Thursday, July 21, 2011

အခါလည်းနှောင်းခဲ့ပြီ လွမ်း အဉ္ဇလီ ရေး ...

 ချမ်းငြိမ်း

by Aungmyo Tun on Wednesday, July 20, 2011 at 11:20pm
     တစ်ခါတစ်ရံ လသာတဲ့ညမှာဆို အတူတူတစ်ယောက်ကိုတစ်ယောက်မှီပြီး အရသာခံဖို့ ချစ်သူကို
အောက်မေ့ကြတယ်။ မိုးအုံ့ တဲ့ညနေပိုင်းတွေကျ အထူးသဖြင့် အိမ်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့အခါဆို
အမေ့ရင်ခွင်မှာပြန်ခိုချင်တဲ့စိတ်ဖြစ်မိတယ်။ ဆီးနှင်းတွေပိန်းပိတ်မှောင်ပြီး တကယ်ခိုက်ခိုက်တုန်အောင်
ချမ်းတဲ့ ဆောင်းညတွေမှာကျ ဘ၀ကြင်ဖော်ရဲ့ ရင်ငွေ့ကို လှုံချင်ကြပြန်တယ်။
အားလုံးအားလုံး ပျော်ရွှင်
ကခုန်လေ့ရှိတဲ့ မီးပုံပွဲတွေကျပြန်တော့ အိမ်က ကလေးတွေ၊ ညီအစ်ကိုဆွေမျိုးတွေကို သတိရပြန်တယ်။
     ဘာအတွက်နဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘာတွေလုပ်နေနေ လူ့ သဘာဝအရ အရင်ပက်သက်
ဆက်ဆံခဲ့ဖူးတဲ့ အခြားသူတွေကို အမှတ်တရရှိကြတာချည်းဘဲ။    ။
     (တေးရေးစိုင်းခမ်းလိတ်၏ ကိုမောင်မောင် (မဇ္ဈိမလှိုင်း)သို့ ဂုဏ်ပြုခြင်းစာစုမှ..)

     (၁)
     ယခုနှစ်ပိုင်းအတွင်း တစ်ခါတစ်လေပေါ်ထွက်လာသော ကိုယ်ပိုင်သံစဉ်သီချင်းကောင်းအချို့ ကြားရ
သည့်အခါ တစ်စုံတစ်ခုလိုအပ်နေသလိုခံစားရပါသည်။ ထိုတစ်စုံတစ်ခုကို တွေးတောကြည့်သောအခါ
သီချင်းတွင်ပါဝင်သော (Music)ဂီတအသံပိုင်းကို စဉ်းစားမိပါသည်။ ရံဖန်ရံခါပေါ်ထွက်လာသော ကိုယ်ပိုင်
သံစဉ်သီချင်းကောင်းလေးတွေမှာ (Vocal)အဆိုပိုင်း အားကောင်းသော်လည်း (Instrument)တူရိယာပိုင်း
အားနည်းနေသည်ဟု ခံစားမိပါသည်။ ဆိုရလျှင် ဂီတတူရိယာပေါင်းစုံ အသံစုစည်းမှုအားနည်းခြင်း (ဥပမာ-
လေမှုတ်တူရိယာ မပါဝင်ခြင်း)နှင့် သီချင်းတစ်ပုဒ်လုံးအား စီမံပေါင်းစပ်မှု (Agreement) အားနည်းခြင်းတို့ 
ကို ကြားသိခံစားရပါသည်။ ထိုအခါမျိုးမှာ သူ့ ကိုအထူးသတိရမိလေသည်။ သူဆိုသည်မှာ အများကခေါ်
ကြသော အဉ္ဇလီမောင်မောင်...။

