ပျောက်ဆုံးနေသော သမီးငယ်များ
Htet Aung
ဟိန်းထက်
အာမီလာ လူမှန်းသိစအရွယ်ကတည်းက သူများအိမ်မှာ အိမ်ဖော်ဖြစ်နေပြီ။ ယခု အသက် ၂ဝ တွင်တော့ အိမ်ဖော်ဘဝမှ လွတ်ခဲ့ပြီ။ အရွယ်ရောက်လာပြီဖြစ်သော မိန်းမပျိုတို့၏ ထုံးစံအတိုင်း သူ့ဆံပင်တွေကရှည်ပြီး နက်မှောင်ကျော့ရှင်းနေသည်။ ချစ်စရာအပြုံးက မြင်သူတိုင်းကို စိတ်ငြိမ်းချမ်းမှု ပေးစွမ်းနေသည်။ နီပေါရှိ ဆင်းရဲသားမိသားစုများတွင် လူဖြစ်လာရသော မိန်းကလေးအများစုမှာ ထမင်းစားပွဲမှာ မတ်တပ်ရပ်ပြီး ခေါင်းကျော်ကြည့်နိုင်သော အရွယ်လောက်ဆိုလျှင်ပင် အိမ်ဖော်ဘဝကို ရောက်ကြရပြီ။ အာမီလာတို့လမျိုးကား သာရူးလူမျိုး ဖြစ်သည်။ ဒေါ်လာ ၇ဝ နဲ့ ရောင်းလိုက်သည်။
အာမီလာ့ကို အိမ်ဖော်အနေနဲ့ ရောင်း လိုက်တော့ အာဗီလာအသက် ငါးနှစ်ပဲရှိသေး သည်။ သူ့ကို ဝယ်သွားသူက မြို့ပေါ်က လေး စားလောက်သော ငွေရှင်ကြေးရှင်မိသားစုတစ် ခုမှ ရှေ့နေတစ်ဦးဖြစ်သည်။ အာမီလာ အသက် ငါးနှစ်အရွယ်တွင် ထိုသူရောက်လာပြီး အာမီ လာ့ကို အိမ်ဖော်အဖြစ် ခေါ်သွားချင်ကြောင်း လာကမ်းလှမ်းသည့်နေ့ကား အာမီလာ့ကလေး ဘဝ အဆုံးသတ်သောနေ့တည်း။ အာမီလာတို့ က ရာပါတီမြစ်ကြီးဘေးက မန်ပါဟူသော ရွာ ကလေးတွေင် နေကြသည်။ အာမီလာ့ကို အိမ်ဖော်အဖြစ် ရောင်းချ လိုက်သည့်အချိန်ကား သာရူးလူမျိုးစုတို့၏ နှစ် သစ်ကူးပွဲတော် ကျင်းပနေကျ ဆောင်းတွင်းအ ခါဖြစ်၏။ သာရူးလူမျိုးစုတို့သည် ထိုသို့ နှစ် သစ်ကူးပွဲတော်ကာလမှာ သမီးမိန်းကလေးများ ကို အိမ်ဖော်အဖြစ် ရောင်းချကြသည်မှာ ထုံး တမ်းစဉ်လာတစ်ခုလိုပင် ဖြစ်နေသည်။ ''ကျွန်မကို အိမ်ဖော်လုပ်ခိုင်းဖို့ လာခေါ် တဲ့ အဲဒီလူကြီးပုံကို ခုထိမမေ့ဘူး၊ ကျွန်မအိမ် ရှေ့မှာထိုင်နေတုန်း အဲဒီလူကြီး ရောက်လာ တာပဲ၊ ကြည့်တာနဲ့ မြို့ကလူမှန်း တန်းသိတယ်၊ နေကာမျက်မှန်နဲ့ အနောက်တိုင်းဝတ်စုံနဲ့ ကျွန်မ တို့ တောနယ်မှာ မြင်တွေ့နေကျမဟုတ်တဲ့ပုံစံ မျိုး'' ဟု အာမီလာက သူအိမ်ဖော်အဖြစ်အရောင်းခံခဲ့ရသည့်နေ့က အတွေ့အကြုံကို ပြန် ပြောပြသည် ''ကျွန်မ အိမ်ဖော်လုပ်ရတော့မယ့်အချိန် မှန်း ကျွန်မအစောကြီးကတည်းက ကြိုတွက် ထားပြီးသားပါ'' ဟု အာမီလာက ထိုစဉ်က တည်းက သူ့ဘဝအခြေအနေ သူကြိုမြင်ထား ခဲ့တာတွေ ပြန်ပြောပြသည်။ မှန်သည်၊ အာမီ လာတို့မှာ မောင်နှစ်မ ၁၁ ယောက်တောင်ရှိ သည်။
