"အရေပြားပေါ်တွင် မြင်တွေ့နိုင်သည့် ဆေးဓာတ်မတည့် အလာဂျီလက္ခဏာ"
Cloud Cuckoo Land created the doc:
ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်းသို့  ဆေးဝါးသို့မဟုတ်ဆေးဝါးအာနိသင်ရှိသည့် ပစ္စည်းများကို ပါးစပ်မှ သောက်သုံး(Ingestion)ခြင်း၊ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ထိုးသွင်းခြင်း (Injection) များပြုလုပ်ရာတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရလေ့ရှိသည်။ ထိုကဲ့သို့ ကြုံတွေ့ရခြင်းမျိုးကို ဆေးကြောင့် ဓာတ်မတည့် အာလာဂျီ (Drug allerg) ဟု ခေါ်လေ့ရှိသည်။ ထိုဓာတ်မတည့် အာလာဂျီ၏ သက်ရောက်မှုများသည် အရေပြားတွင်လည်းကောင်း၊ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများတွင်လည်းေ ကာင်း ဖြစ်ပေါ်လေ့ရှိသည်။
လူတိုင်း လူတိုင်းသည် မိမိနှင့်မသင့်မြတ်သည့်ဆေး၊ ထိုးဆေးဝါးအသုံးပြုလျှင် မိမိ၌ဓာတ်မတည့် အာလာဂျီဖြစ်မှုသည် အသက်သေဆုံးသည့်အထိ အန္တရာယ်ရှိခြင်း ကြောင့် ဖြစ်သည်။ တစ်ကြိမ်တစ်ခါ၌ လူတစ်ဦးသည် ဆေးဝါးတစ်ခုခုနှင့် ဓာတ်မတည့်မှုဖြစ်ပေါ်ခဲ့ဖူးလျှင် ထိုဆေးသည် မိမိအသက်ရှင်နေထိုင်ရမည့် ဘဝ တစ်လျှောက်လုံး၌လည်း အာလာဂျီဖြစ်ပေါ်လေ့ရှိသည်။ ထိုဆေးမျိုးကို ရာသက်ပန်ရှောင်ကြဉ် ဖို့လိုပါသည်။ အချို့သော ဆေးဝါးများအနေ ဖြင့် မလိုဘာလားအပ်သော တုန့်ပြန်မှုများ ဥပ ဒေအားဖြင့် အရေပြားပေါ်၌ အညိုအမည်း ကွက်များ ဖြစ်ပေါ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အော့ အန်ခြင်း အစရှိသည်တို့ကို ဖြစ်ပေါ်စေလေ့ရှိ သည်။
Drug allergyကြောင့် အရေပြားပေါ်၌ မြင် တွေ့ရမည့် လက္ခဏာများ။
လူ့အရေပြားသည် ထင်ရှားစွာမြင်နိုင်သော ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းကြီး တစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဆေးဝါးဓာတ်မတည့်မှု အလာဂျီလက္ခဏာ တို့ကိုလွယ်ကူစွာမြင်တွေ့နိုင်ြ ခင်းဖြစ်သည်။ အချို့သော အရေပြားလက္ခဏာတို့သည် ပြင်းထန်မှုမရှိသော်လည်း အချို့သောအခြေအနေများသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်သည်။
