"မြန်မာ့နိုင်ငံရေး မဟာဗျူဟာ"
Min Thant Syn created the doc:
အာဏာဆက်ဆံရေး
၂၀-၁၀-၂၀၀၈ နေ့ထုတ် Weekly Eleven ဂျာနယ်၌ `ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကို အခြေခံမဟာ ဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း´ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။ ဤဆောင်းပါး၌ မြန်မာနိုင်ငံရေး၏ ရှုပ်ရှုပ်ထွေးထွေးဖြစ်ထွန်းမှုကို သက်သေထူသည့်အနေဖြင့် `လွတ်လပ် ရေးရပြီးကတည်းက မြန်မာနိုင်ငံရေး ခေတ်ပြိုင်ဖြစ်ထွန်းမှုတွင် သမ္မနှင့် ၀န်ကြီးချုပ်တွေ ဇာတ်သိမ်း မကောင်းခဲ့ကြပေ။ လွတ်လပ်ရေးမရမီကြားကာလ သမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့် သမ္မတ၊ မည်သည့် ၀န်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ စင်းသွားရသည်ဟူ၍မရှိခဲ့ပေ´ဟု ဖော်ပြခဲ့သည်။ ဤအချက်ကို ဖော်ပြရလျှင် နိုင်ငံရေးအလွမ်းဇာတ် Political tragedy ကို ဖြော်ပလို၍ဖြစ်သည်။ မည်သည့်နိုင်ငံ၏ နိုင်ငံရေးသမိုင်း၌မဆို နိုင်ငံရေး ကြေကွဲဖွယ်ရာဇာတ်လမ်းတို့ ရှိကြစမြဲဖြစ်သည်။ သူ့ထူးခြားချက်နှင့်သူဖြစ်ကြသည် ။
သမ္မတနှင့် ၀န်ကြီးချုပ်တို့ ဇာတ်သိမ်းမကောင်းကြခြင်းသည် ရှေးရိုးမြန်မာစကားက `မင်းပြောင်း မင်းလွဲ´ဟုဆို၍ ခေတ်သစ်နိုင်ငံရေး သိပ္ပံပညာ၊ အာဏာဆက်ခံမှု Power succession ဟုခေါ်သော ပြဿနာနှင့် သက်ဆိုင်အကျုံးဝင်သည်။ ခေတ်ပြိုင်မြန်မာနိုင်ငံရေး သမိုင်းတွင် ဤအာဏာဆက်ခံရေး ပြဿနာသည် ငြိမ်းချမ်းစွာမဖြစ်ခဲ့သဖြင့် စိတ်မကောင်း ဖြစ်ရသည်။
ဘယ်သင်းအရေးကြီး
ထို့ကြောင့် အတည်ပြုပြီးဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ ဒသည် အာဏာဆက်ခံမှု သို့မဟုတ် အာဏာ လွှဲပြောင်းမှုပြဿနာကို ငြိမ်းချမ်းစွာဖြစ်ပေါ်ရန် အခြေခံကောင်းတွေ့ရှိလိမ့်မည်ဟု မျှော်မှန်းနိုင်သည်။ စာရေးသူအမြင်၌ ငြိမ်းချမ်းစွာအာဏာဆက်ခံရေး (၀ါ) ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းေ ရးသည် လူ့အခွင့်အရေးကာကွယ်စောင့်ရှော က်ရေးကဲ့သို့ မတိမ်းမယိမ်း အရေးကြီးသည်ဟု ယူဆသည်။ ယနေ့ကမ္ဘာကြီးသည် အလျင်အမြန်ပြောင်းလဲနေသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတို့တွင် အလျင်အမြန်ပြောင်းလဲနေသည်။ အိုင်ဒီယာတွေ အလျင်အမြန်ပြောင်းလဲနေသည်။
ဤသို့ အလျင်အမြန်ပြောင်းလဲနေသော အခါသမယကြီးတွင် နိုင်ငံရေးကို stereotypes ပုံသေကားချပ်ပုံစံ၊ သမားရိုးကျပုံစံတို့ဖြင့် စဉ်းစားလို့မရတော့ပေ။ ဖော်မြူလာအသေ၊ လှေနံဓားထစ် စဉ်းစားလို့ မရတော့ပေ။ သမိုင်းဖြစ်ထွန်းမှုနှင့် ပကတိအခြေအနေတို့ကို တီထွင်ဖန်တီးသောဉာဏ်ဖြင့် ရှုမြင်သုံးသပ် ကြရန်လိုသည်။ စာရေးသူအမြင်၌ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ အာဏာဆက်ခံရေး ပြဿနာတို့ကို ယှဉ်ကြည့်လျှင် ရေရှည်အမြင်၊ မဟာဗျူဟာ အမြင်အရ ငြိမ်းချမ်းစွာအာဏာဆက်ခံရေးကိစ္စ က ပို၍ အရေးကြီးသည်။ ပို၍ အခြေခံကျသည်ဟုထင်သည်။