အာမီလာ၏ အစ်မတွေ အကုန် သူများ အိမ်အသီးသီးမှာ အိမ်ဖော်တွေဖြစ်ကုန်ကြပြီ။ ထိုအလှည့်ကား သူ့အလှည့်မှန်း ကြိုတွက်လို့ ရနေပြီ။ အာမီလာ့အစ်မတစ်ယောက်က သူ အိမ်ဖော်လုပ်ရမည့်အိမ်သည် ဆိုးကြောင်း၊ ခဏ ခဏ အရိုက်ခံရကြောင်း၊ ကျွေးပြန်တော့လည်း တစ်အိမ်လုံးစားပြီးလို့ ကျန်သည့်အကြွင်းအကျန် အကတ်အသပ်များကိုသာကျွေးကြောင်း၊
အ လွန်စိတ်ညစ်ရကြောင်းတွေ အာမီလာ့ကို ပြော ပြထားဖူးသည်။ ထိုအကြောင်းတွေ သိထား သဖြင့် သူများအိမ်သွားနေရမှာလန့်သောကြောင့် သူ့ကို အိမ်ဖော်အဖြစ် ရောင်းမပစ်ပါရန် သူ့ အမေကို အကြိမ်ကြိမ်ပြောပါသော်လည်း အမေ ဖြစ်သူမှာလည်း ကိုယ့်သမီးကိုယ် အိမ်ဖော်လုပ် ခိုင်းမည်၊ မခိုင်းမည်ကိုပင် ဆုံးဖြတ်နိုင်သော အခြေအနေမရှိသဖြင့် အာမီလာတစ်ယောက် အိမ်ဖော်ဘဝ ရောက်သွားတော့သည်။ အာမီလာ့ကို အိမ်ဖော်အဖြစ်ခေါ်ရန်အ တွက် မြို့ကလာသူက ရူပီးလေးထောင် (ဒေါ် လာ ၇ဝ) ပေးသည်။ ရူပီးလေးထောင်ဆိုတာ အာမီလာတို့လို ဆင်းရဲသားမိသားစုတွေအဖို့ နည်းနည်းနောနောငွေမဟုတ်။ အာမီလာတို့ မိဘတွေ လုပ်နေသောလယ်သည် သူများဆီမှ ငှားလုပ်ရသောလယ်၊ လယ်ကြွေးတွေတင်တာ လည်း မဆပ်နိုင်၊ အိမ်မှာလည်း စားစရာက ဘယ်တော့မှ လောက်လောက်ငှငှရှိသည်ဆိုတာ မရှိ။ အာမီလာ့ မောင်ငယ်ညီမငယ်တွေဆိုတာ ဖိနပ်ဆိုတာကိုပင် မစီးဖူး၊ ပြောင်းဖူးဖတ်တွေ၊ ကောက်ရိုးမျှင်တွေ ရောစည်းပြီး ကြိုးတပ်ထား တာကိုပင် ဖိနပ်လုပ်စီးရသည်။ ထိုသို့သော မိသားစုမျိုးအဖို့ ရူပီးလေးထောင်ဆိုတာ နည်း နည်းနောနောမဟုတ်၊ ဤသို့ဖြင့် အာမီလာ တစ်ယောက် သူများအိမ်ရောက်သွားတော့ သည်။
ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ကလေးအိမ်ဖော်များ
နီပေါတွင် အသက်ငါးနှစ်မှ ဆယ့်ငါးနှစ် အကြားတွင် အိမ်ဖော်ဘဝရောက်နေသူ မိန်း မငယ်ပေါင်းက မနည်း။ ထိုအရွယ်မရောက် သေးသော မိန်းကလေးများသည် အိမ်ကြီးရှင် တို့ခိုင်းသမျှ အလိုကျအောင် တစ်နေ့ကို ၁၄ နာရီမှ ၁၆ နာရီလောက်ထိ အလုပ်လုပ်ကြရ သည်။ အိမ်ရှင်ကောင်းလျှင် အနည်းငယ်သက် သာခွင့်ရပြီး