အန္တရာယ်ကြီးမားသော ဆေးဓာတ်မတည့်မှုကြောင့် အရေပြားတုန့်ပြန်မှုများတွင် အောက်ပါလက္ခဏာများကို တွေ့ရသည်။ အရေပြားအပေါ်၌ အင်ပြင်ထခြင်း ၄င်းကို ဆေးပညာအခေါ် အာတီကေးရီးယား (Urticaria) သို့မဟုတ် သာ မန်ဝေါဟာရ (Hives) ဟု လူသိအများသိထား ကြသည်။ အင်းဆက်ပိုးမွှားအကိုက်ခံရခြင်း ကြောင့် အရေပြားပေါ်၌ အဖုအပိန့်ထခြင်းမျိုးနှင့် ဆင်တူသည်။ ခြေလက်နှင့် ခန္ဓာကိုယ်ထည်ရှိ အရေပြားပေါ်တွင် ထူပိန်းပိန်းနေအထား ယားယံသည့် အနီကွက်များ အဖြစ် မြင်တွေ့နိုင်သည်။ ထိုထက်ပြင်းထန်လာလျှင် အင်ဂျီယိုအဒီးမား (Angioedema) အဖြစ်အသွင်ပြောင်းကာ နူးညံ့သောအရေပြား ဧရိယာများဖြစ်သည့် ထက် အောက်မျက်ခွံများနှင့် နှုတ်ခမ်းနေရာများတွင် ဖူးယောင်သည့် အသွင်တွေ့ရလေ့ရှိသည်။ ဆေး ဝါးသောက်သုံးလိုက်သည့် အချိန်မှစ၍ တစ်နာ ရီအတွင်း အထက်ပါ လက္ခဏာတို့ လျက်မြန်စွာ ဖြစ်ပေါ်လေ့ရှိသည်။
အခန့်မသင့်သောအနေအထားမျိုး၌ အသက်ရှု လေပြွန်အတွင်း ရောင်ရမ်းမှု ဖြစ်ပေါ် ကာ အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။ နောက်ထပ် အမျိုးအစားတစ်ခုကတော့ ပြင်းထန်သော အရေပြားတုန့်ပြန်မှုတစ်ခုဖြစ်သည့်  စတီဗဂျွန်ဆန်လက္ခဏာစု (Steven Johnson Syndrome)ပင်ဖြစ်သည်။ အရေပြားဓာတ်မတည့်မှု (erythema multiforme) အမျိုးအစားထဲတွင် အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံးဟု သတ်မှတ်ထားသည်။ ခြေလက်နှင့် ခန္ဓာကိုယ်ထည် ပေါ်တွင် ဦးစွာအနီရောင်ရှိ၍ ဝိုင်းသော သဏ္ဍန်ရှိသောအကွက်များအဖြစ် စတင်ဖြစ်ပေါ်လေ့ရှိသည်။ အနောက်ကမ္ဘာ၌ နွားထီးတို့၏ မျက်စိ(bull’s eye) နှင့် ဆင်တူ သည်ဟု တင်စားကြသည်။ ထိုအကွက်များဘေးတိုက် အရွယ်အစားကြီးမားလာခြင်းကြောင့် နီးစပ်ရာ အကွက်အနားသပ် အချင်းချင်းတွဲဆက်သွားလေ့ရှိသည် ။ ထိုမှ တစ်ဆင့် အရေပြားအပူလောင်သောအခါ၌ ဖြစ်ပေါ်လေ့ရှိသည့် အရေကြည်ဖုကြီးများ (blisters) အသွင် ကူးပြောင်းခြင်းတစ်ခါတစ်ရံတွင် အရေပြားကွာကျခြင်းများ အဖြစ် ဆက်လက်ဖြစ်ပေါ်သည်။
ထို့အတူ မျက်စိကို ဖုံးအုပ်ထားသော မျက်ခွံအတွင်းမြှေး၊ ပါးစပ်နှင့် အာခံတွင်းမြှေးမျိုးပွား အင်္ဂါအတွင်းမြှေးများလည်း ကွာကျလေ့ရှိသည်။ ဤသို့ အခြေအနေမျိုး ဖြစ်ပေါ်ပါက ဆေးရုံတက်ကုသခြင်း မဖြစ်မနေလုပ်ဆောင်ရန်နှင့် စောလျင်စွာရောဂါလက္ခဏာ သတ်မှတ်ကုသခြင်းမပြုပါက အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင် သည်။
