝပတ်ဝန်းကျင်ကြောင့် ရေလှောင်ကန်ထိခိုက်ခြင်း
          ရေလှောင်တမံတွေက သဘာဝပတ်ဝန်းကျင်အပေါ်တိုက်ရိုက် နဲ.သွယ်ဝိုက်အကျိုးဆက်ဖြစ်ပေါ်စေ
သလို ဒီသဘာဝပတ်ဝန်းကျင်ကလည်း ရေလှောင်တမံတွေကိုပြန်လှန်ပြီး အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ်။
ရေလှောင်ကန်ရဲ. ရေဆင်းဧရီယာ အတွင်းမှာလူသားတွေက မြေ။ရေ။နဲ.အခြားသယံဇာတတွေအသုံးချမှု (ဥ
ပမာ ။ ထွန်ယက်စိုက်ပျိုးမှု၊အခြေချနေထိုင်မှု၊ တောခုတ်ထွင် ရှင်းလင်းမှု ) စတဲ့အပြုအမူတွေကြောင့် ရေလှောင်
ကန်အတွင်းနဲ. မြစ်အောက်ပိုင်းမှာ ရေရဲ.အရည်အသွေး ပြောင်းကုန်တာတွေဖြစ်ပေါ်လာတတ်ပါတယ်။

          အဓိကလက်သည်တရားခံတွေကတော့လူသားတွေပဲဖြစ်ပါတယ်။ လူသားတွေဟာ ရေလှောင်ကန် ပတ်ဝန်းကျင် မှာ လယ်ယာစိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်း နဲ. ထင်းအလိုဌာ တောခုတ်မီးရှို.ခြင်း စတဲ့ အပြု
အမူ ၃ မျိုးနဲ. မြေသားရဲ.မြေဆီလွှာကို ပျက်စီးစေပါတယ်။ မြေသားအပေါ်ယံလွှာ ပျက်စီးရာကစပြီး တိုက်စား
ခြင်း erosion နဲ. နုန်းပို.ခြင်း siltation စတာတွေဟာ ဆက်တိုက်ဖြစ်ပေါ်လာစေပါတယ်။ တိုက်စားခြင်း နဲ.နုန်း
ပို.ခြင်းဟာ အကြောင်းအကျိုး ဆက်စပ်နေပါတယ်။ မြေသားအပေါ်ဖုံးအုပ်နေတဲ့ သဘာဝအပင် ပေါက်ရောက်မှု
Vegetation ဟာ မြေသားကို ရေတိုက်စားခြင်းမှာ အဓိကကာကွယ်ပေးတယ်ဆိုတဲ့  အချက်နဲ. မိုးရေကို ထိန်း
သိမ်းနိုင်တယ် ဆိုတဲ့အချက် ၂ ချက်ဟာ အထင်ကရအချက်ဖြစ်ပါတယ်။.