အကြိုနှင့်အလွန်ညွန့်ပေါင်း
ဒိုင်ယာလော့ခ်တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့  စသည့်စကားတွေ အတော်ကြားရသည်။ အလွန်ယေဘူယျ ကျသော အလွန်ဒြပ်မဲ့သောစာသား The most generalized, the most abstract text တို့သည် ယခုလို တိတိကျကျ အကောင်အထည်နှင့် လက်ဆုပ်လက်ကိုင်ပြောရမည့်အချိန် ၌ အလုပ် ဖြစ်နိုင်မလား။ လက်တွေ့ကျနိုင်မလားဟု မေးခွန်း ထုတ်စရာပေါ်သည်။ ယနေ့ အခြေအနေ၌ ပြဿနာကို လက်တွေ့ကျကျဖော်ထုတ်ရသည်။ အဖြေကို လက်တွေ့ကျကျ ပေးရသည်။ ယေဘူယျတွေ၊ ဒြပ်မဲ့တွေဖြင့် ပြောနေလျှင် နိုင်ငံရေးမဆန်။ ၀တ်အသင်းဆန်မည်။ မိမိတို့၌ အိုင်ဒီယာ ဆင်းရဲနေခြင်းကိုလည်းပြမည်။ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသော စကားကို လက်တွေ့ကျကျနားလည်ကြည့်လျှင် Pre-election coalition ရွေးကောက်ပွဲအကြို ညွန့်ပေါင်းဖွဲ့ခြင်း သို့တည်းမဟုတ် post-election coalition ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းဖွဲ့ခြင်း ပုံသဏ္ဍာန်တို့သာ ဖြစ်နိုင်သည်။ နိုင်ငံရေးဆိုသည်မှာ ပကတိအခြေအနေကို အခြေခံ၍ လက်တွေ့ကျကျအဖြေရှာခြင်းသာဖြစ်သည်။
ဗီးရှင်းနှင့် အစစ်အမှန်
စာရေးသူသည် နိုင်ငံခြားပညာရှင်တို့နှင့် တွေ့ဆုံဆွေးနွေးဖူးသည်။ ဤသို့ တွေ့ဆုံတိုင်း ချဉ်းကပ်မှုခြင်း အခြေခံအရ မတူညီကြောင်းကို ပြောရသည်။ သူတို့က နိုင်ငံခြားမှနေ၍ အယူအဆစိတ်ကူးတို့ကို အရင်အုတ်မြစ်တည်သည်။ အယူအဆတို့ကို စိတ်ကူးထဲ အရင်ချက်ပြုတ်သည်။ အရင်မီးဖုတ်သည်။ အရင်ထုတ်ပိုးသည်။ ဤသို့ အရင်ကြိုတင်ချက်ပြုတ် ထုပ်ပိုးပြီးသား စိတ်ကူးအခြေခံ pre-cooked, prepacked conceptual framework တို့ဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ အစစ်အမှန်ကို စွပ်ကြည့်သည်။ ဤသို့ စွပ်ကြည့်၍ အံမကိုက်လျှင် ဆရာလုပ်သည်။
စာရေးသူက တုံ့ပြန်ရသည်။ စာရေးသူ၏ ချည်းကပ်နည်းသည် ပကတိအစစ်အမှန် reality မှ စသည်။ မည်သည့် ကြိုတင်စိတ်ကူးထာသော အိုင်ဒီယာအစွဲအလမ်းတွေမတွေး။ အစစ်အမှန်နှင့် ဖြစ်ရပ်တို့ ဘယ်လိုဖြစ်ထွန်းလာ သနည်းဟု ကြည့်သည်။ how events or reality evolve ကိုကြည့်သည်။ ဖြစ်ရပ်နှင့် အစစ်အမှန်တို့ ဖြစ်ထွန်းပုံတို့ကို သုံးသပ်ပြီး ကောက်ချက်ဆွဲသည်။ ယနေ့ခေတ်ပေါ်စကားနှင့် ပြောလျှင်စာရေးသူသည် အစစ်အမှန်မှစသည်။ ဗီးရှင်း စိတ်ကူးမှ မစ။ မြန်မာနိုင်ငံရေးတွင် ဗီးရှင်းအတွက် အကန့်အသတ်တွေ များစွာရှိသည်။