သိပ်မပြင်းထန်သော ဆေးဝါးဓာတ်တုန့်ပြန်မှုအချို့တွ င် အောက်ပါအမျိုးအစားများပါဝင်သည်။ ဥပမာအားဖြင့်ဝက်သက်(measles) ရောဂါလက္ခဏာတွေ့မြင်ရလေ့ရှိ သည့် အရေပြားပေါ်မှ အနီစက်များနှင့် သွင်ပြင်လက္ခဏာခြင်း ဆတူသော အကွက်များဖြစ်ပေါ်ခြင်း (maculo-popular erutiions)မျိုးဖြစ်သည်။ ဤပုံစံသည် ဆေးဝါးများသောက်သုံး၍ ဓာတ်မတည့်အာလာဂျီဖြစ်ခြင်းများ တွင် အများဆုံးတွေ့ ရသော ပုံစံတစ်ခုဖြစ်သည်။
ခြေထောက်၊ လက်နှင့်ခန္ဓာကိုယ်အနှံ့တွင် တွေ့နိုင်သည်။ ရုံးသုံးပင်အပ်ခေါင်းအရွယ်အနီေ ရာင် အဖုကလေးများနှင့် အနီကွက်များရော၍ တွေ့ရသည်။ တစ်နည်းအား ဖြင့် ဝက်သက်ပေါက် ရာတွင် မြင်ရလေ့ရှိသော အရေပြားလက္ခဏာ နှင့် ဆင်တူသည်။ အစက်အပျောက်များဖြစ်ပေါ်နေသော အရေပြားဧရိယာပေါ် မကြာခဏဆို သလို ယားယံသည့် ဝေဒနာခံစားရလေ့ရှိသည်။ ဤအမျိုးအစားကိုတော့ မိမိသောက်သုံးလိုက်သည့် ဆေးဝါးခန္ဓာကိုယ်အတွင်းရောက်ရှိ သွားပြီးနောက်ပိုင်း ရက်အတော်ကြာ မှ တွေ့မြင်ရလေ့ ရှိသည်။
တစ်နေရာတည်း၌ အကွက်ပေါ်လေ့ရှိသော ဆေးမတည့်လက္ခဏာ (fixed drug eruptiion) မိမိနှင့်မသင့်သော ဆေးသောက်သည့်အခါတိုင်း၌ ယခင်အရေပြား ပေါ်၌ မြင် တွေ့ရလေ့ရှိသည့် နေရာအတိအကျ၌ အကွက်ပေါ်ခြင်းမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့ မှုမရှိသည့် ဆေးဓာတ် မတည့်တုန့်ပြန်မှုအမျိုးအစားပင်ြ ဖစ် သည်။ ခန္ဓာကိုယ်ပေါ် အရေပြားဖုံးအုပ်ထား သည့် မည်သည့်အစိတ်အပိုင်းပေါ်တွင်မဆို ဖြစ်ပေါ်နိုင်သည်။
မိမိနှင့် မတည့်သောသောက်ဆေး၊ ထိုး ဆေး တို့ပြုလုပ်မိပြီး ရက်အတန်အကြာတွင်မှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အရွယ်အစားအနေ ဖြင့် အကြီးအသေးအမျိုးမျိုး ကွဲပြားနိုင်ပြီး လုံး ဝိုင်းသော၊ ဘဲဥပုံအမျိုးမျိုးကို အကွက်သဏ္ဍာန် အရေပြားပေါ်၌ တွေ့နိုင်သည်။ လအနည်း အငယ်အကြာတွင် အရောင်ရင့်သော အကွက် များအဖြစ် အသွင်ပြောင်းထားပြီး တစ်ဖြည်းဖြည်း အရောင်မှိန်သွားလေ့ရှိသည်။ ထို မသင့်မြတ် သောဆေးကို အသုံးပြုမိသည့်အခါတိုင်း ထိုအကွက်များ မူလနေရာ၌ ပြန်၍ ဖြစ်ပေါ်လေ့ရှိ သည်။
အာလဂျီဓာတ်မတည့်မှု ဖြစ်ပေါ်စေသော ဆေး ဝါးများ
မည်သည့် ဆေးဝါးမဆို ဓာတ်မတည့်မှု အာလာဂျီ ဖြစ်နိုင်ပါသည်။ သို့သော် ဖော်ပြပါ ဆေးဝါးတွေကတော့ ဓာတ်မတည့် အာလာဂျီပို ဖြစ်ပေါ်စေလေ့ရှိပါသည်။
-အကိုက်အခဲ၊ နာကျင်မှုသက်သာစေသော ဆေးဝါးများ(Analgesic သို့မဟုတ် အရပ်သုံး pain killers ) နှင့် ယူမက်တစ်ဆန့်ကျင်ဆေးဝါးများ (anti- rheumatics)ဥပမာအားဖြင့် အက်စပရင် (aspirin)၊ ပါရာစီတမော့ (par acetamol)၊ အင်ဒိုမီသာစင် (Indomethacin)၊ ဆာရီဒွန်(ှမေငိသည)
