မြန်မာ့အရေးလှုပ်ရှားမှု ပြဿနာများ
Min Thant Syn created a doc.
မလုပ်တာနဲ့စာလျှင် လုပ်တာကပိုကောင်းတယ်ဆိုတဲ့ အယူအဆသည် လုံးဝမှားယွင်းသော အယူအဆဖြစ်သည်။ No news is good news နှင့် “ ထိုင်နေရင်အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ ” ဆိုတဲ့ သဘောတရားများကိုလည်း နားလည်ဖို့ လိုပါတယ်။ ဘာမှ မလုပ်ဘဲ နေရမှာလားဆိုတဲ့ ခတ်တုံးတုံး ... အမေးမျိုးလည်း မေးတတ်ကြပါတယ်။ ဟုတ်ပြီ၊ အလုပ်လုပ်သည်၊ လှုပ်ရှားကြသည်ဆိုတဲ့ အခါမှာ ကိုယ်လုပ်တဲ့ လှုပ်ရှားမှုဟာ လူထုအတွက် အကျိုးဖြစ်မလား၊ အဆိုး ဖြစ်မလားဆိုတာ ပထမဆုံး ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။အကျိုးရှိသည်ဆိုဦးတော့ ရေတိုသာဖြစ်ပြီး ရေရှည်မှာ အဆိုးဖြစ်လာနိုင်သာလားဆိုတာလည်း
အကျိုးအမြတ်ဆိုတာကကော ဘယ်သူ့အတွက်လည်း မိမိအတွက်၊ မိမိနှင့် အပေါင်းအပါတို့အတွက် အဖွဲ့အစည်းနဲ့ ပါတီအတွက်ဆိုရင် မှားပါလိမ့်မည်။ နိုင်ငံရေးလှုပ်ရှားမှု့တိုင်းသည်
ဒီနေရာမှာ မြတ်ဗုဒ္ဓ၏ နု မှာ ငါးရာနိပါတ်တော်ထဲမှ ငါးသုံးကောင်ဇာတ်လမ်းကို တင်ပြချင်ပါတယ်။ တံငါသည်တဦးက ငါးသုံးကောင်ကို ဖမ်းမိပြီး လှေဝမ်းထဲမှာ ထည့်ထားလိုက်ပါတယ်။ ငါးသုံးကောင်ထဲမှ ပထမ ငါးတကောင်က လှေဝမ်းထဲမှ လွတ်မြောက်အောင် ဝီရိယကြီးစွာနဲ့ တဖြတ်ဖြတ် ခုန်ထွက်နေတယ်။ ဒီတော့ တံငါသည်က လှော်တက်နဲ့ ထုပြီးသတ်လိုက်တယ်။ ဒုတိယ ငါးကတော့ ကံကောင်းရင်လွတ်မှာပဲဆိုပြီး အိပ်လို့သာနေပါတယ်။ တတိယ ငါးကတော့ ပညာဥာဏ်နဲ့ သုံးသပ်ပြီး၊ လှေအစောင်းမှာ တအားကုန် ခုန်လိုက်တာ လွတ်မြောက်သွားပါတယ်။ ဒီဇာတ်တော်ရဲ့ နမူနာ အတိုင်းဆိုရင် တတိယငါးလို အခြေအနေ၊ အချိန်အခါနဲ့ အကျိုးအမြတ်ကို ကြည့်ပြီး လှုပ်ရှားဖို့ပါပဲ။ သူများ ပရီပိုဇယ်ကိုယူပြီး အချက်အလက်တွေတင်ပြဖို့ အမြဲမပြတ် လှုပ်ရှားမှု့တွေပြုပေးနေရတဲ့ အဖြစ်မျိုးကို ကြုံတွေ့နေရသူတွေကတော့ တံငါသည်ရဲ့ လှော်တက်စာ ဖြစ်ကုန်တာပါပဲ။ သို့သော် ထူးခြားချက်က လှော်တက်စာဖြစ်သွားတဲ့ အထဲမှာ ပြည်ပရောက်နေ သူများမပါကြပါဘူး။ နေမြဲ၊ စားမြဲပါ။ ပြည်တွင်းကလှုပ်ရှားသူများကသာ အစဉ်အမြဲ လှော်တက်စာမိနေကြရတာပါ။ အနာခံမှအသာစံရတယ်၊ စွန့်မှ စားရတယ်ဆိုတာ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ရတာမျိုးပါ။ အစဉ်အမြဲစွန့် နေစရာ၊ အနာခံနေစရာမျိုးမဟုတ်ပါဘူး။
ပြည်ပတွင်နိုင်ငံရေးလှုပ်ရှားမှု့
ဒီနေရာမှာ ပြည်ပရောက် အတိုက်အခံအင်အားစုတွေကို ဇောင်းပေးတင်ပြလိုပါသည်။ ဘုံရပ်တည်ချက် မရှိဘူး ဆိုတာလည်း ဗူးပေါ်သလိုပေါ် နေပါတယ်။ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရပြုတ်ကျရေးဆိုတာလောက်န
ပြည်ပတွင်နိုင်ငံရေးလှုပ်ရှားမှု့
