Friday, July 1, 2011

ဗိုက်ကြီးသည်

[By Myanmar Jokes]

အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် ပထမဦးဆုံး သားဦးဆိုရင် အားလုံးက သည်းသည်းလှုပ်ဖြစ်ကြတယ်။
သားဦးဗိုက်ဆိုရင် ကိုယ်ဝန်ရှိတာမှန်းမသိ၊ ရေဖျဉ်းစွဲတာမှန်းမသိ မသေချာသေးခင်တောင် ဆရာဝန်ဆီအတင်းလာကြတယ်။ အဲဒီလိုပဲ မွေးခါနီးကျရင်လဲ အိမ်က ယောက်ျား၊ ယောက္ခမ၊ အဒေါ်၊ ဦးလေး အိမ်ရှိ လူအကုန်ကို ဆေးရုံကို လိုက်လာကြတော့တာပဲ။



ဒုတိယဗိုက်ဆိုရင်တော့ အိမ်ကယောက်ျားလောက်ပဲပါလာတော့တယ်။ ၄၊ ၅ ယောက်မြောက်လောက်ဆိုရင် ဗိုက်ကြီးသည် ကိုယ်တိုင်ပဲ အထုပ်ဆွဲပြီးတက်လာတော့တယ်။
"အိမ်ကလူတွေ လိုက်လာလိမ့်မယ်။ ပစ္စည်းယူနေကြတယ်လေ။ လာနေကြဆိုတော့ အရင်ထွက်လာလိုက်တာ"
ဆိုပြီး အရင်ရောက်လာတတ်သေးတယ်။


အခုဟာက ပထမဦးဆုံး သားဦးဗိုက်ကို ဆရာဝန်ဆီသွားပြတာပါ။ ဆရာဝန်က ကြည့်ရှုစစ်ဆေးပြီးတော့ ကိုယ်ဝန်က အရမ်းနုသေးတယ်။
ရှိတယ်လို့ ပြောနိုင်ရုံပဲရှိတယ်။ အဖေဖြစ်မယ့်သူကလဲ အရမ်းကို တက်ကြွနေတော့ ဆရာဝန်က ကိုယ်ဝန်ဗိုက်ပေါ်မှာ အမှတ်အသား သေးသေးလေး တစ်ခုလုပ်ပေးလိုက်တယ်။ နောက်ပြီးမှာလိုက်တယ်။ အဲဒါက ပြန်လာရမယ့် ရက်အတွက်မှတ်ပေးလိုက်တယ်လို့။
အဖေလုပ်မယ့်သူလဲ သိပ်တော့ နားမလည်ပေမယ့် ဆရာဝန်ဖြစ်သူက အဲဒီလိုပဲပြောတော့ သူလဲ အိမ်ရောက်မှ ဒါကိုသေချာအောင် ကြည့်မယ်ဆိုပြီးပြန်လာလိုက်တယ်။

အိမ်ရောက်တော့ အားကောင်းတဲ့ မှန်ဘီလူးတစ်လက်ရှာ၊ ဗိုက်ပေါ်က ဘာရေးထားလဲဆိုတော့ သေချာကြည့်လိုက်တော့..

"'ဒီစာကို ထင်ထင်ရှားရှားဖတ်လို့ရရင် ကိုယ်ဝန်ကို ပြန်လာပြပါ"

(sent from မဗိုက်)
http://www.facebook.com/myanmarjokes
Fan Page ကို Like လုပ်ထားခြင်းအားဖြင့် ဟာသအသစ်များတင်တိုင်း သိရှိနိုင်မည်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...