Thursday, July 21, 2011

ဦးစန္ဒောဘာသ၏ ၁၆ နှစ်တာ ထောင်တွင်းဖြတ်သန်းမှု ဖြစ်စဉ်။

by Zinzinkyaw Zinzin on Monday, July 18, 2011 at 10:03am

            ရဟန်းပျိုသမဂ္ဂ အစည်းဝေးပြုလုပ်ရန် မယ်လမုဘုရားသို့ ကြွေ၇ာက်ပါဘုရား။
 ၈.၆.၉၃ နေ့လည် ၁ နာရီ။ ဖိတ်စာအ၇ မယ်လမု စုရပ်မှနေ၍ ရွှေတိဂုံဘုရား ပြည်သူ့ဥယျာဉ်အတွင်း သစ်လုံးစားတော်ဆက်အတွင်း၌ အစည်းဝေးပြုလုပ်နေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် လူ ၁၂ ယောက်ပြေးဝင်လာပြီး လက်လှန်ချိုးသူကချိုး၊ လည်ပင်း ညှစ်သူက ညှစ်၊ သေနတ်ဖြင်ံချိန်ပြီး သင်္ကန်းဝတ်တွေ မလှုပ်နဲ့၊ မခုခံနဲ့၊ခုခံ၇င် ပစ်လိုက်မည်ဟု ပြောပြီး  ဦးဇင်းတို့၏ မျက်နှာများကို အဝတ်များဖြင့်စည်းကာ  ကားပေါတင်၍ ခေါ်ဆောင်သွားပါတော့တယ်။

            “ ဆင်း’ ဆိုတဲ့အသံနဲ့အတူ ဝိုင်းဝန်းထိုးကြိတ်ကြပြီးနောက် အဆောက်းဦးတခုထဲကိုသွင်းလိုက်တယ်၊ ခြေထောက်ကိုကား နံရံမှာကပ်ရပ်ထား၊ လက်တွေကိုအပေါ်မြှောက်ထားလို့ ပြောနေစဉ်မှာ  ဦးဇင်းရဲ့ ရင်ဝသို့ ခြေထောက်ဖြင့် အကန်ခံလိုက်၇ပါတယ်။ နောက်ဘာမျှမသိတော့ပါ၊ တစုံတယောက်က မေးကြောကို လက်ဖြင့်ကုပ်တင်သလိုခံစားမိလို့ နာကျင်မှုကိုခံစားလိုက်၇မှ သတိပြန်ဝင်လာတယ်ဆိုတာသိလိုက်တယ်၊ လက်မ နှစ်ချောင်းကို လက်ထိပ်ခပ်ပြီးနောက်  ထိုသူများထွက်သွားပါတော့တယ်။ ညနေ ၆ နာရီခန့်လောက်မှာ အ၇က်တွေမူးရူးပြီး ပြန်ေ၇ာက်လာတဲ့အခါ မကြားဝံ့မနာသာ ဆဲေ၇းတိုင်းထွာပြီး ရန်ကုန်တမြို့လုံး ဆိုင်ကယ်၊ စက်ဘီး၊ လေယာဉ်ပျံ စီးခိုင်းလိုက်နဲ့ စတင်ကာ နှိပ်ဆက်မှုမျိုး စုံလင်စွာ နှိပ်ဆက်ပါတော့တယ်။ တဖွဲံပြီး တဖွဲ့ လူလဲပြီး စစ်လိုက် နှိပ်ဆက်လိုက်နဲ့ ၄ ၇က်လုံးလုံး ထမင်းမကျွေးေ၇မတိုက် နေ့ညဆက်တိုက် စစ်မေးနှိပ်ဆက်ပါတော့တယ်။ ကျေနပ်သွားပြီဆိုတော့မှ နောက်တနေရာကို ကားဖြင့် ပို့လိုက်ပြန်တယ်၊ နောက်မှပြန်သိလိုက်၇တာက နာမည်ဆိုနဲ့ကြောာကားနဲ့ေ၇ကြည်အိုင်အကျဉ်းစခန်းလို့ ခေါ်တဲ့နေ၇ာကိုေ၇ာက်ေ၇ာက်ချင်း ထမင်းတဆုပ်၊ ဘဲဥတလုံး၊ ရေတခွကိုက်တယ်။ ရေမဝလို့တောင်းတဲ့အခါ “မင်းအမေ့လင်အိမ် မဟုတ်လို့ မပေးနိုင်ဘူး” ဟုဆိုကာ ထွက်သွားပါတော့တယ်။
