Monday, July 18, 2011

ရွှေဝါရောင် ဒီမိုကရက်တိုက်ဇေးရှင်း။

by Zinzinkyaw Zinzin on Monday, July 18, 2011 at 7:00pm
           
          တတိယလှိုင်းနှင့် ခရစ်ယာန်ဘာသာ
                                                                                                                                                                                                 ဟာဗတိတက္ကသိုလ်ရဲ့ နိုင်ငံရေး သိပ္ပံပါမောက္ခ ဆင်မျူ၇ယ် ဟန်တင်တန်ဟာ ကမ္ဘာ့ ဒီမိုကေ၇စီ ဖြစ်ထွန်းေ၇းဖြစ်စဉ်မှာ ဗုဒ္ဓဘာသာကို သိပ်အထင်ကြီးလှ ၊ ထည့်တွက်လှတာမဟုတ်ပါဘူး၊ သူ့ရဲ့နာမည်ကျော် “ ယဉ်ကျေးမှုများ တိုးမိတိုက်မိ ခြင်း” စာအုပ်မှာဆို၇င် ဗုဒ္ဓဘာသာနိုင်ငံများဟာ တိုးတက်တဲ့ယဉ်ကျေးမှုအဆင့်  ထိရောက်မလာဘူးလို့ဆိုထားပါတယ်။

            ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာနိုင်ငံများဟာ တိုးတက်တဲ့လူမှု့ ဖွှုံ့ဖြိုးမှုတွေနဲ့ အင်ပါယာကြီးတွေအထိ ဖြစ်ထွန်းခဲ့ကြတယ်။ ဗုဒ္ဓဘာသာကတော့ဒီလိုမဟုတ်ဘဲ လူမှုဖွင်ဖြိုးရေးနဲ့ ဒီမိုကေ၇စီေ၇းမှာ အမြဲတမ်း အနုတ်သဘောဆောင်ပြီး  ငုတ်နေတတ်တယ်၊  အဓိကအကြောင်းတရားတခုက ဗုဒ္ဓဘာသာဟာ သူ့ မူလစတင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာကို ခြေကုပ်မမြဲနိုင်ခဲ့တာပဲလို့ ဟန်တင်တန်ကထောက်ပြထားတယ်။
            နောက်သူ့ရဲ့ နာမည်ကြီး “ တတိယလှိုင်း” စာအုပ်ကလည်း ၁၉၇၀ ပြည့်လွန်နှစ်များကနေ ၁၉၉၀ ပြည့်နှစ်အဆုံးထိ အာဏာရှင်စနစ်ကနေ ဒီမိုကေ၇စီ ကူးပြောင်းလာတဲ့ နိုင်ငံ ၃၀ လောက်ရဲ့အတွေ့ကြုံကို  တင်ပြထားတယ်။ အဲ့းဒီမှာ သူပြောသွားတာတွေက  တတိယလှိုင်း ဒီမိုက၇က်တစ်တိုက်ဇေးရှင်းဖြစ်စဉ်မှာ  ဘာသာရေးဟာ လုံးဝ အရေးပါတယ်၊အထူးသဖြင့် အနောက်တိုင်း ခရစ်ယာန်ဘာသာနဲ့ဒီမိုကေ၇းစီဟာ လုံးဝ ဆက်စပ်နေတယ်၊ခေတ်သစ် ဒီမိုကရေစီဆိုတာလည်း ပထမဦးဆုံး ခရစ်ယာန် နိုင်ငံတွေမှာပဲ  စတင်ခဲ့ပါတယ်။
                                                                                                                                                                ၁၉၈၈  ခုနှစ်ရဲ့ ဒီမိုကရေစီ ၄၆ နိုင်င့ကိုကြည့်ရင် ၃၉ နိုင်ငံဟာ ကက်သလစ်နဲ့  ပရိုတက်စတင့်ဘာသာ အဓိကလွမ်းမိုးထားတဲ့နိုင်ငံတွေဖြစ်နေတယ်။ ဒီမိုကရေစီနဲ့  ဒီမိုက၇က်တစ်ယဉ်ကျေးမှု့ဟာ မူဆလင်ဘာသာနဲ့ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ် အယူရှိတဲ့နိုင်ငံတွေမှာ ဖြစ်ထွန်းခဲလှတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို့ ခရစ်ယာန်နိုင်ငံတွေမှာပဲ ဒီမိုကရေစီ စဖြစ်ထွန်း အခြေစိုက်ရတဲ့ အကြောင်းက ခရစ်ယာန်ဘာသာဟာ တဦးချင်း ရဲ့ သိက္ခာ တန်ဖိုးကိုအလေးထားလို့ ဒီနိုင်ငံတွေမှာ ကျောင်းတော်နဲ့ နိုင်ငံတော်ကြား စည်းခြားထားမှု ရှိကြလို့ပဲလို့ဆိုတယ်။

  ကက်သလစ်နဲ့ ပရိုတက်စတင့်  ဘာသာရေးခေါင်ဆောင်များဟာ ဖိနှိပ်တဲ့ အာဏာရှင်တိုင်းပြည် တွေရဲ့ လွတ်မြောက်ေ၇း ရုန်းကန်ကြိုးပမ်းမှုတွေမှာ အဓိက အခန်ကဏ္ဍကအမြဲရှိနေလို့ပဲ၊  နောက်ပြီး ခရစ်ယာန်ကျောင်းများနဲ့  ဘာသာဝင်ဦးရေ အပြန့်ကျယ်လာခြင်းဟာ ဒီမိုကေ၇စီ ဖွင့်ဖြိုးေ၇းကို  တွန်းအားပေးတယ်လို့ ပါမောက္ခ ဟန်တင်တန်က ရပ်ခံတင်ပြထားပါတယ်။