- ပဋိဇီဝပိုးသတ်ဆေးအများခေါ် ပိုးသတ်ဆေး များ (Antibiotics)။
ဥပမာအားဖြင့် ပင်နီစလင် (Penicillins)၊ တက်ထရာဆိုင်ကလင်း(Tetracycline) ၊ ဆာလ်ဖိုနမိုက်(Sulphonamides) လည်းကို (ဈေးကွက်အတွင်း ဆက်ပထရင် Sulphonamides, ဘင်ထရင် Septrinçဟူ၍ ဆေးလုံး၊ ဆေးရည်ပုံစံမျိုး ရောင်းချနေသည်။)
- ဝက်ရူးပျံဆန့်ကျင်ဆေးဝါး(Anti- epileptics) များ။
ဥပမာအားဖြင့် ဖီနိုင်းတွိုင်း (Phenytoin)၊ကာဘမဇီပင်း (Carbamazepine) အစရှိသည်တို့
ဆေးဝါးမှ ဓာတ်မတည့်အာလာဂျီဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန်။
-မိမိအတွေ့အကြုံ အသိဖြင့် ဆုံးဖြတ်ပြီး ဆေးဝါး သုံးစွဲဖို့ မကြိုးစားသင့်ပါ။
-မိမိသက်ဆိုင်ရာ ဆရာဝန်၏ အကြံဥာဏ်ဖြင့် ပေးသော ဆေးဝါးကိုသာ အသုံးပြုပါ။
-အထက်တွင် ဆိုခဲ့သော လက္ခဏာများ မိမိတွင် ဖြစ်ပေါ်လာပါက သို့မဟုတ် မိမိအနေဖြင့် ဆေး မတည့်အာလာဂျီဖြစ်ပြီဟု သံသယရှိလျှင် ချက်ချင်း သက်ဆိုင်ရာ ဆရာဝန်ကို တွေ့ဆုံ အသိပေးပါ။ ဤသို့ ပြုလုပ်ခြင်းဖြင့် အမှန်တကယ် (drug allergy)ဟုတ်မဟုတ် အတည်ပြုနိုင်မည့်အပြင် မိမိ ထိုဆေးဝါးနှင့် သင့်တော်မှုရှိမရှိ တိ ကျသော အဖြေရနိုင်ပါသည်။
-မိမိနှင့် မသင့်ဟု ယူဆထားသော ဆေးဝါးများ ကို အသေအချာမှတ်တမ်းပြုစုထားပါ။
-မိမိပြနေကျ မဟုတ်သည့် ဆရာဝန်တစ်ဦးဦး နှင့် တွေ့ဆုံရမည်ဆိုပါက ထိုဆေးဝါး ဓာတ်မ တည့်မှုအကြောင်းကို ဦးစွာပြောပြဖို့ မမေ့ပါ နှင့်။
ဆေးဝါးဓာတ်မတည့် အာလာဂျီဖြစ်သည်ဟု ယူဆလျှင်။
-ထို သံသယရှိသည့် ဆေးဝါးများအားလုံး သောက်သုံးခြင်း၊ ထုံးနှံခြင်းကို ချက်ချင်းရပ်တန့်ပါ။ (သို့သော် ထိုဆေးဝါးများကို လွှတ်မပစ်လိုက်ဘဲ သိမ်းထားဖို့ လိုပါမည်။)
-ဆရာဝန်တစ်ဦးဦးနှင့် ချက်ခြင်းတွေ့ဆုံအကြံဥာဏ်ယူပါ။ ထိုဆေးဝါးကို သောက်သုံးဖို့ ညွှန်ကြားသည့် ဆရာဝန်ထံ ချက်ခြင်းဆက်သွယ် တွေ့ဆုံပြီး အသိပေးပါ။ ဆရာဝန်ထံမှ အကြံ ဥာဏ်ရယူပါ။
- မိမိအသုံးပြုနေသည့် ဆေးဝါးများအားလုံးကို သက်ဆိုင်ရာ ဆရာဝန်ကို ပြသပါ။
(မိမိလတ်တလော အသုံးပြုနေသော ဆေးဝါးအ ပြင် နှစ်ရှည်အသုံးပြုနေရသော ဆေးဝါးများ အားလုံးကို မချွင်းမချန် အသိပေးဖို့ လိုပါမည်။)
