Tuesday, July 26, 2011

မန္တလေးသို့ ခရီးနှင်၊ မော်လမြိုင်ကိုရောက်

[By Bo K Nyein]


ဒေါက်တာ ထွန်းကျော်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၄ မိနစ်

သဘာဝဟာ မဖြောင့်တန်းဘူး

လျှပ်စီးလက်လျှင်လည်း အလင်းလက်တံတွေက ဖြောင့်ဖြောင့်မဟုတ်ဘူး ရိုးမတောင်တန်း တွေရဲ့ တောင်ထိပ်တွေ
ကို ကြည့်လိုက်ရင်လည်း ဖန်ကတော့လို တသမတ်တည်း ချွန်မနေကြဘူး။

သို့ပေမယ့် လူတွေရဲ့တွေးခေါ်မှုကတော့ ဖြောင့်ဖြောင့်တွေးပဲ တွေးတဲ့အကျင့်က စွဲနေတယ်။


အထူးသဖြင့် စီးပွါးရေး၊ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ဦးဆောင်သူတွေ၊ ပေါ်လစီ မဟာဗျူဟာဘာညာ ချမှတ်ရေးဆွဲသူတွေဟာ ဖြောင့်ဖြောင့်အတွေးနဲ့ပဲ စခန်းသွားကြဆဲပဲ။

“က” လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်မယ်၊ “က” ပြီးရင် “ခ” ဖြစ်မယ် အဲသည်ကနေ “ဂ”ကို ရောက်မယ် စသည်ဖြင့် ကျနော်တို့ငယ်စဉ်က သင်ကြားခဲ့ရတဲ့ ကြွက်သေတခု အရင်းပြု ပုံပြင်ထဲကလို သူဌေးဖြစ်နည်း ဖြောင့်ဖြောင့်ဖြူးဖြူး (linear thinking) နဲ့ တွေးနေကျ အလေ့အထဟာ အနယ်ထိုင် အရိုးစွဲနေလို့ပဲ။

သမ္မတဘုရ်နဲ့ ဒုသမ္မတချေနီတို့ဟာ အီရတ်ကို ဒုတိယအကြိမ် ကနဦးမှာ အရက်သုံးဆောင်နှုန်း ၃ဝ% ကျဆင်းခဲ့ ပေမယ့် မကြာခင်မှာဘဲ အရက်မှောင်ခိုတွေ ပေါ်လာလာပါတော့တယ်။ အရက်မှောင်ခိုလုပ်ငန်းက အမြတ်အစွန်း တအားကောင်းတဲ့အတွက် အရက်မှောင်ခိုလုပ်ငန်းမှသည် မာဖီးယားဂိုဏ်းတွေ ပေါ်ထွန်း ကြီးထွား လာပါတော့တယ်။ တိုက်ခိုက်ရန် အစီစဉ်ဆွဲနေချိန် ကာလက အမေရိကန် တပ်
တွေ အီရတ်ကိုဝင်တိုက်တဲ့အခါ ဆဒ္ဒန်ဟူစိန်ကိုမုန်းနေတဲ့ အီရတ်ပြည်သူတွေ ဒို့တပ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆို
 ထောက်ခံကြလိမ့်မယ်လို့ တွက်ခဲ့ကြတယ်။ လက်တွေ့မှာတော့ အထင်နဲ့အမြင် တက်တက်စင်လွဲခဲ့ကြပါတယ်။ သမိုင်းမှာ အခြားသာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။
 
သုစရိုက်မြှင့်တင်ရာမှ ဒုစရိုက်တွေတိုးပွား အမေရိကန်များရဲ့ အရက်ပြဿနာ

အမေရိကန်လူမျိုးတွေဟာ သမိုင်းနဲ့ချီပြီး အတော်အရက်သောက်ကြတယ်။ မက်ဆာချူးဆက် ပြည်နယ်ကို စတင် အခြေချတည်ထောင်ခဲ့ သူဂျွန်ဝင်းသရော့ (John Winthrop)ကို အင်္ဂလန်ကနေ သယ်ဆောင်လာတဲ့ သင်္ဘောဟာ ဝိုင်အရက် ဂါလံ ၁,ဝဝဝ နဲ့ သောက်ရေထက် သုံးဆပိုတဲ့ ဘီယာတွေ တင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

၁၈၆ဝ ခုနှစ်မှာတော့ အရွယ်ရောက်သူ အမေရိကန်တဦးလျှင် တနှစ်ကို ပျမ်းမျှ ဝီစကီ ပုလင်း ၉ဝ သောက်သုံးသည့် အခြေအနေသို့ပင် ရောက်ရှိခဲ့ပါတယ်။

ဒီအရက်ပြဿနာရဲ့ဒဏ်ကို ဒိုင်ခံကျောစင်းပြီး ခံရသူတွေကတော့ အရက်သမားတွေရဲ့ မယားတွေပါပဲ။ အဲဒီခေတ်
က အမျိုးသမီးတွေဟာ အိမ်ယာကိုင်းကျွန်းကို ပိုင်ဆိုင်ခွင့်မရှိကြဘူး။ ဒီတော့သူတို့ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို လင်ဖြစ်သူ အရက်သမားတွေက အရည်ဖျော်ပစ်လဲ ဘာမှမတတ်နိုင်ရှာကြဘူး။ လင်ဆိုးမယားတဖါးဖါး အဖြစ်နဲ့ပဲ စခန်းသွားခဲ့ကြရရှာတယ်။