            အစလည်းခက် အဆုံးလည်းခက်
            ခုပြောနေတာက ဘယ်ဘာသာဟာ ပိုယုံကြည်ထိုက်တယ်ဆိုတဲ့ ကိစ္စမဟုတ်ဘဲ ၊ ဒီမိုကရေက်တိုက်ဇေးရှင်း ကိစ္စသာဖြစ်ပါတယ်။  ဟန်တင်တန်ထောက်ပြသလို အနောက် ခရစ်ယာန်နိုင်ငံ အများစု ဒီမိုကရေစီ အောင်မြင်ခိုင်မြဲနေတာကလည်း၊ ငြင်းမ၇အောင် အထင်အရှားပါပဲ ။သို့သော် အနောက်နိုင်ငံတွေကို ပုခုံးချင်းယှဉ်လာတဲ့ ကွန်ဖျူးရှပ် တရုတ်ပေါက်ဖော်ကြီးရဲ့ တိုးတက်ပွင့်လင်းလာမှု ၊ မကြာခင်ကဖြစ်ခဲ့တဲ့ “မြန်မာသံဃာတော်တွေရဲ့  မေတ္တာသုတ်ရွတ်ပြီး  စစ်အာဏာရှင်စနစ်  ဆန့်ကျင်လှုပ်ရှားမှု၊ တိဘက်ရဟန်းတွေ၇ဲ့ အိုလံပစ်မီးရှူးတိုင် နိုင်ငံပေါင်းစုံမှာဝင်လုမှု” တွေဟာ ပါမောက္ခ ဟန်တင်တန်ရဲ့ ခရစ်ယာန်အလေကဲတဲ့အမြင်ကို  စိန်ခေါ် တွန်းလှန်ပစ်လိုက်တာလားလို့ တွေးစ၇ာရှိလာပါတယ်။
            ၂၀၀၇ ခုနှစ်  မြန်မာနိုင်ငံ ရွှေဝါေ၇ာင်တော်လှန်ေ၇းနဲ့  ၂၀၀၈ ခုနှစ် တိဘက်အရေးဟာ မအောင်မြင်သေးပေမယ် ကမ္ဘာ့သမိုင်း ဒီမိုက၇က်တစ်တိုက်ဇေးရှင်းဖြစ်စဉ်မှာ  ထူးခြားနေပါတယ်။ တဖက်က သိမ်မွေ့နူးညံ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်မှု ၊ တဖက်မှာက စစ်တပ်ယန္တရားသုံးပြီး အဆုံးစွန် အရိုင်းအစိုင်းဆုံး ချေမှုန်းမှု အဲ့ဒီနှစ်ခုအကြား ဖီလာဖြစ်မှု မြင်ကွင်းတွေကို ကမ္ဘာ့ရွာ မီဒီယာ မှန်ပြောင်းတွေကနေ အားလုံးမြင်တွေ့ခဲ့ကြ၇ပါတယ်။

            ဗုဒ္ဓဘာသာမြန်မာရဟန်းတော်များ၇ဲ့ မေတ္တာပို့ စီတန်းလမ်းလျှောက်ပုံ ၊ ဝိနည်းစည်းကမ်းညီညွတ်ပုံ၊ ထုထည်အင်အားကြီးမာပုံ ၊ လုံထိန်းရဲ့နဲ့ စစ်သားတွေကို ပြန်လည်ဦးချကန်တော့တဲ့ မြင်ကွင်ပုံတွေဟာ နိုင်ငံတကာ အသိုင်းဝိုင်းကို အံ့သြမှင်တက်မိစေရုံသာမက ၊မြန်မာတို့ကိုယ်တိုင် မျက်ရည်လည်ခဲ့၇ပါတယ်။ လွတ်လပ်ေ၇းကာလကစလို့ ၁၉၈၈ အေ၇းတော်ပုံအထိ မြန်မာရဟန်းတော်တွေဟာ  မြန်မာနိုင်ငံေ၇းလှုပ်ရှားမှုတိုင်းမှာပါဝင်ခဲ့ကြပါတယ်။ သို့သော် ၂၀၀၇ စက်တင်ဘာတော်လှန်ေ၇းကတော့ သံဃာထုသက်သက်က  ဦးဆောင်တဲ့ စစ်အစိုး၇ ဆန့်ကျင်ေ၇းဖြစ်လာပြီး ၊ အချိန်တိုတောင်းလှပေမယ့်၊ တကမ္ဘာလုံးရဲ့မျက်ခြေမပြတ် စောင့်ကြည့်မှုခံခဲ့၇ပါတယ်။ ကမ္ဘာ့ဒီမိုကေ၇စီအေ၇းတိုက်ပွဲအတွက်လည်း အမြင်သစ်ဖြစ်ပြီး ဗုဒ္ဓဘာသာဟာ လောကုတ္တရာကိစ္စသက်သက် မျက်နှာမူနေရာက  လောကီဖွံ့ဖြိုးေ၇း နဲ့ လူ့အခွင့်ေ၇းကိစ္စတွေဆီ မျက်နှာမူလာပါတယ်။
             မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ ဒီမိုကရေစီေ၇းတိုက်ပွဲဟာ  ရက်ရက်စက်စက် ချေမှုန်းခံလိုက်၇ပေမယ့် ပြီးဆုံးသွားပြီလို့တော့ လုံးဝပြောလို့မရ၊ ဗုဒ္ဓဘာသာကိုယ်၌ကိုက  တိုးတက်တဲ့ပြုပြင်ပြောင်းလဲမှု  တွေလုပ်လာတာဖြစ်တယ်၊ ဒါကြောင့် စက်တင်ဘာအရေးခင်းဟာ မြန်မာဒီမိုကရေစီအရေး ခရီးရှည်အတွက်  အစတကာတို့ရဲ့ အစပဲဖြစ်တယ် ၊၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု စတင်ဖြစ်နေချိန်မှာ  စာေ၇းစ၇ာ မောင်စူးစမ်းကို သူ့မိတ်ဆွေတယောက်က ဘယ်လိုမြင်သလဲလို့ မေးကြည့်အခါ  ဆရာက “စဖို့ခက်သလို အဆုံးသတ်ဖို့လည်းခက်တယ်” လို့တုံ့ပြန်ဖြေဆိုပါတယ်။  ဆရာမောင်စူးစမ်းပြောသလို စက်တင်ဘာသံဃာ့အေ၇းအခင်းဟာ  စတင်ဖို့အတော်ခက်ခဲတဲ့ ရဟန်းပျိုများရင်းပြီး စွန့်စား၇တဲ့တိုက်ပွဲဖြစ်သလို  အဆုံးသတ်ကလည်း မြန်မာ့တော်လှန်ေ၇းအများစုရဲ့  ထုံးစံအတိုင်း  ကိုယ့်ဘက်ကပွဲမပြတ်နိုင်ခဲ့ပါဘူး။ ရွှေဝါေ၇ာင်တော်လှန်ေ၇းဟာ ငြိမ်းချမ်းစွာကူးပြောင်းနိုင်တဲ့  ကတ္တီပါတော်လှန်ေ၇းမျိုး  ဖြစ်မလာခဲ့တဲ့  ဘုရားသားတော်တွေ အကြောင်းမလှစွာနဲ့ သွေးစွန်းထင်ခဲ့၇ပါတယ်။
             ဘာ့ကြောင့် မြန်မာရဟန်းတော်များရဲ့ စက်တင်ဘာအေ၇းဟာ  စဖို့ခက်ပြီး အဆုံးသတ်ဖို့ခက်၇တာလဲ ၊၊ စက်တင်ဘာရဲ့  အောင်မြင်မှုတွေကလည်း။ မြန်မာထေရဝါဒဟာ ဒီမိုကေ၇စီနဲ့ နီးစပ်ရဲ့လား။ ခ၇စ်ယာန်ဘာသာက အာဏာရှင်ညွတ်ကွင်းကနေ ဖောက်ထွက်နိုင်မှာလား။ဒါမှမဟုတ် တောင်ကိုရီးယားလို ဗုဒ္ဓဘာသာကနေ ခရစ်ယာန်အယူ ကူးပြောင်းသူဦးေ၇တိုးပွါးလာမှာလာမှ ဒီမိုကရေစီ အမြစ်တွယ်  အခြေကျမှာလား စတဲ့စတဲ့ မေးခွန်းတွေအတွက်  ရွှေဝါေ၇ာင်တော်လှန်ေ၇း ဖြစ်၇ပ်နဲ့အတူ  ထေရဝါဒအပေါ်  လူမှုဗေဒ၊ လူမှုသိပ္ပံ၇ှုထောင့်ကနေ  သုံးသတ်ကြဖို့လိုပါလိမ့်မယ်။

