Saturday, July 23, 2011

အိုင်ဒီယာငါးပါးနှင့် မဟာမြိုင်မှတ်တိုင်

Rozoner King created a doc.
[By Zam Thang]

စာတိုက်ကြီးမှတ်တိုင်ကိုရောက်တယ်ဆိုရင်းပဲ စပယ်ယာ
အော်မငေါက်ခင် မနှေးမမြန်လေး ဆင်းချလိုက်တယ်။
သူတို.တွေက မဟာ၇န်ကုန်မြို.တော်မှာ အသေးစားဘုရင့်...
... စိတ်ဓာတ်ရှိတဲ့သူလေးတွေဆိုတော့(​အားလုံးကိုမဆိုလိုပါ
ဘူး။ ကျုပ်သူငယ်ချင်းတစ်ယောက်ဆို ဘွဲ.ရပြိးတာနဲ. စ
ပယ်ယာဝင်လုပ်နေတာကြာပေါ့)ကြောက်​ကြီးကြီးကြောက်
ရတယ်။အင်း တစ်ဘက်ကားလမ်းကိုဖြတ်တယ်ဆိုရင်ပဲယူ
နီဂျက်အလံက လေထဲမှာ တလွှင့်လွှင့်နဲ.။ကြည့်လို.ကောင်း
သပ။မဆီမဆိုင် ဦးသီဟတင်စိုးတို.ရိုက်တဲ့တော်လှန်ရေး
ကားတွေမှာအမြဲတမ်းလိုလို မျက်နှာဖြူအရေးပိုင်အဖြစ်သရုပ်
ဆောင်လေ့ရှိတဲ့ အန်ကယ်တစ်ယောက်၇ဲ. လက်သုံးစကား
ကိုသွားသတိရမိတယ်။အဲဒါခင်ဗျားတို.လည်းသိပြီးသားပါ။
မောင်မင်းလူကလေး။ ယူနီဂျက်အလံလွှင့်ထူထားတဲ့
အဆောက်အဦးကို တော်တော်များများကတော့ ဘီစီလို.
အမှတ်သညာပြု့ကတယ်။အဲဒီဘီစီကိုေ​ရာက်ဖြစ်သွားတာ
က ကျွန်တော်တို.ရဲ.ဇာတ်လိုက်ကျော်​ ငဖက်တီးကြောင့်
လို.ပဲပြောရမယ်။

ငဖက်တီးကမနေ.ည ဖုန်းဆက်ပြီးအကူအညီတောင်း
တယ်။အကူအညီတောင်းတယ်ဆိုတာကဒီလို​။ ဒီနေ.မှာ
လုပ်မဲ့ ပရီစမ်တေးရှင်းတစ်ခုကို သူမသွားနိုင်လို.။တိတိပပ
ပြောရရင် မသွားအားလို. ကျုပ်ကို ကိုယ်စားသွားခိုင်းတာပဲ။
ဘိုလိုပဲပြောမယ်တဲ့။ ကျုပ်ကို နားထောင်မှုစွမ်းရည်တိုးတက်
ချင်တာရယ်။သိုးဆောင်းဘာသာစကားနဲ​.နှုတ်မှုစွမ်းရည်တို.၊
တက်ချင်တာရယ်။ မိတ်ဆွေအပေါင်းအသင်း တိုးပွားချင်တာ
ရယ်၊ ကံကောင်းထောက်မရင် အဲဒီမှာ ကျုပ်ရဲ.ဖူးစားဘက်နဲ.
ဆုံတွေ.နိုင်ကောင်းဆုံနိုင်မယ်ဆိုတာရယ်။ အဲဒီဆိုတာရယ်
တွေပေါင်းစုံလိုက်ပြီးသကာလ ကျုပ်လည်း ငဖက်တီးကိုယ်
စား သွုားပေးပါမယ့်လို.ကတိပေးလိုက်တ​ယ်။ဘာအကြောင်း
ပြောမလဲဆိုတာတောင် သူကို လှမ်းမမေးလိုက်ရဘူး။

