ကိုယ့်ကာလဝိပတ္တိကဗျံ
by Kyaw Thurein on Wednesday, July 27, 2011 at 12:59am
ဆယ်ကျော်သက်တွေဖက်က ရေးဖွဲ့ ပေါက်ကွဲတဲ့ Korn ရဲ့ သီချင်းတွေနဲ့
ကိုယ့်ဘဝ တလျှောက်လုံး ပတ်သက်ခဲ့ရသမျှ
အိမ်၊ လမ်း၊ ရွာ၊ ကျောင်းက လူအားလုံးကို တစ်ပုဒ်ချင်း ပစ်ထည့်လိုက်ချင်တယ် ။
What the hell is going on ! The Offspring ရဲ့ အဆင်မပြေသော
ချာတိတ်များထဲကလို အော်မေးလိုက်ချင်တယ်။
“I’m just a kid and life is a nightmare / I know that is not fair ”
Sample Plam လို ငိုယိုမေတ္တာရပ်ခံပြီး Nirvana ရဲ့
ဆယ်ကျော်သက်စိတ်ဓါတ်အနံ့အသက် အတိုင်း ကိုယ်ပါ လွှတ်အော်ဟစ်လိုက်ချင်၊
နောက်ဆုံး Limpbizkit ဗားရှင်းနဲ့ ဖွင့်အန် ပုန်ကန် လိုက်ချင်တာက
Sanitarium… Leave me alone လို့ )
.
Asshole တွေ၊ Bad guy တွေ၊ Hypocrites တွေ
Politicians တွေ၊ Pricks တွေ၊
ဘဝက ဇာတ်နာလှပါဘီ ။ ပစ်တိုင်းထောင် အရုပ်တွေ ကြိုးရှုပ်လှပါဘီ ။
အခန်းဆက် ဇာတ်လမ်းဟာ ရှည်လျား ထွေပြားသလောက်
တစ်ယောက်မှလည်း ရတက်မအေးကြ ။
မင်းတို့ မပြောလည်း သိပါတယ်၊ ငါဟာ Loser တစ်ယောက်ပါကွာ၊
Crazy တစ်ယောက်ပါကွာ၊ Insane တစ်ယောက်ပါကွာ၊ Jackass တစ်ကောင်ပါကွာ
I’m really psycho တစ်ကောင်ပါကွာ။
ကိုယ်က Smart guy လည်းမဟုတ် Great man လည်း မဟုတ်ခဲ့ပေမယ့်
မင်းတို့ ဘဝစာအုပ်မှာ ကိုယ်ပါတဲ့ စာမျက်နှာကို ကြည့်လိုက်စမ်းပါ
ကျိုးနွံ သိတတ်တဲ့ Goodboy ကြီးကို တွေ့ရလိမ့်မယ်
ရိုးဖြောင့် နိမ့်ကျတဲ့ Niceguy တစ်ယောက်ကို တွေ့ရလိမ့်မယ် ။
စုလစ်မွန်းချွန် အဆောက်အဦးများ၊ အစိုးရ ရုံးကြီးများ၊ ဇိမ်ခံ ဟိုတယ်ကြီးများ၊
အဆင့်မြင့် စားသောက်ဆိုင်များ၊ စူပါ မားကတ်များ၊ ခေတ်ပေါ် ညီလာခံခန်းမများ၊
ညီညာ ပြန့်ပြူးသည့် မြက်ခင်းများနှင့် ရောင်စုံဥယျာဉ်များ၊ အလုပ်အကိုင်နဲ့
အခွင့်အလမ်းကောင်းများ
ဘယ်အရပ်ရပ် နေပြည်တော်မှာ ဒီမိုကရေစီ ကျနေတာလဲ
ကိုယ့်ဘဝကတော့ သူရို့အချင်းချင်း “ဒဏ်ခတ် ပိတ်ဆို့မှုကြားမှာ
ကြပ်တည်းသထက် ကြပ်တည်းလာ”
အရာကိစ္စအားလုံး သူရို့အပိုင် လုပ်ထားတဲ့ ဆိုရှယ်လစ်နဲ့
ကွန်မြူနစ် ခေတ်စနစ်အောက်မှာ ကိုယ့်စိတ်ဟာ ရောင်စုံသူပုန်ထလာ၊
အကွဲအပြဲ များလာ စူပါပါဝါ ဖြစ်လာမယ့် သူရို့ရဲ့ လက်ခုပ်ထဲ
ကိုယ့် အင်နာဂျီတွေ ကုန်ခမ်း သွားရမှာလား နောင် အနှစ်နှစ်ဆယ် သုံးဆယ်ဆိုရင်