            လူံအခွင့်ရေးနဲ့ မေတ္တာသုတ် 
          အမေရီကန် လွတ်လပ်ေ၇းကြေညာစာတမ်းမှာ သောမတ်စ် ဂျက်ဖာဆန်က “လူတိုင်းကို တူညီမျှတစွာ ဖန်ဆင်းထားတာဖြစ်တယ်” ဆိုတဲ့စကားကို သုံးခဲ့တယ် ။ နောက်ပိုင်း အီဗရာဟင်လင်ကွန်းတို့၊ မာတင်လူသာကင်းတို့ကနေ  ယနေ့ခေါင်များအထိ  အထပ်ထပ်သုံးစွဲာကတယ်၊ ဘုရားသခင်ဟာ အားလုံးကို  တူညီတဲ့ရပိုင်ခွင့်တွေနဲ့ ဖန်ဆင်းထားသမို့ ၊ လူသားအားလုံးမှာ လူ့အခွင့်အေ၇းဟာ  မွေးရာပါဖြစ်ပြီး  မည်သူတဦးတယောက်ကမျှ  တာမြစ်ချုပ်ချယ်ပိုင်ခွင့်  မရှိဘူးလို့ ဆိုလိုပါတယ်။  ဒီဝါကျလေး တကြောင်းဟာ  တာသွားလွန်းလို့ နောက်တိုင်းနိုင်ငံတေါမှာ  ဒီမိုကရေစီနဲ့ လူ့အခွင့်ေ၇းတွေ၇ရှိဖို့ ကျားကန်ပေးပါတယ်။
            ဒါဖြင့်မြန်မာနိုင်ငံမှာ  လူ့အခွင့်ေ၇းနဲ့ ဒီမိုကေ၇စီအေ၇း  ဖွံ့ဖြိုးဖို့အတွက်  ဗုဒ္ဓဘာသာမှာ ဒီလို အားကိုးအားထားပြုလောက်တဲ့ စကားရပ်မျိုးမရှိဘူးလား၊ ဗုဒ္ဓရဲ့ သြဝါဒအမြူတေးတွေဟာ  လူသားတိုင်း ၇ပိုင်ခွင့်တွေအတွက်  အနက်ဖွင့်တတ်၇င် အများကြီ၇နိုင်ပါတယ်။  ဥပမာ မေတ္တာသုတ်လာ “မာတာယထာ နိယံပုတ္တ၊ မယုသာ ဧကပုတ္တ မနု၇က္ခေ”  ဆိုတဲ့ပါဠိဟာ စဉ်းစားယူရင် အတော်ကိုကျယ်ပြန့်ပါလိမ့်မယ်။သတ္တဝါတိုင်းအပေါ် မိမိရဲ့ ၇င်၌ဖြစ်သော တဦးတည်းသောသားကဲ့သို့  မေတ္တာထားရမည်လို့ ဆိုပါတယ်။ ဒီစကားရပ်အပေါ်မှာ လူ့အခွင့်အေ၇း အမြင်ရှုထောင်ကကြည့်၇င်  ဗုဒ္ဓဟာ လူသားအခွင့်အရေးဆိုတာ မပြောနဲ့တော့၊  သတ္တဝါတိုင်းအပေါ်မှာ ကိုယ့်ရဲ့ရင်ဝယ်သားလို သဘောထားရမည်။  လူမှာ သူ့မွေး၇ာပါ ရပိုင်ခွင့်ရှိသလို သတ္တဝါကိုယ်စီမှာလည်း ၇ပိုင်ခွင့်တွေရှိကြမှာပေါ့။ လူအချင်းချင်းနှိပ်စက်ချင်း ကင်းဝေးကြ ၊ သတ္တဝါကိုယ်စီရဲ့ ကိုယ့်၇ပိုင်ခွင့်တွေကို လေးစားကြ လို့ကောက်ယူနိုင်ပါတယ်။
            မြန်မာ ဗုဒ္ဓဘာသာဟာ ထေရဝါဒဖြစ်တာမို့ ရှေးထေရ်ကြီး ဝါကြီးတွေရဲ့အဆုံးမအတိုင်း  ကျင့်ကြံလိုက်နာဖို့ပါပဲ။ ဒါဟယ ရှေ့ရိုးစွဲ ကွန်စာဗေးတစ်ဆန်ကောင်း ဆန်ပြီး  အထက်အောက် ဆက်ဆံေ၇းပုံစံနဲ့ အမိန့်ပေးပုံစံ ပဲလို့ ဝေဖန်ာကပါတယ်။ သို့သော် ကာလာမသုတ်လိုဒီမိုကရေစီကျ  ခေတ်မိလွန်းတဲ့ တရားများလည် ရှိနေပါသေးတယ်၊  ရှင်သာရီပုတ္တရာကိုယ်တော်ကြီးကို  ခုနှစ်နှစ်သား သာမဏေလေးက  ဝေဖန်ထောက်ပြမှုလို သည်းခံမှု ကိုဖော်ပြတဲ့ ဒီမိုကရေစီ လက္ခဏာရပ်တွေ အများကြီးပါပဲ။