မှတ်ချက်။ ။ ယခုဆောင်းပါးတွင် ဖော်ပြထားသော ဆေးဝါးများ၏ အမည်ကို မူရင်းဓာတုအမည်များအဖြစ် ရေးသားထားပါသည်။ မိမိတို့ ဈးကွက်၌ ဝယ်ယူအသုံးပြုရ သော ဆေးဝါးများ၏ အမှတ်တံဆိပ်အမည်များအောက်တွင် ဓာတုအမည်များ ပူးတွဲဖော်ပြလေ့ရှိသဖြင့် တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်ပါ သည်။
ဒေါက်တာမြင့်ဦး
(အရေပြားနှင့် အလှအပဆရာဝန်)
လူတိုင်း လူတိုင်းသည် မိမိနှင့်မသင့်မြတ်သည့်ဆေး၊ ထိုးဆေးဝါးအသုံးပြုလျှင် မိမိ၌ဓာတ်မတည့် အာလာဂျီဖြစ်မှုသည် အသက်သေဆုံးသည့်အထိ အန္တရာယ်ရှိခြင်း ကြောင့် ဖြစ်သည်။ တစ်ကြိမ်တစ်ခါ၌ လူတစ်ဦးသည် ဆေးဝါးတစ်ခုခုနှင့် ဓာတ်မတည့်မှုဖြစ်ပေါ်ခဲ့ဖူးလျှင် ထိုဆေးသည် မိမိအသက်ရှင်နေထိုင်ရမည့် ဘဝ တစ်လျှောက်လုံး၌လည်း အာလာဂျီဖြစ်ပေါ်လေ့ရှိသည်။ ထိုဆေးမျိုးကို ရာသက်ပန်ရှောင်ကြဉ် ဖို့လိုပါသည်။ အချို့သော ဆေးဝါးများအနေ ဖြင့် မလိုဘာလားအပ်သော တုန့်ပြန်မှုများ ဥပ ဒေအားဖြင့် အရေပြားပေါ်၌ အညိုအမည်း ကွက်များ ဖြစ်ပေါ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အော့ အန်ခြင်း အစရှိသည်တို့ကို ဖြစ်ပေါ်စေလေ့ရှိ သည်။
Drug allergyကြောင့် အရေပြားပေါ်၌ မြင် တွေ့ရမည့် လက္ခဏာများ။
လူ့အရေပြားသည် ထင်ရှားစွာမြင်နိုင်သော ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းကြီး တစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဆေးဝါးဓာတ်မတည့်မှု အလာဂျီလက္ခဏာ တို့ကိုလွယ်ကူစွာမြင်တွေ့နိုင်ြ
အန္တရာယ်ကြီးမားသော ဆေးဓာတ်မတည့်မှုကြောင့် အရေပြားတုန့်ပြန်မှုများတွင် အောက်ပါလက္ခဏာများကို တွေ့ရသည်။ အရေပြားအပေါ်၌ အင်ပြင်ထခြင်း ၄င်းကို ဆေးပညာအခေါ် အာတီကေးရီးယား (Urticaria) သို့မဟုတ် သာ မန်ဝေါဟာရ (Hives) ဟု လူသိအများသိထား ကြသည်။ အင်းဆက်ပိုးမွှားအကိုက်ခံရခြင်း ကြောင့် အရေပြားပေါ်၌ အဖုအပိန့်ထခြင်းမျိုးနှင့် ဆင်တူသည်။ ခြေလက်နှင့် ခန္ဓာကိုယ်ထည်ရှိ အရေပြားပေါ်တွင် ထူပိန်းပိန်းနေအထား ယားယံသည့် အနီကွက်များ အဖြစ် မြင်တွေ့နိုင်သည်။ ထိုထက်ပြင်းထန်လာလျှင် အင်ဂျီယိုအဒီးမား (Angioedema) အဖြစ်အသွင်ပြောင်းကာ နူးညံ့သောအရေပြား ဧရိယာများဖြစ်သည့် ထက် အောက်မျက်ခွံများနှင့် နှုတ်ခမ်းနေရာများတွင် ဖူးယောင်သည့် အသွင်တွေ့ရလေ့ရှိသည်။ ဆေး ဝါးသောက်သုံးလိုက်သည့် အချိန်မှစ၍ တစ်နာ ရီအတွင်း အထက်ပါ လက္ခဏာတို့ လျက်မြန်စွာ ဖြစ်ပေါ်လေ့ရှိသည်။
အခန့်မသင့်သောအနေအထားမျိုး၌ အသက်ရှု လေပြွန်အတွင်း ရောင်ရမ်းမှု ဖြစ်ပေါ် ကာ အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။ နောက်ထပ် အမျိုးအစားတစ်ခုကတော့ ပြင်းထန်သော အရေပြားတုန့်ပြန်မှုတစ်ခုဖြစ်သည်
ထို့အတူ မျက်စိကို ဖုံးအုပ်ထားသော မျက်ခွံအတွင်းမြှေး၊ ပါးစပ်နှင့် အာခံတွင်းမြှေးမျိုးပွား အင်္ဂါအတွင်းမြှေးများလည်း ကွာကျလေ့ရှိသည်။ ဤသို့ အခြေအနေမျိုး ဖြစ်ပေါ်ပါက ဆေးရုံတက်ကုသခြင်း မဖြစ်မနေလုပ်ဆောင်ရန်နှင့် စောလျင်စွာရောဂါလက္ခဏာ သတ်မှတ်ကုသခြင်းမပြုပါက အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင် သည်။
သိပ်မပြင်းထန်သော ဆေးဝါးဓာတ်တုန့်ပြန်မှုအချို့တွ
ခြေထောက်၊ လက်နှင့်ခန္ဓာကိုယ်အနှံ့တွင် တွေ့နိုင်သည်။ ရုံးသုံးပင်အပ်ခေါင်းအရွယ်အနီေ
တစ်နေရာတည်း၌ အကွက်ပေါ်လေ့ရှိသော ဆေးမတည့်လက္ခဏာ (fixed drug eruptiion) မိမိနှင့်မသင့်သော ဆေးသောက်သည့်အခါတိုင်း၌ ယခင်အရေပြား ပေါ်၌ မြင် တွေ့ရလေ့ရှိသည့် နေရာအတိအကျ၌ အကွက်ပေါ်ခြင်းမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့
မိမိနှင့် မတည့်သောသောက်ဆေး၊ ထိုး ဆေး တို့ပြုလုပ်မိပြီး ရက်အတန်အကြာတွင်မှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အရွယ်အစားအနေ ဖြင့် အကြီးအသေးအမျိုးမျိုး ကွဲပြားနိုင်ပြီး လုံး ဝိုင်းသော၊ ဘဲဥပုံအမျိုးမျိုးကို အကွက်သဏ္ဍာန် အရေပြားပေါ်၌ တွေ့နိုင်သည်။ လအနည်း အငယ်အကြာတွင် အရောင်ရင့်သော အကွက် များအဖြစ် အသွင်ပြောင်းထားပြီး တစ်ဖြည်းဖြည်း အရောင်မှိန်သွားလေ့ရှိသည်။ ထို မသင့်မြတ် သောဆေးကို အသုံးပြုမိသည့်အခါတိုင်း ထိုအကွက်များ မူလနေရာ၌ ပြန်၍ ဖြစ်ပေါ်လေ့ရှိ သည်။
အာလဂျီဓာတ်မတည့်မှု ဖြစ်ပေါ်စေသော ဆေး ဝါးများ
မည်သည့် ဆေးဝါးမဆို ဓာတ်မတည့်မှု အာလာဂျီ ဖြစ်နိုင်ပါသည်။ သို့သော် ဖော်ပြပါ ဆေးဝါးတွေကတော့ ဓာတ်မတည့် အာလာဂျီပို ဖြစ်ပေါ်စေလေ့ရှိပါသည်။
-အကိုက်အခဲ၊ နာကျင်မှုသက်သာစေသော ဆေးဝါးများ(Analgesic သို့မဟုတ် အရပ်သုံး pain killers ) နှင့် ယူမက်တစ်ဆန့်ကျင်ဆေးဝါးများ (anti- rheumatics)ဥပမာအားဖြင့် အက်စပရင် (aspirin)၊ ပါရာစီတမော့ (par acetamol)၊ အင်ဒိုမီသာစင် (Indomethacin)၊ ဆာရီဒွန်(ှမေငိသည)
- ပဋိဇီဝပိုးသတ်ဆေးအများခေါ် ပိုးသတ်ဆေး များ (Antibiotics)။