၁၉ရာစုမှာတော့ အမျိုးသမီးတွေကပဲ အရက်သေစာပိတ်ပင်ရေး လှုပ်ရှားမှုကို စတင်လာ ကြတယ်။ နှစ်ဆယ်ရာစုရဲ့
 ခေတ်ဦးပိုင်းမှာတော့ သေရည်သေရက် ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ ပိုပြီးတော့ အားကောင်းလာပါတော့တယ်။

အမျိုးသမီးတွေ စတင်ဦးဆောင်ခဲ့တဲ့ သေရည်ဆန့်ကျင်ရေး လှုပ်ရှားမှုကနေတဆင့် အမျိုးသမီးများ လွတ်လပ်စွာ အိမ်မြေပိုင်ဆိုင်ခွင့်၊ လင်ဆိုးများအား ကွာရှင်းနိုင်ခွင့်၊ မဲပေးနိုင်ခွင့်စတဲ့ အမျိုးသမီး အခွင့်အရေးများရရှိရေး အသင်း
များ၊ လှုပ်ရှားမှုများ အင်တိုက်အားတိုက် ဖွဲ့စည်းပေါ်ပေါက်ခဲ့ကြ ပါတယ်။ ဒါတင်မက သေရည်ပိတ်ပင်ရေး လှုပ်ရှားမှု
ကို အံ့ဩလောက်စရာ အမေရိကန် လူ့အဖွဲ့အစည်းအတွင်း မထင်မှတ်တဲ့ ဖက်စုံထောင့်စုံက မဟာမိတ်တွေလည်း လာရောက် ပေါင်းဆုံခဲ့ကြပါတယ်။

ခရစ်ယာန် ဘုရားကျောင်းတွေကလည်း ထောက်ခံတယ်။ အရက်သောက်ခွင့် ပိတ်ပင်ခဲ့ရင်ဖြင့် ဖျော်ရည်တွေ ပိုလို့
 ရောင်းရချေသေးရဲ့ ဆိုတဲ့အတွေးနဲ့ ကိုကာကိုလာ ပိုင်ရှင်ကြီးကလည်း အရက်ဆန့်ကျင်ရေး လှုပ်ရှားမှုကို
 ထောက်ခံ အားပေးလာပါတယ်။

ကနဦး ၁၉ရာစုမှာ အရက်သေစာ သောက်စားမှုဟာ မိန်းမသားတွေ အပေါ် ပုရိဿ ယောက်ျားတွေက ရိုက်နှက်
 နှိပ်စက်မှုတွေရဲ့ အရင်းခံအကြောင်းရင်း ဖြစ်တယ်လို့ အမျိုးသမီးခေါင်းဆောင်တွေက ယူဆသလို၊ ကျွန်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု (Anti-Slavery Movement) ခေါင်းဆောင်များကလည်း အရက်ဟာ လူမဲတွေကို သံခြေကျင်းလိုပဲ ခြေကျင်းခတ် ကျွန်ဘဝသွင်းတဲ့ မကောင်းမှုလို့ သဘောထားပြီး ဆန့်ကျင်ခဲ့ကြတယ်။

၁၉၁ဝ နှစ်များမှာတော့ အရက်သေစာကြောင့် လူမည်းတွေဟာ ကြောက်စိတ် ရွံ့စိတ်တွေ ပျောက်ကွယ်ကုန်ပြီး လူဖြူတွေကို အာခံလာကြတယ်ဆိုတဲ့ အယူအဆပေါ် အခြေခံပြီး လူဖြူကြီးစိုးရေး အသင်း (KuKluxKlan) ကလည်း
 သေရည်ဆန့်ကျင်ရေးကို ပါဝင်ထောက်ခံ လာကြပါတော့တယ်။

ဒီလိုနဲ့ အင်အားကြီးသည်ထက် ကြီးကြီးလာတဲ့ သေရည်သောက်စားမှု ပိတ်ပင်ရေး (Prohibition)လှိုင်းလုံးကြီးရဲ့ အင်အားကို အမေရိကန် လွှတ်တော်ဟာ ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ၁၉၂ဝခု နှစ်ဦးမှာ အရက်သေစာ ပိတ်ပင်ရေး (Prohibition) ကို (18th Amendment) တိုးချဲ့ ဥပဒေပြု သတ်မှတ်ခဲ့ပါတယ်။

ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ဆိုရင်တော့ “တိမ်တောင်သဖွယ် မင်းရေးကျယ်၏” ဆိုသည့် စကားအတိုင်း သဘာဝတရားသည် နက်နဲ ရှုပ်ထွေး လှပါသည်။ Complex system ခေါ်တဲ့ နက်နဲရှုပ်ထွေးတဲ့တဲ့ လူ့ဘောင် အဖွဲ့အစည်း သက်ရှိသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဇီဝကမ္မ ဖြစ်စဉ်စသည်တို့ အားလုံးဟာ နက်နဲ ရှုပ်ထွေးတဲ့ စံနစ်တွေပါဘဲ။ သူရာမေရိယကံကို ဘယ်သူမှ မကျူးလွန် နိုင်အောင် ဥပဒေ အရကို တားဆီးလိုက်တော့ ပြည်လုံးကျွတ် သာဓု အကြိမ်ကြိမ် ခေါ်ယုံပေါ့။ အမေရိကန်မှာလည်း နံမည်ကျော် ခရစ်ယာန် သင်းအုပ်ဆရာတော် Billy Sunday က (The reign of tears is over. The slums will soon be only a memory.)။ မျက်ရည်တွေစိုးမိုးတဲ့ ခေတ်တော့ ဇာတ်သိမ်းသွားလေပြီ၊ ဆင်းရဲသား ရပ်ကွက်တွေ ဆိုတာလဲ အတိတ်မှတ်ဉာဏ် အဖြစ်နဲ့သာ ကျန်ရစ်ဖို့ရှိတယ်လို့ ကြူးရင့်ကြွေးကြော်ခဲ့ ပါတယ်။

တကယ်တော့ မျှော်လင့်ချက်အထင်နဲ့ လက်တွေ့အမြင်ဟာ ပါစင်အောင် လွဲခဲ့ပါတယ်။

ကနဦးမှာ အရက်သုံးဆောင်နှုန်း ၃ဝ% ကျဆင်းခဲ့ပေမယ့် မကြာခင်မှာဘဲ အရက်မှောင်ခိုတွေ ပေါ်လာပါတော့တယ်။ အရက်မှောင်ခို လုပ်ငန်းက အမြတ်အစွန်း တအားကောင်းတဲ့ အတွက် အရက်မှောင်ခို လုပ်ငန်းမှသည် မာဖီးယား ဂိုဏ်းတွေ ပေါ်ထွန်း ကြီးထွား လာပါတော့တယ်။

ဒီမှတဆင့် မသမာ စီးပွါးရေးသမားတွေဟာ အရက်ပျံ (methyl alcohol) တွေကို ဓါတုဆေးတွေနဲ့ (ethyl alcohol) အဖြစ်ပြောင်းပြီး ရောင်းတဲ့ အရက်တွေ ဝယ်ယူ သုံးဆောင်မိတဲ့ အတွက် အဆိပ်သင့် သေဆုံးသူတွေလဲ ထောင်နဲ့
ချီပြီး ရှိခဲ့ပါတယ်။

Prohibition မတိုင်ခင် အမေရိကန်မှာ ဝင်ငွေအခွန် (income tax) ဆိုတာ မရှိခဲ့ပါဘူး။ အရက်ခွန်ကတင် အစိုးရ ဝင်ငွေရဲ့ ၃ဝရာခိုင်နှုန်း ရှိလို့ပါပဲ။ ဒါကြောင့် Prohibition ဥပဒေမထုတ်ခင် ပပျောက်သွားတော့မယ့် အရက်ခွန်ကို အစားထိုးဖို့ (16th  Amendment) နဲ့ income tax စတင် ကောက်ခံရပါတော့တယ်။ Coca Cola သူဋ္ဌေးလို ပုဂ္ဂိုလ်တွေအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ကုန်ပါတယ်။

Prohibitionရဲ့ သက်တမ်း ၁၃နှစ် အဆုံးမှာတော့ အမေရိကန်ပြည်ရဲ့ လူထုလူတန်းစား အသီးသီးမှ ထောက်ခံခဲ့တဲ့
 သေရည်သောက်စားမှု ပိတ်ပင်ရေးကို ထောက်ခံတာ မာဖီးယား ဒုစရိုက်ဂိုဏ်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်း
 တွေပဲ ကျန်ပါတော့တယ်။

ဒါကြောင့် ၁၉၃၃ခုနှစ်မှာ Congress က ပြဋ္ဌာန်းခဲ့တဲ့ (21st Amendment)နဲ့ အတူ Prohibition ဟာ ဇီဝိန် ချုပ်ငြိမ်းခဲ့ရပါတော့တယ်။


တရုတ်ပြည်ရဲ့ စာကလေး ပြဿနာ

၁၉၅၈ ခုနှစ်မှာ မော်စီတုံးဟာ ဘဝတိုတိုနဲ့ ကွန်မြူနစ် မဂ်ဖိုလ် ဆိုက်ရောက်ရန် အကြံနဲ့ ခုန်ပျံကျော်လွှား (The Great Leap Forward) စီမံကိန်းကြီးကို စတင် အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ဘုံ လယ်ယာတွေ ထူထောင်၊ အိမ်နောက်မှာ သံရည်ကျိုပြီး စက်မှုဖွံ့ဖြိုးရေး တည်ဆောက်ပြီး ၁၅နှစ်အတွင်း အင်္ဂလန်ကို စက်မှု ထုတ်လုပ်ရေးမှာ သာလွန်တဲ့
 ခေတ်မီနိုင်ငံ အဆင့်ရောက်ရှိရေးကို ဦးတည်ခဲ့တာပါ။