ရေလှောင်ကန်ရဲ.အထက်ပိုင်း တောင်ကြောတွေမှာ ရွှေ.ပြောင်းတောင်ယာစိုက်ပျိုးခြင်း shifted cultivation ဟာ တိုက်စားမှုကို အကြီးအကျယ်အားပေးပါတယ်။ ရွှေ.ပြောင်းတောင်ယာတွေဖန်တီးဖို. ၊ သစ်တောတွေကို
ခုတ်ထွင်ရှင်းလင်း မီးရှို.ပြီး သဘာမြေသြဇာ ရယူခြင်း ဟာ အဖိုးတန်သစ်တွေ ဆုံးရှုံးစေသလို မြေသားရဲ. အပေါ်ယံအလွှာ soiltilt ကို ပျက်စီးစေပါတယ်။ ရွှေ.ပြောင်းသွားပြီး စွန်.ပစ်ခဲ့တဲ့ တောင်ယာမြေတွေဟာ သင့်
တင့်တဲ့ အပင်ပေါက်ရောက်ဖုံးအုပ်မှု မရရှိသေးခင်မှာ  မိုးရေ ရဲ.တိုက်စားခြင်း ကို ခံရပါတယ်။
          အာဖ၇ိကတိုက် တန်ဇာနီိယားနိုင်ငံ မပွားပွား mpwapwa ဆိုတဲ့အရပ်မှာ  အပင်ဖုံးအုပ်မှုအမျိုးမျိုးရှိတဲ့
မြေသားတွေရဲ. တိုက်စားမှုအခြေအနေကို ၂ နှစ်တာ လေ့လာခဲ့ပါတယ်။
          ဒီလေ့လာမှုရလဒ်အရ အပင်ဖုံးအုပ်မှုမရှိတဲ့ မြေသားပြောင်တွေဟာ သစ်တောဖုံးလွှမ်းထားတဲ့ မြေသား
ထက် အဆ ၁၀၀ ခန်.တိုက်စားနှုန်းမြင့်မားကြောင်းတွေ.ရှိရပါတယ်။
          တိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့နုန်းတွေမှာ မြေသြဇာ ဓာတ်အမျိုးမျိုး ပါဝင်သွားတတ်တာကြောင့် ရေလှောင်ကန်တွေထဲမှာ ရေမှော်ပင် water weed အမျိုးမျိုး ကို အလျင်အမြန်ပေါက်ပွားလာစေပါတယ်။ ရေ
လှောင်ကန်အတွင်းမှာ ရေမှော်တွေရှိတာ ငါးသန်တွေကြီးထွားရှင်သန်ရေးအတွက် ခိုလှုံစရာနေရာဖြစ်တဲ့အပြင်
ငါးစာဖြစ်တဲ့ ပိုးမွှားကောင်တွေ ပေါက်ဖွားတတ်တာကြောင့် ငါးမွေးမြူရေးကို အကျိုးဖြစ်ထွန်း စေသော်လည်း ရေလှောင်ကန်ရဲ.ရေသိုလှောင်မှုနဲ. အင်၈ျင်နီယာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုလုပ်ငန်းတွေကို ထိခိုက်နှောင့်ယှက်စေ
ပါတယ်။ ရေမှော်ပင်တွေဖုံးအုပ်မှုကြောင့် ရေလှောင်ကန်မျက်နှာပြင် က ပင်ငွေ.ပြန်မှု evapotranspiration ဟာ
သာမန်ကန်ရေမျက်နှာပြင် က ရေငွေ.ပြန် နှုန်း evaporation ထက်ပိုပြီး များပြားတတ်တဲ့အတွက် ရေလှောင်
ကန်အတွင်းက ရေကို နှစ်စဉ် ပိုမိုဆုံးရှုံးတက်ပါတယ်။ အလားတူ ရေစီး နှုန်းကို အတန်ငယ် တန်.စေတဲ့ အမြစ်
