Sunday, July 3, 2011

ဒီမိုကရေစီနဲ့ ဗျူရိုကရေစီများ မှားနေလားလို့

အခုအစိုးရသစ်ကတော့ ဘာမှမလုပ်နိုင်ဘူးဆိုတာ ဆင်ခြေဖုံးရပ်ကွက်နေ ဈေးသူဈေးသားများ၊ ဆင်းရဲသား များကအစ သိနေပါတယ်။ အစိုးရလုပ်နိုင်တာ ကားလိုင်စင်ချပေးတာရယ်၊ တယ်လီဖုန်းတွေ ချပေးတာရယ်ပဲ လုပ်နိုင်ပါတယ်။ တကယ်လိုအပ်တာက ပြည်သူလူထုစားဝတ်နေရေးဖူလုံဖို့အတွက် ခေတ်နဲ့လျော်ညီတဲ့ (ပတ် ၀န်းကျင်နိုင်ငံတွေနည်းတူ) အလုပ်အကိုင်အခွင့်အလန်းတွေ ရဖို့ပါ။
အစိုးရအနေနဲ့ လယ်ယာစိုက်ပျိုးရေးကိုပဲ ဦးတည်နေပါတယ်။ တနိုင်ငံလုံးက ပြည်သူတွေ လယ်ထဲဆင်းရမှာ လား။ စစ်အစိုးရ ခုတ်ထွင်ရောင်းစားခဲ့လို့ သစ်တောနဲ့ သယံဇာတတွေလည်း ကုန်နေပါပြီ။ စစ်အစိုးရကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခဲ့လို့ မြန်မာနိုင်ငံမှာ မုန်တိုင်းကြီး (၂) ကြိမ်၊ မြေငလျင်တကြိမ် လှုပ်ခဲ့တာ လည်း ကမ္ဘာသိပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုအချိန်အခါမှာ ရာသီဥတုမကောင်းတာကြောင့် လာမယ့်နှစ်မှာ ဆန်ရေစပါး ရှာပါးဦးမှာပါ။ လယ်ယာစိုက်ပျိုးရေး မအောင်မြင်ရင် ဘာလုပ်မလဲဆိုတာကို တွေးတောသင့်ပါ တယ်။

တဘက်မှာ လယ်ယာစိုက်ပျိုးရေးကိုဆောင်ရွက်သလို တဘက်မှာလည်း စက်မှုလုပ်ငန်းကို အကောင်အထည် ဖော်ရမှာပါ။ အစိုးရသစ်ရဲ့ ပြည်သူလူထုအပေါ် အလုပ်အကိုင် အခွင့်အလန်းသစ်ဆိုတာ ကွမ်းယာရောင်း၊ ချဲ ရောင်း၊ လမ်းဘေးဈေးရောင်းတဲ့ အခွင့်အလန်းတွေလား။ ၀န်ထမ်းငယ်တွေတောင် လစာနဲ့လုံလောက်အောင် မကျွေးနိုင်ပါဘူး။ အောက်ခြေစစ်သားတွေလည်း ငတ်ပြတ်နေပါပြီ။ တက်လာတဲ့ ပြည်နယ်/ တိုင်းဒေသကြီး ၀န်ကြီးတွေကလည်း ဘာမှနားမလည်၊ ၀န်ကြီးကားတွေ စီးပြီး ညနေဆိုရင် ဂေါက်ကွင်းရောက်နေကြတာပါပဲ။

အစိုးရသစ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်သလို နယ်စပ်တွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုလူမျိုးရေးပြုန်းတီးအောင် အမြစ်ပြတ်ချေမှုန်းနေတယ်။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးသမားတွေကိုလည်း အလိုအလျောက် သေကြေစေဖို့ ရုရှားနည်းပညာနဲ့ အစားအသောက်တွေမှာအရိုးပျော့ဆေး တွေ ထည့်သုံးကျွေးနေတယ်လို့ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုရဲ့ ညွှန်ကြားချက် ကြောင့် လျှို့ဝှက်သုံးစွဲခဲ့ရတယ်လို့
ထောင်ဆရာဝန်တချို့နဲ့ ထောင်ပိုင်ကြီးတွေကနေတဆင့် သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့
မျက်နှာကိုကြည့်ရင် ရက်စက်တတ်တဲ့ စစ်ရာဇ၀တ်ကောင်ပုံရဲ့စိတ်ဟာ သူ့မျက်နှာမှာ
ထင်ဟပ်နေတာကို အင်္ဂ၀ိဇ္ဇာနည်းနဲ့ လေ့လာလို့ရပါတယ်။