အိမ်ရှင်ဆိုးလျှင်မူ စိတ်ထင်တိုင်း နှိပ်စက်မှုများကို ခံကြရသည်။ ထိုသို့ အရွယ်မ ရောက်သေးမီ အိမ်ဖော်ဘဝရောက်ရသော မိန်းကလေး ဆယ်ယောက်တွင် တစ်ယောက် သည် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ ကိုပင် ခံနေရကြောင်လည်း သိရသည်။ လူသားချင်းစာနာမှုအဖွဲ့များ၏ ခန့်မှန်း တွက်ချက်မှုအရ နီပေါတွင် အရွယ်မရောက်ခင် အိမ်ဖော်ဘဝရောက်ရသော မိန်းကလေးပေါင်း တစ်သောင်းကျော်ရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။
အရွယ်မရောက်သေးသူများကို အိမ် ဖော်အဖြစ် ခိုင်းစေခြင်းသည် ဥပဒေအရ တရား မဝင်သဖြင့် ပြစ်မှုမြောက်ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက ၁၉၅၆ ခုနှစ်ကတည်းက ထုတ် ပြန်ထားပြီးဖြစ်သည်။ လူကုန်ကူးမှုကို ပြစ်မှုအ ဖြစ် တိုင်းပြည်တိုင်းလိုလိုတွင် သတ်မှတ်ထား ပြီးဖြစ်သည့်တိုင် ကုလသမဂ္ဂ၏ စာရင်းဇယား များအရတော့ ယနေ့အထိ လူကုန်ကူးမှုများကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်သေးသော ကမ္ဘာ့နိုင်ငံပေါင်းက ခုနစ်ဆယ်ခန့်ထိ ကျန်နေ သေးကြောင်းလည်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆို မိန်းမငယ် ၂၇ သန်းခန့် သည် ခေတ်သစ်ကျွန်ပြုဝါဒများဖြစ်သည့် အကြွေးမဆပ်နိုင်၍ လူထိုးအပ်ရသည့် အခြေအ နေမျိုးတွေ၊ မတတ်သာသည့်အဆုံး ခန္ဓာကိုယ် နဲ့ရင်းပြီး လုပ်ကိုင်စားရသည့် အခြေအနေမျိုး တွေ၊ စာချုပ်စာတန်းနှင့် ပိုက်ဆံတစ်ပြားမှမရ ဘဲ အလုပ်လုပ်ပေးရသည့် အခြေအနေမျိုးတွေ ရင်ဆိုင်နေရကြောင်း သိရသည်။ ထို ၂၇ သန်း ၏ ထက်ဝက်ခန့်သည် အရွယ်မရောက်သေး သော လူမမယ်ကလေးငယ်များဖြစ်ပြီး အများ စုမှာ အာရှမှဖြစ်ကြောင်း သိရသည်။ဆင်းရဲသောနိုင်ငံ တော်တော်များများ တွင် ကလေးအိမ်ဖော်ထားခြင်းဓလေ့ ထွန်း ကားနေတတ်သည်။ ကလေးတွေဆိုတော့ ဖ ယောင်းလိုပဲ လူကြီးတွေပုံသွင်းတဲ့အတိုင်း ထွက်လာတတ်သဖြင့် အိမ်ရှင်များကလည်း ကလေး အိမ်ဖော်များကို ပိုခေါ်လိုကြသည်။ ဆင်းရဲသောနိုင်ငံများတွင် ဆင်းရဲချမ်းသာ ကွာဟမှုများခြင်းကလည်း ကလေးအိမ်ဖော် များ တိုးပွားလာစေသည့် အချက်တစ်ချက်ဖြစ် သည်။ ဆင်းရဲသူများက