အမျိုးသားအကျိုးစီးပွား တိုးတက်ဖို့ဆိုရင် (၁)
Min Thant Syn created a doc.
တိုင်းပြည်ကောင်းအောင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲလို့ ဆွေးနွေးကြတဲ့အခါ ကျွန်တော့် အမြင်ကတော့တပ်ကို တပ်နဲ့တူအောင် ပြုပြင်ရန်က ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးဟု မြင်ပါသည်။ ဒီပြင်ဌာနတွေ လာဘ်စားတာ၊ အစိုးရစက်ရုံတွေ စီးပွ...ားရေး ဆန်ဆန်မလုပ်တာ၊ နောက်ဆုံးကျောင်းသားတွေ စာခိုးချတာကအစ ပြုပြင်စရာများဟု ဆွေးနွေးခဲ့ကြပေမယ့်၊ တကယ်တန်း တိုင်းပြည်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးကစလို့ ပညာရေး၊ ကျန်းမာရေး အားလုံး အဓိကတာဝန်ခံ ဆောင်ရွက်နေတာတပ်ပါ။
တပ်ကို တပ်နဲ့တူအောင်ပြုပြင်ဖို့ ဆိုတာမှာ ပါတီစုံအစိုးရလက်ထက်မှာမှပြင်ဖိ
(၁) စစ်တပ် အရွယ်အစား လျှော့ချရန်
ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ အကြီးးဆုံးစစ်တပ်ကို ပိုင်ဆိုင်ပါတယ်။ လူဦးရေ သန်း ၂၄၅ ကျော်တဲ့ အင်ဒိုနီးရှားထက် ကြီးပါတယ်။ လူဦးရေ သန်း ၁ဝဝဝ ကျော်တဲ့ အိန္ဒိယရဲ့ ၁ သန်း ၂ သိန်းတပ် (ဝ.၁၂%) လူဦးရေ သန်း ၁၃ဝဝ ကျော်တဲ့ တရုတ်ရဲ့ ၂သန်း ၃သိန်း စစ်တပ် (ဝ.၁၈%) တို့နဲ့ယှဉ်ရင် လူဦးရေရဲ့ ၁% နီးပါးရှိတဲ့ မြန်မာစစ်တပ် ဘယ်လောက်ကြီးတယ်ဆိုတာ သိနိုင်ပါတယ်။ အိန္ဒိယနဲ့ အမြဲတမ်း ရန်ဆောင်နေတဲ့ ပါကစ္စ္စတန်စစ်တပ်က ၆သိန်းပါ (ဝ.၃၆%) ( Ref: Military Technology 2007, World Defence Almanac. WDA )
( ဖြည့်စွက်ချက်။ ။ လူဦးရေ သန်း ၅ဝ ကျော်ခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အင်အား ငါးသိန်းခွဲကျော်ရှိပါတယ်။ Total Population – 48956000 in 2002 , Total troops – 564250 ။ တိုးမြင့်ဦး )
စစ်တပ်သိပ်ကြီးတော့ ဘာဖြစ်လဲဆိုတော့ ပြည်သူတွေက မနိုင်ဝန် ထမ်းရပါတယ်။ အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံသား ၁ဝဝ လောက်ဟာ၊ စစ်သား စစ်ဗိုလ် ၁ ယောက်ကို တာဝန်ယူရပါတယ်။ တာဝန်ယူတယ်ဆိုရာမှာ သူ့လစာသာမက သူ့အသုံးအဆောင်၊ သူနေဖို့တပ်စခန်း၊ သူ့လက်နက် အားလုံးကို မျှခံရတဲ့ သဘောပါ။ တပ်အားလုံးဟာ ခြေလျင်တပ် မဟုတ်တဲ့အတွက် သူ့ရဲ့ယန္တယား၊ လေယာဉ် အားလုံးပါပါတယ်။ စစ်လက်နက်ဆိုတာ ဈေးပေါတဲ့ပစ္စည်း တခုမှ မရှိပါ။ ဒါဆိုရင် ပြည်သူတွေ စစ်တပ်အတွက် ဘယ်လောက် ဝန်ပိတယ်ဆိုတာ သိသာမှာပါ။