ရှည် တတ်တဲ့ ရေမှော်ပင်တွေဟာ ရေစီးမှာ ပါလာတတ်တဲ့ နုန်းအနယ်ထိုင်မှုကို တိုးပွားစေပါတယ်။
          ရေယူအဆောက်အဦးတွေ။ရေထုတ်ပေါက်တွေအနားမှာရှိတဲ့ ရေလှောင်ကန်မျက်နှာပြင်မှာရေမှော်ပင်
တွေ ပိတ်ဆို.ခြင်းဟာ ရေအားလျှပ်စစ်စက်ရုံတွေရဲ. မောင်းနှင်ထိန်းသိမ်းမှုကို အနှောင့်အယှက်ဖြစ်ပေါ်စေပါ
တယ်။ အလားတူရေမှော်ပင်တွေဟာ ရောဂါပိုးသယ်ဆောင်တဲ့ခြင်နဲ. ပက်ကျိ၊ခရုတွေ ပေါက်ပွားရာနေရာလည်း
ဖြစ်တတ်ပါတယ်။

၃။ ကျန်းမာရေးထိခိုက်မှု
          စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုနောက်ကျတဲ့  တောထဲတောင်ထဲက နေရာဒေသတွေမှာ ရေသယံဇာတဖွံ.ဖြို
ရေးစီမံကိန်းတွေ တည်ဆောက်ခြင်းဟာ မူလကျေးလက်နေ ပြည်သူတွေရဲ. ကျန်းမာရေးကို ထိခိုက်မှုရှိသလို  စီမံကိန်းလုပ်သားတွေရဲ. ကျန်းမာရေးကိုလည်း ထိခိုက်မှုရှိကြောင့်တွေ.ရှိရပါတယ်။
          စီမံကိန်းဧရိယာမှာ မူလကတည်းက နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေဟာများသောအားဖြင့် ရှေးရိုးအစွဲ ရှိတဲ့ပြည်သူတွေဖြစ်ကြသော်လည်း သူတို.ရဲ. သောက်ရေ သုံးရေ သုံးစွဲမှု အညစ်အကြေးစွန်.ပစ်မှု
တွေဟာ သူတို.အသိုက်အ၀န်းရဲ. လိုအပ်ချက်နဲ. သူတို.ရဲ. ကျန်းမာရေး အဆင့်ဟာ ကိုက်ညီတယ် လို. ဆိုနိုင်ပါ
တယ်။သို.သော်လည်း တည်ဆောက်ရေးလုပ်သားတွေ အစုလိုက်အြ့ပုံလိုက်  ၀င်ရောက်လာတာဟာ ကျန်းမာ
ရေး အန္တရာယ် ၂ မျိုး ကိုဖြစ်စေတယ်လို. ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပထမအချက်က ဒီနေရာဒေသတွေ
ကို အသစ်ရောက်ရှိလာတဲ့ တည်ဆောက်ရေးလုပ်သားတွေကြောင့် ရောဂါအမည်သစ်တွေဖြစ်ပေါ်လာစေပါ
တယ်။ တည်ဆောက်ရေးလုပ်သားတွေဟာ နေရာဒေသတစ်ခုက တစ်ခုကို ရွှေ.ပြောင်းလုပ်ကိုင်နေရသူတွေဖြစ်
တဲ့အတွက် ရောဂါမျိုးစုံကိုသယ်ဆောင်သူတွေဖြစ်လေ့ရှိပါတယ်။ ကနဦးမှာ လုပ်သားတွေပြောင်းရွှေ.လာကြပြီး
နောက်ပိုင်းမှီခိုသူတွေပ လိုက်လာလေ့ရှိတဲ့ အတွက် စီမံကိန်းစခန်းတွေမှာ နေထိုင်စရာ အဆောက်အဦးတွေ