            ကျောင်းတော်နဲ့ နိုင်ငံတော်
            ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေမှာ ဘာသာရေးနဲ့ နိုင်ငံရေးဟာ သီးခြားမရှိဘဲ ရောထွေးနေပါတယ်၊  အချို့နိုင်ငံများမှာလည်း အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပြီး  တရးဝင်ခါင့်ပြုတာပါ၊  အနောက် ဒီမိုကရေစီနိုင်ငံများ၇ဲ့ အားသာချက်က ကျောင်းတော်နဲ့ နိုင်ငံတော် စည်းခြားမှုရှိခြင်းပါပဲ။  ဒါဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ရဲ့  အခြေခံလည်း ဖြစ်ပါတယ်။
            ခရစ်ယာန်ကျောင်းတွေဟာ  ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်အရေးမျာ ရှေ့က မာမာမတ်မတ် တိုက်ပွဲယင်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းများရဲ့  အာဏာရှင်တွေကို နှပ်ကွပ်ရာမှာ လက်သံပြောင်ခဲံပါတယ်၊  ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဒီမိုကရေစ ကူးပြောင်းလာခဲ့တဲ့  ချီလီ၊ပိုလန်၊ တောင်ကိုရီယား၊ဖီလစ်ပိုင်၊ဘရာဇီး၊စတဲ့နိုင်ငံတွေရဲ့ ဥပမာကို ကြည့်ရင်မြင်နိုင်ပါတယ်။
            ၁၉၈၇ ခုနှစ် ချီလီမှာ ဂျွန်ပေါလ် (၂) က အာဏာရှင် ပီနိုချေးနဲ့ ပက်ပင်းရင်ဆိုင်၇တော့ ကျုပ်ဟာ ဒီမိုကရေစီ တရားဟောဆရာမဟုတ်ဘူး ၊ ဧဝံဂေလိ တရားဟောဆရာပဲ။ ဒါပေမယ် ခရစ်ယာန်တရားတော်များဟာ  လူသားအခါင့်အရေးကိစ္စအားလုံးနဲ့  သက်ဆိုင်နေတယ်။  အကယ်၍ ဒီမိုကရေးစီနဲ့  လူ့အခွင့်ေ၇းကို ဆိုလိုတယ်ဆို၇င် ခ၇စ်ယာန်ကျောင်းတော်တွေဟာလည်း  ဒီမိုကရေစီတရားဟောရမျာပေါ့။ လို့ ပြတ်ပြတ်သားသားပြောခဲ့တယ်။
            ခရစ်ယာန်ကျောင်းတော်များဟာ အာဏာရှင်ကိုဆန့်ကျင်ပြီး  လူသားလွတ်လပ်ခွင့်အေ၇းမှာ  သမိုင်တလျှောက်ေ၇းပါခဲ့ပါတယ်။ အာဏာရှင်များ မင်းဆိုးမင်းညစ်များ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခွင့်မ၇အောင် ပြည်သူလူထုကိုအကာအကွယ်ပေးခဲ့ပါတယ်။  ဒါဆိုေုဒ္ဓဘာသာရဟန်းတော်များ၇ဲ့ ကျောင်းတော်များကေ၇ာ။
            စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ခေတ်သစ် ဗုဒ္ဓဘာသာလွတ်လပ်ခွင့်  သူရဲကောင်းများဖြစ်ပါတယ်။  သို့သော် ပြဿနာက  သံဃာ့မဟာနာယကအဖွဲ့နဲ့ အဘိဓဇ ဆရာတော်ကြီးအချို့ ဖြစ်ပါတယ်။ သံဃာ့မဟာနာယကဟာ  သီးခြားလွတ်လပ်တဲ့ ဘာသာေ၇းအဖွဲ့မဟုတ်ဘဲ  မြန်မာအစိုးရအဆက်ဆက်၇ဲ့ လက်အောက်ခံ အသုံးချခံ  အဖွဲ့အစည်း တခုဖြစ်နေခဲ့ပါတယ်။  ဘာသာေ၇း အာဏာပိုင်အစိုး၇အဖွဲ့တခုလိုဖြစ်နေခဲ့ပါတယ်။
            ဗုဒ္ဓဘာသာရဟန်းတော်များ  နိုင်ငံရေးလုပ်သင့်ပါသလားဆိုတဲ့မေးခွန်းဟာ  အမြဲတက်လာတတ်တဲ့မေးခွန်းပါပဲ၊  လယ်တီဆရာတော်လို ပုဂ္ဂိလ်မျိုးက ရဟန်းတွေကို နိုင်ငံေ၇းနဲ့ လုံးဝမပတ်စေချင်ပါဘူး။ဗိုလ်ချုပ်အောင်ဆန်းအမြင်ကလည်း”ကျွန်တော့သဘောကတော့ ၇ဟန်းတော်များဟာ ပ၇ိယတ်၊ပဋိပတ်၊ကိုသာ ကြိုးစားစေချင်ပါတယ်” လို့ေ၇းဖူးပါတယ်။  ဟုတ်ပါတယ်  ရဟန်းကိစ္စဟာ ဝိနည်းသာလျှင်ဖြစ်တယ်၊ကိုယ်ကျင့်ကိစ္စဖြစ်တယ်၊မိမိကိုယ်ကိုစောင့်ရှောက်ခြင်းဟာ လောကကိုစောင့်ရှောက်ခြင်းဖြစ်တယ်။လူ့အဖွဲ့အစည်းကို စာရိတ္တမဏ္ဍိုင်မြင့်မားစေပြီး အမှန်တရားနဲ့ နီးစပ်စေလိမ်းမယ်။။ သို့သော် ယထု  သံဃာ့မဟာနာယကဟာ  အစိုးရဋ္ဌာနက တစုတဖွဲ့အဖြစ်လုပ်နေတာဟာ  ဝိနည်းနဲ့ ညီပါသလော။ သံဃာများနိုင်ငံေ၇းမလုပ်ကလို့ မှော်ဘီ သံဃာ့အစည်းဝေးဆုံးဖြတ်ချက်၊ကမ္ဘာအေးဆုံးဖြတ်ချက်တွေနဲ့ အကြီမ်ကြိမ် ကြေငြာချက်ထုတ်ပြီး စစ်အစိုးရကိုအကာအကွယ်ပေးနေတဲ့ သံဃာ့မဟာနာယက ဘွဲ့တံဆိပ်အမျိုးမျိုးရ ဘုန်းကြီးရာဇာများးဟာ နိုင်ငံေ၇းလုပ်နေတာမဟုတ်ပါလား။ နိုင်ငံေ၇းဆိုတာ အာဏာပါဝါနဲ့ ဆက်ဆံနေတယ်ဆို၇င်  အာဏာပိုင်အဖွဲ့ဟာ သံဃာ့မဟာနာယကအဖွဲ့လား စာသင်သားရဟန်းပျိုတွေလား။