တပ်ဆိုတာ ကုန်ပစ္စည်းထုတ်လုပ်တဲ့ အင်အားမဟုတ်တဲ့အတွက်၊ တိုင်းပြည်ကုန်ထုတ်လုပ်အားကိုလဲ
ဘယ်ပြည်ပရန်ကို ကာကွယ်ဖို့မှန်းမသိဘဲ မတရားချဲ့ထားတဲ့ တပ်အင်အား တချို့ကို ကုန်ထုတ်လုပ်အားအဖြစ် ပြောင်းလိုက်ရင် နှစ်ပြန်အကျိုးရှိပါတယ်။ (ပြည်သူ ဝန်ပေါ့၊ ကုန်ပိုထွက်)။
(၂) တာဝန်ခွဲခြားမှု
ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်တပ်များ ရောထွေးနေပါတယ်။ ရဲ၊ လဝက စသည့် လက်နက်ကိုင် ဌာနများမှာသာမက။ မီးသတ်၊ အကောက်ခွန်စသည့် ယူနီဖောင်းဝတ် ဌာနများအားလုံးဟာ၊ စစ်တပ်ရဲ့ တပည့်လိုလို၊ လက်အောက်ခံလိုလို ဖြစ်နေပါတယ်။ တကယ်တော့ ရဲ နှင့် စစ်တပ် ဝန်ကြီးဌာနမတူပါ။ လေ့ကျင့်ခဲ့ရသည့်သင်တန်း၊ ထမ်းဆောင်ရသည့်တာဝန်၊ လုပ်ပိုင်ခွင့် လုံးဝမတူပါ။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်၊ သူ့အောက်ကရဲချုပ်၊ ရဲမှူးကြီး စသည့် ရာထူးကြီး အများစုက စစ်တပ်မှ ယူနီဖောင်းပြောင်းလာသူတွေ။
အဲဒီတော့ ဘာဖြစ်သလဲ။ ယာဉ်စည်းကမ်းလိုမျိုးကစလို့ ဥပဒေတော်တော်များများကို စစ်သား၊ စစ်ဗိုလ်ဆိုရင် တရားဝင်ဖောက်လို့ရသလို ဖြစ်လာပါတယ်။ ရဲအရေးပိုင်တဲ့ ကိစ္စမျိုးတွေမှာ ဆွေမျိုးမိတ်ဆွေတွေအတွက် ဝင်ရောက်စွက်ဖက်တာမျိုးတွေ ရှိလာပါတယ်။ (လာဘ်ယူပြီး ဝင်စွက်ဖက်တာမျိုးလည်း တွေ့ဖူးပါတယ်)
ကျွန်တော်ပြောချင်တာက တာဝန်ကို ခွဲခြားထားဖို့ပါ။ ဆိုကြပါစို့ ဗိုလ်မှူးကြီး တယောက် မီးနီဖြတ်မောင်းတာကို ယာဉ်ထိန်းရဲက ချလံဖြတ်ရဲပြီဆိုရင် တိုင်းပြည် တိုးတက်ဖို့ လမ်းစပေါ်ပါပြီ။
(၃) မကျွမ်းကျင်သည့် အလုပ်များကို တာဝန်မပေးဖို့
လူတယောက်ကို တသက်လုံး အလုပ်တမျိုးပဲလုပ်လို့ပြောရင် မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ မင်းက စစ်တပ်ကမို့ စစ်တိုက်တာပဲ နားလည်တယ်၊ အပြင်အလုပ်မလုပ်နဲ့ပြောရင် မတရားရာကျပါတယ်။ အသက်မွေးဝမ်းကြောင်းဆိုတာ ပြောင်းလို့ရပါတယ်။
ဒါပေမယ့် ခုခေတ်မှာ စစ်ဗိုလ်တွေသိပ်များပါတယ်၊ သူတို့ ဘီပိုးတွေ့လို့၊ အသက်ဘယ်လောက်မှာ ဘာရာထူးမရောက်နိုင်တော့လို့၊ ကိုယ်တိုင်က အပြင်ဌာန ပြောင်းချင်လို့ အကြောင်းပေါင်းစုံနဲ့ အရပ်ဖက်ဌာနတွေကို ပြောင်းလာကြပါတယ်၊ ပြန်တမ်းဝင်များဖြစ်လို့ အရာရှိအနေနဲ့ဘဲ ပြောင်းကြတာပါ။
