Wednesday, July 27, 2011

ရင်ထဲက အမြင်ကလေးများ

by Socretes Athenisian on Wednesday, July 27, 2011 at 8:52am
Wednesday, January 9, 2008

(ပိတောက်မြေသို့ပေးပို့လာသော စာအား မူရင်းအတိုင်းဖော်ပြလိုက်ပါတယ်။ ရေးသားသူ နတ်သမီးရေစင်အား အထူးကျေးဇူး တင်ပါတယ်။ နောင်ကိုလည်း ထပ်မံရေးသားပါရန်ဖိတ်ခေါ် ပါတယ်။)

လွန်ခဲ့တဲ့အတိတ်ကာလ တစ်ဆယ့်ရှစ်နှစ်သမိုင်းနောက်ကြောင်းတစ်ခု၏ တွန်းအားပေးမှု၊ တစ်ဖြည်းဖြည်း ပိုမိုဆိုးဝါးလာတဲ့ မြန်မာနိုင်ငံ၏အခြေအနေပေါ်တွင် ပြည်သူဘက်မှ တော်လန်မှုများ အကြိမ်ကြိမ် ဖြစ်ခဲ့ပေမယ့် နောက်ဆုံးဖြစ်ပွားသော အရေးအခင်းသည် ၈၈ နောက်ပိုင်းတွင် အကြီးအကျယ်ဆုံး ဆူပူမှုတစ်ခုဖြစ်ခဲ့သည်။ သို့ပေမယ် ၁၉၈၈ နှင့် အခြားကြီး ခြားနားမှုရှိခဲ့သည် အဓိက နည်းပညာတိုးတက်နေမှုကြောင့် ဖြစ်သမျှကို တစ်မ္ဘာလုံးက တစ်ခဏချင်းသိစေနိုင်ခဲ့သည်။ ပိတ်ဆို့နိုင်သမျှကို ပိတ်ဆို့ခဲ့ပေမယ့် နည်းလမ်းများစွာဖြင့် ကောင်းကွက်ရော မကောင်းတဲ့ သတင်းများပါ အပြင်ကို ယိုထွက်ခဲ့သည်။
စင်ကာပူရောက် မြန်မာမျိုးချစ်များသည် နေ့မအား ညမအား blog များပေါ်တွင်သတင်းများအချိန်မှီ post လုပ်နိုင်ဖို့ ဖုန်းဖြင့် မြေလှန်ရှာပြီး သတင်းစုခဲ့ကြသည်။ blog များတွင် ဟုတ်သတင်းရော ဟုတ်လိမ့်မယ်လို့ ထင်ရတဲ့သတင်းများ၊ လူများစိတ်ဝင်းစားနိုင်စေသော ရုပ်ပုံများ၊ တစ်ကယ် အဖြစ်အပျက်အမှန်အကန်ရုပ်ပုံများကို IT ၏ ကျေးဇူးဖြင့် အဝေးရောက်မြန်မာများသည်ပင် အချိန်နှင့်တပြေးညီ တခဏတွင်း သတင်းရခဲ့သည်။ ဒီလိုနှင့်ပြီးသွားမှာပါဟု ထင်ကြပေမယ့် ထင်သလို မဖြစ်ပါစေနှင့်လို ရင်ထဲကိုယ်စီဆုတောင်းအမှု ပြုခဲ့ကြတယ်။ ဒါပေမယ့် ခုတော့ မလှမပ တစ်ခန်းရပ်ပြဇတ်ဖြစ်သွားခဲ့သည်။ ဆုံးရှုံးမှုများစွာ အသက်ပေါင်းများစွာ စတေးပြီး သွေးစက်များစွာ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သောမြေပေါ်တွင် စွန်းပေခဲ့သည်။ အမေသည် သားကို ဆုံးရုံးလိုက်ရတယ်။ ဇနီးသည်ဟာ ခင်ပွန်းလင်ယောင်္ကျား၏အသက်ကို ပေးလိုက်ရ တယ်လေ။