            ည ၁၂ နာရီလောက်လာခေါ်ပြီး ထိုင်ခုံတခုပေါ်ထိုင်ခိုင်ပါတယ်၊  ထိုင်ခုံက ဖင်ထိုင်တဲ့နေရာက လက်ဝါးသာသာလောက်ရှိပြီး ခုံရဲ့ခြေထောက်က လေးပေလောက်ရှည်တယ်။ ခြေထောက်တင်လို့မရအောင်လုပ်ထားပြီး  သစ်သားအားလုံးက စောင်းတွေနဲ့မို့ အလွန်ကိုထိုင်ရခက်တဲ့ထိုင်ခုံပါ။ အဲ့ဒီအပေါ်မှာ နှစ်၇က်တိုင်တိုင် စစ်ဆေး မေးမြန်တော့ ။ ပထမ တရက်မှာတင် ဘယ်လိုမှကိုမနေနိုင်တဲ့အခြေအနေသို့ေ၇ာက်သွားတယ်၊ ဒုတိယ ရက်ကြတော့သစ်သားနဲ့ ထိတဲ့နေရတွေ ဘယ်လိုမှကိုအထိမခံနိုင်တော့ဘူး ခြေထောက်တွေဆိုတာလဲ မိမိရဲံ စိတ်ထဲမှာ အလွန်လေးတဲ့အရာဝတ္ထုဖြစ်နေပြီး ဧ၇ာမ ခြေထောက်ကြီးလို့ခံစာရတယ်၊၂ရက်မြောက်လို့ ထိုင်ခုံပေါ်ကနေဆငိးလိုက်တဲ့အခါ အောက်သို့ပုံကျသွားတယ်၊သူတို့က မသိသလို လိုနဲ့ထွက်သွားကြတော့ ကိုယ့်ခြေထောက် ကိုယ်ပြန်နှိပ်နယ် ကွေးလိုက် ဆန့်လိုက်နဲ့ တနာရီလောက်လုပ်လိုက်တော့တော်တော်လေးနေသာထိုင်သာရှိတော့မှ  မူလအခန်းသို့ပြန်ပို့လိုက်ပြီး သိမ့် မကြာခင် ၁၂.၈.၉၃ ရက်မှာ သီးခြားအကျဉ်းထောင်( သီးသန့်) သို့ပို့လိုက်တယ်။
            သီးသန့်ထောင် ၂ဆောင်နောက်ခြမ်း  အခန်း  ၁၆ သို့ ဦးဇင်းနဲ့အတူပါလာတဲ့ ၄ ယောက်နဲ့အတူ တခန်းထဲမှာထည့်ထားကြတယ်။ အခန်းထဲမျာ ဂန်ဖလား ၂လုံး၊ ဖျာအစုတ်တချပ်ပဲရှိတယ်၊နောက်နေ့နံက် ၆ နာရီမှာ အခန်းထဲကို စစ်ဖနပ်တွေစီးဝင်ပြီး ဘာမှမရှိတဲ့အခန်းထဲကို ထောင်ဝန် ၄ ယောက် ဝင်ေ၇ာက်ရှာဖွေတဲ့အတွက် ကျင်ကြီး ကျင်ငယ်တွေပြည့်နက်တဲ့ ဂန်ဖလားတွေထဲကို ပါလာတဲ့ဒုတ်တွေနဲ့ မွှေနှောက်တဲ့အတွက် တခန်းလုံး နံစော်နေတော့  ထောင်မှုးဆိုသူကို ခေါ်ပြောတော့ “ ဒါထောင် အိမ်မဟုတ်ဘူး” လို့ပြော၇င်း အခန်းထဲကို ပြန်ဝင်ခိုင်ပါတော့တယ်၊၊ ဂ နာရီမှာ  တခန်းစီဖွင့်ေ၇ချိုးခိုင်ပါတယ်၊ သန့်ရှင်းေ၇းအပါဝင် ရေချီုး၇မည့်အချိန်က ၁၅ မီနစ်ပဲပေးတယ်၊ ၁၅ မီနစ်ပြည့်လို့ပိတ်လိုက်တဲ့အချိန်မှစလို့  ညနေ ၅ နာရီခိုတော့မှ တံခါးပြန်ဖွင့်ပြီး အခန်းထဲမှာရှိတဲ့ ဂန်ဖလားတွေကိုပြန်ချတယ်၊ လူတွေကတော့ အခန်းထဲမှ ထွက်ခွင့်မပြုဘူး၊ ပြီးတာနဲ့ပြန်ပိတ်လိုက်တယ်။
            နံက်စာကိုတော့ ၁၁ နာရီလောက်မှကျွေးတယ် ပန်ကန်မရှိလို့ တခန်ြး့ပီးမှ တခန်ခန်စီကျွေတာပါ။ ဟင်းကတော့  ပဲအစေ့မတွေ့၇တဲ့ အ၇ည်ချည်းသက်သက် ကျဲတောက်နေတဲ့ပဲဟင်းပါ၊၊ညနေဘက် ဟင်းကတော့  ကန်စွန်းကြီးအရွက်နဲ့ အရိုးတွေကို ပြုတ်ထားတဲ့ဟင်း (တာလပေါ့)လို့အမည်ရတဲ့ ဟင်းနဲ့အတူ နံဟောင်၍ ငံတူးနေတဲ့ ငပိနဲ့ နေ့စဉ်လိုလိုဆိုသလို ကျွေးပါတယ်။
