သင့်ရဲ့ နေ့ကို ဖမ်းဆုပ်လိုက်ပါ
by Eingyin Ta Khaine on Saturday, July 23, 2011 at 10:45pm
ယခုတလော မိတ်ဆွေတွေရဲ့ Home page အသေးစားနဲ့ ဘလော့ဂ်တွေရဲ့ အဖွင့်စာမျက်နှာတွေကို ကြည့်မိပါတယ်။ အဖွင့်စာမျက်နှာတွေမှာ အများဆုံးရေးထားတဲ့ စာသားက ဘာပါလိမ့်……ခရစ်ပ် ဒီယမ် (Carpe Diem) ဆိုလား…..
အဲသည်စကားလုံးကို ဟိုဟိုဒီဒီ အများကြီးတွေ့နေရပါတယ်။
Carpe Diemဆိုတာကတော့ ရောမကဗျာဆရာ ဟိုးရေ့စ် (Horace)ရဲ့ ကဗျာထဲမှာပါတဲ့ “နေ့ကို ဖမ်းဆုပ်လိုက်ပါ” (seize the day) ဆိုတဲ့ အဓိပါယ်ဖြစ်တဲ့ လက်တင်ဘာသာစကားဖြစ်ပြီး၊ ရုပ်ရှင်ကားဖြစ်တဲ့ (အသက်မဲ့တဲ့ ကဗျာဆရာရဲ့ လောက)မှာ သာမန်ထက်ထူးခြားတဲ့ ဆရာ Keating ရဲ့ အဆိုလိုပဲ ကျော်ကြားပါတယ်။ ဟိုးရေ့စ်ရဲ့ ကဗျာထဲမှာတော့ အချိန်ဆိုတာ လျှင်မြန်စွာပျောက်ဆုံးသွားခြင်းတဲ့ အရာ ဒါမှမဟုတ် ဘာမှမဟုတ်ဘူးဆိုတဲ့ အဓိပါယ်လို ရုပ်ရှင်ထဲမှာတော့ သာမာန်ဘ၀နဲ့ မနေပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးထားပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ “လက်ရှိကို နှစ်သက်ကျေနပ်ပါ” ဆိုတဲ့ အဓိပါယ်ကို လက်ခံတာဖြစ်မယ် ထင်ပါတယ်။
ကိုယ်တိုင်လည်း အလွန် ကြိုက်နှစ်သက်တဲ့ စကားစုလေးရှိပေမယ့် လက်ရှိကို ကျေနပ်နှစ်သက်ပါဆိုတဲ့ အဓိပါယ်ကို လက်ခံတဲ့သူတိုင်းဟာ တော်တော်ကွဲပြားပြီး အမျိုးမျိုး နားလည်လက်ခံနေကြသလို စဉ်းစားကြည့်ဖို့ လည်း လိုအပ်ပါတယ်။
ဒီစကားကို ဘယ်လို လက်ခံရင် ကောင်းမလဲ……… လက်ရှိကို ဘယ်လို နှစ်သက်ကျေနပ်နိုင်မလဲဆိုတဲ့ စကားများလား………
.
သည် စကားစုလေးဟာ “ပျော်ရွှင်ခြင်း”ဆိုတာရဲ့ စကားစပ်(Context)ထဲကနေ ဖြေထုတ်လိုက်တဲ့ ဟာဆိုရင် မှန်မယ်ထင်ပါရဲ့….
လူသားဆိုတာ ပျော်ရွှင်ခြင်းကို ရှာဖွေပြီး နေထိုင်ကြတာဖြစ်တယ်။ ကျမတို့ အားလုံးဟာ ပျော်ရွှင်ဖို့အတွက် အသက်ရှင် နေထိုင်တာဖြစ်ပါတယ်။ ပျော်ရွှင်စိတ်ချမ်းသာဖို့ အလုပ်လုပ်ကြတယ်၊ ပိုက်ဆံရှာကြတယ်၊ ဆက်ဆံပေါင်းသင်းကြတယ်။ ပြီးခဲ့တဲ့ ကျမတို့ရဲ့ မျိုးဆက်ဟောင်းတွေဟာ အောင်မြင်ခြင်း(Success)ဟာ ပျော်ရွှင်ခြင်းပဲ ဆိုတဲ့ ထူးခြားတဲ့ ယုံကြည်မူရှိကြတယ်။ မနားမနေ ကြိုးစားအားထုတ် လုပ်ကိုင်ကြတာကြောင့် ထပ်ပြီး များစွာသော အောင်မြင်မူ (Achievement)ရရှိရင်း ဒါဟာ တကယ့် ပျော်ရွှင်ခြင်းဆိုတာကို ယုံကြည်ကြရင်း နေထိုင် ရပ်တည်လာခဲ့ကြာတာ ဖြစ်ပါတယ်။
ဒါ့အပြင် မနက်ဖြန်ရဲ့ ရည်မှန်းချက်အတွက် ဒီနေ့ မျှော်လင့်ခြင်းဆိုတဲ့ သည်လို ယုံကြည်ချက်ကို လက်ခံယုံကြည်ရင်း ကြီးပြင်းလာခဲ့ကြပါတယ်။ အောင်မြင်မူကို ပံ့ပိုးပေးသော လူ့အဖွဲအစည်း ဆိုတဲ့ ဒီစကားဟာတချိန်က အလွန်ပင် ဆင်းရဲခဲ့တဲ့ ကိုရီးယားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့ အမိန့်တခုဖြစ်ပါတယ်။