     (၂)
     ၁၉၈၀ ၀န်းကျင်နှစ်များမှာ ခိုင်ထူးသီချင်းများ အလွန်အောင်မြင်နေပါ၏။ မင်းသိပါ၏၊ သီချင်းတစ်ပုဒ်
ပန်းတစ်ဆုပ်၊ လေးမြားတစ်လက်နဲ့ သီချင်းသည်၊ အဉ္ဇလီ၊ နေညိုချိန်အတွေး၊ အိမ်အလွမ်း.. ခိုင်ထူး၏
အားပါသော ဆိုဟန်မှာ လူငယ်ထုကို လွှမ်းမိုးသွား၏။ ထို့ နောက် မရှေးမနှောင်းမှာပင် အဆိုတော်ခင်မောင်
တိုး၏သီချင်းများ ဆက်တိုက်ပျံ့ လွင့်လာပြန်သည်။ အဉ္ဇလီအတွက် ဂီတဉ္ဇလီ၊ စောင်းကြိုးရှိုက်သံ၊ ကြိုးမဲ့
ချည်တိုင်.. သီချင်းတွေ နားထောင်ရင်း တေးရေးသူ မောင်မောင်ဆိုသူကို ဦးညွှတ်လေးစားနေမိသည်။
ဒီလိုနဲ့ မောင်မောင်ရေးသောသီချင်းတွေကို ဂရုတစိုက်နားထောင်ဖြစ်ခဲ့သည်။ သိပ်မကြာပါ။ သင်္ကြန်မိုး
ဇာတ်ကားရုံတင်သည်။ ဇာတ်လမ်းစပြတော့ စာတမ်းထိုးသည့်အခါ မင်းသမီး၊ မင်းသားအမည်ကို အရင်မထိုး။
ဇာတ်ကားကိုဖန်တီးသော ဂီတမှုးများ၏အမည်ကို အရင်ထိုး၏။ သည်မှာ ကိုမောင်မောင့်နာမည်ကို မြင်ရ
သည်။ အမျိုးသားယဉ်ကျေးမှုကိုဖော်ကျူးသော တေးသံစုံဇာတ်ကားမို့ ဂီတမှုးတွေအမည် ဦးစားပေးရေးထိုးပုံ
ရသည်ဟုနားလည်ခဲ့သည်။ သင်္ကြန်မိုးဇာတ်ကားနှင့်အတူ ကိုမောင်မောင်ရေးသော သင်္ကြန်မိုးသီချင်းမှာ
မြန်မာပြည်တစ်ဝန်း ပျံ့ လွင့်သွားပါတော့သည်။ လူတိုင်းပါးစပ်ဖျားမှာ “မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ
စိုရုံဖျန်းပက်ဦး”ဖြစ်ကုန်ပါသည်။ သည့်နောက် ခင်သန်းနုနှင့် ဇင်ဝိုင်းပါဝင်သော မမစိမ်းဇာတ်ကား၊ မေသန်းနု
နှင့် ဇင်ဝိုင်းပါဝင်သော ဒဏ္ဍာရီဇာတ်ကား ကြည်နူးဆွတ်ပျံ့ ဖွယ်လူငယ်တို့ ၏ ချစ်ခြင်းမေတ္တာဖွဲ့ ကို ရိုက်ကူး
ထားသော ဤဇာတ်ကားများက ရင်ကို တစ်ခါတည်းစွဲသွားစေပါသည်။ ထိုဇာတ်ကားများနှင့်အတူ ကိုမောင်
မောင်ရေးဖွဲ့ သော ရိုးရိုးလေး၊ နှင်းဆီပန်သူ၊ ပန်းချစ်သူ၊ မဖြေသာပါဘူး၊ ရွာမယ်ဆိုရင်လေ၊ ဒဏ္ဍာရီ၊ သစ္စာ
တော်ဦးသီချင်းတွေက ရင်ကို လှုပ်ခတ်စေခဲ့သည်။
     သြော်.. ဂီတအနုပညာရှင်ကိုမောင်မောင်၊ ဂီတအသံသစ်တွေဖန်တီးဖို့ ၊ သီချင်းကောင်းတွေရေးသားဖို့ 
ဤမြေကမ္ဘာမှာ လူဖြစ်လာသည်ဟုဆိုထိုက်သောကိုမောင်မောင်၊ သူ၏အနုလက်ရာတွေထဲမှာ လူငယ်ဘ၀များ
ယစ်မူးခဲ့ရသည်။ ငြိမ့်ငြိမ့်မူးမူး ကြည်နူးဆွတ်ပျံ့ ဖွယ်သံစဉ်များ...
     ၈၈ မတိုင်ခင်ကာလတွေမှာ ကိုမောင်မောင်အပါအ၀င် မဇ္ဈိမလှိုင်းအဖွဲ့ သားတွေကို အင်းလျားတံတားဖြူ
ဘက်မှာ တွေ့ ရတတ်သည်။ ခရမ်းပြာအဆောင်မှာနေကြမှန်းသိရသည်။ တစ်ခါတစ်ခါ တဲပုတ်ကြီးပမာ
ဖွင့်လှစ်ထားသော မြမေတ္တာခြံထဲကလက်ဖက်ရည်ဆိုင်မှာ စုဖွဲ့ ထိုင်နေကြတာ မြင်တွေ့ ရပါသည်။
သည်အချိန်မှာ မဇ္ဈိမလှိုင်းသည် အထင်ကရတီးဝိုင်းကြီးဖြစ်နေပါပြီ။ ကိုခင်မောင်တိုး၏အသံ သြရှရှနဲ့ 
ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုမောင်မောင်တို့ ၏တေးသီချင်းများ လူငယ်တို့ ၏ရင်ထဲ အရှိန်အဟုန်ပြင်းစွာ စီးဆင်း
နေရာယူထားခဲ့ပါပြီ။ မဟာဆန်သူ၊ ကြိုးကြာသံ၊ မျက်သွယ်၊ ရောင်စဉ်ခုနစ်သွယ် စီးရီးတွေက ချည်နှောင်တုတ်ဖွဲ့ ထားကြသည်။ အထူးသဖြင့် သံစဉ်ဖန်တီးမှုဆန်းသစ်သော၊ လှပထူးခြားသော ကိုမောင်မောင့်သီချင်းတွေကိုစွဲလမ်းခဲ့ရပါ၏။ ကိုမောင်မောင့်သီချင်းများသည် မြန်မာရနံ့ စကားလုံးတို့ ဖြင့် ထုံသင်းကာ သံစဉ်ပိုင်းက ငြိမ့်ညောင်းပြေပြစ်ပြီး တီးကွက်များက ဆန်းသစ်မြူးကြွနေပေသည်။ သံစဉ်နှင့်စာသား တစ်ထပ်တည်းကျသလို တီးကွက်တီးလုံးအရ စာတစ်လုံးချင်း ခွင်ကျလွန်း၍ အံ့သြခဲ့ရသည်။ ကိုမောင်မောင်ရေးခဲ့သောသီချင်းများတွင် အကြောင်းအရာကို ဘောင်ခတ်မထား၊ အချစ်သီချင်းများသာမက ဘ၀ဒသနပါဝင်သော၊ တရားဓမ္မနှင့် သက်ဆိုင်သော လူ့ ဘ၀မေးခွန်းများကို သီချင်းထဲ ထည့်သွင်းရေးဖွဲ့ ထားပါသည်။ ကိုမောင်မောင်ရေးခဲ့သော အချစ်သီချင်းများတွင် စာသားနုရွမှုအပိုင်းကို အောက်ပါသီချင်းများ၌ မြင်တွေ့ ရပါမည်။