နောက်တကြောင်းက ဌာနဆိုင်ရာတွေမှာ ကိုယ့်လူတွေ အုပ်စီးထားနိုင်မှ စိတ်ချရမယ် ထင်လို့များလား။ အများစုက သူပြောင်းလာတဲ့ ဌာနလုပ်ငန်းကို နကန်းတလုံးမှ မသိပါ။ အုပ်ချုပ်ရေးကို သင်ဖူးတယ်၊ အတွေ့အကြုံရှိတယ် ဆိုပေမယ့်၊ အုပ်ချုပ်ရေးတခုထဲနဲ့ ဌာနတခုကို ဦးစီးနိုင်ပြီလား။
ဗိုလ်တယောက်ကို အငြိမ်းစားယူပြီး သူမကျွမ်းကျင်တဲ့ ပွဲရုံထောင်ပါလား၊ စာရင်းကိုင်လုပ်ပါလားဆိုရင် လုပ်ကြပါ့မလား။ ဒါပေမယ့် သူလုံးဝနားမလည်၊ မလုပ်ဖူးတဲ့ မြို့နယ်အခွန်မှူးလုပ်ပါ၊ ဆည်မြောင်းဌာနကိုပြောင်းပါ ဆိုရင်တော့ သွားကြပါတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်၊ လုပ်တာက နောက်မှ၊ ရပိုင်ခွင့်က အရင်မြင်နေရတာကိုး။ ပြောင်းတဲ့သူတွေ အပြစ်မဟုတ်၊ တာဝန်ပေးတဲ့ သူတွေမှာ တာဝန်ရှိပါတယ်။
တာဝန်မပေးခင် လိုအပ်တဲ့ သင်တန်းပေးတာတွေ၊ လေ့ကျင့်ပေးတာတွေ ဘယ်လောက်ရှိပါသလဲ။ မကျွမ်းကျင်တဲ့သူတွေ ဦးစီးပြီး အောင်မြင်တဲ့ ဌာနတွေ ဖြစ်နိုင်မလား။ ဥပမာတခု ပြောပြပါ့မယ် ..
ဟိုးတခါက အိန္ဒိယလေယာဉ်တစင်း မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ပြေးလမ်းချော်တာ မှတ်မိကြမှာပါ။ လေကြောင်းလမ်းက လေယာဉ်ကို ‘“မ” ပြီးရွှေ့ဖို့ လေအိတ်တွေ ပြန်မှာကြပါတယ်။ အဲဒီမှာ ဇာတ်လိုက်က ပို့ဆောင်ရေးဝန်ကြီးရဲ့ ပီအက်အိုပါ။ လေအိတ်တွေစောင့်ရတာ ကြာတယ်၊ လေယာဉ်က ဘယ်လောက်လေးသလဲ၊ သင်္ဘောကျင်းမှာ ဂျိုက်အကြီးတွေရှိတယ်၊ သင်္ဘောကို “မ” လို့ရရင် လေယာဉ်က ဘာမို့လဲ .. ဖြစ်လာပါတယ်။ သူ့အစီအစဉ်နဲ့ လေယာဉ်ကို ကြိုးတွေသိုင်း ရှေ့ကဆွဲဖို့ကားတွေပြင်၊ ဂျိုက်တွေပြင်၊ သူက ရှေ့က လက်ကိုင်လော်နဲ့ 'မ .. မ ..' လို့ အမိန့်ပေးလိုက်တာ၊ လေယာဉ် ဗိုက်တွေပေါက်ပါလေရော။ ဝိတ်ကိုနိုင်ပေမယ့် လေယာဉ်အလူမီနီယမ် ကိုယ်ထည်က တနေရာထဲ စုနေတဲ့အားကို မခံနိုင်လို့ပါ။
ဒါ မရေမတွက်နိုင်တဲ့ အဖြစ်အပျက်တွေထဲက တခုမျှသာဖြစ်ပါတယ်။ ရေပါတာ လိုချင်ပေမယ့်။ ရေသွားခပ်တဲ့သူက သောက်ရေ လိုချင်တာလား၊ ခြေဆေးရေ လိုချင်တာလား သိဖို့လိုပါတယ်။ ဘယ်ရေဘယ်မှာရှိသလဲ သိဖို့လိုပါတယ်။
ပြောချင်တာက မကျွမ်းကျင်တဲ့ နေရာတွေမှာ တာဝန်မပေးဖို့၊ တာဝန်မယူဖို့ပါ။
ရေးသားသူ- ကိုထက်
0 comments:
Post a Comment