ကလေးငယ်များသည် မိဘမဲ့ဘ၀ကို ရောက်ခဲ့ရပေမယ့်မြန်မာနိုင်ငံကြီးကား ပြောင်းလှဲမလာခဲ့ဘဲ ဆိုးသထက် ဆိုးဝါးလာခဲ့တာပဲ။
အခြေနေအားလုံးသည် လေမုန်တိုင်းတိုက်ခတ်ပြီးစ ပြိုလဲပျက်စီးမှုများဖြင့်အပြီး ဖရိုဖရဲ ကျန်နေခဲ့ချိန်တွင် မမြင်ရသော စစ်ပွဲတစ်ခု မြန်မာနိုင်ငံ၏အပြင်ဘက် လေလှိုင်းများပေါ်တွင် စာလုံးများဖြင့် ဆက်လက်ဖြစ်ပွားကျန်နေခဲ့သည်။ ထိုစစ်ပွဲတွင် တစ်ယောက်နှင့် တစ်ယောက် ဘာအတွက်တိုက်ခတ်နေကြသည်ကို အတိအကျမသိပေမယ့် အပြင်းအထန်တိုက်ခတ် နေကြသည်။ ဒါပေမယ့် သနားစရာကောင်းတာက အမိမြန်မာနိုင်ငံတော်ကြီးသည် မျက်စီပိတ် နားပိတ် ခြေကျိုးလက်ပြတ်နေသူမို့ ဖြစ်နေသည့်စစ်ပွဲအား အမြင်နိုင်ပေ၊ မကြားနိုင်ပေ၊ ၀င်ရောက်စွပ်ဖက် ဖြေရှင်းမပေးနိုင်ပေ။

IT သည် မြန်မာနိုင်ငံအတွက် စိတ်ကူးယဉ်ပုံပြင်မျှသာ ဖြစ်သည်။ မြန်မာနိုင်ငံအပြင်ဘက်တွင် လက်ရှိအစိုးရမှ စေလွှတ်သောရုရှားရောက် စစ်ဗိုလ်တစ်ထောင်နှင့် စင်ကာပူရောက် ကိုယ်ရွှေမြန်မာများ (မိမိပိုက်ဆံနှင့် ကျောင်းသွားတတ်နိုင်သူ၊ အလုပ်တဖက် ကျောင်း တစ်ဖက်ဖြင့် ပြည်ပရောက်မြန်မာလူငယ်များ) ကြားတွင် ဆက်လက်ဖြစ်ပွားနေကြသော IT စစ်ပွဲမပြီးနိုင်ပဲ ကျန်နေခဲ့ရှိနေသည်။
ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရေသောက်မြစ်အရင်းကိုမရှာကြပဲ သူတစ်ပြန် ကိုယ်တစ်ပြန် နိုင်သလို ရိုင်းစိုင်းစွာ ကိုယ်ဘယ်သူမှန်းမသိရတော့ web,blog တွေပေါ် ပြောချင်သလိုပြောနေ လိုက်ကြတာ ရစရာကိုမရှိပါလားနော်။ တစ်ယောက်၏ အားနည်းချက်ကို နောက်တစ်ယောက်က လက်ဦးမှုယူပြီး အနိုင်ပိုင်းနေကြပုံများ မြန်မာစာပေအရေးအသားတွင် အပြန်အလှန် တိုက်ခိုက် ပုတ်ခတ်ကာရေးသားသော စာပေများ ဦးပုညနှင့် အချုပ်တန်းဆရာ လက်ထက်တွင် ရှိခဲ့ဖူးသည်။ သို့သော် သူတို့ကားတစ်ယောက်ကို တစ်ယောက်အလွန်လေးစားကြသည် ပညာကို ရိုသေခဲ့ကြသည်။