            ရုံးထုတ်တော့ ဦးဇင်းအိမ်ကမလာနိုင်ဘူးလေ၊ ဦးဇင်းတို့က နယ်ပယ်အသီးသီးက မျြို့ပေါ်ကို စာသင်ဖို့လာရောက်ကြတဲ့သူတွေမို့  မိဘညီအစ်ကိုမောင်နှမတွေက မြို့ကြီး ပြကြီးတွေကိုေ၇ာက်ဖူးခြင်မရှိတဲ့အတွက်၇ယ်၊ ကောလဟလ သတင်းတွေကြားပြီး ကြောက်အားကြီးတာတွေကြောင့် မလာကြဘူး၊ ဒီလို အခြေနေမျိုးတွေကြောင့် ထောင်ကျနေတဲ့ ရဟန်းတော်များ  အစားအသောက် အခက်ခဲအမျိုးမျိုးနဲ့၇င်ဆိုင်ခဲ့ရတယ်။
            ဦးဇင်းရဲ့ ဖမည်တော်ဟာ ရုံးထွက်ကို လာဖို့လုပ်ပါတယ်၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ရွာက ဦးဇင်းတပါးအကူညီနဲ့ ရုံးချိန်းကိုအလာ လမ်းဘေးေ၇မြောင်းထဲ ရုတ်တရက်ခြေချော်ကျသွားတဲ့အတွက် ခြေထောက်ကျိုးသွားလို့ မလာနိုင်ဘူးဆိုတာသိ၇တယ်၊ မိခင်ကတော့ လေဖြတ်ထားလို့ ကိုယ်တပိုင်း လှုပ်လို့မရဖြစ်နေတယ်၊ ညီနှင့် အကိုများကလည်း ဘယ်ကိုမှ မသွား မလာတတ်တဲ့သူတွေဖြစ်နေပြန်တယ်။
            ထောင်ထဲရောက်လာတဲ့ ဘုန်းကြီးတွေ လူမှုစရိုက်မတူတဲ့ အဝန်းဝိုင်းထဲရောက်သွားတဲ့အခါ ဘုန်းကြီးများအနေနဲ့ အခက်ခဲ့များစွာတွေ့၇တဲ့ဘုန်းကြီးများမှာ၊ (၉၀) ပတ္တနိက္ကုဇ္ဇနကံဆောင်လို့ကျတဲ့ ဦးနန္ဒမာလာ( ရွှေလီ အရှင်နန္ဒမာလာ ကြာညိုခံဆရာတော်ရဲံတပြည့်) ဘုန်းကြီးရယ်၊ သင်္ကန်းပြာလို့လူသိများတဲ့ ဘုတ်းကြီး၇ယ်။ထိုဘုန်းကြီးတွေမှာ တပါးမှ ထောင်ဝင်စာမရှိကြဘူး။ ဦးဇင်းကိုတော့ နိုင်ငံရေးသမားထောင်ကျ အချို့မှ ထောင်ဝင်စာလာသောအခါ လှူဒါန်းလို့ရတဲ့ ဆွမ်းဟင်းများနဲ့ မျှတအောင်သုံးဆောင်ခဲ့၇တယ်။
            လောကကြီးမှာ ငတ်ပြီဟေ့ဆိုရင်” ဘုန်းကြီးနဲ့ခွေးကအ၇င်ငတ်ကြတယ်” လို့ ဆိုရိုးစကားရှိတယ်။ မိမိမှ ပိုပိုလျှံလျှံလေးရှိမှသာ ပေးကမ်းခြင်း၊ လှူဒါန်းခြင်းအမှုကို ပြုကြတဲ့အတွက် ပိုလျှံတယ်လို့ဆိုတာမရှိတဲ့ ထောင်ထဲမှာ ဘုန်းကြီးများဟာ အခြားသူတွေထက် ပိုလို့ဒုက္ခေ၇ာက်ကြ၇တယ်။
            “ ပုဂ္ဂီုလ်ခင်မှ တရားမင်”ဆိုတဲ့အတိုင်း ဘုန်းကြီးများဖြစ်သည့်အလျှောက်  ဘုန်းကြီးအတိုင်း တည်တည်တံ့တံ့ နေတာရယ်။ လူတွေရဲ့ အလုပ် အထူးသဖြင့် ပေးကျွေးထားတဲ့သူတွေရဲ့ ဝေယျာဝစ္စများကို  ဘုန်းကြီးဖြစ်တဲ့အတွက် မလုပ်ပေးနိုင်တာတွေကြောင့်ရယ်၊ ကျွေးပေးထားတဲ့သူတွေကမိမိရဲံစကား သို့တည်မဟုတ် အဖွဲံအစည်းနဲံဆိုင်တဲ့ ဆုံးဖြတ်ချက်များချတဲ့အခါမျိုးမှာ ခေါင်းညိတ်တတ်တဲ့သူများမဟုတ်တဲ့အတွက်  ဘုန်းကြီးများဆိုလျှင် ပေးကမ်းလှူဒါန်းမှုတွေမှာ လက်တွန့်တတ်ကြတဲ့အတွက် ဘုန်းကြီးတွေမှာပိုပြီးဒုက္ခေ၇ာက်ကြ၇တယ်။