ချက်ချင်း အဆင်သင့် မဖြစ်တတ်တာက များပါတယ်။
          ဒုတိယအချက်ကတော့  စီမံကိန်းနဲ.တိုက်ရိုက်မသက်ဆိုင်တဲ့ ပြင်ပလုပ်သားတွေ၊အလုပ်ရှာလာကြတဲ့
လုပ်သားတွေ၊  စီမံကိန်းလုပ်ငန်းကို အထောက်အကူပြုပေးမယ့် အခြားဝန်ဆောင်မှုအလုပ်တွေကို လာရောက်
လုပ်ကိုင်ကြတဲ့ လူတွေအစသဖြင့်  လူပေါင်းစုံ ဟာစုပြုံပြီး လာရောက်တဲ့အတွက်  စီမံကိန်းစခန်းက စီစဉ်
ဆောင်ရွက်ပေးတဲ့ ကျန်းမာရေး၊ သောက်သုံးရေ။ နဲ. အညစ်အကြေး စွန်.ပစ်မှု အစီအစဉ်တွေဟာမလုံ
မလောက်  ဖြစ်တတ်ကြပါတယ်။ ဒီလို  လူဦးရေ စြု့ပုံကျရောက်မှုတွေဟာ ကူးစက်ရောဂါ တွေဖြစ်စေဖို. ဖန်တီး
နေသလို ဖြစ်ပါတယ်။ များသောအားဖြင့်  မသန်.ရှင်းတဲ့ရေနဲ. အစားအသောက်တွေကြောင့် ဖြစ်ပေါ်တတ်တဲ့
အစာအိမ်နဲ. အူလမ်းကြောင်းတွေဆိုင်ရာ ရောဂါဖြစ်တဲ့ ၀မ်းလျှော၊ ၀မ်းပျက် ၊အူရောင်ငန်းဖျား၊၀မ်းရောဂါတွေ
အပြင် အသည်းရောင် ရောဂါ တွေဟာ စီမံကိန်းတည်ဆောက်ရေးစခန်းတွေမှာ အများဆုံးဖြစ်ပွားတတ်ကြောင်း
တွေ.ရပါတယ်။
          နောက်တဖန် အပြန်အလှန်အားဖြင့် ဒေသမှာ မူလကတည်းက ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို အသစ်
ရောက်လာတဲ့     တည်ဆောက်ရေးအလုပ်သမားတွေနဲ.မိသားစုတွေက ယဉ်ပါးမှုမရှိတဲ့အတွက် ဒီရောဂါကူး
စက်မှုဖြစ်ပွားစေပါတယ်။ အပူပိုင်းဒေသတည်ဆောက်ရေးလုပ်ငန်းမှာတွေ.ရှိမှု အများဆုံး ဟာ ဌက်ဖျားရောဂါ
ဖြစ်ပါတယ်။ နောက် ရေသယံဇာတဖွံ.ဖြိုးမှုလုပ်သားတွေမှာဖြစ်တတ်တဲ့ ရောဂါတစ်မျိုးကတော့ ရှစ်တိုဆိုမေး
အားစစ် Schhstosomiassis ခေါ် ပက်ကျိ ရောဂါ snail fever ဖြစ်ပါတယ်။. ညစ်ညမ်းပြီး ရေစပ်စပ်ပဲရှိတတ်တဲ့ အိုင်ငယ် ၊ရေကန်အစပ်၊တူးမြောင်း၊တူးဆွပြီး စွန်.ပစ်ထားတဲ့ ရေအိုင်တွေမှာ ပေါက်ပွားတတ်တဲ့ ပက်ကျိကောင်
တွေမှာ တွယ်ကပ်နေတဲ့ ကပ်ပါးပိုးတွေ ရေထဲဆင်းပြီး အလုပ်လုပ်ကြတဲ့လုပ်သားတွေ၊ ရေချိုးသူတွေရဲ. အရေ
ြ့ပားအတွင်း၊ ထိုးဖောက်ဝင်ရောက်ရာမှာ ဆီးလမ်းကြောင်းနဲ.အစာအိမ်လမ်းကြောင်းဆိုင်ရာနာတာရှည်ရောဂါ
တစ်မျိုးကိုဖြစ်ပွားစေပါတယ်။ ကမ္ဘာတ၀န်း အပူပိုင်းဒေသတွေမှာ တွေ.ရှိရပြီး အာရှဒေသမှာတော့ ဂျပိုးနီကမ်