ကိုယ့်ရာဇဝင်များရဲ့သတို့သမီး သွေးဆုံး သွားတော့မှာလား
ကိုယ်တို့ ဘဝခရီးကြမ်း လမ်းတံတားတွေ ဖြတ်ဖို့ သူရို့ကို အခွန်အတုတ်တွေ
ဘယ်အထိ ပေးနေရအုံးမှာလဲ
သူရို့က (သူရို့ဆိုတာ သူရို့ ပဲပေါ့)
ကိုယ့်အိမ်တွင်းက တရားစီရင်ရေး အခန်းကဏ္ဍကို လျစ်လျူရှုထားဆဲ၊
ကိုယ့်ဘဝ ကိုယ့်ကမ္ဘာ ကိုယ့် Network လောက ကိုယ့်ရွာကမ္ဘာ ကိုယ့်ရပ်ကွက်
ကျေးရွာလေးရဲ့ အခြေပြု အဖွဲ့အစည်း ခေါင်သူကြီးများ ဖြစ်ကြကုန်သော
တိုင်းရင်းသား အနုပညာ ညီအစ်ကို မောင်နှမ ရီးယောက်ဖ ဆွေမျိုး ခုနစ်ဆက်
ခုနစ်ရက်သားသမီး မိတ်ဆွေ ရပ်မိရပ်ဖ အပေါင်းတို့က
ကိုယ့်အား ငြိမ်အောင် ဝပ်အောင် ပိအောင် ပြားအောင် တည်ဆောက်ကြဆဲ
အစည်းအဝေးမှာ ကိုယ့်ကို မဖိတ်ကြားဘဲ ကိုယ့်ဆန္ဒကို မငဲ့ကွက်ဘဲ
သူရို့အချင်းချင်း အတည် ပြုလိုက်ကြပေါ့၊
သူရို့ အချင်းချင်းပဲ
ရွေးကောက် တင်မြောက်ကြပေါ့၊ သူရို့ အချင်းချင်းပဲ ဖြုတ် ထုတ် သတ် လုပ်ကြပေါ့၊
သူရို့ အချင်းချင်းပဲ ဗုံးခွဲကြပေါ့၊ သူရို့ အချင်းချင်းပဲ Block လုပ်ကြပေါ့၊
သူရို့ သွားရာ လမ်းတလျှောက် ကိုယ့် သဘာဝအလျောက် ပေါက်ရောက်နေတဲ့
အကိုင်းအခက်တွေ အခုတ်ခံရပေါ့၊ အစွန်းထွက်နေတဲ့ ကိုယ့်သိမှု အဆောက်အအုံတွေ
အဖျက်ခံရပေါ့၊ ကိုယ့် စိတ်လိုလက်ရ ဂရပ်ဖတီတွေအပေါ် ဆေးထပ် သုပ်ခံရပေါ့
ကိုယ့်ကဗျာတွေထဲ မွှေနှောက် လုံခြုံရေး အကြောင်းပြချက်နဲ့ ဧည့်စာရင်းစစ်၊
တားမြစ်၊ အရေးယူကြပေါ့
နောက်ဆုံး အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး
ကိုယ့်ကို လွှတ်ရက်မရှိ ထိန်းသိမ်းထားကြတော့မှာလား၊
ကိုယ်လည်း ခေတ်မီ ဖွံ့ဖြိုး တိုးတက် သူငယ်ချင်း ပေါင်းဖက်ဖို့
လူသား အရင်းမြစ်ကို တောင့်တပါတယ်။
သီးခြားဆန်ပြီး ထိန်းချုပ်မှု အနည်းငယ်ရှိတဲ့ ဘဝမီဒီယာ လွတ်လပ်ခွင့်မျိုးကို
(ရုတ်တရက် အသံတိမ်ဝင်သွားသည်) ကျွန်တော် တောင်းဆို နေတာပဲ ဖြစ်ပါတယ်။
( ကြယ်၊ လ၊ လက်သီး၊ အရိုးခေါင်း၊ အနုမြူဗုံး များကြားမှ ဆက်လက် ပြောကြား)
တံခါးတွေ ဖွင့်လှစ် ပေးစေချင် ပါတယ်။
ဒါနဲ့ တံခါးကို တံခါးမှန်း မသိရင် ဘယ်လို ဝင်/ထွက်မလဲ။
. . . . . . . . .
. အရေးပေါ် ထွက်ပေါက် . (ပုဆိန်ကိုအသုံးပြုပါ)
. . . . . . . . .
မောင်ယုပိုင်
၂၀၁၁ ဂျွန်။
0 comments:
Post a Comment