            ထူးထူးခြားခြား ပိုဆိုတတ်တာက ရန်ကုန်ထောင်မှ နယ်ထောင်များကို အပို့ခံရပြီဆိုရင်တော့ ပိုဆိုးသွားပါတယ်၊ရန်ကုန်မှာက ရန်ကုန်သူ ရန်ကုန်သားများဖြစ်သည့်အတွက်၁၅ ရက် တခေါက်ထောင်ဝင်စာ လာသူကများတယ် နယ်ထောင်တွေရောက်သွားကြ၇င် ရန်ကုန်မှာတုန်းက ၁၅ ရက် တခေါက်လာတဲ့သူတွေတောင်  တလတခေါက် ၊ ၂ လတခေါက်ဖြစ်ကုန်ကြတဲ့အခါ  ကိုယ်တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ပေးကမ်းခြင်းအမှုဆိုတာတော့ ဝေးပေါ့၊ ပိုးဝေးတဲ့ထောင်ေ၇ာက်လေ ပို၍ပို၍  ဆိုးလေပါပဲ။ ဦးဇင်း အင်းစိန်ထောင်မှာ ၄ နှစ်နေပြီး သာယာဝတီထောင်သို့ ၉၇ နှစ်ထဲမှာအပို့ခံ၇တယ်၊ ၁တိုက်၊ ၂တိုက်၊ ဆိုတဲ့တိုက်ဝင်းတခုထဲမှာ ထားတယ်၊ ရန်ကုန်ကနေ အတူတူပြောင်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆၈ ရောက်ရှိတယ်။
            သာယာဝတီထောင်ရောက်တော့ ပုံမှန်ထောင်ဝင်စာ လာတဲ့သူတွေပုံမှန်မဟုတ်တော့ဘူး၊ အလာကျဲကုန်ာကတော့ စားရေးက ခက်ခဲလာတဲ့အတွက် အချင်းချင်း သွေးစည်းညီညွတ်စွာနဲ့ လက်ဆွဲအိပ်၊ ပိုက်ဆံအိပ်တွေ ထိုးပြီး အပြင့်သို့ထုတ်ရောင်းခိုင်းရတယ်၊ ရရှိလာတဲ့ငွေကို လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက် ကူညီတဲ့အနေနဲ့ အမေ လူထုဒေါ်အမာကတောင် ထောင်ဖြစ်လက်ဆွဲအိပ်  တကားကားနဲ့တွေ့လိုက်၇ပါသေးတယ်။ ဦးဇင်းဆိုရင် ကိုယ်တိုက်ဆပ်ပြာအခက်ခဲရှိလို့ ဆက်ပြာတုန်းကို ဘုရားစင်းတုတော်တွေထုပြီး မလိုအပ်လို့ဖဲ့ထုတ်ထားတဲ့ အပိုင်းဆတွေနဲ့ ကိုယ်တိုက်ဆပ်ပြာအတွက်ဖြေရှင်းခဲ့၇တယ်။နောက် ထောင်မှုးထောင်ပိုင်တွေက ဒီလိုဖြေရှင်နေတာကိုသိသွားတဲ့အခါ ထောင်ထဲက ပစ္စည်းတွေ အပြင်ထုတ်ခွင့်ကို ပိတ်ပင်လိုက်ပါတော့တယ်။
            ၂၀၀၂.၁၀ ၈  ရက်နေ့မှာ သာယာဝတီထောင်မှာ အင်းစိန်ထောင်သို့ပြန်ပို့တယ်၊ ပြန်ပို့ရခြင်းအကြောင်းက ဦးဇင်းမှာ မျက်လုံးကြည့်မကောင်းတော့တာရယ်၊ ခါးရိုးကျည်းပေါင်းတက်တာရယ်ကြောင့်  ဆေးကုသဖို့အတွက် ပြန်ပို့ခြင်းဖြစ်တယ်၊  ဒုတိယတခေါက်ပြန်ေ၇ာက်တဲ့အချိန်မှာတော့  တခန်းနဲ့ တခန်း၊ တယောက်နဲ့ တယောက် စကားပြေားခွင့်မရှိ ကိုယ့်အလှည့်ကြလို့လမ်းလျှောက်ရင်တောင် အခန်းဘက်ကိုကြည့်လို့မရတဲ့ အခြေအနေတွေနဲ့ အချိန်ပြည့် မှတ်တမ်းထိုင်ေ၇း၊ စောင့်ကြည့်ချင်းခံနေရတယ်၊ တိုက်အတွင်းထဲမှာဆိုရင်  စာပင်မပြောနဲ့ မျက်ပင်တောင် တပင်လေမျှမတွေ့ရတဲ့အခြေနေပါ။တိုက်ခန်းထဲ နေနေတဲ့သူအများစုကလည်း စစ်တပ်က စစ်ဗိုလ်ပြုတ်များနှင့်  ထောင်အာဏာပိုင်တွေမွေးထားတဲ့ တပြည့်တပန်းတွေရဲ့ မျက်လုံးစပါးမွှေးစူးခြင်း ၊မပေးမကမ်းလို့ အမြင်ကပ်ခြင်း အနေထိုင်လေး တချက်မှားတာနဲ့ စစ်ခွေးပို့ တိုက်ပိတ်ခြင်းကိုခံ၇တော့တာပါပဲ။
            ထောင်ထဲရောက်နေတဲ့နိုင်ငံေ၇း သမားအချင်းချင်းပေမဲ့  ပုထုဇဉ်ဆိုပေမဲ့ စိတ်အခန့်မသင့်ဖြစ်တတ်ကြတယ်၊ ဒါကတော့ ဟန်ဝင်းအောင်းက ဦးသူမနကို သတင်းစားယူခိုင်းတယ် ဦးသုမနက မယူပေးနိုင်ဘူး ဖတ်ချင်၇င် ကိုယ်ဘာသာယူဖတ်လို့ဆိုတယ်၊ဟန်ဝင်းအောင်က ရန်ငြိုးဖွဲ့ပြီး ညဏ်လင်းထွန်း(ညဏ်ကြီး) ဖိုးခွါး ၊ မောင်မောင်းလတ်၊တို့ကိုလူမိုက်ငှါးပြီ၊ဦးသုမနကို ဝိုင်းထိုးကြတယ်။တိုက်ျတွင်နေတဲ့ ကြံသူအားလုံးက မကြေနပ်လို့ထောင်မှုးကိုယိုင်းပြောတော့ တိုက်ပိတ်ဒဏ်ခပ်တယ်။တိုက်ပိတ်ပြီးတဲ့အခါ စသူတို့ကို ဒီလိုလုပ်ကမလားဆိုပြီ ဘုန်းကြီးတွေကို မပေး မကမ်းရ စကားမပြော မဆက်ဆံ၇ဆိုပြီကန့်သတ်တယ်။ ကန့်သတ်လိုက်တဲ့အခါ  ရာဇဝတ်မှုနဲ့ထောင်ကျနေသူများနဲ့ NLD ရဲ့ထောက်ပံ့ကြေးနဲ့ လုံလောက်မျှတစွာ ရပ်တည်နိုင်တဲ့အပြင် ရွှေဝါရောင်တော်လှန်ေ၇းမှာ ပါဝင်လို့ထောင်ထဲေ၇ာက်လာကြတဲ့ သံဃာတွေကိုတောင်မှ ဦးဇင်းတို့က ကူညီနိုင်လိုက်သေးတယ်။
            ၁၆.၂. ၂၀၀၄ ခုနှစ် ICRC အဖွဲ့ထောင်ထဲလာစဉ်တုန်းက ဦးဇင်းတို့တိုက်မှာရှိတဲ့ နိုင်ငံေ၇းသမာတွေက၊ စစ်ဗိုလ်ပြုတ်တွေ၊ ထောင်အသီးသီးမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ တိုက်ထဲေ၇ာက်လာတဲ့သူတွေကို၊ နိုင်င့ေ၇းသမားတွေနဲ့အတူတူမထားဖို့  ထားခဲ့တချိန်ချိန် ပြဿနာဖြစ်ခဲ့ရင် သူတို့က ရာဇဝတ်သားတွေဖြစ်လို့ ပြဿနာကို လက်နဲ့ဖြေရှုင်မည်၊ နိုင်ငံေ၇းသမားတွေက အကြိုး အကြောင်းနဲ့ဖြေရှင်မည် ဖြေရှင်းနည်းကွာခြားတဲ့အတွက် အန္တ၇ာယ်ရှိနိုင်တယ် ဒါ့ကြောင့် ခွဲထားပေးဖို့ ICRC ကိုတင်ပြတဲ့အခါ ICRC က သူတို့ထောင်ပိုင်ကိုပြောပေးမည်ဟု ဆိုသော်လည်း ပြောရွေ့ချင်းမရှိတဲ့အခါမှာ၊ ထောင်မှုးဦးကျော်သန်းရဲ့ တပြည့်ရင်း ကုလားကြီးက ဦးဇင်းကို ရမယ်ရှာပြီး ဦးဇင်းကို ခြေထောက်နှင့်ပြေးကန်တယ်။ တိုက်တွင်းရှိ လူများဝိုင်းဆွဲပြီးတဲ့အခါမှာ ၊ ထောင်မှုးက ကုလားကြီးတယောက်ထဲကို ရုံးခန်းသို့ခေါ်ခိုင်းလိုက်ပြီး၊ တအောင့်အကြာမျာတော့ဦးဇင်းကိုခေါ်ခိုင်းလိုက်ပါတယ်၊ ရုံးရှေ့မြေပေါမှာ ဆောင့်ကြောင့်ထိုင်ခိုင်းပြီး ဖြစ်စဉ်များကို မေးမြန်နေစဉ် တပ်ကြပ်ကြီး ဦးထွန်းကြည်မှ ယူနီဖေါာင်း အပြည့်စုံ ဝတ်ထားတဲ့ စစ်ဖီနပ်နဲ့ ဦးဇင်းရဲ့နောက်ကြောကို ပြေးပြေးပြီး  ၆  ချက်ကန်၇င်း နာထင်ကိုလည်း  ဘယ် ညာ ခြောက်ချက်ဆီ၇ိုက်ပြီးသွားတဲ့အခါ တနေရာကို ခဏ ခွဲထားလိုက်ပါတယ်၊ကုလားကြီးဆိုသူကိုဦးဇင်းနည်တူ ရိုက်ပြီးတဲ့အခါ သူကိုတော့ ဝမ်းလျှားမှောက်ခိုင်းပြီး ထောင်ဝန်ထမ်းများက လက်ခြေတို့ကိုတက်နင်းကာ တပ်ကြပ်ကြီးမှ နံပါတ်ဒုတ်နဲ့ အချက် ၂၀ လောက်ရိုက်ပြီးတဲ့ခါ ၂ တိုက်ထဲတွင် တိုက်ပိတ်လိုက်ပါတော့တယ်။ ဦးဇင်းကိုတော့ ၅ တိုက် ၁၁ ခန်း၌  ၇  ရက်တိုက်ပိတ်တယ်ပြော၇င်း သော့ခပ်သွားပါတော့သည်။
            ညနေ  ၆  နာရီ ထောင်ပိတ် လူစစ်သောအခါ၌ ထောင်ဝန်ထမ်းများအား ဆရာဝန်ခေါ်ပေးပါ၊ ဦးဇင်းရဲ့ကျောက မခံမရပ်နိုင်အောင် အောင့်နေတဲံအတွက် သတင်းပို့ခိုင်းပါတယ်၊ ထိုဝန်ထမ်းမှာလည်း ထောင်ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တပ်ကြပ်ာကီးကိုသတင်းပို့တဲ့အခါမှာ…
            “ သေပစေကွာ၊သေရင် လျှောက်လွှာ ၃  ရွက်ပဲ ကုန်မယ် ၊ အလုပ်ရှပ်တယ် မခေါ်ပေးနိုင်ဘူး” ဟု တာဝန်ကျဝန်ထမ်းကို အောကာင်းပြန်ခိုင်းလိုက်ပါတယ်။ ည  ၉  နာရီခွဲခန့်အချိန်မှာ ထောင်မှုးကျော်သန်းကိုယ်တိုင် ဝန်းပတ်တာဝန်ကျတဲ့အတွက်၊ ထောင်ဝန်ထမ်း  ၅  ရောက်နဲ့အတူ အရက်စော်နံဟောင်လို့ ရောက်ရှိလာပြန်တော့၊၊
            “ ဘာလဲကွ၊ ဘာလို့ခေါ်ပေး၇မှာလဲ၊ ဘာလဲ နောက်ထပ် နာချင်းသေးလို့လား ထပ်ပြီးထုတ်ရိုက်၇မလား” ဟု ကြိမ်းမောင်းဆဲဆိုပြီး ထွက်သွားပါတော့တယ်။ ၇  ရက် အခန်းတံခါးလုံးဝမဖွင့်ဘဲ ပိတ်ထားပြီး ၇  ရက်ပြည့်လို့ (ဂ) ရက်မြောက်တဲ့နေ့မှာ၊ ရက်ပြည့်နေပြီ ဘာ့ကြောင့်မဖွင့်သေးတာလဲလို့မေးတော့ ထောင်မှုးအမိန့်မပေးသေးလို့ ပြောတယ်။ ဒါဆိုထောင်မှုးကိုသွားခေါ်ပေးဆိုတော့မှ  လာဖွင့်ပေးတယ် ။ ဒီကိစ္စကိုမီဒီးယာတင်တဲ့အခါ  အကြောင်းကြောင်းကြောင့် ၂၅.၁၀ ၂၀၀၆ ကျမှ  ၃ ၇က်ဆက်တိုက် အသံလွှင့်ပြီး ၊ ၃၀.၁၀ ၂၀၀၆  ရက်နေ့မှာ ထောင်ပိုင်ကြီး၊ ညွန်မှုးများ ထောင်အတွင်း လှည့်လည်တဲ့အခါ တင်ပြလိုက်တော့ အားလုံး အသေးစိတ်မှာသွားပြီး၊ ၅ .