            စက်တင်ဘာတော်လှန်ေ၇းက မွေးဖွါးလာတဲ့ သံဃာ့တပ်ပေါင်းစုဟာ အလယ်ခေတ် ခြစားနေတဲ့ ဘရင်ဂျီဘုန်းကြီးတွေကို  တော်လှန်တဲ့ ပရိုတက်စတင့်  မာတင်လူသာကင်းပေါက်စမျိုးတွေဖြစ်ပါတယ်။ ပြည်ပါ့ သံဃာ့ဥသျှောင်အဖွဲ့အစည်းဟာ လွတ်လပ်တဲ့ သာသနာ့အဖွဲ့အစည်းဖြစ်လာပြီး တချိန်မှာ သံဃာ့မဟာနာယက အဖွဲ့ကိုဖယ်ရှားပြီး မြန်မာပြည်သူတို့အတွက်  လွတ်လပ်မှု လစ်ဘာတီကို  ဆောင်ကျဉ်းလာမယ့် အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။

             ပရယတ္တိ အင်စတီကျူးရျင်း
            ခ၇စ်ယာန်ဘုရးကျောင်း များဟာ နိုင်ငံေ၇းဖိနှိပ်မှုအမျိုးမျိုးကို ဆန့်ကျင်တဲ့ အခြေခံ အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။  အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ဟောပြောစည်းရုံးနေတဲ့ လျှို့ဝှက် မြေအောက်ဋ္ဌာနမျိုးတွေလည်း ဖြစ်ပါတယ်၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ၇ပ်ခံစည်းရုံးနေတဲ့ အင်စတီကျူးရှင်းများလည်းဖြစ်ပါတယ်၊  ဘုရားကျောင်း အင်စတီကျူးရှင်းများဟာ တခုနဲ့ တခုချိတ်ဆက်ထားပြီး နိုင်ငံတကာမှာ ကွန်ယက်ဖြစ်နေပါတယ်။
             ဘရင်ဂျီဘုန်းတော်ကြီးများ၇ဲ့ အကျင့်ပျက်မှု  ကျင့်ဝတ်ချစားမှုတွေလည်း ရှိကြပါတယ်။ သို့သော်  သူတို့ရဲ့ လော်မာမှုတွေကို  အထုတ်ဖြေချနိုင်တဲ့ မီဒီယာများက ရှိနေပါတယ်။  နိုင်ငံေ၇းလှုပ်ရှားမှုပြုလုပ်သူများအတွက်  ခရစ်ယာန်ကျော်းတော်များက အကာအကွယ်ပေးနိုင်တဲ့ အင်စတီကျူးရှင်များ ဖြစ်ပါတယ်။  အိမ်ထောင်မှုအပါဝင် မွေးခြင်းမှ သေခြင်းအထိ  လူသားရပိုင်ခွင့်တွေကိုအကာအကွယ်ပေးထားတဲ့ လူမှု အင်စတီကျူးရှင်းမျိုးဖြစ်နေပါတယ်။
            မြန်မာနိုင်ငံ ပရိယတ္တိစာသင်တိုက်ကြီးများဟာလည်း  အောင်မြင်တဲ့ အင်စတီကျူးရှင်များဖြစ်ပါတယ်။ ဒါကို စက်တင်ဘာသံဃာ့အရေးအခင်မှာ ထင်ထင်ရှားရှားတွေ့ခဲ့ကြ၇တာဖြစ်တယ်။  ပရိယတ္တိကျောင်းတိုက်များဟာ လူမှုထွက်ပေါက်နဲ့ စာရိတ္တမဏ္ဍိုင်ကို  ထိန်းကျောင်းပေးနိုင်တဲ့  အင်စတီကျူးရှင်းများပါပဲ။ စစ်တပ်က မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး အင်စတီကျူးရှင်းဖြစ်နေပြီး  ရှိရှီသမျှသော အ၇ပ်ဖက် အင်စတီကျူးရှင်းအားလုံးကို  သုံးစားမ၇အောင် မထိေ၇ာက်မလည်ပတ်နိုင်အောင်  ဖျက်ဆီးပစ်ခဲ့ပါတယ်။  တရားေ၇း ၊အရပ်ဘက်အုပ်ချုပ်ေ၇း၊ ပညာေ၇း၊ ကျန်းမာေ၇း၊ စတဲ့အင်စတီကျူးရှင်များဟာ  အသက်မဝင်နိုင်ပဲ ဖွတ်ဖွတ်ကျေသွားပါတော့တယ်။