     မှုန်နံ့ သာခြယ် မို မို့ ပါးပြင်ထက်မှာ ခိုတွယ်နိုင်စွမ်းမယ့် မျက်ရည်စမ်းရယ် ပျော်ရွှင်ဖွယ်နေ့ ရက်လေးကို
နွမ်းအောင် ငိုသံနဲ့ အဆုံးမသတ်လိုက်ပါနဲ့ ... (ဂျက်မြသောင်း ဆို - မကြားရက်လို့ ပါလေ)
     တကယ်ဘဲဝမ်းနည်းမိတယ် တို့ ရင်ထဲကချစ်သူရယ် ခရမ်းပြာပန်းလေးတစ်ပွင့်မို့  ပန်းလို့ သူမမြင်ဘူးကွယ်.
.. (မီမီဝင်းဖေ ဆို - မဖြေသာပါဘူး)
     နှစ်ဦးသားတွေ့ ရင် ကလေးလေးတစ်ယောက်လို တိုးဝှေ့ ချွဲတတ်သူရယ် ချစ်တဲ့ရင်ခွင် ခေါင်းလေးဝှက်လို့ 
ပန်းမွေ့ ရာမှာ နားချင်သေးတယ်ဆိုသူရယ်၊ ချစ်သူ့ မျက်နှာ အိပ်စက်တဲ့အခါ တရေးရေးစိုက်လို့ ကြည့်ရင်း
သူ့ ရဲ့ ရင်ခွင် ချမ်းမြေ့သွားလို့ ပန်းသမျှခြေရာ အနွမ်းတွေ လွင့်ပြယ်ပါစေကွယ်... (မီမီဝင်းဖေ ဆို - တစိမ့်စိမ့်
ရင်ထဲမယ်)
     ဇာတိမ်ကန့် လွှာ ပိတ်ဆီးကာစေ မှိန်ပေမယ့် ထွင်းလို့ ထိုးဖောက်နိုင်ရုံလေး ကိုယ်ယောင်ပြသလို မထည်ဝါ
လည်းလေ အာရုံဝယ်ရှင်းရှင်း တို့ ကမြင်နေရင်း ချစ်သောသူရယ် မောင့်အနားမှာကွယ် ရင်ခွင်မှာ လွှဲခို ယီးလေး
ယိုနွဲ့ လို့  ထိုစဉ်က ရွှန်းစိုလပြည့်ည၀န်းမို့  အခါခါပြန်တမ်းတ လွမ်းညမှတ်တမ်းအို... (ဒင်းနစ် ဆို - လမင်းသာ
ချိန်)
     “အဉ္ဇလီမောင်မောင်ဟာ စန္ဒယားဆရာမို့ လားမသိဘူး။ သူ့ သီချင်းတွေကိုတီးရင် တစ်လုံးကျန်ရင် ကျန်သလို
သိပ်သိသာတယ်။ တီးကွက်တစ်လုံးချင်းကို စာသားတစ်လုံးချင်းနဲ့  ချိတ်ဆက်ထားတာကြောင့် တစ်လုံးဆို တစ်
လုံး ကျန်ခဲ့ရင်သိသာပါတယ်”ဟု ဂီတနှင့် အကျွမ်းတ၀င်ရှိသည့် မိတ်ဆွေတစ်ဦးက ပြောဖူးပါသည်။ ကိုမောင်
မောင်သည် ယင်းသို့ စကားလုံးတစ်လုံးချင်း တွဲသီထားသော အချစ်သီချင်းများသာမက...
     ရေစီးရဲ့ သဘောလည်း စောကြောသေချာစွာ ငါမသိ လှိုင်းဝဲဂယက်အထာကိုလည်း မကျွမ်း သက်လုံကလည်းမစေ့နဲ့  သို့ သော်လည်းလေ မြစ်ထဲကို ငါခုန်ချခဲ့၏... (နွေအိပ်မက်)
     လူမှုရေးဘ၀ရဲ့ ပျော့ကွက်တွေကို နင်းချေနေရင်း ဟန်ဆောင်ခြင်းညရဲ့  ထောင်ချောက်အတွင်းဝကို ငွေနဲ့ 
ဖုံးကွယ်လို့  ကွယ်ကာရယ် လောကငရဲကို ကွန်းခိုစခန်းယောင်ယောင်၊ ထင်အောင်မြင်အောင် ဖန်ဆင်းထားတယ်... (ရာပြည့် ဆို -  ပြဌာန်းချက်)
     စိန်ခေါ်နေတဲ့လမ်း နက္ခတ်နဲ့ စီးချင်းထိုးကာ ပြန်လှန်ပစ်ပြီးတော့ အမေအို မျှော်မယ်မှန်းလည်း သိလျက်နဲ့ 
ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင်... (ခိုင်ထူး ဆို - အိမ်အလွမ်း)
     မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ လမ်းကြောင်းမှန်ရွေးချယ်ခြင်း အများနည်းတူ သက်လုံမကောင်းရင် မွေးဖွားရာအရပ်ဆီ မိုင်ထောင်ချီပျံနေရင်း ကြိုးကြာငှက်တချို့ လေ ချီလာစဉ်ကျန်ရစ်ပြီ... (ခင်မောင်တိုး ဆို - ကြိုးကြာသံ)
     အစရှိသည့် အတွေးအခေါ်ပါသည့် ဒသနဆန်သောသီချင်းများကို ရေးခဲ့ရုံမက ပို၍နက်ရှိုင်းသော တရားဓမ္မဆန်သည့် သီချင်းများကိုလည်း ဆက်လက်ရေးဖွဲ့ ခဲ့ပါသည်။
     ဆည်းလည်းလေးများပြတဲ့တရားသံကို စမ်းချောင်းလေးတို့ ဇွဲနဲ့ အားမာန်နဲ့  ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်း
တဲ့ သစ်ရိပ်မှာ စွန့် လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့... (ခင်မောင်တိုး ဆို - ဆည်းလည်းလှိုက်သံ)
     ရေဟာတကယ်ဆို အရောင်အဆင်းမဲ့ ဆိုးတဲ့အရောင်အတိုင်း လိုက်လို့ သာ စွန်းရစ်ထင်သလိုဘဲ တွယ်တာ
ငြိတဲ့အာရုံနောက်လိုက်က လူရဲ့ သဘောလည်း ရေအတိုင်းဘဲ ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင် ပြန်ဖွပ်ဦးမယ်... (ဒင်းနစ် ဆို - ငြိမ်သက်ခြင်း)
     ၁၉၈၈ မုန်တိုင်းထန်ကာလ နောက်ပိုင်း ၉၀ ၀န်းကျင်နှစ်တွေမှာ ဗိုလ်တထောင် Y.M.C.A အနီး ၄၇ လမ်း
လက်ဖက်ရည်ဆိုင်မှာ နံနက်တိုင်းလိုလို ကိုမောင်မောင့်ကို တွေ့ ရတတ်သည်။ ကိုခင်မောင်တိုးနှင့်အတူ မြင်
တွေ့ ရသောကိုမောင်မောင်မှာ ကျန်းမာရေးကောင်းပုံမရ။ သို့ ပါသော်လည်း လက်ထဲမှာ ဆေးပေါ့လိပ်နှင့်
ပါဝါမျက်မှန်ထူထူအောက်မှ အမြဲတစေ တွေးတွေးဆဆကြည့်တတ်သော ကိုမောင်မောင့်မျက်လုံးတွေမှာ ရီဝေမှုန်မှိုင်းယှက်သန်းနေပါသည်။ စကားဝိုင်း၌ ကိုမောင်မောင်သည် စကားသိပ်မပြော၊ တစ်စုံတစ်ရာကို အလေးအနက်ထား စဉ်းစားနေဟန်သာ မြင်တွေ့ ရလေ့ရှိသည်။ နောက်တော့ မန္တလေးပြန်သွားတာ ကြားသိရ၏။သီချင်းအသစ်တွေလည်း မတွေ့ ရ။
     ၁၉၉၅ မတ်လ နေပူပူလောင်ကျွမ်းသောတစ်နေ့ တွင် သတင်းစာမှာ နာရေးကြော်ငြာတွေ့ ရ၏။
     ဦးမောင်မောင် (အဉ္ဇလီ)
     အသက် ၄၇ နှစ်
     နှမြောတသစိတ်ဖြင့် ကြေကွဲရလေသည်။