ပြောရရင် အစိုးရသစ်ဟာစစ်အစိုးရ အုပ်ချုပ်တဲ့ ပုံစံအတိုင်း အုပ်ချုပ်နေတာကိုပဲ တွေ့ရပါတယ်။ ဘာမှလည်း
မပြောင်းလဲပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ဗျူရိုကရေစီကို ပြောတာလားခင်ဗျား။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်နက်ကိုင်တပ်မတော်မှလွဲ၍ ဘာမှမရှိစေရဆိုပြီး
တိုင်းရင်းသားလက်နက်ကိုင်တွေကို ဂျပန် ခေတ်လို၊ နာဇီလို အမြစ်ပြတ်ချေမှုန်းနေတာ
နှစ်ပေါင်း (၆၀)ကျော် ရှိနေပါပြီ။ စစ်အစိုးရအုပ်ချုပ်ခဲ့တာလည်း နှစ်ပေါင်း (၆၀)
ကျော်နေပါပြီ။ ဘာမှလည်း တိုးတက်တာမတွေ့ရပါဘူး။ ပြည်သူတွေမှာ လွတ်လပ်ရေးရပြီးက တည်းက
ငတ်ပြတ်နေတာ အခုဆိုရင် အဲဒီပြည်သူတွေတောင် အဖိုးအဖွားအရွယ်တွေရောက်နေပါပြီ။
နေ၀င်းအစိုးရအဖွဲ့ ချမ်းသာလိုက်၊ သန်းရွှေအစိုးရအဖွဲ့ချမ်းသာလိုက်၊ အခု သိန်းစိန်အစိုးရအဖွဲ့ကတော့ ချမ်း သာပြီးသားဆိုတော့ထပ်ချမ်းသာဦးမှာပေါ့လေ။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တခါတရံ
ကျနော်တို့ ဦးနှောက်သေးသေးနဲ့ စဉ်းစားပြီး အပြစ်တင်ချင်စိတ် ဖြစ်မိပါတယ်။

လွတ်လပ်ရေးကို စောစောယူ ခဲ့လို့ပါ။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ ကြာကြာနေရင်တောင်
တိုးတက်တာ တွေ့ရဦးမှာပါလို့ ...။
ပြည်သူတွေဆီက အခွန်အမျိုးမျိုးကောက်ပြီး ပြည်သူတွေရဲ့အရေခွံကို ခွာတယ်။ တိုင်းပြည်ကထွက်တဲ့ သယံ ဇာတတွေကို ဘယ်နေရာမှာသုံးမှာလဲ။ လက်နက်ဝယ်ဖို့လား။ မိသားစုတွေ တရုတ်မှာ ခိုလှုံဖို့လား မေးစရာ
ဖြစ်နေပါတယ်။ ရှေ့လာမယ့်နှစ် ဆန်ရေစပါး ရှားပါးလို့ ပြည်သူတွေငတ်မွတ်ခေါင်းပါးတဲ့အခါ အစိုးရက ပြည်သူတွေကို ဆန် တွေ ဝေမျှမှာ မဟုတ်ပါဘူး။ ဈေးကြီးတဲ့ ကျည်ဆန်တွေပဲ ဝေမျှမှာပါ။ အခုအချိန် မြန်မာနိုင်ငံမှာ ဘုရားပွင့်ခဲ့ရင်တောင် မြတ်စွာဘုရားလည်း နိုင်ငံရေးတရားဟောမိရင် ထောင်ထဲထည့်မှာပဲ။ စစ်အစိုးရဟာဗုဒ္ဒဘာသာ စစ်စစ် ကိုးကွယ်တာမဟုတ်ပါဘူး။   ဘုန်းကြီးတွေကိုအယောင်ဆောင် ကန်တော့နေတာပါ။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ မူဆလင် မဟုတ်တဲ့ အကျင့်ဆိုး နတ်ဆိုးတွေကို သူတို့အိမ်တွေမှာ ကိုးကွယ်နေကြတာပါ။ဒါကြောင့် ဘုန်းကြီးရဟန်းတွေကိုခေါင်းရိုက်ခွဲ၊ ထောင်ချ လုပ်ရဲတာပါ။ လိမ်လည်ပြောဆိုရဲတာပါ။ မတရား အနိုင်ယူရဲတာပါ။ သူတပါးပစ္စည်းဥစ္စာကို အဓမ္မ လိုချင်တာပါ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူကို သတ်ရဲဖြတ်ရဲတာပါ။ လစ်ဗျားနိုင်ငံက ကဒါဖီနဲ့ ပုံစံတူနေပါတယ်။ စစ်အစိုးရ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ ဗျူရိုကရေစီများ မှားနေလားလို့ အများသိအောင် တင်ပြလိုက်ရပါတယ်။
ကိုဖုန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...