လက်ရှိ blog များတွင်ဖြစ်နေသော တိုက်နေသော တိုက်ပွဲတွင် အမုန်းများလွှမ်းနေသည် သူနိုင် ကိုယ်နိုင် အားနည်းချက်ကို လိုက်ရှာနေကြသည့် နှစ်ဆယ့်ငါးနှစ်အောက် မိဝေးဘဝေး စစ်ဗိုလ်များ၊ ခုမှဥမှပေါက်စအတောင်ဖြန့်သင်စပဲရှိသေးသည့် စစ်သွေးနားထင်ရောက်နေလို့ တခြားလူများက ကြည့်လိုမရဖြစ်ရတယ်။ ဒါက ဒီအရွယ်လူတိုင်းဖြစ်ကြတာပဲလေ။ စစ်မိန့် ဆိုတာကလည်း စစ်သားများပေါ်တွင်သာ အကျုံးဝင်တာပါ အခန်းထဲက ကျွှန်ပျုတာကို သွားမလွမ်းမိုးနိုင်ပါဘူးလေ။ နိုင်ငံတော်အတွက် ပညာတော်သင်လွတ်လိုက်တဲ့ စစ်ဗိုလ်များဟာ နိုင်ငံပိုင်စစ်တပ်ကလွှတ်လိုက်တာပါ ။ ဒါကိုပြည်သူကသာပိုင်ပါတယ် ။ နိုင်ငံပိုင်ပိုက်ဆံများစွာ သူတို့အတွက် ရင်းနှီထားရပါတယ် ။ ရောင်းလိုရသမျှဆန်စပါး ကျောက်မျက်ရတနာပေါင်းများစွာ အဖိုးတန်ကျွန်းသစ်အမြောက်အမြားရောင်းရငွေဖြင့် ပညာသင်လွှတ်ခဲ့တာပါ။ နိုင်ငံတိုင်းတွင် စစ်တပ်ရှိသည် ထိုစစ်တပ်ကိုလည်း နိုင်ငံကသာ ပိုင်ပါတယ်။ မိမိတို့ပိုင်သည့် စစ်တပ်က စစ်ဗိုလ်များနှင့် စကားနိုင်လုဖက်ဖြစ်နေစရာတော့မလိုဘူးထင်တယ်။ သူတို့ဟာ ပြစ်မှတ် မဟုတ်ပါဘူး။ (-)သိန်းမကသော စစ်သားတွေကို မုန်းတာလား ဒါမှမဟုတ် စစ်အစိုးရ၏ အုပ်ချုပ်မှုစနစ်ဆိုးကို မလိုလားတာလားဆိုတာ ခွဲခြားသင့်ပါတယ်။

ဒီကျောင်းသားများကို အပြစ်ပြောရုံဖြင့် ရန်သူအဖြစ်သတ်မှတ်လိုက်ရုံဖြင့် အစိုးရကို မကြိုက်တာကိုပြရာ၊ ဆန့်ကျင်ရာမရောက်ပါဘူး။ ဒီလိုလုပ်တာက ခုတ်ရာတစ်ခြား ထိရာတစ်ခြားဖြစ်နေပါသည်။ ဒါကအမြင်တစ်မျိုးကို ပြောတာပါ။ ပခုံးပေါ်ကအပွင့်တွေဟာ သူတို့အသက်ဆိုတော့ သူတို့ မဟုတ်တာကို မလုပ်ရဲကြပါ။ လုပ်ပိုင်ခွင့်လည်းမရှိသေးပါဘူး သူတို့သိတာ သူတို့ပြောနေ ကြတာ။ သူတို့ကို ခိုင်းတဲ့အတိုင်း သူတို့က လုပ်ရမှာပဲလေ။ ဒီကျောင်းသားတွေက နိုင်ငံရေးနှင့် မဆိုင်ပါဘူး။ ဒီလိုသူတို့ဘက်ကပြောလို သူတို့လူလို့တော့ မထင်ပါနှင့်။ သူ့လူကိုယ့်လူ ဖြစ်နေကြရအောင် တကယ်တော့သူတို့ဟာလည်း နိုင်ငံကိုချစ်လို့စစ်ဗိုလ်ဖြစ်လာကြတာလို့ တစ်ထစ်ချက်ကောက်ချဆွဲလိုမရပါဘူး။ ဟိုအမှတ်မမှီ ဒီအမှတ်မမှီဖြင့် နောက်ဆုံး စစ်တပ်ထဲဝင်လာတဲ့ ကျောင်းသားဦးရေက ပိုများပါတယ်။ စစ်သားဖြစ်မှလည်း တိုင်းပြည်ကို ချစ်တာမဟုတ်ပါဘူး။ ဒါကိုသူတို့က စစ်တပ်တစ်ခုတည်းသာ တိုင်းပြည်အတွက်အလုပ်လုပ် ပေးနေတယ် ဘာဖြစ်တယ် ညာဖြစ်တယ်အသံတွေထွက်လာတာ ကြားနေရသေးတယ်.