     (၄)
     တစ်စွန်းတစ်စပြန်လည်ကြားသိရသောသတင်းတွေအရ ကိုမောင်မောင်မကွယ်လွန်မီ နောက်ဆုံးနှစ်တွေ
အကြောင်း ရံဖန်ရံခါစဉ်းစားနေမိပါသည်။ နောက်ဆုံး သုံး လေး နှစ်တွေမှာ ကိုမောင်မောင် ဘယ်လိုနေထိုင်ခဲ့
ပါသလဲ။ လူသူအပေါင်းအသင်းနဲ့ ဝေးရာမှာ ဘာ့ကြောင့် သူနေချင်ခဲ့တာလဲ။ သူ့ ဂီတအနုပညာကို သူ ယုံကြည်မြတ်နိုးသလောက် ခွဲခြားဆက်ဆံခံရသောဝန်းကျင်ကို နာကြည်းခဲ့လေသလား။ ရန်ကုန်မှ မန္တလေးပြန်သွားတိုင်း
ပြန်သွားတိုင်း ခါးသီးနာကျင်မှုများနဲ့ ကြုံခဲ့ရပါသလား။ အဉ္ဇလီသီချင်းကို ကျပ်သုံးရာ့ငါးဆယ်ဖြင့်သာ ရောင်းခဲ့ရ
ပြီး သီချင်းရေးခ ထောင်ဂဏန်းမျှသာရသော သူ့ ဘ၀အခြေအနေနှင့် ဘ၀ရပ်တည်မှုကို ဂီတစာဆိုကြီးမြို့ မငြိမ်းမကွယ်လွန်မီ နောက်ဆုံးခံစားမှုတွေနှင့် နှိုင်းယှဉ်နေခဲ့ပါသလား။ မြို့ မငြိမ်းဆုံးတော့ ၄၆ နှစ်၊ ကိုမောင်မောင်ဆုံးတော့ ၄၇ နှစ်။ သမီးလေးတွေကို နေ့ စဉ် ကျောင်းကြိုပို့ လုပ်ကာ မိသားစုတာဝန် ဘာ့ကြောင့် သူ ကျေပွန်ခဲ့ချင်တာပါလဲ။ ပဲလှော်ချောင်ထဲက တယောကိုထွန်းရဲ့ အိမ်လေးမှာ ဘာ့ကြောင့် တစ်ယောက်တည်း သွားနေခဲ့ပါသလဲ။ အဖြေကတော့ ကာယကံရှင် ကိုမောင်မောင့်ထံမှာသာ ရှိပါလိမ့်မည်။