ကုန်းကောက်စရာမရှိ အောင် ဆင်းရဲနေသလို၊ ချမ်းသာသူများကျ တော့လည်း ကျသွားရင်တောင် ကုန်းကောက် စရာမလိုလောက်အောင် ချမ်းသာနေကြပြန် သည်။ ဒီတော့ ဆင်းရဲသူဆင်းရဲသားများမှာ ကိုယ်မွေးပြီး ကိုယ်မကျွေးနိုင်သည့်အဆုံး လူ ချမ်းသာတွေအိမ်ပို့ပြီး အိမ်ဖော်လုပ်ခိုင်းတာမှ ထမင်းဝဦးမယ်ဆိုပြီး ပို့လိုက်ရတော့သည်။ ကျွန်ခံမလား၊ အငတ်ခံမလား
နီပေါတွင် အာမီလာတို့ သာရူးလူမျိုးစု ကား လူလည်းနည်းသဖြင့် အင်အားနည်းကာ အရေးမပါ အရာမရောက်သော လူမျိုးစုအနေ ဖြင့် တည်ရှိနေသည်။ သာရူးလူမျိုးစုဝင်များ၏ စိတ်ထဲတွင်လည်း ဒို့ဟာ အရေးမပါပါဘူးကွာ ဆိုသော အခံက စွဲလာသည်မှာ ရှေ့မျိုးဆက် တွေကတည်းက ဖြစ်သည်။ သာရူးလူမျိုးစုများ သည် အိန္ဒိယနှင့်ကပ်ရပ်ဖြစ်သော ဘာရိုင်းတွင် နေထိုင်ကြသည်။ ဘာရိုင်းသည် မြေသြဇာ ကောင်းသော ဒေသဖြစ်သောကြောင့် ၁၉၅ဝ လောက်မှာ တောင်ပေါ်ဒေသများက လူများ ဆင်းလာကြပြီး သာရူးတို့၏မြေကိုလည်း မ တရားသိမ်း၊ လူကိုလည်း စာချုပ်စာတန်းနှင့် ကျွန်ပြုသည့်စနစ်ကို လုပ်လာကြတော့သည်။
ထိုအချိန်မှစ၍ သာရူးလူမျိုးတို့သည် ငုံ့ခံတတ် သည့်စရိုက်များ စွဲကပ်လာပြီး မတရားတာကို တွန်းလှန်လိုစိတ်များလည်း နည်းသထက်နည်း လာခဲ့သည်။ အာမီလာ၏ ဖခင်ဆိုလျှင်လည်း မြေပိုင် ရှင်တစ်ယောက်ကို သူ့တစ်သက်ပတ်လုံး လုပ် ကျွေးနေရသည့်ဘဝမှာတင် ကျင်လည်နေသူ ဖြစ်သည်။ သူ့သမီးကို အိမ်ဖော်လုပ်ဖို့ ဘာလို့ ရောင်းလိုက်ရတာလဲလို့မေးရင် ထိုစဉ်က အ ခြေအနေတွေက ထိုသို့လုပ်မှရသဖြင့် ထိုသို့ လုပ်လိုက်ရကြောင်း ပြောပြသည်။ မြေးငယ်များက ခြံထဲတွင် ပြေးလွှားဆော့ ကစားနေသည်။ မွေးထားသောဘဲတွေက တဂတ်ဂတ်အော်ပြီး လျှောက်ပြေးနေသည်။ ဖခင်ဖြစ်သူက ဆက်ပြောပြသည်။ ''တစ်နှစ် တစ်နှစ် စိုက်လိုက်ပျိုးလိုက်ရတာ ခါးကိုချိရော၊ ရတဲ့လုပ်ခကျတော့ စပါးလေးနည်းနည်းရယ် ပါ၊ ကျွန်တော်တို့မှာ အသက်တွေသာ ကြီး လာတယ်၊ ဒုံရင်း . . . ဒုံရင်းပါပဲ'' ဟု ၄င်းတို့ ဘဝများ အဆိုးသံသရာထဲမှ မထွက်နိုင်ပုံများ ကို ပြောပြသည်။ ငွေအပိုအလျှံကလေးများ ထွက်ရအောင် လယ်သမားတို့သည် ဇနီးတွေ၊ သမီးတွေကို မြေရှင်တွေအိမ်ပို့ပြီး ထမင်းချက်၊ ရေခပ်၊ သန့်ရှင်းရေးအလုပ်တွေ လုပ်ခိုင်းရသည်။