သို့သော်လည်း ပျော်ရွှင်ခြင်းဆိုတာ အောင်မြင်ခြင်း(Success)ဖြစ်တယ်ဆိုပြီး ဒီအတိုင်း ပေးလိုက်တဲ့ အရာတော့ မဟုတ်ပါဘူး။ လေ့ကျင်းရင်းနဲ့ လုံလစိုက်ထုတ်ပြီှးမှသာ ဘ၀ကို ကျေနပ် နှစ်သိမ့်ရမှာ ဖြစ်ပါတယ်။ လူ့ဘ၀ကို နှစ်သက် ကျေနပ်နိုင်ခြင်းဟာ နှစ်ထောင်းအားရတဲ့ ဘ၀မှာ နေထိုင်ရှင်သန်တဲ့ အဓိပါယ်ချည်းပဲတော့ မဟုတ်ပါဘူး။
ကိုယ့်အဖို့ လိုအပ်တဲ့ တိုတောင်းတဲ့ကာလလေးမှာပဲ ထိန်းသိမ်းနေထိုင်ရင်း ဒီကာလလေးတွေအတွင်းမှာ မိမိအတွက် ရမယ့် ဆုလာဒ်အဖြစ် ခံစားနိုင်မယ့် အလုပ်ကို လုပ်တာဟာ ဘ၀ကို စိတ်ချမ်းသာစေမယ့် စစ်မှန်တဲ့ အပြုအမူသာ ဖြစ်ပါတယ်။
နေ့ကို ဖမ်းဆုပ်လိုက်ပါဆိုတဲ့ ခရစ်ပ် ဒီယမ် (Carpe Diem)ဆိုတာလည်းပဲ သည်လို စကား(Context) ထဲက လာတာလို့ လက်ခံရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ နေ့တွေအတွက် နောင်တအဖြစ် လက်ရှိကို ဖြည့်စည်း နေရမယ်လို့လည်း မဟုတ်သေးပါ။ မလုပ်နိုင်တဲ့ အလုပ်အတွက် မလိုအပ်ပဲ တာဝန်ကြီးတခုအနေနဲ့ လက်ရှိကို ၀မ်းနည်းစိတ်ရှုပ်နေလို့လည်း မဖြစ်ပါ။ ခုထိ မလာသေးတဲ့ အနာဂါတ်အတွက် ပူပန်ခြင်းဖြင့် လက်ရှိမှာ စိတ်ပင်ပန်းနေလို့လည်း မဖြစ်ပါ။ မိမိရဲ့ ဦးတည်ချက်ကို ခိုင်မာသေခြာအောင် လုပ်ပြီး သည်ရည်မှန်းချက်အတိုင်း ဦးတည်ပြီး ကာလတိုလေးတိုင်းမှာ ခြေလှမ်းကို ဖြည်းဖြည်းမှန်မှန် မနေမနားလျှောက်လှမ်း ရွေ့ရှားနိုင်မှသာ လက်ရှိကာလကို နှစ်သက်ကျေနပ်နိုင်စွမ်းရှိမှာ သာဖြစ်ပါတယ်။
ဒါကြောင့် အမှန်တကယ်ပင် ခရစ်ပ် ဒီယမ် (Carpe Diem) ဆိုတဲ့စကား နေ့ကို ဖမ်းဆုပ်မယ်ဆိုလျှင် ကိုယ့်အဖို့ မိမိယုံကြည်ချက်ကို ခိုင်မာရမှာ ဖြစ်တယ်။ အိမ်မက်ဟာ ခိုင်မာတဲ့ အရာမဟုတ်တောင်မှ ဘယ်လိုပင်ဖြစ်ဖြစ် အိမ်မက်ကို တည်ဆောက်နိုင်မယ့် ကိုယ့်ရဲ့ စိတ်ချယုံကြည်မူကို ခိုင်မာရမှာ ဖြစ်တယ်။ ဒါမှသာလျှင် သင်လည်း လက်ရှိအခြေအနေထိအောင် နှစ်သက်ကျေနပ်နိုင်မှာ ဖြစ်တယ်။ ဒါဟာ ခရစ်ပ် ဒီယမ် (Carpe Diem) နေ့ကို ဖမ်းဆုပ်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပါယ်ဖြစ်တယ်လို့ တွေးမိပါတော့တယ်။
မူရင်း...김난도 교수님, 「카르페 디엠」, 『아프니까 청춘이다』, 쌤앵파커스, 2010.
အင်ကြင်း
2: 25 pm
24 July 2011
(သည်စာထဲမှာ မူရင်း ကျနုပ်တို့ဆိုတာကို ကျမလို့ သုံးထားပါတယ်။ မူရင်းခေါင်းစဉ်ရဲ့ အဓိပါယ်ကတော့ ခရစ်ပ် ဒီယမ် (Carpe Diem)သုံးနှုံးပုံ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ ယူဆချက်ကို အနီးစပ်ဆုံးပြန်ရေးသားထားပါတယ်။)

0 comments:
Post a Comment