Japonicum နဲ.မဲခေါင်ဂီ Mekongi ဆိုတဲ့ ကပ်ပါးပိုးမျိုးတွေကြောင့် ဒီရော၈ါတွေဖြစ်ပွားတယ်လို.ဆိုပါတယ်။
အပူပိုင်းဒေသမှာ ဖြစ်တတ်တဲ့ နောက်ရောဂါတစ်မျိုးကတော့   အွန်ကိုဆာကေးအေးစစ် Onchocercaisis
ခေါ်မျက်စီကွယ်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ပထမအရေပြားတွေယားယံတာကနေ တဖြည်းဖြည်း အရေပြား
အောက်မှာ အဖုအကျိတ်တွေပေါ်ထွက်လာပြီး နောက်ဆုံး မျက်စိကွယ်တဲ့အထိ ဖြစ်တတ်တဲ့ရောဂါ ဟာ အာဖရိ
ကအလယ်ပိုင်းက ရေသယံဇာတဖွံ.ဖြိုးရေး စီမံကိန်းတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီရောဂါဇစ်မြစ်ဟာ ဆီမူလီယမ်
Simulium လို.ခေါ်တဲ့ ယင်အမည်းတွေကြောင့် ကိုက်ခံရမှုကြောင့်ဖြစ်ပါတယ်။ ဒီယင်အမည်းတွေဟာ ရေစီးနှုန်း
မြန်တတ်တဲ့ မြစ်ချောင်းတွေမှာ ပေါက်ပွားပြီး တာတမံတွေတည်ဆောက်ရာမှာ မြစ်ချောင်းတွေ ပိတ်ဆို.မှု
ကြောင့် ရေစီးနှုန်း မြန်လာတတ်တဲ့နေရာတွေမှာ ပေါက်ပွားမှုနှုန်း တိုးလာတယ်လို. ဆိုပါတယ်။

၎။ လူမှုရေးထိခိုက်မှု
          ဖွံ.ဖြိုးနောက်ကျနေတဲ့ ကျေးလက်ဒေသတွေမှာ ရေသယံဇာတဖွံ.ဖြိုးမှုစီမံကိန်းတွေတည်ဆောက်ခြင်း
ဟာ ပတ်ဝန်းကျင်ကျေးလက်တွေမှာ စားသောက်ကုန် ဈေးနှုန်းတွေ၊အလုပ်သမားဌားရမ်းခတွေ၊ဈေးနှုန်းတွေမြင့်
တက်လာစေပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေနဲ.ဆက်နွယ်နေတဲ့ အထောက်အကူပြုလုပ်ငန်းတွေမှာ
အလုပ်သမားတွေလိုအပ်ချက်တွေများလာတော့ လယ်ယာစိုက်ပျိုး ရိတ်သိမ်းချိန်တွေမှာ ပတ်ဝန်းကျင်
ကျေးလက်တွေမှာ အလုပ်သမားတွေ ရှားပါးမှုတွေ ကြုံတွေ.လာတတ်ပါတယ်။ရေလှောင်တမံတွေဟာ ဒေသခံ
တွေရဲ. အိမ်ရာတွေ၊ လယ်ယာမြေတွေကို ရေမြုပ်မှာဖြစ်တဲ့အတွက် ရေလွှတ်ရာနေရာတွေကို ရွှေ.ပြောင်းကြရပါ
တယ်။ ဒီလိုရွှေ.ပြောင်းပေးမှုတွေကို ကမ္ဘာ.ဘဏ်က အတင်းအဓမ္မရွှေ.ပြောင်းနေရာချမှု involuntary resettlement လို.သတ်မှတ်ပြီး ဘဏ်ရဲ. မူဝါဒဟာ ရွှေ.ပြောင်းမှုလုံးဝမရှိတဲ့ သို.မဟုတ် အတတ်နိုင်ဆုံး ရွှေ.