ဒယ်အိုးထဲက ခုန်ထွက်ပါသော်လည်း မီးပုံထဲ ထပ်ကျသူ
ယခု စာရေးသူနှင့် အာမီလာ၏ မိဘတို့ တွေ့ဆုံနေချိန်တွင် အာမီလာလည်း အနားမှာ ရှိနေသည်။ အာမီလာကား ယခုအချိန်တွင် တော့ လွတ်မြောက်သူတစ်ယောက်ဖြစ်နေပြီ။
အာမီလာကတော့ ပြောပါသည်။ သူ့မိဘတွေ သူ တားမရကြောင်း၊ ခေါင်းငုံ့ခံလွန်းရာကျ ကြောင်းဖြင့်ပြောသည်။ ကိုယ့်သမီးကိုယ် သူ များအိမ် ဘာလို့ပို့သနည်းဟုမေးလျှင် ထိုနည်း လမ်းမှလွဲ၍ အခြားရွေးစရာလမ်းမရှိ၍ ပို့ရပါ သည်ဟုသာ မိဘဖြစ်သူများက အဖြေပေးတတ် ကြသည်၊ မှန်သည်၊ သမီးတွေကို အိမ်ဖော်အ ဖြစ် မြေရှင်အိမ်ပို့မပေးလျှင် နောက်နှစ်လယ် လုပ်ခွင့် ထပ်ချမပေးတော့ဟု မြေရှင်က ၄င်းကို ခြိမ်းခြောက်ကြောင်းဖြင့် ဖခင်ဖြစ်သူက ပြော သည်။ ကလေးတွေမှာ ပညာသင်ယူခွင့်၊ ကစား ချိန်ကစား၊ စားချိန်စားခွင့်၊ ကိုယ့်အိမ်ကိုယ်ရာ မှာ ငြိမ်းချမ်းစွာနေထိုင်ခွင့်ရှိရမည်ဟူသော ၁၉၈၉ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သည့် ကုလ သမဂ္ဂ ကလေးများရပိုင်ခွင့်များဆိုသော ကြေ ညာစာတမ်းမျိုးကို နီပေါမိဘများသည်လည်း ကောင်း၊ မြေရှင်များသည်လည်းကောင်း ကြား ဖူးလိမ့်မည်မထင်။ နီပေါတွင် ၂ဝဝဝ ပြည့်နှစ်မှစပြီး လယ် ရှင်လယ်ငှားစနစ်ကို တားမြစ်လိုက်သည်။ ထို အခါ သာရူးလယ်သမားတို့မှာ မြေရှင်တို့၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်သွားသည်မှန် သော်လည်း သူတို့အတွက် လုပ်စရာလယ်မရှိ တော့သဖြင့် ဒယ်အိုးထဲမှလွတ်သော်လည်း မီးပုံ ထဲ ထပ်ကျသည့်ဘဝမျိုးသို့ ရောက်ရသည်။
လယ်အလုပ်ကနေ ပိုက်ဆံမဝင်တော့သဖြင့် နှစ် စဉ်နှစ်သစ်ကူးကာလတွေဆို ကိုယ့်သားသမီး ကိုယ် အိမ်ဖော်အဖြစ် ရောင်းချခြင်းဖြင့် ငွေ ရှာရတော့သည်။ အဆင်ပြေလျှင် ကလေးတစ် ယောက်ကို ရူပီးလေးထောင်မှ ငါးထောင်ခန့် အထိ ရတတ်သည်။ ထိုနှုန်းဖြင့် တစ်နှစ်ကလေး တစ်ယောက်လောက် ရောင်းရလျှင်ပင် မိသား စုတွေ ထမင်းစားလို့ရနေသည်။ ကံမကောင်းသော မိန်းမငယ်တို့မှာ အိမ် ရှင်များထံတွင် ငယ်ငယ်ကတည်းကရောက်နေ ပြီး သူများခိုင်းတာချည်း နှစ်ရှည်လများ လုပ် လာရသဖြင့် တော်တော်လေး