            အ၇င်ကျောင်းသားလှုပ်ရှားမှုများ ပေါ်ထွက်၇ာ တက္ကသိုလ်၊ ကောလိပ်များဟာလည်း အောင်မြင်တဲ့အင်စတီကျူးရှင်းတွေဖြစ်ခဲ့ပါတယ်။ သို့သော်လည်း စစ်တပ်ရဲ့ဖျက်ဆီးမှုအောက်မှာ  တစစီကြွေပြီး ကျောင်းသားလှုပ်ရှားမှုတွေအားနည်းသွားခဲ့ပါတယ်။မျိုးဆက်ဟောင်း ကျောင်းသားကြီးများက အမြဲဦးဆောင်တိုက်ပေမဲ့  အတန်ကြာ မရေ့နိုင်အောင်ဖြစ်နေပါတယ်။
            ၂၀၀၇ စက်တင်ဘာမှာတော့  ဘယ်သူမှ ဘယ်နိုင်ငံေ၇းသမားမှ တွက်ဆမထားနဲ့ လက်သီးပုန်း သံဃာ့အင်စတီကျူးရှင်းက  စစ်တပ်ကို စိန်ခေါ်ခဲ့ပါတယ်၊ပခုက္ကူ ပ၇ိယတ္တိစာသင်တိုက်ကြီးတွေက  စလိုက်တဲ့ဖြစ်၇ပ်ဟာ  စစ်အာဏာရှင်ကို ဘာသာေ၇းကျဉ်တဲ့ ကံဆောင်မှုတွေဖြစ်လာပြီး  ရွှေဝါေ၇ာင်တော်လှန်ေ၇းကြီးအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။ ရဟန်းတော်များ အချိန်တိုတိုအတွင်း တွက်ချက်လှုပ်ရှားနိုင်မှု၊ စည်းကမ်းသေဝတ်မှု၊ အကြမ်းမဖက်မှုက  သမိုင်းမှာ မော်ကွန်းထိုး၇မှာဖြစ်တယ်။ လှုပ်ရှားတဲ့ ရဟန်းပျိုများရဲ့  နောက်ကွယ်မှာ အဓိက အခရာကျသူများကတော့ ပရိယတ္တစသင်တိုက်မှ  စာသင် စာချ   ဆ၇ာတော်များဖြစ်ပါတယ်။
            စာသင် စာချဆရာတော်များဟာ  မဟာနာယက ဆရာတော်ကြီးများနဲ့မတူသလို ဓမ္မကထိကဆရာတော်များနဲ့အတူတဲ့ သံဃာ့အာဇာနည်များဖြစ်ပါတယ်။ ဆ၇ာတော်များဟာ “လာဘသက္ကာယသီလောက”ဆိုတဲ့ လာဘ်လာဘ  ပေါများမှု၊ကျော်ဇောမှုတို့ကို အလျဉ်းရှောင်ရှားပြီး စာသင်သား ရဟန်းတပြည့်များနဲ့သာ  အမြဲထိတွေ့နေသူများဖြစ်တယ်။ မိမိ၇သမျှ သင်္ကန်း၊ဆေး၊ကွမ်းတို့ကို  တပြည့်ငယ်များကို ဝေမျှပြီး စံပြဝိနည်းကျင့်ကြံ၇င် အနစ်နာခံ စာသင်ပို့ချပေးနေသူများ ဖြစ်ပါတယ် ။ ဓမ္မနဲ့ အဓမ္မကို ပိုင်းခြားပြသနေသူများလည်းဖြစ်ပါတယ်။ အမှန်တရးအတွက် ၇ပ်ခံသူများ ၊ ဒကာ- ဒကာမအခြွေအ၇ံနဲ့ မင်းမြောင်များကို ရွံရှာတိုက်ဖျက်နေသူများဖြစ်တယ်။

            မြန်မာသံဃာ့အင်စတီကျူးရှင်းမှာ ဘယ်လိုဖိဖိပိပြားမသွားဘဲ  စစ်အင်စတီကျူးရှင်းကို အံတုဖက်ပြိုင်မည့် နောက်ဆုံး အင်စတီကျူးရှင်း တခုဖြစ်လာနိုင်ပါတယ်။ သို့သော် မြန်မာပြည် ဗုဒ္ဓ သာသနာကိုယ်၌မှာလည်း ပြုပြင်ပြောင်းလဲမှု တွေဖြစ်လာပြီး ကျောင်းတော်နဲ့ နိုင်ငံတော်အကြား စည်းခြားမှု ဖြစ်လာနိုင်ကောင်းပ်တယ်။ အနာဂတ် သာသနာတိုးတက်ဖို့က  သံဃာ့အင်စတိကျူးရှင်းဟာ  စစ်အစိုးရ အာဏာစက်ကွင်းအောက်က  လွတ်မလွတ်အပေါ် မူတည်နေပါတယ်။

            နအဖရဲ့ တရားဝင်ရေး ကြိုးပမ်းမှု
            စက်တင်ဘာတော်လှန်ေ၇းဟာ  ကျဆုံးခဲ့ပြီး အောင်မြင်မှုတစုံတရာမချန်၇စ်နိုင်ဘူးလား။ဒီလိုမဟုတ်ပါ  တစုံတ၇ာမကဘဲ  အောင်မြင်မှု အတော်ကို၇ခဲ့တယ် ဆို၇ပါမယ်။  အဓိကအောင်မြင်မှုကတော့  နအဖ  စစ်အစိုး၇ရဲ့ တ၇ားဝင်မှု  အရီုက်ကို  အလစ်ထိုးလိုက်လို့ ကျဆင်းသွားစေခဲ့ပါတယ်။ စစ်အစိုး၇ရဲ့အမူအကျင့်တွေ မပြောင်းလဲလိုဘဲ ပိုနေမြဲ ကျားနေမြဲ နေလိုစိတ်ကို  ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်တယ်။ အစိုး၇တ၇ပ်အတွက် တရားဝင်မှုဟာ အေ၇းပါ အခ၇ာကျလှပါတယ်၊  တ၇ားဝင်မှုကိစ္စဟာ ယုတ်မာပြီး တရားလက်မဲ့ သွေးဆာနေတဲ့  အာဏာရှင်မျိုးတွေအတွက်တောင်  အခရာကျပါတယ်။ ရူးဆိုးကပြောဖူးတယ် ‘အင်အား အကြီးဆုံးဆိုသူဟာ သူအင်အားကို မှန်ကန်မှုနဲ့ တာဝန်ဝတ္တ၇ား နာခံဆောင်င်္ရွက်မှုတို့အဖြစ်  မပြောင်းနိုင်ခဲ့၇င်  သူဟာ ဘယ်တော့မှ မာစတာ တယောက်လို အမြဲရာသက်ပန်အာားကီးနေနိုင်မှာမဟုတ်ဘူး” ဆိုလိုချင်တာကတော့  အားကြီးရက်စက်လှတဲ့အာဏာရှင်များဟာ မှန်ကန်မှု၊ တရားမျှတမှု ၊ တာဝန်သိမှုစတဲ့  တရားဝင်ခွင့်တွေဆီ  အချိန်တန်ေ၇ွ့လျှား၇မှာဖြစ်တယ်။ ဒါ့ထက် တ၇ားဝင်မှုဆိုတာက မှန်ကန်မှု၊ တရားမျှတမှုတို့ကိုဆိုလိုတာမဟုတ်ပြန်သေးဘူး။ အစိုး၇တ၇ပ်တည်မြဲရပ်တည်နိုင်ခွင့်ဟာ  ပြည်သူလူထု၇ဲ့ လက်ခံနိုင်ခွင့်  နိုင်ငံတကာအသိုင်းဝိုင်းရဲ့ အသိအမှတ်ပြုမှု  ကျားကန်ပေးမှု စတာတွေထိပါရှိပါတယ်။
            ရှေ့ခေတ်က ဘုရင်များအတွက် တရားဝင်မှုအခွင့်ဟာ ရိုးရာထုံတမ်းစဉ်လာ နတ်ဘုရားတို့ရဲ့ တိုက်ရိုက်အာဏာအပ်နှင်းမှု  စတဲ့အကြောင်းပြချက်တွေနဲ့ ဖြစ်ပါတယ်။ မော်ဒန်ခေတ်မှာ  အာဏာရှင်များဟာ  သူတို့ရပ်တည်ဖို့ အမျိုးသားရေးဝါဒနဲ့  ဖက်ဆစ်၊ကွန်မြူနစ်၊ဆိုရှယ်လစ်၊  စတဲ့ အိုင်ဒီအိုလော်ဂျီများကို  တရားဝင်ခွင့်ယူကြပါတယ်။  ဗိုလ်ချုပ်နေဝင်း အစိုး၇ဟာ ပြည်တွင်းစစ်ရပ်ဆဲရေးနဲ့ ပြည်နယ်တွေမခွဲထွက်ေ၇း ပြည်ထောင်စုမပြိုကွဲေ၇း ဆိုင်ဘုတ်၊  နောက် ဆိုရှယ်လစ် ဆိုင်ဘုတ်နဲ့  တရားဝင်ခွင့်ယူခဲ့တာဖြစ်တယ်။။ လက်ရှိ နအဖ ၊ နဝတ စစ်အစိုး၇ဟာလည်း  အလားတူ ပြည်ထောင်စု မပြိုကွဲေ၇းနဲ့ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲေ၇း ခေါင်စဉ်နဲ့ နှစ်နှစ်ဆယ်ကျော် တည်ရှိနေတာဖြစ်တယ်။
            စစ်အစိုး၇ကို နောက်ထပ်တရားဝင်ခွင့် ပေးနေတာက  ကနေ့ထိ နိုင်ငံတကာဆက်ဆံေ၇းမှာ  မပြောင်းလဲနိုင်သေးတဲ့ အချုပ်အချာအာဏာပိုင် နိုင်ငံတနိုင်ငံကို ဝင်ေ၇ာက်မစွက်ဖက်နိုင်တဲ့မူဖြစ်ပါတယ်။ နောက် အာဆီယံ၊ တရုတ်၊ အိန္ဒိယစတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့  အကျိုးစီးပွါးေ၇ှ့ရှုမှုက ပေးထားတဲ့ တ၇ားဝင်မှုပဲ ဖြစ်ပါတယ်။