ပြောင်းမှုနည်းပါးတဲ့ ရေသယံဇာတဖွံ.ဖြိုးမှုစီမံကိန်းတွေကိုသာ ငွေကြေးချေးဌားထောက်ပံ့လေ့ရှိပါတယ်။ ရေ
လှောင်တမံတွေကြောင့် မဖြစ်မနေ ရွှေ.ပြောင်းမှုတွေရှိခဲ့ရင်လည်း ရွှေ.ပြောင်းရေးစီမံချက်တွေကို ကြိုတင်စီစဉ်
ပြီး ရေးဆွဲပြီး စီမံကိန်းကို အကောင်အထည်ဖော်သူတွေက ငွေကြေးအကုန်အကျခံပြီး ဒေသခံတွေရဲ. မူလ
လူနေမှု   အဆင့်အတန်း၊မူလ၀င်ငွေရရှိတဲ့ အခွင့်အလမ်းတွေထက် မနိမ့်ကျတဲ့  အစီအစဉ်တွေကို ဖန်တီးပေး
ကြရပါတယ်။ ဘယ်လောက်ပဲ အဆင့်မြင့်ပြီး ပြည့်စုံတဲ့ အစီအစဉ်တွေ၊ ပတ်ဝန်းကျင်တွေကို ဖန်တီးစီစဉ်ပေး
သော်လည်း ရွှေ.ပြောင်းခံရသူတွေ ဟာ ရွှေ.ပြောင်းမှုနဲ.ပက်သက်တဲ့ စိတ်သောကရောက်မှု relocation anxiety ဆိုတဲ့ စိတ်ရောဂါဖြစ်ပွားရကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စက်မှုထွန်းကားပြီး ဖွံ.ဖြိုးတိုး
တက်နေတဲ့ မြို.ကြီးပြကြီး တွေကို ပြောင်းရွှေ.မနေကြဘဲ မိမိတို.ရဲ. မွေးရာဒေသမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ကြသူတွေဟာ ရောင့်ရဲတင်းတိမ်ကြသူတွေဖြစ်ကြပါတယ်။ ဒီအရပ်ဒေသမှာ မွေး။ ဒီအရပ်ဒေသတွေကြီး
ကြပြီး ဒီအရပ်ဒေသတွေမှာပဲ ခေါင်းချကြတဲ့ သူတွေဟာ သူတို.ရဲ. ပတ်ဝန်းကျင်၊အိမ်နီးနားချင်း။ဘုရားကျောင်း
တွေ စတာတွေကို ခင်တွယ်သံယောဇဉ်ရှိကြပါတယ်။ ပြောင်းရွှေ.ရမယ့် နေရာအသစ်တွေမှာ နေရေးထိုင်ရေး
အဆင်ပြေပါ့မလား၊ ဘယ်လိုလုပ်ကိုင်စုားသောက်ကြမလဲ၊အိမ်နီးချင်း ပတ်ဝန်းကျင်တွေကရော အဆင်ပြေပါ့
မလား၊ စသဖြင့် မရောရာမှုတွေကို တွေးတောစဉ်းစားပြီး စိတ်ပူပန်မှုတွေ ဖြစ်တတ်ကြပါတယ်။

၅။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း
           ကမ္ဘာတ၀န်းမှာ နှစ်ပေါင်းများစွာ ရေလှောင်ကန်ကြီးတွေတည်ဆောက်ခဲ့တဲ့ အတွေ.အကြုံအရ ရေလှောင်တမံတွေတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုးကျိုးတွေို ကနေ.အချိန်မှာ သိသာမြင်သာ
ဖြစ်နေပါပြီ။ ဒါကြောင့် ကနေ.အချိန်မှာ ဒီလို ရေသယံဇာတ ဖွံ.ဖြိုးမှုစီမံကိန်းတစ်ခုခုကို အကောင်အထည်
ဖော်တော့မယ်ဆိုရင်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း Enviromental impacts Assessment