အစီအစဉ်ကိုတော့ ဘီစီက အခန်းတစ်ခန်းမှာစတယ်။ ဘီစီ
နဲ.အေစီရဲ.ကွာခြားချက်တစ်ခုကိုကျုပ်ပြောမယ်။ အဲဒါက
ဘာမှမဟုတ်ဘူး။ အဲယားကွန်းပဲ။ အေစီကအဲယားကွန်းတွေ
ကပိုအေးတယ်ဗျာ။လွန်ကိုအေးတာ။ ဘီစီကတော့ အဲလိုမ
ဟုတ်ဘူး။ တော်ရုံလေးပဲ။တော်ရုံလေးပဲဆိုတာ​က နေလို.
ထိုင်လို.ကောင်းတဲ့အအေးလောက်ကို​ပဲကွက်တိဒက်တိလုပ်
ထားတာကိုဆိုတာ။အဲဒီအခန်းထဲကိုရောက်တယ်ဆိုရင်းင
ဖက်တီးရဲ. ဘော်ဒါတွေကို တော်တော်လေးတွေ.ရတယ်။
အီးကယက်ကဆရာသမားတွေ။ ဘေထုပ်အင်စတီ့းကျုက
ဝိုင်းတော်သားတွေ၊ အဲ ဘာဟုအင်စတီကျုမှာ သုတေသန
လုပ်ဖူးတဲ့ ငနဲသားတစ်ယောက်လည်းပါသဗျာ။နောက်​တော့
အချိန်တန်တာနဲ. အဖြူကောင်တစ်ကောင်ကစပြီးစပိခ်ျတ​စ်
ခုပေးတယ်။အဖွင့်ထင်ပါရဲ.။ နောက်တော့ ပရီစန်တာက
သူဖတ်ဖူးထားတဲ့ စာတစ်အုပ်အကြောင်းကိုပြောမှာဖြစ်တဲ့
အကြောင်း။ အဲဒီစာအုပ်ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်က
နိုင်ငံရေးသိပ္ပံပါမောက္ခ Steven Weberရေးသားပြုစုတဲ့
America's Hard Sell ဆိုတဲ့စာအုပ်ထဲက အိုင်ဒီယာငါးပါး
အကြောင်းကို သူအနေနဲ.လင်းပြရှင်းပြမယ်ဆိုတဲ့​အကြောင်း
တွေပေါ့ဗျာ။အဲဒီအိုင်ဒီယာငါးပါး​ဟာ ၂၀ရာစုကာလကိုမောင်း
နှင်ခဲ့တာဖြစ်ကြောင်း။သိုပေသိ ၂၁ရာစုမှာ ဒီအကောင်ငါး
ကောင်က ဆက်ပြီးမောင်းနှင်နိုင်စွမ်းရှိ​ကောရှိမလားဆိုတာ
ကစဉ်းစားစရာအလွန်ကောင်းတဲ့ အမှုကိစ္စဖြစ်ပါကြောင်း။
ပါဝါဆလိုက်နဲ.ထိုးပြရင်း။လက်ဟန်​ခြေဟန်အပြည့်အ၀နဲ.
ကို ပရီစန်တေးရှင်းလုပ်သွားပါလေရဲ။အဲဒီအဖြူကောင်ပြော
သွားတဲံ့ အိုင်ဒီယာငါးပါးကတော့

Peace is better than War.
Hegemony is better than balance of power.
Capitalism is better than Socialism.
Democracy is better than Dictatorship.
Western Culture is better than All the Rest.

သူအဓိကပြောချင်တာက အဲဒါပဲ။ နောက်တော့ထုံးစံအတိုင်း
မေးခွန်းတွေမေးကြ၊ ဆွေးနွေးကြနဲ.ဘာနဲ.ပဲ။ အားလုံးတော့
အားရစရာကောင်းပါလေရဲ.တော်တော်များများပြောဖြစ်ြ့က
တာက စတုတ္ထမြောက် အိုင်ဒီယာအကြောင်းတွေပဲ။ကျုပ်တော့
ဘာမှဝင်ရောက်ပြောဆိုဆွေးနွေးမပြုခဲ့ဘူး။ကျုပ်မှာအားနည်း
တာက အဲဒါပဲ။သိုးဆောင်းဘာသာစကားမှာ နှုတ်မှုစွမ်းရည်
အရာမှာ အတော်လေးကို နောက်ကျတယ်။