နောက် နှစ်ပေါင်းငါးဆယ်၊ တစ်ရာလောက်ရှိခဲ့ရင် ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှ ယနေ့အထိ သမိုင်းကာလကို ဘယ်လို မှတ်တမ်းတင် ကြမလဲ။ မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာ့သားကောင်းဇာနည်များ ပြည်ပကိုထွက်ပြီး ဘယ်လို လှုပ်ရှားနေကြသလဲ။ အမှန်အတိုင်း သာ မှတ်တမ်းတင်ကြလို့ရှိရင် ရှက်စရာကောင်းတဲ့ မြန်မာ့သမိုင်းများ ဖြစ်သွားလေ မလားလို့  စိုးရိမ်နေမိပါတယ်။
စစ်အစိုးရကိုတိုက်ဖို့ နယ်စပ်ကိုထွက်ကြ၊ အဲဒီမှတဆင့် တတိယနိုင်ငံများကိုရောက်ကြ၊ အချို့လည်း ပတ်စပို့တွေရပြီး နယ်စပ်မှာပြန်နေကြ နယ်စပ်ဆိုတာလည်း သူများနိုင်ငံထဲမှာနေကြရ၊ အားလုံးကတော့ ပြည်ပရောက်ဟုဆိုနိုင်ပါတယ်။ ကံကောင်းတာက အဖွဲ့တွေဖွဲ့ပြီး ပရီပိုဇယ် ခေါ် ထောက်ပံ့ကြေးငွေတွေကို နိုင်ငံခြား NGO တွေ၊ အဖွဲ့အစည်းတွေဆီက ရလိုက်ကြနဲ့ မြန်မာ့ပရီပိုဇယ် နိုင်ငံရေးကာလကြီးထဲကို ဖြတ်သန်းနေကြရပါပြီ။ ပရီပိုဇယ်နိုင်ငံရေး ဝဲဂယက်ထဲမှာ ရုန်းမထွက်နိုင်ကြတော့ဘဲ စုံးစုံးမြုပ်ရတော့မည့် အခြေကို ဆိုက်နေကြပြီလားလို့ မေးစရာဖြစ်နေပါပြီ။ အခု နောက်ဆုံး ကြားရတဲ့ လှုပ်ရှားမှုကတော့ န.အ.ဖ ကို ကုလသမဂ္ဂထဲက ဖယ်ထုတ်ရေးတဲ့ ပြီးတော့ သန်းရွှေတို့ကို နိုင်ငံတကာ စစ်ခုံရုံးကို တင်ရေးတဲ့။
တော်တော်အရေးပါတဲ့ ကိစ္စတွေကို ဆောင်ရွက်လှုပ်ရှားနေကြပါတယ်။ ပရီပိုဇယ်ဆိုတာကလည်း တခုခုတော့ လုပ်နေဦးမှ၊ ရပ်နေလို့ မဖြစ်ဖူး၊ ဒီတော့ ပြည်သူ့အတွက် အကျိုး ရှိမရှိတွေ သိပ်စဉ်းစားနေလို့ မဖြစ်ဖူးပေါ့။ လှုပ်ရှားမှု့တွေ မရပ်မနား လုပ်နေကြရတော့မှာပေါ့။ ရှစ်ဆယ့်ရှစ်ရဲ့ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်း (ပြည်ပ) ကို ကြည့်ရင် “ ပရီပိုဇယ် ” နိုင်ငံရေးသမိုင်းလို့ ဆိုရပါလိမ့်မယ်။ “ သူ့ ဆန်စားရဲမှ ” ဆိုသလို သူ့ငွေကို ယူရင်တော့ အမြဲပဲ လှုပ်ရှားမှု့တွေ လုပ်နေရတော့မှာပါ။ ပြည်ပရောက် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသည် ကံကောင်းသလား၊ ကံဆိုးသလားတော့ မပြောတတ်ပါ။ အဖွဲ့တွေကြိုက်သလောက် ဖွဲ့ရတယ်။ မူဝါဒစည်းမျဉ်းစည်းကမ်း၊ ရည်ရွယ်ချက်တွေ ချမှတ်ကြရေးကြ၊ စာရွက်ပေါ်မှာ စံနစ်ကျဖို့လိုတယ်။ အရေးကြီးတာက ဗိုလ်လိုကောင်းကောင်းတတ်ဖို့ အဓိကကျတယ်။ ပြီးရင် NGO တွေနဲ့ ရအောင်ချိတ်၊ ပရီပိုဇယ်ရဖို့ သေချာသလောက်ပါပဲ။ လက်နက်ကိုင် တိုက်ပွဲမှ လွဲလို့ပေါ့။ ပရီပိုဇယ်တွေနဲ့ ကမ္ဘာ့ပတ်ပြီး လှုပ်ရှားကြတယ်။ နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ လုပ်ကြတယ်။ ပြည်တွင်းမှာလည်း လုပ်ကြတယ်။ ယနေ့ အဖြေဘယ်လိုထွက်နေပြီလဲ၊ အနှစ်နှစ်ဆယ် လှုပ်ရှားမှုတွေကို ကြည့်ပြီးဘယ်လောက်အောင်မြင်မှု ရှိပြီလဲလို့ မေးရင် ပြည်ပရောက် ပရီပိုဇယ် နိုင်ငံရေးခေါင်းဆောင်ကြီးများက
ဧရာအောင်
0 comments:
Post a Comment