EIA ဆိုတဲ့ ဆန်းစစ်လေ့လာမှုတစ်ရပ်ကို စီမံကိန်း၇ဲ.ပုံစံထုတ်လုပ်မှုအဆင့်မှာ ကတည်းက မဖြစ်မနေထည့်သွင်း
ဆောင်ရွက်လာကြရပါတယ်။ မိမိရွေးချယ်အကောင်အထည်ဖော်လိုက်မယ့် စီမံကိန်းဟာသဘာဝပတ်ဝန်းကျင်
အခြေအနေနဲ.လိုက်လျောညီထွေရှီရဲ.လား၊ ထိခိုက်မှုအနည်းဆုံးပဲလား၊ စီမံကိန်းသက်တမ်းတလျှောက်မှာ ဖြစ်
ပေါ်လာမယ့် အဆိုးတရားတွေကို ကြိုတင်ဖော်ထုတ်ပြီး သိရှိပြိး ရှောင်လွဲပြီးပြီလား၊ ဒါမှမဟုတ် ဘယ်လိုကုစား
နည်းတွေနဲ.ကုစားဖို. စီစဉ်ပြီးရဲ.လားဆိုတာတွေကို ဘက်ပေါင်းစုံက လေ့လာဆန်းစစ်မှုပြုလုပ်ရခြင်းဖြစ်ပါတယ်။
ဒီသဘာဝပတ်ဝန်းကျင် ထိခိုက်မှုလေ့လာခြင်း အစီရင်ခံစာမှာ ရွေးချယ်လိုက်တဲ့ စီမံကိန်းရဲ.ရင်းနှိးမြုပ်နှံမှု၊စီမံ
ကိန်းတည်နေရာ၊ နည်းပညာနဲ. ပုံစံဒီဇိုင်းတွေနဲ.အခြားသော နည်းလမ်းတွေနဲ. သဘာဝပတ်ဝန်းကျင်ရှုထောင့်
က စနစ်တကျ နှိုးယှဉ်လေ့လာပြဖို.လိုအပ်ပါတယ်။ ဒီနောက် စီမံကိန်းဒေသနဲ. ပတ်ဝန်းကျင်၇ဲ. စီမံကိန်းမတည်
ဆောက်ခင်မှာ  ပတ်ဝန်းကျင်ဆိုင်၇ာ ကဏ္ဍအသီးအသီးရဲ.မူလအခြေခံအချက်အလက် baseline data တွေကို
တင်ပြရပါမယ်။ ဒီလို ကဏ္ဍအလိုက် အခြေအနေတစ်ခုချင်းအလိုက်အပေါ်မှာ စီမံကိန်းတည်ဆောက်မှုကြောင့်
တိုက်ရိုက် သို.မဟုတ် သွယ်ဝိုက်ပြီး ထိခိုက်လာနိုင်ဖွယ်ရှိတဲ့ကိစ္စရပ်တွေကိုရှင်းလင်းဖော်ပြရပါမယ်။ ထိခိုက်မှု
တိုင်းကိုကြိုတင် ကာကွယ်ခြင်း prevention လျော့ပါးသက်သာစေခြင်း mitigation နဲ.ပေးလျော်ခြင်း
Compensation စတဲ့ အစီအစဉ်တွေကို စီမံချက်အသွင်ပြုစုဖို.လိုအပ်သလို ပတ်ဝန်းကျင်  ဆိုင်ရာ စီမံခန်.ခွဲခြင်
နဲ. ပညာပေးအစီအစဉ်တွေ စောင့်ကြပ် စစ်ဆေးမှု monitoring အစီအစဉ်တွေကိုပါ စုံလင်အောင် ဖော်ပြကြရပါ
တယ်။ စီမံကိန်းစတင်တည်ဆောက်ကတည်းက  ရေလှောင်တမံနဲ. ပတ်ဝန်းကျင်တစ်ဝိုက်ရဲ. ကဏ္ဍအလိုက်
ထိခိုက်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဖော်ပြပြီးဖြစ်တဲ့ အစီအစဉ်တွေအတိုင်း စီမံကိန်းအကောင်အထည်ဖော်
သူတွေက ငွေကြေးအကုန်အကျခံပြီး ဆောင်ရွက်ပေးဖို.လိုပါတယ်။ ဒီပတ်ဝန်းကျင်ထိခိုက်မှု စီမံချက်နဲ. ပတ်
သက်တဲ့ စီမံကိန်းတစ်ခုလုံးရဲ.ကုန်ကျစရိတ်ထဲမှာ မူလကတည်းက လျာထားပါဝင်ထားပြီးဖြစ်ရပါတယ်။