အပြန်တော့ ဘတ်စ်ကားနဲ.ပဲပြန်ပါတယ်။သူငှေးမှမဟုတ်တာ။
သူများတွေလို.လည်း ကားပါမစ်တို.ဖုန်းပါမစ်တို. ရေနံတွင်းပါ
မစ်တို.ရထားတဲ့သူမဟုတ်လေးတော့ ဘတ်စ်ကားပါမစ် အင်း
ယောင်လို. ၄၈ မီနီဘတ်စ်းအသေးလေးနဲ.ပဲ အိမ်ကိုပြန်ရတော့
တာပဲ။ဆူးလေကနေ မဟာမြိုင်အထိက ငါးဆယ်၊တစ်၇ာပဲ။
ကားပေါါ်မှာက စာဖတ်လို.လည်းရတာမဟုတ်လေတော့ တွေးမိ
တွေးရာကို တွေးပြီး အချိန်ကိုဖြုန်းခဲ့ရတယ်။ တွေးမိတွေးရာဆို
တာက ဒီလို။ ဘ၀င်သိပ်မကျတာလေးကိုပဲ။ခုနင်က ပြောသွားတဲ့
ပထမအိုင်ဒိယာဖြစ်တဲ့ ငြိမ်းချမ်းရေးက စစ်ပွဲထက်ပိုကောင်းတယ်
သမားရိုးကျအမြင်နဲ.ကြည့်ရင် ဘာမှအငြင်းပွားစရာကိုမရှိဘူး။
ဖတ်ဖူးမှတ်ဖူးတဲ့ သမိုင်းတွေမှာဆို၇င် စစ်ပွဲတွေကြ့ပည့်လို.နှက်လို.
ပဲ။

စစ်ပွဲနဲ.ပဲတိုင်းပြည်ကိုထူထောင်ကြ၊အင်ပါယာတွေကိုထူထောင်ကြ
နဲ.။ဟုတ်နေသားပဲဗျာ။ စာခြောက်အရုပ်ကြီးကြီူးရှိတဲ့ အမေ၇ိကန်လို.
နိုင်ငံကြီးဆိုရင် သူ.ရဲကိုလိုနီအရှင် တွေရဲ.တံဆိပ်ခေါင်းဥပဒေကို မကျေနပ်
နိုင်ရာကနေ တော်လှန်ပုန်ကန်ကြတယ်။အဲဒီနောက်​ သိတဲ့အတိုင်း
ယူနိုက်တက်စတိတ်ဆိုတဲ့ နိုင်ငံတစ်ခုမွေးဖွားလာတယ်။ဒါတင်ပဲလား။
ပြည်တွင်းစစ်ဖြစ်တယ်။ကျွန်စနစ်ကိုတိုက်ဖျက်တဲ့စစ်.။စစ်သမိုင်းမှာကြေး
နန်းတို.မီးရထားတွေကိုအကြီးအကျယ်အသုံးပြုခဲ့လို.ပဲ တစ်ချို.ပညာရှင်
တွေများဆို ကြီးကျယ်ခမ်းနားသောစစ်လို.တောင်​ဆိုကြသေးတယ်။အကျိုး
အျြမတ်က ကျွန်စနစ် မျိုးကန်းသွားတာပဲ။ အမေရိကန်မှာပြည်တွင်းစစ်မဖြစ်
ခဲ့ဘူးဆိုရင် အိုဘားမားတောင် သမ္မတဖြစ်မယ့်ကိန်းတော့ ကျုပ်မမြင်ဘူး။