အရွယ်ရောက် တော့ မခိုင်းဘဲနှင့် ဘာမှမလုပ်တတ်သောအ ခြေအနေထိ ဖြစ်သွားတော့သည်။ ကံကောင်း သော မိန်းကလေးအချို့သာ ထိုဘဝမျိုးမှလွတ် မြောက်ပြီး နာတီဂေဟာလိုမျိုးကို ရောက်သွား ကြသည်။ ကံဆိုးသူချင်း ဖေးမကူညီနာတီဂေဟာဆိုသည်မှာ အိမ်ဖော်ဘဝမှ လွတ်မြောက်လာပြီး နေရပ်မပြန်နိုင်သော မိန်း ကလေးများ ကွန်းခိုရာ ဂေဟာဖြစ်သည်။ ထို ဂေဟာမှာ မိန်းကလေးတစ်ရာကျော်ရှိနေသည်။ ဂေဟာဆိုသော်လည်း အကောင်းစားကြီးတော့ မဟုတ်၊ သာမန် အိမ်ငယ်ကလေးများ စုဆောက် ထားသည့် ဝင်းကြီးမျှသာဖြစ်သည်။ အာမီလာ တုန်းကလည်း ထိုဂေဟာမှာ ခဏတာ ကွန်း ခိုခဲ့ရသေးသည်။ ညဘက်ဆို လေမလုံသဖြင့် အထဲမှာအေးသည့်တိုင် ဂေဟာသည် မိန်းမ ငယ်တို့အတွက် လုံခြုံသည်၊ နွေးထွေးသည်။ တစ်ယောက်ကို အိပ်စရာခုတင်တစ်လုံးစီတော့ ရကြသည်။
၎င်းဂေဟာကို နီပေါအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ် အရောင်းစားခံရခြင်း ပပျောက် ရေးအစီအစဉ် (KAP) ၏ ရန်ပုံငွေဖြင့် ထူထောင် ထားခြင်းဖြစ်သည်။ ၄င်းအစီအစဉ်အရKAP အဖွဲ့ဝင်များသည် အိမ်ဖော်ဘဝမှ လွတ်မြောက် လာသူ မိန်းကလေးများကို ဂေဟာမှာနေထိုင် ခွင့်ပေးပြီး ၄င်းတို့ထံမှ သတင်းချိတ်ဆက်ကိုယူ ကာ မလွတ်မြောက်သေးသူများကို နည်းအ မျိုးမျိုးဖြင့် ကယ်ထုတ်ပေးလျက်ရှိသည်။ လွတ် မြောက်လာပြီး အိမ်ပြန်စရာ မရှိသူများကို ဂေဟာမှာ နေစရာတစ်နေရာဖန်တီးပေးသည်။ ထို့နောက် မိန်းကလေးများကို အသက်မွေးမှု ပညာများ သင်ပေးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ပျိုးထောင်ပေးသည်။ KAPပရောဂျက်လုပ်ငန်းများထဲတွင် မိန်းမ ငယ်များ အိမ်ဖော်ဘဝအရောင်းစားခံရခြင်းမှ ကယ်တင်ရေးအဖွဲ့များ ဖွဲ့စည်းပြီး လှုံ့ဆော် တောင်းဆိုခြင်းများလည်း ပါသည်။ ဂေဟာတွင် လာနေသော အိမ်ဖော်ဘဝမှ လွတ်မြောက်လာ သူ မိန်းမငယ်များစုပေါင်းပြီး မလွတ်မြောက် သေးသူများ၏ အိမ်များရှေ့သွားကာ အစုအ ဖွဲ့နှင့် တောင်းဆိုခြင်းမျိုး၊ အိမ်ဖော်အဖြစ်ဝယ် သွားသည့် အိမ်ရှင်တွေ၊ ရောင်းလိုက်သည့် မိဘတွေကို ရှုတ်ချသည့် လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းမျိုးဖြင့် လှုပ်ရှားကြသည်။ ထို