          ပတ်ဝန်းကျင်ဆိုင်ရာ ဘက်တော်သားတွေကတော့ဘယ်လောက်ပဲကောင်းမွန်တဲ့ အစီအမံတွေ။ စီမံချက်တွေကို ကနဦးမှာ ရေးဆွဲစီစဉ်သော်လည်း ဒီကနေ. ဆောင်ရွက်နေကြတဲ့ ကမ္ဘာတ၀န်းက ရေသယံဇာတ စီမံကိန်းကြီးတွေမှာ  စီမံချက်တွှေအတိုင်း ဆောင်ရွက်ပေးရန် ပျက်ကွက်ကြကြောင်း၊
မသမာမှုတွေရှိနေကြောင်း ထောက်ပြဝေဖန်နေကြပါတယ်။
           လူသားတွေဟာ လူနေမှုအဆင့်အတန်းမြင့်မားစွာ အသက်ရှင်နေထိုင်ရေးအတွက် ရေလှောင်တမံ
စီမံကိန်းတွေကို ဆက်လက်တည်ေ်ဆာက်ကြဦးမှာဖြစ်ပါတယ်။ ဒိလိုတည်ဆောက်ကြရာမှာ ရေလှောင်တမံ
တွေရဲ. လူသားတွေနဲ. သဘာဝပတ်ဝန်းကျင်အပေါ်မှာ ထိခိုက်နစ်နာမှုတွေကို ကောင်းစွာ သိရှိပြီးဖြစ်တဲ့အတွက်
မိမိတို. ရွေးချယ်တည်ဆောက်မယ့် စီမံကိန်းတွေ၇ဲ. ကနဦးပုံစံ၊ ထုတ်လုပ်မှုအဆင့်ကတည်းက ထိခိုက်နိုင်မှုမှန်
သမျှကို တတ်နိုင်သမျှ ရှောင်ရှားပြီး ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ ဖွံ.ဖြိုးမှုပုံစံတွေကို ရွေးချယ်ဖို. လိုအပ်ပါတယ်။
အကောင်အထည်ဖော်စဉ်ကာလမှာလည်း လျော့ပါးသက်သာစေမယ့် အစီအစဉ်တွေ၊ ပေးလျော်မှုအစီအစဉ်
တွေကို စနစ်တကျ ဆောင်ရွက်ပေးခြင်းဖြင့် ရေသယံဇာတ ဖွံ.ဖြိုးမှုစီမံကိန်းတွေရဲ.ထိရောက်တဲ့အကျိုးစီးပွား
တွေကို ခံစားရရှိနိုင်မှာဖြစ်ပါကြောင်း။ ။

ရည်ညွန်း။ ။ SWECO; 1976. Ecological Studies of the Mtera Basin .Stockholm .Sweden
2. NEWJEC , 1978 .Report  Power Development Survey –Feasibility Study on Paunglaung
Hydroelectric Project , Osaka .Japan
3.NEWJEC . 1978 .Supporting Report for Environmental Assessment Stage II .Study of
Citarum Hydroelectric Feasibility Study .Osaka .Japan
4.NORCONSULT.A.S 1981 , Interim Evalution Report on Paunglaung Hydropower Prjects
5. Enviroment Department , World Bank 1991 , Environmental Assessment SourceBook”
6.Win Kyaw , 1995 , Environmental Impacts of Water Resources Development Project “
Journal of Civil Engineering Vol. 1 , No.2 , Nov 1995 YIT , Yangon

ရိုသေစွာဖြင့်
ကိုဇန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...