ကဲဒုတိယကမ္ဘာစစ်ကြီးမှာ ဒီငနဲသားရောက်လို.လာပြန်တယ်။ဒီစ​စ်ကြီး
ဟာ အမေရိကန်တွေကို အင်ပါယာအရှင်သခင်အဖြစ်တွန်းတင်ေ​ပးလိုက်
တာပဲ။ ဟစ်တလာရဲ.နာဇီဝါဒကျဆုံးခဲ့၇တယ်။ အဲဒါတွေက စစ်ပွဲ၇ဲ.အကျိုး
အမြတ်တွေပဲ။ ဒါအပြင် ကိုလိုနီလက်အောက်ခံနိုင်ငံတော်ေ​တ်ာများများ
လည်း လွတ်လပ်နိုင်ငံအဖြစ် ရပ်တည်လာနို်င်တာပဲ။ကျုပ်တို.ြ​ပည်တော်ရဲ.
လွတ်လပ်ရေးကလည်း စစ်ပွဲကြောင့်ပဲ။ ဟိုသင်းသင့်မြတ်ရေးတို.၊ တွေ.
ဆုံဆွေးနွေးအဖြေရှာရေးတု.ိနဲ. ၇ခဲ့တာမဟုတ်ဘူး။စစ်ကြီးပြီးလို.​ ဖင်တောင်
မနွေးသေးဘူး။ ကိုး၇ီးးယားစစ်ပွဲက တစ်စခန်းထလာပြန်ရော။

ကိုးရီးယားစစ်ပွဲကြောင့် ကျုပ်တိုပြည်တော်ရဲ.အစိုးရ။အဲဒီ​တုန်းက ဖဆပလ
အစိုးရပေါ့လေ။ ဆန်ဈေးတွေဘာတွေတက်လို. အတော်ကြီးကိုပွပေါက်တိုး
ခဲ့ရသေးတယ်မဟုတ်လာ။ ဒါတင်ဘယ်မကအုံးမလဲ။ ဂျပန်လည်း ကိုး၇ီး
ယားစစ်ပွဲကိုအမှီပြုပြီးတော့  အတော်လေးကို နာလန်ထလာနိုင်ခဲ့တယ်။
ဂျပန်တွေပြာပုံဖြစ်သွားတယ်ဆိုတာ​က မြို.လေးနှစ်မြို.တည်းပါ။

ကဲ စစ်ပွဲဆိုတာက အစရှိ နောင်နောင် လို.ပြောရမလားပဲ။ စိနနဲ.ဆိုဗီယက်
တို.ကိုနောက်ခံထားပြီး ဦးလေးဟိုတို.က တစ်စခန်းထလာပြန်တော့ ယန်းကီ
တွေလည်းနောက်တစ်ပွဲထပ်နွဲရတော့တာပဲ။အဲဒီဗီယက်နမ်းစစ်ပွဲမှာပွပေါက်တိုး
သွားတာတွေက အရှေ.တောင်အာရှနိုင်ငံတွေပဲ။ကွန်မြူနစ်ရန်ကနေ လွတ်
လာတယ်။ ဒါတင်မကဘူး အဲဒီစစ်ပွဲအမှီပြုပြီူးအခြေခံအေ​ဆာက်အုံတွေ။.ကို
အလကားနီးပါးရလိုက်တဲ့အပြင် ကုန်ကြမ်းတွေကို အဆင့်မြင့်မြင့်နဲ.
ယန်ကီးတွေဆီကို တင်ပို.ရောင်းချလာနိုင်ကြတယ်။အ​နီးစပ်ဆုံးပွပေါက်တိုး
သွားတာက အယုဒွယသားတွေပဲ။ သီဟဗာဟုသားတွေလည်းပါတာပေါ့။

စိနပြည်တော်ဆိုလည်း စစ်ပွဲနဲ.ပဲ တည်ထောင်လာရတာပဲ။ ခရီးရှည်ချီတက်ပွဲ
လိုတောင် အမည်တွင်ခဲ့သေးတယ်။ စိနပြည်တော်ရဲ. မဟာခေါင်းဆောင်ကြီး
ကိုယ်တိုင် စစ်ပွဲတွေအလီလီတိုက်လာပြီးမှ စိနပြည်တော်အသစ်ကိုထူထောင်
လာနိုင်ခဲ့တယ်။ အခု ယန်ကီးတွေရဲ.အဖေဆိုပြီး တိုးတိုးတစ်မျိုးကျယ်ကျယ်
တစ်မျိုးသမုတ်ခဲ့ရတဲ့ အစ္စရေးနိုင်ငံတောင်မှ အစပိုင်းမှာ လေလှိုင်းကနေ
နိုင်ငံတစ်ခုမွေးဖွားပြီလိုသာ ကြေညာခဲ့တာ။ တကယ်တော့ သူတို.နိုင်ငံကို
စစ်ပွဲဆိုတဲ့ လက်သည်နဲ.ညစ်ထုတ်မွေးခဲ့ရတာပါပဲ​။