            စက်တင်ဘာရွှေဝါေ၇ာင်တော်လှန်ေ၇းဟာ  နအဖ  ရရှိထားတဲ့ေ၇ခြုံတရားဝင်ခွင့်တွေကို  အများကြီးဆွဲချနိုင်ခဲ့ပါတယ်။ အာဆီယံ အပါဝင် နိုင်ငံတကာ ဖိအားတွေ  ပိုပြီး၇ခဲ့ပါတယ်။  အထူးသဖြင့် သံဃာထုအပေါ်  တဖက်သတ် ရက်ရက်ဆက်ဆက်ဖြိုခွင်းမှုကြောင့်  စစ်တပ်အပေါ်လက်ခံတဲ့  ပြည်သူလူထုအမြင်ဟာ သုညနီးပါး ထိုးစိုက်ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းဝိုင်းက အပြောင်အလဲ အဖြေတခုကို မဖြစ်မနေဖော်ဆောင်သွားဖို့  နအဖကိုတောင်းဆိုလာပါတယ်။
            နအဖ၇ဲ့တုံ့ပြန်မှုက  လမ်းပြမြေပုံ အဆင့် ၁ ကနေ  အဆင့် ၄ ကိုခုန်ကျော်ပြီး သူတို့ရဲ့ တဖက်သတ် အခြေခံ ဥပဒေကို  အတည်ပြုေ၇းနဲ့ထွက်ပေါက်ရှာပါတယ်။ နာဂစ်မုန်တိုင်းနဲ့  တိုင်းပြည်အကြပ်တည်းစိုက်နေချိန်မှာ  ၉၂ ရာခိုင်နှန်းနဲ့ အခြေခံဥပဒေကို အတည်ပြုလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  အခြေခံဥပဒေသစ် ဟာ  သူတို့အတွက် တရားဝင်ခွင့်ထက်  စက္ကူစုတ်ဖြစ်ဖို့က ပိုကျိန်းသေပါလိမ့်မယ်။ ၂၀၀၈ ရွေးကောက်ပွဲဟာ  မေ၇မ၇ာ ရှုပ်ထေွးူမှုများနဲ့ေ၇ာပြွမ်းနေပါတယ်။ မရိုးသားတဲ့။ လွတ်လပ်မှု၊ မျှတမှုမရှိတဲ့  ရွေးကောက်ပွဲများရဲ့ နောက်ဆက်အကျိုးက အကြမ်းဖက်မှုတွေ ၊ အာဏာလုပွဲတွေ ၊ လုပ်ကြံမှုတွေအထိ  တာဆူသွားတတ်ပါတယ်။သီရိလင်္ကာ၊ ပါကစ္စတန် နိုင်ငံတို့ရဲ့ေ၇ွးကောက်ပွဲ သင်္ခန်းစာတွေကို အများကြီး သင်္ခန်းစာယူဖို့လိုပါတယ်။

             စစ်အစိုးရဟာ စစ်အတွေးတွေကို  တရားသော မတရားသော အပထား  အလစ်အငိုက် ခြုံခိုတိုက်ခိုက်အောင်ပွဲခံတတ်တဲ့ ၊ ခေါင်းမာတဲ့ အရှုံးမပေး ချင်တဲ့ ညဉ်ရှိပါတယ်။ သို့သော် သူတို့ရင်ဆိုင်ခြေမှုန်းနေတဲ့  ရန်သူဟာ NLD နိုင်ငံေ၇းသမားနဲ့၊ ကျောင်းသားမဟုတ်တော့ဘူး။  သူတို့၇န်သူလို့ သဘောထားနေသူတွေဟာ သံဃာထုနဲ့  ပြည်သူလူထုဖြစ်နေတယ်။ စီးပွါးရေမှာ ခန့်ခွဲမှုမတတ်တာကြောင့်  တိုင်ပြည်ချွတ်ခြုံကျပြီး အငတ်ဘေးဆိုက်လာနေတယ်။  ဒါတွေကို စစ်တပ်အတွက် အက်ကြောင်းနဲ့ တရားဝင်ခွင့် ကျဆုံးမှုတွေဖြစ်တယ်။