ခေတ်မှီတဲ့ စက်မှုနိုင်ငံ တည်ဆောက်ရင်း ပြည်သူသန်းငါးရာရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ကိုလည်း ဥက္ကဋ္ဌကြီး
 မော်က သတိမလပ်၊ တွက်ထားပြီးသား။ တရုတ်ပြည်မှာ အဲဒီအချိန်က ကျနော်တို့ မြန်မာပြည်မှာလိုပဲ စပါးသိုလှောင်ရုံ (silo)တွေက မရှိ။

ဒါကြောင့်နှစ်စဉ် ငှက်စား၊ ကြက်စားနဲ့ သီးနှံတွေ ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ဒီဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ မော်စီတုံးဟာ (FourPests Campaign) ယင်၊ ခြင်၊ ကြွက်နဲ့ စာကလေးကို သုတ်သင်ကြဆိုတဲ့ ကြွေးကြော်သံနဲ့ ကမ်ပိန်းကို စတင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ တရုတ်ပြည်က စာကလေးတွေ အဖို့တော့ မော်စီတုံးကောင်းမှုနဲ့ စာကလေးကပ်ကြီး ဆိုက်ပါတော့တယ်။ တရုတ်ပြည်သူ သန်းငါးရာဟာ စာကလေးတွေကို လေးခွနဲ့ ထုတဲ့သူက ထု၊ တွေ့တဲ့နေရာမှာ ရရာ တံမြက်စီး၊ သစ်ကိုင်းခြောက်တွေနဲ့ စာဝိုင်းခြောက်သူတွေက ဝိုင်းခြောက်နဲ့ စာကလေးတွေ နားခိုစရာမရှိဘဲ လေထဲပျံသန်းရင်းက အမောဆို့ပြီး သေကုန်ပါတယ်။

မော်စီတုံးရဲ့ စာချပွဲဟာ အတိုင်းထက်အလွန် အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း စာကလေးတွေဟာ တကယ်
 တော့ စပါးနှံထက် သီးနှံဖျက်ပိုးတွေကို ပိုလို့ စားသုံးတယ်ဆိုတဲ့ အချက်ကို မော်စီတုံး မသိခဲ့ပါဘူး။

အဲဒီအချိန်က (complexity science) တို့ chaos theory တို့ ecologyတို့ ဆိုတာတွေလည်း မပေါ်သေးဘူးလေ။

ရလဒ်ကတော့ သူတည်း တယောက်ကောင်းဖို့ ဆိုတဲ့ အဆိုအတိုင်း စာကလေးရန်က ဖရီးဒန်(freedom) ရကုန်တဲ့ သီးနှံဖျက်ပိုးတွေရဲ့ လက်ချက်နဲ့ လယ်တွေပျက်ပြီး ဒုမ္ဘိကန္တရကပ်ကြီးနဲ့ ကြုံလိုက်ရတဲ့အချိန်မှာ တရုတ်ပြည်သူ သန်း ၃ဝမှ ၄ဝအထိ ငတ်မွတ်သေဆုံး ခဲ့ကြရပါတယ်။

ခေတ်မှီ နိုင်ငံဆီ ဦးတည်ရာကနေ ပန်းတိုင်ကို မရောက်ဘဲ ဒုဓ္ဘိကန္တရကပ်ကြီးဆိုက်ပြီး အဲဒီအချိန်က မြန်မာပြည် လူဦးရေထက် သာလွန်တဲ့ တရုတ်ပြည်သူ သန်း၃ဝကျော်လောက် သေဆုံးခဲ့ရတဲ့ အခြေအနေကို ရောက်ခဲ့တဲ့ သာဓက ပါပဲ။


ဂျော့ဘုရ် နှင့် အီရတ်ပြဿနာ

ဆဒ္ဒန်ဟူစိန်ရဲ့ အီရတ်ကိုဝင်တိုက်တော့ ဂျော့ဘုရ်ပေးတဲ့ အကြောင်းပြချက်က

၁။ ဆဒ္ဒန်ဟူစိန်မှာ လူအမြောက်အမြားကို သေစေနိုင်တဲ့ လက်နက်တွေ (weapons of mass destruction) ရှိနေတယ် အဲဒါတွေကို ဖြုတ်သိမ်းဖို့ လိုတယ်။

၂။ ဆဒ္ဒန်ဟူစိန်ဟာ အမေရိကန် ပြည်ထောင်စုကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတဲ့ ဘင်လာဒင်ရဲ့ AlQuida နဲ့ အခြားအကြမ်းဖက် အဖွဲ့အစည်းတွေကို အားပေးအားမြှောက် လုပ်နေတယ်၊ နောက်ပြီး

၃။ အီရတ်ပြည်သူတွေကို ဆဒ္ဒန်ရဲ့ နှိပ်စက်မှုအောက်က လွတ်မြောက်စေဖို့ရယ်လို့ ဆိုပါတယ်။