     တကယ်တော့ ဂန္ထ၀င် သင်္ကြန်မိုးသီချင်းကိုရေးခဲ့သော ကိုမောင်မောင်သည် မူလတန်းကျောင်းသားဘဝ
တည်းက စန္ဒယားပညာကို နိုင်ငံတကာသုံးဂီတသင်္ကေတဖြင့် စနစ်တကျသင်ကြားခဲ့သူ၊ မြန်မာမှုအနုပညာ
အပေါင်း ခညောင်းသော မန္တလေးရွှေမြို့ တော်ကြီးမှာ ဂီတပညာရှင်များဖြစ်သော မြို့ မငြိမ်း၊ ဓားတန်းဦးသန့် ၊
စန္ဒယားဦးသိန်းမောင်တို့ ၏ အနုပညာအမွေဆက်ခံသူ အနုပညာမျိုးဆက်၊ မြို့ မတူရိယာတီးဝိုင်းကြီးမှာ စန္ဒယားတီးခဲ့သူ၊ ဂန္ထ၀င် (Classical) ဂီတကို စန္ဒယားနှင့် ဂီတာ နှစ်မျိုးလုံးကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူ၊ မြန်မာသီချင်းကြီးသီချင်းခန့် များကို ခေတ်ပေါ်ဂီတာနှင့် တီးခတ်နိုင်စွမ်းရှိသူ၊ သတင်းစာဆရာ စာရေးဆရာမကြီးလူထုဒေါ်အမာ၏ တူသားဖြစ်ရုံမက သစ်လွင်ဆန်းသစ်သော သီချင်းနှင့် ဂီတသံစဉ်မျိုးစေ့များကို ကမ္ဘာမြေပေါ် ကြဲပက်ထွန်ယက်ခဲ့သူပါရမီရှင် အနုပညာသည်ဖြစ်ပါသည်။