ဥပမာအားဖြင့် ပင်နီစလင် (Penicillins)၊ တက်ထရာဆိုင်ကလင်း(Tetracycline)
- ဝက်ရူးပျံဆန့်ကျင်ဆေးဝါး(Anti-
ဥပမာအားဖြင့် ဖီနိုင်းတွိုင်း (Phenytoin)၊ကာဘမဇီပင်း (Carbamazepine) အစရှိသည်တို့
ဆေးဝါးမှ ဓာတ်မတည့်အာလာဂျီဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန်။
-မိမိအတွေ့အကြုံ အသိဖြင့် ဆုံးဖြတ်ပြီး ဆေးဝါး သုံးစွဲဖို့ မကြိုးစားသင့်ပါ။
-မိမိသက်ဆိုင်ရာ ဆရာဝန်၏ အကြံဥာဏ်ဖြင့် ပေးသော ဆေးဝါးကိုသာ အသုံးပြုပါ။
-အထက်တွင် ဆိုခဲ့သော လက္ခဏာများ မိမိတွင် ဖြစ်ပေါ်လာပါက သို့မဟုတ် မိမိအနေဖြင့် ဆေး မတည့်အာလာဂျီဖြစ်ပြီဟု သံသယရှိလျှင် ချက်ချင်း သက်ဆိုင်ရာ ဆရာဝန်ကို တွေ့ဆုံ အသိပေးပါ။ ဤသို့ ပြုလုပ်ခြင်းဖြင့် အမှန်တကယ် (drug allergy)ဟုတ်မဟုတ် အတည်ပြုနိုင်မည့်အပြင် မိမိ ထိုဆေးဝါးနှင့် သင့်တော်မှုရှိမရှိ တိ ကျသော အဖြေရနိုင်ပါသည်။
-မိမိနှင့် မသင့်ဟု ယူဆထားသော ဆေးဝါးများ ကို အသေအချာမှတ်တမ်းပြုစုထားပါ။
-မိမိပြနေကျ မဟုတ်သည့် ဆရာဝန်တစ်ဦးဦး နှင့် တွေ့ဆုံရမည်ဆိုပါက ထိုဆေးဝါး ဓာတ်မ တည့်မှုအကြောင်းကို ဦးစွာပြောပြဖို့ မမေ့ပါ နှင့်။
ဆေးဝါးဓာတ်မတည့် အာလာဂျီဖြစ်သည်ဟု ယူဆလျှင်။
-ထို သံသယရှိသည့် ဆေးဝါးများအားလုံး သောက်သုံးခြင်း၊ ထုံးနှံခြင်းကို ချက်ချင်းရပ်တန့်ပါ။ (သို့သော် ထိုဆေးဝါးများကို လွှတ်မပစ်လိုက်ဘဲ သိမ်းထားဖို့ လိုပါမည်။)
-ဆရာဝန်တစ်ဦးဦးနှင့် ချက်ခြင်းတွေ့ဆုံအကြံဥာဏ်ယူပါ။ ထိုဆေးဝါးကို သောက်သုံးဖို့ ညွှန်ကြားသည့် ဆရာဝန်ထံ ချက်ခြင်းဆက်သွယ် တွေ့ဆုံပြီး အသိပေးပါ။ ဆရာဝန်ထံမှ အကြံ ဥာဏ်ရယူပါ။
- မိမိအသုံးပြုနေသည့် ဆေးဝါးများအားလုံးကို သက်ဆိုင်ရာ ဆရာဝန်ကို ပြသပါ။
(မိမိလတ်တလော အသုံးပြုနေသော ဆေးဝါးအ ပြင် နှစ်ရှည်အသုံးပြုနေရသော ဆေးဝါးများ အားလုံးကို မချွင်းမချန် အသိပေးဖို့ လိုပါမည်။)
မှတ်ချက်။ ။ ယခုဆောင်းပါးတွင် ဖော်ပြထားသော ဆေးဝါးများ၏ အမည်ကို မူရင်းဓာတုအမည်များအဖြစ် ရေးသားထားပါသည်။ မိမိတို့ ဈးကွက်၌ ဝယ်ယူအသုံးပြုရ သော ဆေးဝါးများ၏ အမှတ်တံဆိပ်အမည်များအောက်တွင် ဓာတုအမည်များ ပူးတွဲဖော်ပြလေ့ရှိသဖြင့် တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်ပါ
ဒေါက်တာမြင့်ဦး
(အရေပြားနှင့် အလှအပဆရာဝန်)
0 comments:
Post a Comment