ဒီကတဆင့် Charles Krauthammer တို့လို ကွန်ဆားဗတစ်လက်သစ် (neocons) တွေရဲ့ အရေးအသားတွေကို ဖတ်ကြည့်ရင် အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန်ကို ရန်လုပ်နေတဲ့ ဘာသာရေး မဖက်တဲ့ ဆီးရီးယား၊ လစ်ဗျားလို အာဏာရှင် အစိုးရတွေနဲ့ ဘာသာရေးနွယ်တဲ့ အီရန်လို အစ္စလာမ် အာဏာရှင်တွေကို ဟန့်တား ထိန်းချုပ်နိုင်ဖို့ရယ် တခါ အဲဒီကတဆင့် နောက်မှာကြည့်ရင်တော့ ရေနံဆပ်ပလိုင်းကို ထိမ်းထားနိုင်ရင် အမေရိကန်ရဲ့ စီးပွါးရေးနဲ့ အထူးသဖြင့် လက်သင့်ရာ ရောင်းရင်းတွေရဲ့ စီးပွါးရေးအတွက်လည်း လွန်သင့်မြတ်မယ်ဆိုတဲ့ အကြံပါပဲ။

ဒီလိုနဲ့ ဂျော့ဘုရ်ရဲ့ ဒို့လူလေးများ ဆိုသလေး၊ အကြမ်းဖက်တွေ
အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးရေး အတွက် အခရာကျသည့် နိုင်ငံအဖြစ် တည်ရှိနေရခြင်းသည် ဂုဏ်ယူစရာဖြစ်သလို အခြားတဘက်တွင် ရင်လေးစရာပင်။   ကို ဘယ့်နယ်ချမယ်၊ သည့် နယ်ချမယ်ဆိုတဲ့ ညာသံ ဘာသံတွေနဲ့အတူ အီရပ်နိုင်ငံလည်း စစ်တလင်းဖြစ် ဆဒ္ဒန်ကြီးလည်း လည်ပင်းကြိုးကွင်း စွပ်ခံရတဲ့ကိန်း ဆိုက်ခဲ့ ပါတယ်။ ဂျော့ဘုရ်ကတော့ နိုင်ပြီနိုင်ပြီ ဒို့ အမေရိကန် နိုင်ပြီလို့ လက်ခမောင်းခတ်ခဲ့ပါတယ်။

လက်တွေ့ အခြေအနေနဲ့ ရလဒ်က အများသိတဲ့ အတိုင်းပါပဲ။

ယနေ့အထိ အမေရိကန်နဲ့ မဟာမိတ် (အီရတ်မပါ) တပ်သား ၅,ဝဝဝ နီးပါး ကျဆုံးခဲ့ ကျဆုံးဆဲပါ။ အီရတ် စစ်သုံး စရိတ်တွေဟာ အမေရိကန် စီးပွါးရေး တိုးတက်မှုထက် ယိုင်နဲ့မှုကို အထောက်အကူ ပြုခဲ့ပါတယ်။

ဒီမိုကရေစီစနစ် ထူထောင်ရေးဟာလည်း ထင်သလောက် စခန်းမပေါက်လှပါ။ အဆိုးဆုံး ရလဒ်ကတော့ လက်ရှိ အီရတ်အစိုးရက ဆဒ္ဒန်ဟူစိန်ရဲ့ “ဆူနီလူနည်းစု” လွှမ်းမိုးမှုဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ “ရှီရာလူများစု” လွှမ်းမိုးတဲ့ အစိုးရပါ။ ချက်ကြီးနဲ့ ရွှေပန်းလို အမေရိကန်ကြောင့် အသာစံရပေမယ့် ကျေးဇူးတင်ဖို့ နေနေသာသာ ရှီရာ ဘာသာချင်းတူတဲ့ ရန်သူ အီရန်နဲ့ အလွမ်းသင့် နီးစပ် နေပါတယ်။

နောက်တဆင့် ပိုဆိုးတဲ့ဖြစ်ရပ်က အမေရိကန်ရဲ့ မတရား ဝင်တိုက်မှုကို ဟန့်တားဖို့ အနုမြူ လက်နက် ရှိမှဆိုတဲ့ အသိဟာ ကျယ်ပြန့်လာပြီး၊ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက ထိန်းချုပ်နိုင်ခဲ့တဲ့ အနုမြူလက်နက် မပြန့်ပွားရေးမူ
ဟာ ပျက်စီးပြီး၊ အီရန်လို အနုမြူလက်နက် ရှာချင်တဲ့ နိုင်ငံတွေ ပေါ်ပေါက်ခဲ့ရတယ်။ ဗမာနိုင်ငံ အတွက်လည်း အကြောင်းပြချက် ရခဲ့ပါတယ်။ ဒါဂျော့ဘုရ်ရဲ့အမှားက ပေါ်ထွက်လာတဲ့ မလိုအပ်တဲ့ ရလဒ်တွေ ဖြစ်တယ်။

စာရေးသူ တင်ပြလိုတာကတော့ သဘာဝဖြစ်စဉ်များဟာ မျဉ်းဖြောင့် လမ်းကြောင်း(linear path) အတိုင်း ဖြစ်ပေါ်
 လေ့ မရှိပါဘူး။

