Sex on the Beach လို့ ခပ်ကြမ်းကြမ်းနာမည်လေးနဲ့ ကော့ခ်တေးလ်
Sex on the Beach လို့ခပ်ကြမ်းကြမ်းနာမည်လေးနဲ့ကော့ခ်တေးလ်ကို
ငွေသောင်ယံကချစ်ဇတ်လမ်းလို့ ယဉ်ယဉ်ကျေးကျေးမြန်မာမှုပြုပေးရမယ်ထင်ပါတယ်။
"Sex on the Beach Cocktail"
ယနေ့ နာမည်ကြီးကောခ်တေးလ်တွေထဲ အပါအ၀င်တခုပါ။ကောခ်တေးလ်ဘားတွေနဲ့
ပင်လယ်ကမ်းစပ်ဟော်တယ်တွေရဲ့ မပါမဖြစ်ဇတ်လိုက်ကြိးပါဘဲ။ a Sex on the
Beach ကောခ်တေးကို ဗော့ဒကာနဲ့စပ်တယ်ဆိုပေမဲ့
သစ်သီးဖျော်ရည်အရသာလျွမ်းတာမို့
လူတော်တော်များများက သူ့အရသာကို
လက္ခံကြည်နူးကြလေ့ရှိပါတယ်။အပူပိုင်းဒေသတွေရဲ့
နွေနေ့လည်ကမ်းခြေမှာပင်လယ်ရနံ့ ကိုရှုရှိုက်ရင်း သို့မဟုတ်နွေညလည်တွေမှာ
သဲသောင်ပြင်ပေါ်ထိုင်ပင်လည်ပြင်ကိုငေးမောရင်းဆိုရင်ဒီကော့ခ်တေးင်္လ ရဲ့
အရသာနဲ့ နာမည်ကို ပို နားလည်လာမယ်တဲ့လေ။.
လိုအပ်တဲ့ ပစ္စည်းလေးတွေ ကတော့-
* vodkaဗော့ဒကာ ၁ပက်ခွဲ
* peach ဖျော်ရည်အနှစ် တပက်
* creme de cassis(အရက်နှင့်ရောသောခရင်မ်) ပက်တ၀က်
* လိမ္မော်ရည် ၂ပက်
* cranberry ဖျော်ရည် ၁ပက်
* ရေခဲတုံးကလေးများ
* ကောခ်တေးလ်ရှိတ်ကာဗူး
* အလှဆင်ရန်လိမ္မော်တစိတ်(သို့)ရှောက်ချိုကွင်းတကွင်းချယ်ရီသီးတလံ
ုးတို့ကို
အသင့်ပြင်ထားပါ။
(ဒါတွေ ကတော့ အညွန်းအတိုင်းဘာသာပြန်ပေးတာပါ။
အိမ်မှာအလွယ်လုပ်ရင်တော့
Queen ဖျော်ရည် လိမ္မော်အနှစ်နဲ့ တခြားလတ်လတ်ဆတ်ဆတ်သစ်သီးရေ
၂မျိုးလောက်ရရင် ပြိးတာပါဘဲ။ဗော့ဒကာကတော့ ဘယ်ဗော့ဒကာဖြစ်ဖြစ်ပါ
မြန်မာမှာတော့ Absalute Vodka တွေ တော့ ဆိုင်တွေ မှာအတွေ့များပါတယ်
။ခရင်မ်ပုလင်းလဲရှိတတ်ပါတယ်။)
Preparation:ပြင်ဆင်ပုံ
1. ရေခဲတုံးလေးများနဲ့ အတူ ပါဝင်မဲ့
အမယ်အားလုံး(နောက်ဆုံးအလှဆင်သစ်
သီးများမှ အပ) ကော့ခ်တေးရှိတ်ကာဗူးထဲထည့်ပါ။
2. ဗူးကိုပိတ်ပြီးရှိတ်ခ် လုပ်ပါ။
3. ဖန်ခွက်ရှည်ပိန်ပိန်မြင့်မြင့်
လှလှလေးထဲလောင်းထည့်လိုက်ပါ။
4. ခွက်နှုတ်ခမ်းပေါ်စောစောကဖယ်ထားတဲ့
လိမ္မော်စိတ်(သို့)ရှောက်ချိုကွင်း(သို့)ချယ်ရီသီးလေးနှင့်အလှဆင်လိုက်ပါ။
ဒါဆိုရင် sex on the beach vodka cocktail လေး အဆင်သင့်ဖြစ်သွားပါပြီ။.
အရသာခံကြည့်လိုက်ကြစို့နော်။
(မစန္ဒီ)
[mrsorcerer:7185] ငွေသောင်ယံကချစ်ဇတ်လမ်းလို့ ယဉ်ယဉ်ကျေးကျေးမြန်မာမှုပြုပေးရမဲ့ ဗော့ဒကာကော့ခ်တေးလ်(စန္ဒီ) +ပုံပူးတွဲပါ မှ

0 comments:
Post a Comment