            ရွေးကောက်ပွဲနဲ့ တတိယပါတီ
           ဒီမိုကရေစီ စနစ်မှာ  အစိုးရတွေဟာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး  မိမိကိုယ်ကို  အသစ်ပြန်သရင်း  ပြုပြင်ပြောင်လဲမှုလုပ်၇ပါတယ်။ အာဏာရှင်တွေကျတော့  သူတို့အကြောက်ဆုံးအ၇ာက  အဲ့ဒီ မိမိအာဏာကို အသစ်ပြောင်လဲလုပ်ကိုင်၇မှာကိုပဲ ဖြစ်ပါတယ်။  ရွေးကောက်ပွဲနောက်တခုကနေ  အာဏာကို ဆက်ကိုင်တွယ်မယ်လို့ နအဖက မဟာဗျူဟာချလုပ်နေပေမယ့်  သူတို့တကယ်တန်းကြောက်တာက  စစ်ဘောင်းဘီချွတ်ပြီး ရွေးကောက်ပွဲယင်ရမှာကိုပဲ ဖြစ်ပါတယ်။  ဘာကြောင့်ကြောက်ကြသလဲဆိုရင်  ရွေးကောက်ပွဲဆိုတာ အာဏာရှင်စတစ်ရဲ့ လုပ်ငန်းကိစ္စမဟုတ်ဘဲ  ဒီမိုကရေစီရဲ့ အင်္ဂါ၇ပ်ရဲ့ ဗဟိုချက်မ ဖြစ်နေလို့ပဲ။
            ၁၉၇၀ ကနေ ၂၀၀၀ခုနှစ်အထိ  ဒီမိုကရေစီ ကူးပြောင်းလာတဲ့ နိုင်ငံ ၃၅ နိုင်ငံရဲ့အတွေ့အကြုံအ၇ ဆို၇င်  ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်၇ဲ့နိဂုံးချုပ်မှုအစတွေဖြစ်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်များဟာ  ရွေးကောက်ပွဲမှာ ညစ်ပတ်မယ်၊ မဲလိမ်မယ်၊ အကြမ်းဖက်မယ်၊ ရလပ်ကိုခေါက်ထားမယ်၊ ဆိုတာကတော့သေခြာတယ်။ သို့သော်  အတိုက်အခံတွေကပဲ အံ့သြစ၇ာကောင်းလောက်အောင် မဲအပြတ်သတ်နဲ့ အနိုင်၇သွားတာ ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံတိုင်းလိုလိုမှာ ဖြစ်ခဲ့ပါတယ်။  ဒါ့ကြောင့်တော်လှန်ေ၇း အင်အားစုများက  ပုံမှန် ဆက်လှုပ်ရှားနေ၇မှာဖြစ်သလို နိုင်ငံေ၇းပါတီနဲ့ နိုင်ငံေ၇းသမားတွေဘက်ကလည်း အာဏာနဲ့နီးစပ်အောင် ပုံစံအမျိုးမျိုးနဲ့  ဆက်ကစား၇မှာဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ဇေးရှင်ဆိုတာကိုမမေ့ဖို့ လိုပါတယ်။

            ရီိုးသားသြဇာရှိမဲ့ တတိယအုပ်စု
            မြန်မာဒီမိုကရေစီတိုက်ဇေးရှင်မှာ လိုအပ်နေတာတခုက  နှစ်ဖက်အပေါ် သြဇာကြီးမားတဲ့ တတိယအုပ်စုပဲ ဖြစ်ပါတယ်။ တတိယအုပ်စုဟာ ကုလသမဂ္ဂ ကိုယ်စားလှယ်၊အာဆီယံနဲ့ တရုတ် ၁၄ နိုင်ငံဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေနဲ့လဲမထိေ၇ာက်နိုင်ပါဘူး၊ပြည်တွင် ပြည်ပ အယောင်ဆောင် အချောင်သမားပညာရှင်တွေကိုလည်း နအဖက ဂရုမစိုက်ပါဘူး။  ပြည်တွင်းကပဲ ထွက်ပေါ်လာမည့် အဖွဲ့အစည်းမျိုးကိုသာ ပိုလိုအပ်ပါတယ်။  ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းေ၇းအဖွဲ့လိုမျိုးပါ။
            စက်တင်ဘာကမွေးဖွါးလာတဲ့ သံဃာအဖွဲ့အစည်းများဟာ အစိုးရနဲ့အတိုက်ခံအကြား  ရွေ့အောင်တွန်းအားပေးနိုင်တဲ့ တော်လှန်ေ၇း အင်အားစုမျိုးဖြစ်သလို တတိယအုပ်စုမျိုးလဲဖြစ်တယ်။  ရဟန်းသံဃာများဟာ အာဏာကိစ္စနဲ့မပတ်သက်တဲ့ ပြည်သူ့အေ၇းသက်သက်အတွက် ဝင်ေ၇ာက်လှုပ်ရှားလာတဲ့ အင်စတီကျူးရှင် တခုဖြစ်တယ်။  ရဟန်းပျိုများအတွက်လိုအပ်နေတာက  အမျှော်မြင်ကြီးပြီး သိက္ခာကြီးမားတဲ့ ဆရာတော်ကြီးများကိုပါအောင်  စည်းရုံးနိုင်ပြီး သံဃာ့မဟာနာယကကို ချိနဲ့သွားအောင် လုပ်နိုင်ဖို့ပါပဲ။။

ဒါဟာ မြန်မာပြည်အတွက် အကြမ်းမဖက်တဲ့ ကတ္တီပါတော်လှန်ေ၇း လမ်းစတခုပါပဲ။
              ဘယ်လိုဖြစ်ဖြစ် ရွှေဝါရောင်တော်လှန်ေ၇းဟာ  ပြီးဆုံးမသွားပါဘူး ။ ချေဂွေဗားရားက ဖီဒရယ် ကပ်စထရိုကို နှတ်ဆက်ပြောကြားတဲ့ စကားလေးနဲ့ပဲ။ နိဂုံးချုပ်ချင်ပါတယ်။
            ဇီဒရယ်ကိုပြာလိုက်ပါ ၊ ဒီဆုံးရုံးမှုဟာ တော်လှန်ေ၇းပြီးသွားတာမဟုတ်သေးဘူး။
                                                                     အရှင်လာဘသာမိ၊ မဟာဝိဇ္ဇာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...