“တိမ်တောင်သဖွယ်မင်းရေးကျယ်၏” ဆိုသည့်စကားအတိုင်း သဘာဝတရားသည်နက်နဲ ရှုပ်ထွေးလှပါသည်။
Complex system ခေါ်တဲ့ နက်နဲ ရှုပ်ထွေးတဲ့တဲ့ လူ့ဘောင် အဖွဲ့အစည်း သက်ရှိသတ္တဝါတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ဇီဝကမ္မ ဖြစ်စဉ် စသည်တို့ အားလုံးဟာ နက်နဲ ရှုပ်ထွေးတဲ့ စံနစ်တွေပါဘဲ။ အဲဒါတွေနဲ့ ပါတ်သက်တဲ့ ဝင်ရောက် စွက်ဖက် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်များ (interventions) တွေရဲ့ ရလဒ်တွေဟာ မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်န့ ဖီလာဆန့်ကျင်တဲ့ ရလဒ်တွေ ဖြစ်တတ်ပါတယ်။ ဒါကို the Law of Unintended Consequences မမြှော်မှန်းသော ရလဒ်များ၏ ဥပဒေသ လို့ခေါ်ဆိုနိုင်ပါတယ်။

လူတွေရဲ့ တွေးတော ဆင်ခြင်မှုဟာ ယေဘုံယျအားဖြင့် (linear) မျဉ်းဖြောင့် အတိုင်း တည့်တည့် နှင်လေ့ ရှိတတ်သည့် အတွက် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဆိုင်ရာ စည်းမျဉ်း၊ ပေါ်လစီ၊ ဥပဒေများ၊ မဟာဗျူဟာ စသည်တို့ကို ရေးဆွဲတဲ့ အခါ ဦးတည်ချက်တွေ ကောင်းပေမဲ့ မရည်ရွယ် ၊ မထင် မှတ်တဲ့ရလဒ်တွေဟာ Law of Unintended Consequences ဖြစ်ပေါ် လာတတ်တာကို ဆင်ခြင်နိုင်ဖို့ပါ။

၁၉၈၈ အရေးအခင်း အချိန်က ကျနော်တို့ ရှင်သန်နေထိုင်ခဲ့သည့် ကမ္ဘာကြီးသည် ယနေ့ ကမ္ဘာ့ကြီးနှင့် လုံးဝမတူတော့။

၈၈ အရေးအခင်း ဖြစ်ပေါ်ခဲ့သည့် နောက် ၁၉၈၉နှစ်တွင် တီယင်အာမင် အရေးအခင်းနှင့် အတူ ဘာလင်တံတိုင်း ပြိုကျခဲ့သည်။ ဆိုဗီယက် အင်ပါယာကြီး ပြိုလဲခဲ့သည့် ကျနော်တို့ ကမ္ဘာကြီးသည် ဒွိဝန်ရိုးစွန်း (bipolar)မှ ဧကဝန်ရိုးစွန်း (unipolar) ကမ္ဘာကြီး အဖြစ်သို့ ရောက်ရှိခဲ့သည်။

အမေရိကန်သည် တခုတည်းသော ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးအဖြစ် ကျန်ရှိ ရပ်တည်ခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီ အင်အားစုကြီးသည် ပြည်လုံးကျွတ် လူထုကြီး၏
 ထောက်ခံမှုကို သာမက တဦးတည်းသော ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည့် အမေရိကန်နှင့် အတူ ဥရောပ၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံ အသီးသီးတို့၏ ထောက်ခံမှုကို ပီပီပြင်ပြင် ရရှိခဲ့သည်။ ထိုထောက်ခံမှုကို အားယူ၍ ဒီမိုကရေစီ ရရှိရေးကို လူထုအင်အားဖြင့် လည်းကောင်း၊ အမေရိကန် ဦးဆောင်သည့် စီးပွါးရေး ပိတ်ဆို့မှု မဟာဗျူဟာဖြင့် ကြိုးပမ်းခဲ့ကြသည်။

နဝတ စစ်အစိုးရသည် အိမ်နီးချင်း တရုတ် အစိုးရ၏ ကူညီထောက်ခံမှုဖြင့် တန်ပြန် တွန်းလှန်ခဲ့သော်လည်း
 မြန်မာနိုင်ငံအဖို့ စစ်မှန်သော ဒီမိုရစီရရှိရေး အလားအလာသည် အညွန့်တလူလူနှင့် အားရစရာ ဒို့အနောက်မှာ အမေရိကန် ဂေါ်ဇီလာက မာန်ဖီ အားပေးလျက်။

ယနေ့ကမ္ဘာ၏ နိုင်ငံရေး အခင်းအကျင်းသည် ၁၉၈၈ခု အခြေအနေထက် စာလျှင် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီ
 ဖြစ်သည်။

တရုတ်ပြည်သည် အမေရိကန်နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးနိုင်ငံ အဖြစ်သို့ ရောက်လုလုဆဲ ရှိနေရုံမက ပြိုင်ဘက် အမေရိကန်နိုင်ငံ၏ ကြွေရှင်မြီရှင် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်ပြိုင်ဘက်မရှိ အင်အားကြီးနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအား အတော်အသင့် ထိရောက်သော ဖိအားပေးနိုင်မှုသည် ယခုအခါ နှိပ်နယ်ပေးခြင်း လောက်သာ ထိရောက်မှု ရှိနိုင်တော့သည်ဟု ဆိုနိုင်စရာသာ ရှိတော့သည်။

