Thursday, July 28, 2011
မြေဇာပင်တို့  ငိုညီးသံ
by Lu Cifer on Thursday, July 28, 2011 at 6:43am
ဘီလူးရုပ်နဲ့  ဇော်က ကနေကြ
ကြိုးဆွဲသူက ပေါရိသာရ
သောင်းသောင်းဖျဖျ ဇာတ်ပို့ ဇာတ်ရံ
ဟန်ပန်တွေက လှမှလှ
ဆင်းရဲမွဲတေမှုတွေ လက်ကုန်လင်းလက်
ဒုက္ခတွင်းတွေဆို နက်မှနက် ။
စပါးတွေတောင်လိုပုံဖို့ မရည်ရွယ်
ကလေးငယ် စောင်ခြုံရဖို့ 
ဝမ်း စပါးအပြင် အပိုလေးတော့ထွက်စေချင်
ဒါပေမယ့်
စပါယ်ရှယ်လောကဓံက
စစ်ပွဲအသွင်ဟန် သရုပ်ဆောင်
စစ်ဘေးဒုက္ခသည်က စစ်ပြေးဒုက္ခနဲ့ 
မျက်နာချင်းဆိုင် ယှဉ်ပြိုင်နေရတဲ့ ကြား
ရွာခွေး ဟောင်သံကြားတော့
“လိုင်ဇာ”ဆီ
နောက်ကျတဲ့ ဖနှောင့် သစ္စာဖေါက်စွပ်စွဲမှုနဲ့ 
မီးကုန် ရမ်းကုန် ခြေကုန် လက်ပန်းကျ ပြေးခဲ့ရ။
လူကပြေး အတွေးကဆွေး
လွှတ်တော်မှာ တို့ အော်မှာ
ငြိမ်းချမ်းရေးနိမိတ် သေနတ်သံတိတ်ဖို့ 
ခုတော့
ကရင်ပြည်နယ်က မစဲတဲ့သေနတ်သံကြား
ကချင်ပြည်နယ်က မြက်ခင်းစိမ်းတို့ 
သွေးစုံရဲရဲတွေနဲ့  လွှမ်းခြုံခံလိုက်ရ ။
မြန်မာပြည်အတွက် ဂန္ထ၀င်မြောက်
သံလွင်
ဧရာဝတီ
ချင်းတွင်း
တိုင်းရင်း သွေးတွေနဲ့ ချင်းချင်းနီ
အနာဂတ်မဲ့မဲ့ ကလေးငယ်တွေရဲ့ မျက်ရည်
အားကိုးရာမဲ့ မုဆိုးမတွေရဲ့ မျက်ရည်
အဖေါ်မဲ့ခဲ့ မုဆိုးဖိုတို့ ရဲ့ မျက်ရည်
အလီလီ အကြိမ်ကြိမ်
သွေးနဲ့ မျက်ရည် ရောနှောညီလို့ 
ပန်းရောင်သွေးမြစ်တွေ သမုဒ္ဒရာဆီသို့  ။
လူသားကမ္ဘာနဲ့ အနီးဆုံးကြယ် Alpha Centauri
ငါ တို့ နဲ့ အနီးဆုံးဒုက္ခ က စစ်ဘေးဖြစ်စစ်ပြေးဘ၀..။
ပခုံးပေါ်မှာ လူမမယ်ကလေး
နွေခေါင်ခေါင် မိုးမှောင်မှောင်
ခွေးဟောင်သံကြားတိုင်း မာရသွန်ပြေးရ
ရွာပြေး ရွာရှောင် ငါတို့ ဘ၀ .  .။
အမျက်ဖြေငြိမ်းချမ်းရေးတေး ဆိုရင်း
လက်တွင်းမှာတော့
သေစေ ဘရင်းဂန်းနဲ့ ခဲယမ်း
ပြဒါးတလမ်း သံတလမ်း
ပြည်တွင်းစစ်နဲ့  စစ်ပွဲမှန်သမျှ
ရပ်တန်းက ရပ်ဖို့ သင့်ပြီ။
မင်းတာရာ
Wednesday, 27 July 2011 01:17
http://www.maukkha.org/index.php?option=com_content&view=article&id=1666:2011-07-27-01-27-26&catid=88:poem&Itemid=272
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...