သို့မှမရလျှင် အိမ်ရှင်၊ မြေရှင်ကို တရားစွဲဆို ကြသည်။ ထိုနည်းတွေသုံးပြီး အာမီလာတို့ကြိုး စားခဲ့သဖြင့် အရွယ်မတိုင်မီ အိမ်ဖော်ဘဝရောက် ခဲ့ရသော မိန်းမငယ်ပေါင်းများစွာ လွတ်မြောက် ခဲ့ပြီ။KAP ပရောဂျက်စကတည်းကနေ ယခုထိ ဆို လွတ်မြောက်လာသော မိန်းမငယ်ပေါင်း ၁၇၅၈ ဦး ရှိနေပြီ။
အာဗီလာတစ်ယောက် အိမ်ဖော်ဘဝမှ လွတ်တော့ အသက် ၁၆ နှစ်၊ ထိုအရွယ်သည် နီပေါတွင် ထုံးစံအားဖြင့် အရွယ်မတိုင်မီ စာ ချုပ်စာတမ်းနှင့် အိမ်ဖော်ဘဝရောက်ရသော မိန်းကလေးများကို လွတ်လပ်ခွင့်ပေးရသော အချိန်ဖြစ်သည်။ ငယ်ငယ်ကတည်းက သူများ ခိုင်းတာ တောက်လျှောက်လုပ်ခဲ့ရမှတော့ ထို အချိန် လွတ်လာတော့ရော ဘာသွားလုပ်ပါ မည်နည်း။ သူ့ဘဝ ဘယ်လိုရှေ့ဆက်ရပါမည် နည်း။ ထိုစဉ်တွင်KAP ပရောဂျက်အကြောင်း ကြားရပြီး ဂေဟာကို လာနိုင်ခဲ့သဖြင့်သာ အာ မီလာတစ်ယောက် လမ်းစမပျောက်ခဲ့ခြင်းဖြစ် သည်။
ဥပဒေသစ်တို့ ပြဌာန်းချိန်
အာမီလာလွတ်မြောက်ပြီး မကြာခင်မှာ နီပေါအစိုးရက အိမ်ဖော်ဘဝကျရောက်ခဲ့ရသော အမျိးသမီးငယ်များဘဝ ပြန်လည်ထူထောင်ပေး နိုင်ရေးအတွက် ယူရိုငွေ ၁ ဒသမ ၂ သန်း ရန်ပုံငွေထူထောင်ပေးမည့်အကြောင်
း ကြေ ညာခဲ့သည်။ မကြာသေးခင် တစ်လောကမှ နီပေါမိခင်နှင့် ကလေးများဝန်ကြီးဌာနက အ ရွယ်မရောက်သေးသူများအား စာချုပ်စာတန်း နှင့် အိမ်ဖော်လုပ်ခိုင်းခြင်းကို ဥပဒေအရ တား မြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ သို့သော် ဥပဒေသည် ဥပဒေသာဖြစ်နေ ဆဲ။ မိန်းမငယ်များလည်း အိမ်ဖော်ဘဝ ရောက် မြဲရောက်နေဆဲဖြစ်ကြောင်း တွေ့နေရသည်။ အစိုးရကိုလည်း အပြစ်လုံးလုံး ပုံချ၍မဖြစ်။ နီပေါ ကား ဘုရင်စနစ်မှ အစိုးရစနစ်ကို ပြောင်းပြီး တာ မကြာသေး။ အာဏာရှင်ဆန်ဆန် လုပ် ရပ်များ အမြစ်တွယ်နေတာ ပပျောက်ဖို့က လည်း အချိန်ယူရဦးမည်။ ဆယ်စုနှစ်တစ်ခု လောက်ကြာအောင် ပြည်တွင်းစစ်ကြီး၏ ဒဏ် ရာဒဏ်ချက်များကလည်း တိုင်းပြည်မှာ အ များကြီး ကျန်နေသေးသည်။
မုဆိုးများကို ဖမ်းဆီးခြင်း