တရုတ်နိုင်ငံ၏ စီးပွါးအင်အား ထိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံရေး အခြေအနေအရ အရေးပါမှုသည် လည်း ယခင်အနှစ်၂ဝကနှင့်မတူ သိသိသာသာကြီးပင် ပြောင်းလဲခဲ့ပြီဖြစ်သည်။ အဓိကအားဖြင့် မြန်မာပြည်သည် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်လုဆဲ တရုတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံ အဖြစ်သာမက ဘက်စုံ စစ်ရေး စီးပွါးရေး နိုင်ငံရေး ဆိုင်ရာ မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံ (strategic partner) အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

တရုတ်နိုင်ငံသည် တရှိန်ထိုး တိုးတက်လျက်ရှိသည်။ သို့သော် ထိုတိုးတက် ဖွံ့ဖြိုးမှုသည် ဟန်ချက်ညီ ဖွံ့ဖြိုးမှု မဟုတ်၊ တရုတ်နိုင်ငံ၏ အရှေ့ဘက်ပိုင်း ကမ်းရိုးတန်း တလျှောက်နှင့် အနောက်ဘက်   ဖွံ့ဖြိုးမှုနှုန်းချင်း ကွာခြားလှသည်။

အနောက်ဘက်ခြမ်းတွင် ဝီဂါ (Uighers)၊ တိဘက်၊ Dai(ရှမ်း) စသည့် လူမျိုးစုများ နေထိုင်ရာဖြစ်ပြီး နိုင်ငံရေး အရလည်း မတည်ငြိမ်ရာ ဒေသလည်း ဖြစ်သည်။ ထိုကြောင့် ကျန်စီမင်း လက်ထက်ကပင် Western Development Strategy အနောက်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ချမှတ်ခဲ့သည်။

ထိုဗျူဟာအရ အနောက်ခြမ်း ယူနန်မှတဆင့် မြန်မာ၊ ထိုမှတဆင့်ဘင်္ဂလာဒေ့ခ်ျ၊ အိန္ဒိယ၊ ဥရောပအထိ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ပစ္စည်း ထုတ်ပို့ သွင်းယူရေး စသည် တို့အတွက် မြန်မာသည် မြေပေါ်တံတား (land bridge) အဖြစ် အရေးပါလာသည်။

သည့်အပြင် တရုတ်ြပည်၏ စွမ်းအင်လုံခြုံရေး၊ မင်းကိုနိုင်၊ ကိုကိုကြီးမှအစ ကျန်ရှိနေသေးသည့်
 နိုင်ငံရေးသမားများအား လွှတ်ပေးနိုင်လျှင်ဖြင့် ထိုပဏာမ ခြေလှမ်းသည် သားရွှေအိုး ထမ်းလာသည့် နိုင်ငံပြုခြေလှမ်းပါပေဟု ကောင်းချီး
ပေး ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာမြောက်သည့်
 ခြေလှမ်း တရပ်ပင် ဖြစ်ခြိမ့်မည်။ အင်အားကြီး
 နိုင်ငံတရပ်၏ ဝိသေသ ဖြစ်တဲ့ ပင်လယ်ပြင်တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သော လေယာဉ်တင် သင်္ဘောအပါအဝင် (Blue Water Navy) ရေတပ်
 ဆောက်လုပ် ရပ်တည်ရေးတို့သည် စစ်တွေနှင့် ပါကစ္စတန်၏ ဂွာတာ Gwadar ဆိပ်ကမ်းတို့အပေါ် အားထားလာရပြီ ဖြစ်သည်။

ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အလွန်အခရာ ကျသော
 နိုင်ငံ တနိုင်ငံ အဆင့်သို့ ရောက်ရှိနေပေပြီ။ ထို့ကြောင့် လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးသည် နေမြဲ အနေအထား အတိုင်း ဆက်လက်တည်ရှိ နေဖို့လိုအပ်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။

အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးရေးအတွက် အခရာကျသည့် နိုင်ငံအဖြစ် တည်ရှိနေရခြင်းသည် ဂုဏ်ယူစရာ ဖြစ်သလို အခြားတဘက်တွင် ရင်လေးစရာပင်။

ဗီယက်နမ်ထက်ပင် အခရာကျသည်ဟု ယူဆနိုင်သည်။

ဗီယက်နမ်သည် မြန်မာပြည်ကဲ့သို့ပင် အင်အားကြီး တရုတ်နိုင်ငံနှင့် ရင်ခြင်းဆက် ပေါက်ဖေါ် နိုင်ငံငယ် ဖြစ်သည်။ သမိုင်းတလျှောက် နဂါးရိပ်အောက် နေခဲ့ရဖူးသည်။ ယဉ်ကျေးမှုနှင့် နိုင်ငံရေး စံနစ်တွင် မြန်မာထက်ပင် သူတို့နှစ်ဦးက ပိုလို့ နီးစပ်သေးတော့သည်။ စီးပွါးရေး အရလည်း အပြန်အလှန် မှီခိုမှု မကင်း။