သူတို့သာတိုင်းပြည်ကိုချစ်တယ်လို့ ပြောကြမယ်ဆိုရင် သူတို့ဒီလိုထင်ကြပြန်ရင်လည်း သူတို့ မှားလိမ့်မယ်။ သူတို့သိတာ သူတို့မြင်တာ သူတို့ကိုပေးသိသလောက်ပဲ အမှန်တကယ် အခြေနေတွေကို သူတို့မသိတာလေ။ ခုလည်း ရပိုင်ခွင့် အားလုံးကို လက်ရှိမှာစစ်တပ် အပိုင် သိမ်းထားတာလေ။ အာဏာကို သူတို့က အပိုင်သိမ်းထားမှတော့ လုပ်စရာရှိတာကို သူတို့က လုပ်ပေးရတော့မှာပေါ့ လိုအပ်တာကို သူလူတွေကလုပ်ရမှာပေါ့။ မိဘဆိုတာသားသမီး လိုအပ်လာရင် ခိုးတောင်ပေးရမယ် ၊ လူသတ်သင့်ရင် သတ်ကြတယ်မဟုတ်လား။ ဒါပေမယ့် အမိအဖအော်နေပြီး ရတာအားလုံး အိတ်ထဲထည့်နေကြတယ်လေ။ ခုတော့ဘာမှမလုပ်ပေးလို့ ပြသာနာဖြစ်နေကြတာလေ။ စစ်သားတစ်ယောက်ဖြစ်ရတာ သူတို့က ဂုဏ်ယူတယ်ဆိုရင် တစ်ခြားသူတွေကရော မိမိကိုယ်ကို ဂုဏ်မယူဝံဘူးလား ။ ဘာမှမဟုတ်တဲ့ ပြသာနာများအတွက် အချိန်ပေး အောက်တန်းကျတဲ့ စကားများနှင့် မိမိဂုဏ် မိမိကိုယ်ကို လျှောချကာ လုပ်စရာ မလိုပါဘူး။ အမြင်ကျယ်လိုက်ကြစမ်းပါ။ တလှန်လောက်ကို မကြည့်စေချင်ပါဘူး။ ခွေးနှင့် ဖက်ရန်ဖြစ်တဲ့သူ ကိုက်သူလည်းခွေး ခွေးလည်းခွေးတဲ့ ဆရာဆုံးမစကားထဲက အကောင်းဆုံး စကားပါ။

နှစ်ဖက်လုံးက လုံးဝမဖြစ်သင့်တဲ့ အနေအထား ခုတော့ နားထောင်းမကောင်း လိုက်တာ ဘာမှမဟုတ်တဲ့ ပြသာနာကို အကြီးအကျယ်လုပ်ပြီးရေးနေမယ့်အစား လုပ်သင့်တာတွေကို ထလုပ်သင့်ပါတယ်။ (ဥပမာ * online ပေါ်မှာ မြန်မာမိန်းကလေးများ အတွေ့အကြုံမရှိသေးတဲ့အတွက် ရုရှားက စစ်ဗိုလ်တွေကို အပေါင်းသင်းအလုပ်ရဘူးဆိုတဲ့ အမြင်များ) ၊ မြန်မာနိုင်ငံအတွက် အလွန်တရာအရေးကြီးသလို forword mail ဆယ်စောင့်မက လက်ခံရရှိခဲ့ပါတယ် ) အဆိုးအကောင်း ဆိုတာအရာအားလုံးမှာ အတူယှဉ်တွဲရှိနေပြီးသားပါ။ အကျိုးတရားကင်းသော အကြောင်းတရားမရှိတဲ့ ။ အမြင်နောက်ကျတယ်ဆိုရင် ဘာကြောင့်လဲ ဆိုတာကို ထောက်ပြရမှာပေါ့ ။ ကျွန်ပျုတာ အပိုင်ရှိတဲ့အိမ် မြန်မာနိုင်ငံမှာ ဘယ်နှစ်အိမ် ရှိနေလို့လဲ။ internet contection , phone line, ဒါတွေ အိမ်တိုင်းမှာ ရှိလိုလား။ အားလုံးက မျက်ကန်းလိုဖြစ်နေတာလေ သိသင့်တာဟူသမျှ ဖြစ်သင့်တာဟူသမျှ ဘာမှလုပ်ပိုင်ခွင့်မရကြဘူး မဟုတ်လား။