စစ်ဆိုတာ မကောင်းဘူးလို.လည်းပြောရခက်ခက်။ကောင်းတယ်လို.လည်း
ပြောရခက်ခက်။ အကျိုးအမြတ်ထုတ်တဲ့အပေါ်မှာပဲမူတ​ည်နေမလားပဲလို.
ကျုပ်တော့စဉ်းစားမိတယ်။စဉ်းစား​တယ်ဆိုတာက ပိုက်ဆံမကုန်လေတော့
စဉ်းစားချင်တိုင်းစဉ်းစားမိတာပဲ​။ခုဖြစ်နေတဲ့အီရတ်တို.အာဖဂန်တို​.မှာလည်း
ထိုနည်းလည်းကောင်းပဲဗျာ။ တကယ်တော့ အရှေ.အလယ်ပိုင်းမှာ ဖြစ်နေတဲ့
စစ်ပွဲနှစ်ခုကို သမားရိုးကျအမြင်နဲ.ကြည်မယ်ဆိုရင် ကပ်ကြီးဆိုက်တယ်လို.
ပြောရပေမယ့်။ ဒီစစ်ပွဲနှစ်ခုစလုံးဟာ ဗီယက်နမ်းစစ်ပွဲလို.ပဲ ဒေသတွင်း
နီုင်ငံတွေအတွက် ရေရှည်မှာ စိတ်အေးစရာဖြစ်လာနိုင်တယ်လို.တော့ကျုပ်
ထင်တယ်။စစ်ပွဲကြောင့်သေကြကြေကြတာကတော့ မဆန်းဘူး။
တစ်ချို.သောသုတေသန အရဆို၇င် စစ်မက်ကာလနဲ.စစ်မဲ့ကာလတွေမှာ
သေဆုံးတဲ့ဦးေ၇က သိပ်မကွာဘူးတဲ့ဗျာ။ကားတိုက်လို.​သေတဲ့မသာ၊
ကင်ဆာစြဖ်လို.သေတဲ့မသာ၊သောက်စား​မူးယစ်လိုသေတဲ့မသာ၊ အေကိုက်လို.
သေတဲ့မသာ၊ အဆုတ်ကင်ဆာဖြစ်လိုသေတဲ့မသာ၊ အဲသလို စစ်မဲ့ကာလမှာ
သေတဲ့မသာအရေအတွက်နဲ.စစ်မက်ကာလမှာဖြစ်တဲ့မသာအရေအတွက်ကို
ယှဉ်ကြည်ရင် သူမသာကိုယ်အသုဘပဲလို.တောင်ရေးကြ​ပြုကြတာတွေ
တောင်ရှိသေးတယ်ဗျာ။

ဒီလိုပြောလို.စစ်ပွဲကြိငိမ်းချမ်းရေးထက်ကောင်းတယ်လို​.ကျုပ်ပြောချင်တာ
မဟုတ်ဘူး။ စစ်ပွဲမှာလည်း အတိုင်းအတာကြီးကြီးတစ်ခုထိကိုဖြုံယူရ
လောက်အောင် အကျိုးအမြတ်ရှိတယ်ဆိုတာကို ပြောချင်တာပဲ။စစ်ပွဲ
ကာလမှာ လူတွေရဲ.စိတ်သဘောသဘာဝက နှစ်မျိုးဖြစ်လေ့ဖြစ်ထရှိတယ်။
တစ်ခုက ၀၇ုန်းသုန်းကားဖြစ်တာပဲ။ ခိုးဆိုးလုယက်မုဒိမ်းကျင့် မီးရှို.စတာတွေ
ပေါ့။နောက်တစ်ခု ပြည်တော်ချစ်စိတ်ပဲ။ မျိုးချစ်စိတ်လို.လည်း အလွယ်ပြော
လို.ရနိုင်တယ်။စစ်မက်ကာလမှာ ရှိတဲ့ ပြည်သူပြည်သားတွေရဲ.မျိုးချစ်စိ​တ်
ေ၇ချိန် နဲ.စစ်မဲ့ကာလမှာ၇ှိတဲ့ မျိုးချစ်စိတ်ေ၇ချိန်ဟာ တူကို မတူနိုင်ဘူး။
၂၀၀၁ တုန်းကထင်တယ်။ ကျုပ်တို.နဲ. အယုဒ္ဒယသားတွေနဲ. အချင်းနည်း
နည်းများခဲ့ရသေးတယ်။အဲဒီတုန်းဆိုရင်ဗျာ။ကျုပ်တို.ပြည်သားတွေရဲ.
အမျိုးကိုချစ်တဲ့စိတ်က ဘာပြောကောင်းမလဲ။ ခုပဲ ဗန်ကောက်ကို ၀ါးရင်း
တုတ်နဲ.တက်ဆော်မယ်ဆိုတဲ့ ကောင်တွေတောင် ပေါ်လာသေးတယ်။