မောင်စူးစမ်း
၂၀-၁၀-၂၀၀၈ နေ့ထုတ် Weekly Eleven ဂျာနယ်၌ `ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကိ
သမ္မတနှင့် ၀န်ကြီးချုပ်တို့ ဇာတ်သိမ်းမကောင်းကြခြင်းသည် ရှေးရိုးမြန်မာစကားက `မင်းပြောင်း မင်းလွဲ´ဟုဆို၍ ခေတ်သစ်နိုင်ငံရေး သိပ္ပံပညာ၊ အာဏာဆက်ခံမှု Power succession ဟုခေါ်သော ပြဿနာနှင့် သက်ဆိုင်အကျုံးဝင်သည်။ ခေတ်ပြိုင်မြန်မာနိုင်ငံရေး သမိုင်းတွင် ဤအာဏာဆက်ခံရေး ပြဿနာသည် ငြိမ်းချမ်းစွာမဖြစ်ခဲ့သဖြင့် စိတ်မကောင်း ဖြစ်ရသည်။
ဘယ်သင်းအရေးကြီး
ထို့ကြောင့် အတည်ပြုပြီးဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ
ဤသို့ အလျင်အမြန်ပြောင်းလဲနေသော အခါသမယကြီးတွင် နိုင်ငံရေးကို stereotypes ပုံသေကားချပ်ပုံစံ၊ သမားရိုးကျပုံစံတို့ဖြင့် စဉ်းစားလို့မရတော့ပေ။ ဖော်မြူလာအသေ၊ လှေနံဓားထစ် စဉ်းစားလို့ မရတော့ပေ။ သမိုင်းဖြစ်ထွန်းမှုနှင့် ပကတိအခြေအနေတို့ကို တီထွင်ဖန်တီးသောဉာဏ်ဖြင့် ရှုမြင်သုံးသပ် ကြရန်လိုသည်။ စာရေးသူအမြင်၌ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ အာဏာဆက်ခံရေး ပြဿနာတို့ကို ယှဉ်ကြည့်လျှင် ရေရှည်အမြင်၊ မဟာဗျူဟာ အမြင်အရ ငြိမ်းချမ်းစွာအာဏာဆက်ခံရေးကိစ္စ
အကြိုနှင့်အလွန်ညွန့်ပေါင်း
ဒိုင်ယာလော့ခ်တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို
ဗီးရှင်းနှင့် အစစ်အမှန်
စာရေးသူသည် နိုင်ငံခြားပညာရှင်တို့နှင့် တွေ့ဆုံဆွေးနွေးဖူးသည်။ ဤသို့ တွေ့ဆုံတိုင်း ချဉ်းကပ်မှုခြင်း အခြေခံအရ မတူညီကြောင်းကို ပြောရသည်။ သူတို့က နိုင်ငံခြားမှနေ၍ အယူအဆစိတ်ကူးတို့ကို အရင်အုတ်မြစ်တည်သည်။ အယူအဆတို့ကို စိတ်ကူးထဲ အရင်ချက်ပြုတ်သည်။ အရင်မီးဖုတ်သည်။ အရင်ထုတ်ပိုးသည်။ ဤသို့ အရင်ကြိုတင်ချက်ပြုတ် ထုပ်ပိုးပြီးသား စိတ်ကူးအခြေခံ pre-cooked, prepacked conceptual framework တို့ဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ အစစ်အမှန်ကို စွပ်ကြည့်သည်။ ဤသို့ စွပ်ကြည့်၍ အံမကိုက်လျှင် ဆရာလုပ်သည်။
စာရေးသူက တုံ့ပြန်ရသည်။ စာရေးသူ၏ ချည်းကပ်နည်းသည် ပကတိအစစ်အမှန် reality မှ စသည်။ မည်သည့် ကြိုတင်စိတ်ကူးထာသော အိုင်ဒီယာအစွဲအလမ်းတွေမတွေး။ အစစ်အမှန်နှင့် ဖြစ်ရပ်တို့ ဘယ်လိုဖြစ်ထွန်းလာ သနည်းဟု ကြည့်သည်။ how events or reality evolve ကိုကြည့်သည်။ ဖြစ်ရပ်နှင့် အစစ်အမှန်တို့ ဖြစ်ထွန်းပုံတို့ကို သုံးသပ်ပြီး ကောက်ချက်ဆွဲသည်။ ယနေ့ခေတ်ပေါ်စကားနှင့် ပြောလျှင်စာရေးသူသည် အစစ်အမှန်မှစသည်။ ဗီးရှင်း စိတ်ကူးမှ မစ။ မြန်မာနိုင်ငံရေးတွင် ဗီးရှင်းအတွက် အကန့်အသတ်တွေ များစွာရှိသည်။
မောင်စူးစမ်း
0 comments:
Post a Comment