ဘယ်လောက်ဝင်ငွေကောင်းတဲ့ လစာကိုမြန်မာနိုင်ငံကလူတွေ ရနေလိုလဲ တစ်ခါတလေ internet သုံးကြည်ရုံလေးဖြင့် chatting အတွေ့အကြုံမရှိဘူးလဲ ဘာလည်း လုပ်နေကြသေး ဒီတစ်ခုတည်းသာမရှိတာမဟုတ်ပါဘူး ။ အရာအားလုံး မှာ မြန်မာနိုင်ငံက နောက်ကျကျန်နေရစ်တာပါ။ တစ်ကမ္ဘာလုံး ATM CARD ကို အသုံးပြုနေတဲ့အချိန် မြန်မာ နိုင်ငံမှာ bank system မရှိပါဘူး။ (GM food ) ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး ပွားများစွာ သန့်ရှင်း လတ်ဆတ်စွာ စားသောက်နေရတဲ့အချိန်မှာ မြေကြီးမှာထိလိုက်တိုင်း အပင်ပေါက်နိုင်တဲ့ မြေပေါ်မှာ ရှားပါးနေတဲ့အခြေအနေ၊ လူ့အခွင့်အရေးဟု လူသန်းပေါင်းများစွာ အော်နေတဲ့အချိန်၊ အရာအားလုံးစံချိန်စံညွန်၏ ကန့်သတ်ချက်များဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နေတဲ့အချိန်မှာ မြန်မာနိုင်ငံသည် ဘေးထွက်ကျန်နေခဲ့ပါသည်။ အကြီးမားဆုံးသော စားဝတ်နေရေး ပြသာနာကြီးကို ဖြေရှင်းရန် မိသားစုထဲက တစ်ယောက်ယောက် မဖြစ်မနေ နိုင်ငံခြားကို သွားပြီးအလုပ်သွားမှဖြစ်နေတဲ့ စီးပွားရေးအခက်အခဲ့ ပြသာနာအတွက် ဖြေရှင်းဖို့နည်းလမ်းများ၊ အဓိက ဖြစ်ပွားရသော ရှာကြမယ်ဆိုရင် ဒီထက်ပိုပြီး အကျိုးရှိမှာပါ။ နိုင်ငံခြားမှာနေဖူးသူတိုင်း ဘယ်လိုကြုံတွေရသလဲ ရင်ဆိုင်ရသလဲသိပါတယ်။
သူတို့လုပ်သလို ကိုယ်ရွှေမြန်မာတွေ လုံးဝမလုပ်ပါဘူးဆိုရင်တော့တစ်မျိုးပေါ့ ခုတော့ ငါတို့ကတော့ လုပ်မယ် ဒါပေမယ့် ငါလုပ်သလို မလုပ်နဲ့ဆိုသလို ဖြစ်နေပါလားနော်။

စာရေးသူအမြင်ကိုပြောရမယ်ဆိုရင် လူတစ်ချိုရှိတယ် သူတိုကနိုင်ငံရေးလိုလို ၊ အတင်းလိုလို ၊ သတင်းလိုလိုနှင့် တစ်ဖက်လူကို စော်ကားစာမျိုးရေနေတဲ့ လူတွေရေးတဲ့ စာတွေက ဘာအကျိုးမှမရှိတာ ဒါမျိုးရေးနေမယ်အစား တခြား blog တွေမှာ အကျိုးရှိတဲ့ ရလဒ်တွေ ရှိနေတဲ့နည်းတူ နိုင်ငံရေးနယ်ပယ်မှာ ဒီမဟုတ်က ဟုတ်ကတွေကို ရပ်လိုက်သင့်ပါပြီး၊ သူများကို ခွေးလို့ဆဲရရုံလေး ကျေနပ်သလား၊ တော်ပြီးလား နိုင်ငံချစ်စိတ်က ဒါပဲလားလို မေးလိုက်ချင် ပါတယ်။ သူများတွေရေးတာကို ထောက်ခံရုံလေး မြှောက်ပင့်ပေးနေတဲ့လူတွေလည်း အံအြမိသေး ။ ထောက်ခံသူလည်းရှိသေး ကိုယ်တိုင်မတွေးဘဲ မှန်တယ်လို အော်နေကြတယ်။ အကျိုးပြုတင်ပြပုံမျိုးဘာမှမပါတဲ့စာတွေက ကိုယ်၏အရည်အသွေး အတွေးအခေါ်ကို ပြလိုက်သလိုဘဲ။

