Monday, July 4, 2011

နန်းအချခံခဲ့ရတဲ့ မြို့ 



ကိုယ့်မြို့ ကို အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်

ရန်ကုန်ဟာ

လျှပ်စစ်မီးမရတဲ့ညနဲ့ 

နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ

ခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်

ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာ

သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ

နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 

တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်

ကြားတာကို ကြားသလိုမှတ်ကြည့်တော့

အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ

မီးလာတုန်းမှာ အလုအယက် ရေစက်မောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ

လှည်းတန်းမီးပွိုင့်ကလိုင်စင်ရဓါးမြ(ဘဲဥ)တွေရဲ့ဓါးမြတိုက်သံတွေ

ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 

ရန်ကုန်မှာ

အသံစုံနေတော့တယ်။



(ကောင်းကင်ကို)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...