တရုတ်ဖြူတို.နဲ.တိုက်ခဲ့ရတဲ့စစ်​ပွဲတွေမှာလည်း ရွှေပြည်တော်သားတွေရဲ.
မျိုးချစ်စိတ်တွေဟာ ဒီရေအလားတိုးပွားလာပြီး ပြည်တွင်းမှာ၇ှိတဲ့အင်အား
စုတွေလည်း အတော်ကိုလက်ညီခဲ့ကြတယ်။ တရုတ်နီတွေရင်ဆိုင်ဖင်ထိုင်
မေ့အောင်တိုက်ခဲ့ရတုန်းကလည်းဘာထူးလဲဗျာ။ ပြည်တော်သားပြည်တော်
သူတွေရဲ.စိတ်ထဲမှာ တပ်နဲ.ပြည်သူဟာ တစ်သားတည်းဖြစ်ခဲ့တယ်။
စစ်ပွဲဆိုတာကလည်း ပြည်တွင်းက လူထုက ညီညွတ်စေတယ်။ (ပြည်တွင်းစစ်
တော့ မပါဘူးနော်)ပြည်တွင်းက ထောက်ခံမှုကိုလည်း ရနိုင်တယ်။ ပြည်တွင်းမှ
ာရှိတဲ့ ပြဿနာတွေကိုလည်း လူထုအာရုံပြောင်းအောင်လုပ်လို.သိပ်ကောင်းတဲ့
အခြင်းအရာလို.လည်းသတ်မှတ်နိုင်​တယ်ထင်ပါရဲ.