     (၅)
     လူအတော်များများက ကိုယ့်ကောင်းကင် ကိုယ်မြင်အောင်ကြည့်ရမှန်းမသိ၊ ကြည့်နိုင်စွမ်းမရှိချိန်မှာ ကိုမောင်
မောင်ကတော့ သူ့ ကောင်းကင် သူပြန်မြင်ခဲ့ရုံမက ကိုယ်တိုင်ပင် စိတ်တိုင်းကျ ရောင်စုံခြယ် တက် ရေးဆွဲခဲ့သူဖြစ်သည်ကို သူ့ ဂီတအနုပညာက သက်သေခံနေပါသည်။

     (၆)
     ကိုမောင်မောင်ဆုံးပြီးတော့ ဘာ့ကြောင့်ရယ်မသိ၊ ကိုမောင်မောင့်ဇနီးက ကိုမောင်မောင့်အဆုတ်အား ဓာတ်ပုံကို တေးရေးကိုနေ၀င်းထံ ပေးအပ်ခဲ့ပါသည်။    ။

                                                                                                                      ချမ်းငြိမ်း

    (7 DAY NEWS ဂျာနယ်၊ အတွဲ ၁၀၊ အမှတ် ၁၈၊ ဇူလိုင် ၂၁၊ ၂၀၁၁ ခုနှစ်ထုတ်မှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...