၁၁ ၂၀၀၆  မနက် ၅ နာရီ ထောင်အဖွင့်ခင်၊ ထောင်မှုးကျော်သန်း အပါဝင် ထောင်ဝန်ထမ်း ၁၀ယောက်လောက် တံခါးလာဖွင့်ပြီး ဦးဇင်းကိုခေါ်ထုတ်ပါတယ်၊ အခန်းပေါ်မှ ဆင်းလိုက်တဲ့အခါ  ထောင်မှုးဦးကျော်သန်းမှ လက်ကိုကိုင်ပြီး ဖြစ်ခဲ့တဲ့ဟာတွေကို သူ့ကိုနားလည်ပေးဖို့ ယခုလာခေါ်တယလည်း ဒီကိစ္စအတွက် + ဝင်တာဖြစ်တယ်၊ တကယ်လို့ အမှန်အတိုင်းသာထွက်လိုက်ရင် သူပြုတ်မှာဖြစ်တဲ့အတွက်၊  မရိုက်ဘူး၊ ဆေးကုသခွင့်ပေးတယ်၊ တိုက်ပိတ်ထားတာတော့ ဟုတ်တယ်လို့ ထွက်ဆိုပေးမည်ဆိုလျှင်၊ ဦးဇင်းထောင်ဝင်စာ မရှိတဲ့အတွက်၊ စာဝတ်နေေ၇းအတွက် သူအကုန်တာဝန်ယူမည်ဟု တိုက်ဝင်းအတွင်းထဲမှာ ညှိပါတယ်၊ လုပ်ရဲံ၇င် ခံရဲ၇တယ်လို့ ခင်ဗျားပြောထားတဲ့စကားရှိတယ်လေ၊ ဒါကြောင့်မထွက်ပေးနိုင်ဘူးလို့ပြောလိုက်တဲ့အခါမှ တိုက်ဝင်းအတွင်းကနေ ခေါ်ထုတ်သွားပြီး အပြင်မှာစောင့်နေတဲ့ ၂ ပွင့်နဲ့ထောင်မှုးတယောက်လက်ထဲကို အပ်လိုက်ပါတော့တယ်။ လုံးချင်းတိုက်တခုထဲ၌  ထောင်ပိုင်ကြီးနဲ့ ဆေးရုံအုပ်ကြီးနဲ့အတူ အမည်မသိသူတယောက်က စစ်မေး ဓာတ်ပုံအမျိုးမျိုးရိုက်ပြီး တိုက်သို့ပြန်ပို့လိုက်ပါတယ်။ ကုလားကြီးကတောပ့ ထောင်မှုးနဲ့ အပေးအယူမျှပြီး ကောင်းစားနေတာကိုမျက်မြင်တွေလိုက်၇တယ်။ ထိုကိစ္စတွေပြီးသွားတဲ့အခါမှာ ထောင်ပိုင်ကြီးလက်မှတ်နဲ့  မည်သည့်အကျဉ်းသားကိုမဆို လက်သီးနဲ့ထိုးဖို့မပြောနဲ့ လက်နဲ့တောင်ရွယ်ပိုင်ခွင့်မရှိဟု။ ညွန်းကြားချက် စာရွက်တွေတွေကို တိုက် အဆောင်အသီးသီး၌လိုက်ကပ်ထားပါတော့တယ်။ ထောင်မှုးဦးကျာ်သန်းမှာ လကုန်လို့ ရဲဘက်စခန်းကိုပြောင်းတော့မည့်အချိန်မှာ စစ်ပြေ ၆၅ လေးတယောက်ကို ရေနွေးပုကန်နဲ့ ပစပေါက်လိုက်တဲံအတွက် နှတ်ခမ်း ကွဲသွားပါတယ်၊ ထောင်းမှုးအသစ်တယောက်ေ၇ာက်လာတဲ့အခါ၌လည်း ကိုရင်ထန်ကိုဟောက်ဆိုတာ ချင်းတိုင်းရင်သား မြန်မာစကားတောင် ဟုတ်တိပတ်တိမပြောတတ်ဘူး၊ သူနဲ့တခန်ထဲ အတူနေတဲ့ ကိုမြဆန်းထူးဆိုတာ ရူးနေတယ်လို့ ထောင်ဆေးရုံကကော အကျဉ်းသားတွေကပါ အားလုံးက သတ်မှတ်ခံထား၇သည့်လူး၊ သူတို့နှစ်ယောက် တခွန်းတပါဒမျှ စကားများတာကို၊ ၇န်ဖြစ်တယ်ဆိုပြီးထောင်မှုးရုံးခန်းခေါ် သွားကာ၊ ထောင်မှုးနဲ့ပြော၇င်း ကိုရင်ထန်ကိုဟောက်က မြန်မာစကား မပြောတတ် ပြောတတ် မပီကလာ ပီးကလာနဲ့ပြောတာကို  ထောင်မှုးက သူကိုမခြေမငံ  ပြောတယ်ဆိုပြီး