အာမီလာတို့မြို့က အဝေးပြေးကားဝင်း ကြီးထဲတွင် အဝေးပြေးကားများ ဝင်ထွက်သွား လာမှုကြောင့် အသံတွေဆူညံပြီး ဖုန်တွေတ ထောင်းထောင်းထနေသည်။ အဝေးပြေးကား တွေ အထွက်ဂိတ်တွင် မိန်းကလေးနှစ်ဦး ရပ် ကြည့်နေသည်။ ထို့နောက် ဘတ်စ်ကားပေါ် တွင် တစ်စီးပြီးတစ်စီး တက်လိုက်ဆင်းလိုက်နှင့် သူတို့ပစ်မှတ်ကို ရှာလျက်ရှိသည်။ ပစ်မှတ်ကား တောနယ်သူလေးတွေကို မြို့ခေါ်သွားမည့် ပုရိသ များတည်း။ သိပ်မရှာလိုက်ရ၊ ကားတစ်စီးပေါ်မှာ သံ သယဖြစ်စရာ လူတစ်ယောက်တွေ့ရပြီ။ ထိုနေ့ အဖို့ ဒုတိယမြောက်လူဖြစ်၏။ ထိုလူဘေးတွင် မိန်းမငယ်တစ်ယောက် ခြောက်ချားနေသော မျက်နှာငယ်ဖြင့် ထိုင်နေသည်။ ဒီလောက်နဲ့ တင် အခြေအနေကို မှန်းလို့ရပြီ။ အမျိုးသားပုံက ဒီနယ်ခံမဟုတ်မှန်း သိသာ လွန်းနေပြီး၊ မိန်းကလေးပုံကျတော့ ဒီနယ်ကမှန်း ပေါ်လွန်းနေသဖြင့် နှစ်ယောက်သား ဘယ်လိုမှ မပတ်သက်မှန်း သိသာလွန်းနေပြီး အာမီလာ တို့ KAPအမျိုးသမီးနှစ်ယောက်လည်း အခြား အဖွဲ့ဝင်များကို အကြောင်းကြားကာ ထိုနှစ် ယောက်ကို ရုံးခေါ်သွားတော့သည်။ ရုံးရောက် ၍ မိန်းကလေးနှင့် ဘယ်လိုပတ်သက်လဲဟု အ မျိုးသားကိုမေးရာ မိန်းကလေးမိဘများက သ ဘောတူ ပေးစားမှာမို့ ဇနီးအဖြစ်နဲ့ ဆွေပြမျိုး ပြခေါ်လာကြောင်း ပြောသည်။ ထိုလူ၏ ဟန်း ဖုန်းကိုယူ၍ ထိုလူ၏အမျိုးတွေဆီဆက်ကာ ထို လူ မိန်းမယူမည့်အကြောင်း သိ၊ မသိကKAP အဖွဲ့က စုံစမ်းကြည့်ရာ ဘယ်အမျိုးကမှ မသိ ကြောင်း ပြောကြသည်။ ထိုအခါ အမျိုးသားဖြစ်သူက မိန်းကလေး သည် သူ့အတွက်မဟုတ်၊ သူ့အစ်ကိုအတွက် ဇနီးလောင်းသာဖြစ်ကြောင်း၊ မြို့ကိုခေါ်သွားပြီး ပြဖို့ဖြစ်ကြောင်း တစ်မျိုးပြောပြန်ပါသည်။ မိန်း ကလေးကား တစ်ချိန်လုံး စကားတစ်လုံးမှဝင် မပြောဘဲ ခေါင်းချည်းသာ ငုံ့နေခဲ့ရာမှ နောက် ဆုံးတော့ အားလုံးကြားနိုင်လောက်အောင် ကျယ် သောအသံဖြင့် ''ဒီလူ လျှောက်ပြောနေတာပါ၊ ကျွန်မ တစ်သက်နဲ့တစ်ကိုယ် သူ့ကိုတွေ့ဖူးတာ ဒီနေ့ ပထမဆုံးပါ၊ ကျွန်မကို မတရားခေါ်လာ တာပါ'' ဟု ဖွင့်ချလိုက်တော့သည်။ နီပေါတွင် ထိုအဖြစ်မျိုး ဆက်ကြုံနေရ သော မိန်းကလေးမျိုး ဘယ်လောက်ဆက်ရှိနေ ဦးမည်နည်း၊ ဘယ်တော့များမှ ထိုအဖြစ်မျိုးတွေ ကလွတ်ပြီး ပညာအပြည့်အဝ သင်ယူခွင့်၊ လွတ် လပ်စွာ ဖွံ့ဖြိုးခွင့်တွေ ရကြပါမည်နည်း။
Ref:Nepal’s Lost Dauhers ဟိန်း

0 comments:
Post a Comment