နီးစပ်လွန်းမှု၏ ဝိရောဓိ (paradox of closeness)ဟုပင် ခေါ်ရလေမလား စစ်အေးကာလတွင် ဆိုဗီယက် ရုရှားနှင့် နီးစပ်မှုကို ရယူခဲ့သည်။ မျက်မှောက်ကာလတွင် ရန်သူဟောင်း အမေရိကန်နှင့် နီးစပ်မှုကို ရယူနေသည်။ မကြာသေးမီကပင် အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

Politics of Asymmetry အင်အားချိန်ခွင်လျှာ မညီမျှသော နိုင်ငံရေးတွင် balance of power အင်အား ချိန်ခွင်လျှာ ညှိမှု လိုအပ်သည့် သာဓကများပင် ဖြစ်သည်။ မြန်မာတရုတ် ဆက်ဆံရေးဆီသို့ တဖန် ဦးလှည့် စဉ်းစားပြန်လျှင်၊ အင်အားချိန်ခွင်လျှာ ညှိမှုကို` မည်သို့ဖန်တီး ယူနိုင်မည်နည်း နှစ်နိုင်ငံဆက်ဆံရေးတွင်
 မြန်မာနိုင်ငံ၏ အခရာကျမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှု ရလဒ်များသည် နောင်အနှစ် ၃ဝ၊ ၅ဝတွင် မည်သို့ ရှိခြိမ့်နည်း။

စစ်အစိုးရသည် နဝတအဖြစ်မှသည် နအဖ၊ ထိုမှတဖြစ်လဲ ဟိုလို ဒီလို ကရေစီအစိုးရ အသွင်နှင့် ရပ်တည်လျက် ရှိသည်။ နှစ်၂ဝကျော်က ဒို့ရဲ့နောက်မှာ ဂေါ်ဇီလာ ခုတော့ သူ့နောက်မှာလည်း ဂေါ်ဇီလာနဲ့ ဒို့နောက်က မားမားရပ်ခဲ့သည့် ဘာဘူကြီးပင်လျှင် ဓါတ်ငွေ့ အရောင်းဆိုင်အရှေ့ တန်းစီတိုးစားဘဝ ရောက်နေသည့် အဖြစ်။

အနှစ်နှစ်ဆယ်ကျော်က ဒီမဟာဗျူဟာကို ကိုင်စွဲ ဒီဂေါ်ဇီလာကိုစီးပြီး တပ်တောင်တာ ဗိုလ်ထုနှင့် ခြေအတူလှမ်း ရည်မှန်းပြီး နှင်ခဲ့သည့် ပန်းတိုင်က မန္တလေး ခုခရီးတထောက် စခန်းပေါက်နေသည်က မော်လမြိုင်။

၁၉ရာစု ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးခဲ့တဲ့ ဂျာမန်နန်းရေးဝန် Bismarckက နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောခဲ့ဘူးပါတယ်
(if we listen carefully, we can hear the sound of hoof-beats in the distance and plan accordingly) ကျနော်တို့ သေသေချာချာ နားစွင့်ကြည့်လျှင် အဝေးက နှင်လာတဲ့ သမိုင်းမြင်းရဲ့ခွာသံတွေကို ကြားရလိမ့်မယ်။ အဲသည်ကြားရတဲ့ အတိုင်းသာ အစီအမံတွေ ရေးဆွဲကြပါတဲ့ တကယ်တော့ နှင်လာနေတဲ့ သမိုင်းမြင်းဟာ မဝေးလှတော့ပါဘူး မြင်းခွာသံတွေကို အတိုင်းသား ကြားနေနိုင်ပါပြီ သင့်တော် လျောက်ပတ်မယ့် အစီအမံတွေ
ကို အချိန်မနှောင်းမီ လက်တွဲကြံဆောင်ဖို့ အချိန်ကျရောက်နေပါပြီ။

မြန်မာနိုင်ငံရဲ့ ရှေ့ရေးအနာဂါတ်ဟာ အစိုးရနဲ့ အတိုက်အခံ နှစ်ဦးနှစ်ဘက်လုံးရဲ့တာဝန်ပါ သို့သော် လုပ်ပိုင်ခွင့် ချိန်ခွင်လျှာသည် လက်ရှိ အစိုးရဘက်ဆီသို့ ပီပီပြင်ပြင် ညွှန်းနေပါသည်။ နိုင်ငံအတွက် ကောင်းမွန်သော
အနာဂတ်ကို ဖန်တီးရန် ပဏာမ ခြေလှမ်းကို နိုင်ငံတော် အစိုးရမှ စတင်လှမ်းရန် အသင့်တော်ဆုံး ဖြစ်သည်။

မင်းကိုနိုင်၊ ကိုကိုကြီးမှအစ ကျန်ရှိနေသေးသည့် နိုင်ငံရေးသမားများအား လွှတ်ပေးနိုင်လျှင်ဖြင့် ထိုပဏာမ
 ခြေလှမ်းသည် သားရွှေအိုး ထမ်းလာသည့် နိုင်ငံပြု ခြေလှမ်းပါပေဟု ကောင်းချီးပေး ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာမြောက်သည့် ခြေလှမ်းတရပ်ပင် ဖြစ်ခြိမ့်မည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...