ထန်ကိုဟောက်ကို လက်သီးနဲ့ ရွယ်ထိုး ထိုးတဲ့အခါ နှတ်ခမ်းကိုထိသွားတယ်၊၊ ထန်ကိုဟောက်မှ ထောင်မှုးကို ခင်ဗျာဘာ့ကြောင့်ထိုး၇တာလဲ ခင်ဗျား ထိုးပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောတော့၊ ထောင်မှုးသတိရသွားပြီး နှစ်ယောက်လုံးကိုပြန်လွှတ်လိုက်တယ်။ တိုက်ထဲရောက်တော့ ထိုအကြောင်း အကုန်အစင်ကို သိလိုက်၇တော့ ဦးဇင်းရယ်၊ညဏ်လင်ထွန်း၊ ကိုသီဟ၊ လွင်ကိုလတ် ၄ ယောက် ထောင်မှုးရုံခန်းကို သွားရှင်းကြတဲ့အခါ၊ သူကထိုးတာမဟုတ်ပါဘူး ရွယ်လိုက်တာပါ၊ နောက်နောင်ဒီလိုမျိုး မဖြစ်စေရပါဘူးဟု ကတိပေးလိုက်ပါတယ်။
             စကိတင်ဘာနဲ့ ကျတဲ့ သံဃာအားလုံးကို နယ်ထောင်အသီးသီးပို့ထားတဲ့အတွက်  ပို၍ ပို၍ အခက်ခဲတွေနဲ့ ၇င်ဆိုင်နေ၇တယ်။စက်တင်ဘာလှုပ်ရှားမှုမှာပါတဲ့ အချို့ ကိုယ်တော်တွေကို ၁၉၅ သာသနာ ညိုးနွမ်းပုဒ်မတွေတပါပြီး ရဲဘက်စခန်း အသီးသီးကိုပို့တယ်၊  ၂၉၅ ပုဒ်မ အတပ်ခံရတဲ့ ကိုယ်တော်တွေရဲ့အဖြစ်သနစ်က ၊ ရဲဘက်ပို့၊ ကျောက်ထု၊ ကောက်စိုက် ၊ ပေါ်တာလိုက် ၊ လက်နက်ကြီးထမ်း ၊ခက်ခဲပင်ပန်းမှု အမျိုးမျိုးနဲ့ ရင်ဆိုင်၇တဲ့အပြင်၊ ထောင်ကျအချင်းချင်း နောက်ပြောင်စ၇ာ၊ ခိုင်းဘတ်၊ အဖြစ်ယူဆပြီး အထင်းသေး၊ အမြင်းသေး၊ စွာဆက်ဆံခံရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်ဆိုင်ရာတွေမှာ တော်တော်လေး ထိခိုက်ကြ၇တယ်။
            ထောင်ထဲမှာ ထောင်မှုး ထောင်ပိုင် အပါဝင် ထောင်ကျအချင်းချင်း အထင်သေးဆုံး အနှိပ်ဆက် အခံရဆုံး ပုဒ်မကတော့ မုဒိန်းမှု့နှင့်  ၂၉၅ သာသနာညှိုးနွမ်းမှု့နှင့် သူများပါတည်း။
                           တဦးတဦး မေတ္တာဆူး ကြည်နူးနိုင်ပါစေ။
                                                            ဦးစန္ဒောဘာသ



Former Burmese political prisoners on the Thai-Burma border U Sandawbartha was arrested in 1993 and sentenced to 29 years in prison for his political activities. He was jailed for 16 years in Insein and Tharawaddy prisons. After his release from prison he was forced to flee Burma and now lives in exile in a safe house on the Thai-Burma border Copyright © James Mackay / enigmaimages.net
· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...