သူများအော်လိုအော်နေတာမျိုးလား ကိုယ်တိုင်မှန်တယ်လို ထင်မိသလား ကိုယ်ဘာလုပ်သလဲဆိုတာ မမြင်ကြသူတွေက လည်းများသားဆိုတော့ ဘာမဟုတ်တဲ့ ကိုယ်ရေး ကိုယ်တာများ အရေးလုပ်ပြီး အကျယ်ချဲ့နေရသေး။ တကယ်ဆို online ပေါ်မှာက စစ်ဗိုလ်တွေ ဘာမှလုပ်လိုမရပါဘူး ။ ရန်ကုန်မြီု့ပေါ်က လူချမ်းသာ ယောင်္ကျားများ ရည်းစား လုံးဝမထားပါဘူးလို့ မိန်းမနောက်ကွယ်မှာ အပျော်မိန်းမ တစ်ယောက်မက ထားနေတာ လူရှေ့မှာ ၀င့်ကြွားစွာ ပြောနေကြတာက အမျိုးသားရေးစရိုက် ပျက်ပြားနေတာမဟုတ်ဘူး လားနော် ။ ကိုယ်အိမ့်က သားတွေ၊ ညီတွေ သူများသားသမီးပျိုတွေကို လုပ်ချင်တိုင်း လုပ်နေတာ၊ နိုင်ငံခြားမှာ အိမ်ကွယ်ရာမို့ အချစ်ကို ကိုးကွယ်မိတာပါတို့၊ အထီးကျန်ဆန်လို့ပါဟု ဆင်ခြေတွေ ပေးနေတာက များသား၊ ကိုယ်ရွှေမြန်မာတွေ ပိုက်ဆံချမ်းသာရင် တစ်ခြား လူမျိုးတွေကို ယူတာတို့၊ အတူနေကြတာတို့က မြန်မာတစ်မျိုးသားလုံးအတွက် အရေးမကြီး ဘူးလား ဒါကတော့ personal ဖြစ်သွားရောလား၊ တကယ်လို့ လူတိုင်းမှာ ခံယူချက်ကိုယ်စီ ရှိကြမယ်ဆိုရင် သူများမိုးခါးရေသောက်တိုင်း သောက်ရမယ်ဆိုရင် ဆင်းရဲတဲ့ မြန်မာလူမျိုးမှာ လက်ကျန်ရှိနေသေးတဲ့ ယဉ်ကျေးမှု၊ လူနေမှုအဆင့်အတန်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာလက်ကျန် ကောင်းများ ပျက်စီးသွားပါလိမ့်မယ်။ အကျိုးပြုစာလေးများရေးကြမယ်ဆိုရင်း
အမြင်ကောင်းလေးများ ထည့်ကြမယ်ဆိုရင် လိုအပ်ချက်အပေါ် ထောက်ပြပေးနိုင်ကြမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ့်။

စာရေးသူက နိုင်ငံရေးနယ်ပယ်ကမဟုတ်ပါဘူး ။ ၀င်လည်းမပါချင်ဘူး ။ စာတွေဝင်ဖတ်ရင်း ရင်ထဲမှာ ပြောချင်စရလေးဖြစ်လာလို ရင်ဖွင့်မိတာပါ။ မြန်မာမြေပေါ်မှာ နောက်ထပ်သွေးတွေ ထပ်မစွန်းဖို့ကအရေ့းပိုကြီးပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ ခက်ခဲ့ကျပ်တဲ့လှတဲ့ စီးပွားရေး ပြသာနာကို တခြားနိုင်ငံကို သွားအလုပ်လုပ်စရာမလိုဘဲ ဖြေရှင်းမည့်နည်းလမ်းများက ခုဖြစ်နေတဲ့အရေးအခင်း ထက်အဆတစ်သောင်းလောက်အရေးကြီးပါသေးတယ်။ ဒီတော့ ဘာမဟုတ်တဲ့အရာကလေးမှာ ဇာချဲ့နေမယ့်အစား ဒီထက်ခိုင်တဲ့လက် ဒီထက်မြဲတဲ့လက်ကို သံမဏီစိတ်ဓါတ်ဖြင့် တွဲလျှက် ငါတို့ရှေ့ကိုလျှောက်ကြစီု့ ငါတို့ဘယ်လောက်ချစ်ကြသလဲ ဆိုတာ ပြရင်း ငါတို့ ကိုယ်ငါတို့ ဂုဏ်ယူကြစို့။ ဆဲတဲစာတွေ ရေးနေဖို့အချိန်မပေးသင့်ပါဘူး။ မကြိုက်တဲ့သူတွေကို အပေါင်းမလုပ်ဘဲနေပါ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ။ တိုင်းပြည်ကို တကယ်ချစ်ရင် ပထမ သားကောင်းသမီးကောင်းဖြစ်ပါစေ။ မိသားစု က အားကို ရသော လူ ၊ မိတ်ဆွေက လေးစားရသောလူ၊ နိုင်ငံကအားကိုးရတဲ့လူသာ ဖြစ်အောင်းကြိုးစားပါလို ရင်ထဲက ပြောချင်ပါတယ်။

နတ်သမီးရေစင်

Posted by ပိတောက်မြေ at 2:45:00 AM
Labels: ပေးစာ/ပြန်စာကဏ္ဍ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...