စစ်ပွဲကိုယတီပြတ် လုံးဝမကောင်းဘူးလို. ပြောဖို.က သိပ်ခက်တယ်။ထားပါ။
ဒါက ပထမအိုင်ဒီယာနဲ.ပက်သက်လို.အတွေး​မျှင်တန်းဆွဲဆန်.ကြည့်တာလေး
ပါ။ နောက်ဆုံးအိုင်ဒီယာက အဖြူကောင်တွေရဲ.ယဉ်ကျေးမှုက အခြားသော
ယဉ်ကျေးမှုတွေထက် ပိုကောင်းတယ်ဆိုတာပဲ။. အဲဒါ တယ်ဂွကျတဲ့အဆိုပဲ။
ခုခေတ် မဟာရန်ကုန်မှာရှိတဲ့ လူငယ်တွေတော်တော်များများ အီမိုတို.
ဂျင်းတို.ဘာတို. တီရှပ်တို.ဘာတို.၀တ်ကြ၊ ဟမ်ဘာ၈ါတို.စားကြသောက်ကြ
ပေမဲ့ သူတို.တွေရဲ.ရိုးတွင်းချဉ်ဆီမှာ​ ထမင်းစားရင် ငပိမပါရင် မျိုမကျနိုင်
ကြပါဘူးဗျာ။ အင်း ကျုပ်နည်းနည်းလေးလောသွားတယ်။ယဉ်​ကျေးမှုလို.
ပြောရင် အောက်တန်းကနေ စပြီးစဉ်းစားကြည့်လိုက်တော့ ဘာကိုသွားတွေ.
သလဲဆိုတော့က စားမှုသောက်မှုပဲ။ လူမျိုးတစ်မျိုးရဲ.ဖြစ်တည်မှုဟာ ဘာသာ
စကားအပြင် အဲဒီလူမျိုးတွေရဲ.စားသောက်မှုပုံ​စံပဲ။ ဘယ်နေရာကိုေ၇ာက်
ရောက် ရွှေပြည်တော်သားမှန်ရင် မုန်.ဟင်းခါးကိုကြိုက်ကြတယ်။
ရှမ်းခေါက်ဆွဲ့ကိုမြတ်နိုးတယ်။ ဆီထမင်းကိုတမ်းတတယ်။ ဗူးသီးကြော်ကို
မြင်ယောင်မိတယ်။ ငပိရည် အတို.အမြုပ်တွေကို ခင်တွယ်ကြတယ်။
လက်ဖက်သုပ်တို.ဘာတိုဆိုရင် ခံတွင်းထဲကနေ ပက်လက်လန်အောင်ကို
ချင်ခြင်တမိကြတယ်။ စာြး့ကသောက်ကြမယ်ဆိုရင်တောင် အားရပါးရ
ပလုတ်ပလောင်း ပယ်ပယ်နယ်နယ် လက်ငါးချောင်းနဲ.စားလိုက်ရမှ
ကျေနပ်တင်းတိမ်သွားကြတာပဲ။ ဒီတော့က အဖြူကောင်တွေ၇ဲ.ယဉ်ကျေးမှုတွေ ကျုပ်တို.ပြည်သားတွေအတွက်တော့ အလုံးစုံမကောင်းနိုင်ဘူး။
(အဖြူကောင်တွေရဲ.ယဉ်ကျေးမှုတွေမှာ အတုယူစ၇ာကောင်းတာတွေ
တော့အများကြီးပဲ။ အဲတစ်ခုတော့ကျုပ်ကြားဖြတ်ပြောချ​င်တယ်။ အဖြူ
ကောင်တွေ့ရဲ.ယဉ်ကျေးမှုထိန်းသိမ်းပုံလေးပဲ။သူတို.ရဲ.ယဉ်ကျေးမှု
ထိန်းသိမ်းပုံနဲ. ကျုပ်တို.ယဉ်ကျေျးမှုထိန်းသိမ်းပုံတွေက အပုံကြီး
ကြီးကိုကွာတယ်။ သူတို.က အခြားအခြားသောယဉ်ကျေးမှုတွေထဲ
ကကောင်းတာမွန်တာတွေဆိုရင် ယူပစ်လိုက်တယ်။ သူတို.တွေရဲ.
ယဉ်ကျေးမှုကိုလည်းကမ္ဘာကြီးအတွက် လိုအပ်တဲ့ယဉ်ကျေးမှုအဖြစ်အသွင်ြေ​ပာင်းပစ်နိုင်ခဲ့တယ်။ကိုယ့်
တွေ၇ဲ.အကောင်းဆုံးယဉ်ကျေးမှုထိန်းသိမ်းနည်းကတော့ ကိုယ့်ရဲ့.ယဉ်ကျေးမှု
ကိုကမ္ဘြာ့ကီးအတွက်အသုံးတည့်အောင်လုပ်ပစ်လိုက်တာပဲ)

ကဲဘာလိုလိုနဲ.တွေးကောင်းကောင်း စဉ်းစားကောင်းကောင်းနဲ. ကျုပ်ဆင်းရ
မဲ့ မဟာမြိုင်မှတ်တိုင်ရောက်တော့မယ်​။ စပယ်ယာလေး မအော်ခင် ရှေ.ကြို
ထွက်တာမှ။ မှတ်တိုင်ရောက်ရင်တော့ ထိပ်က ဆိုင်မှာ ရခိုင်မုန်.တီသုပ်လေး
ဘာလေးပြေးဆွဲလိုက်အုံးမယ်ဗျာ။

ဟေ့.... မဟာမြီုင်....ပါ...တယ်။

ရိုသေစွာဖြင့်


ကိုဇန်.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...