Monday, July 4, 2011

မိုးကိုနမ်းပါ

ဘာလို့ ဒီအချိန်မှာမှ ဒီစာလေးကို သတိတရဖြစ်ပီး ဖတ်မိသွားလဲ မသိပါဘူး..။ ဒါပေမယ့်လဲ ကျွန်မက အဲ့လို ခံစားမှုတွေကို ခုံခုံမင်မင် တပ်မက်နေခဲ့မိတာ(ထင်ပါရဲ့)။
ဆရာမ နဲ့ တစ်သွေးထဲ တစ်သားထဲဖြစ်အောင် ခံစားပစ်လိုက်လို့ရပေမယ့် ဘာကြောင့် ဇွန်လရဲ့ မိုးစက်တွေ မဟုတ်ခဲ့တာလဲလို့တော့ စောဒကတက်ချင်တယ်။
ကျွန်မလေ....ဒီစာရေးရင်း ရင်ဘက်တွေအောင့်လာတယ်။ စာတစ်ကြောင်း ကဗျာတစ်ပုဒ်က ကျွန်မရဲ့ အတွေးအာရုံနဲ့ ခံစားမှုတွေကို ခုလောက်ထိ ဆွဲသိမ်းယူသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့မိဘူး။
ဒီအချိန်မှာ ပိုတောင်မယုံချင်ဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ကျွန်မရပ်တည်ရမယ့် အနေအထားတစ်ချို့ အတွက် ဒီတစ်ချိန် ဒီနေရာလေးမှာတော့ အဆုံးစွန်နီးပါး ဖောက်ထွက် ခွင့်ပေးပါလို့။
Kiss The Rain
Billie Myers

Hello Can you hear me?
Am I gettin' through to you?
Hello Is it late there?
There's a laughter on the line Are you sure you're there alone?
Cause I'm Tryin' to explain Somethin's wrong
Ya just don't sound the same
Why don't you Why don't you Go outside
Go outside Kiss the rain
Whenever you need me Kiss the rain Whenever I'm gone, too long.
If your lips Feel lonely and thirsty Kiss the rain And wait for the dawn.
Keep in mind We're under the same sky
And the nights As empty for me, as for you
If ya feel You can't wait till morinin'
Kiss the rain Kiss the rain Kiss the rain
Hello Do you miss me?
I hear you say you do
But not the way I'm missin' you
What's new?
How's the weather?
Is it stormy where you are?
Cause you sound so close but it feels like you're so far
Oh would it mean anything
If you knew What I'm left imagining In my mind In my mind
Would you go Would you go Kiss the rain
And you'd fall over me Think of me Think of me Think of me Only me
Kiss the rain Whenever you need me
Kiss the rain
Whenever I'm gone too long If your lips Feel hungry and tempted
Kiss the rain
and wait for the dawn Keep in mind
We're under the same skies
And the nights As empty for me, as for you If you feel You can't wait till morning
Kiss the rain
Kiss the rain
Kiss the rain
Kiss the rain
Kiss the rain
Oooooohhhhh Kiss the rain
Oooooohhhhh Kiss the rain
Hello Can ya hear me? Can ya hear me?
Can ya hear me?

မိုးကိုနမ်းပါ
 ဘီလီမိုင်းယားစ်

ဟယ်လို....
မင်း ကိုယ့်အသံကိုကြားရဲ့လားဟင်
မင်းရင်ထဲမှာ ကိုယ်ရောက်နေတာ သေချာရဲ့လား၊
ဟဲလို....
အဲဒီမှာ ညဥ့်နက်နေပြီလားဟင်...
တယ်လီဖုန်းလိုင်းထဲမှာ ရယ်သံတစ်ခုကြားလိုက်၇တယ်။
အဲဒီမှာ မင်းတစ်ယောက်တည်းရှိနေတာ သေချာရဲ့လားကွယ်။
တစ်ခုခုတော့ မှားနေပြီဆိုတာ ကိုယ်ပြောပြချင်လို့ပါ.....
မင်းစကားသံဟာ အရင်နဲ့ မတူသလိုပဲ အချစ်ရယ်။
အပြင်ကို ထွက်လိုက်ပါလား၊ အပြင်ကို ထွက်လိုက်ပါလားဟင်။
မိုးကို နမ်းပါ။
ကိုယ့်ကို တမ်းတမိတဲ့အခါတိုင်း.....
မိုးကို နမ်းပါ။
ကိုယ့်ကို တမ်းတမိတဲ့အခါတိုင်း....
မိုးကိုနမ်းပါ။
အဝေးမှာ ကိုယ်အကြာကြီး ရောက်နေရတဲ့ အခါတိုင်း...
မင်းနှုတ်ခမ်းတွေ အထီးကျန်တမ်းတစိတ်နဲ့ ငတ်မွတ်နေရင်လည်း
မိုးကိုပဲ နမ်းလိုက်ပါလားကွယ်၊
ပြီးတော့ အရုဏ်တတ် အလင်းရောင်လာတဲ့အထိ စောင့်လိုက်ပါ။
စိတ်ထဲမှာ စွဲစွဲမြဲမြဲသိထားပါ အချစ်ရယ်
ကိုယ်တို့ဟာ တစ်ခုတည်းသော ကောင်းကင်အောက်မှာ
အတူတကွ ရှိနေကြတယ်ဆိုတာ
နောက်ပြီး....ညတွေဟာ မင်းအတွက် လစ်ဟာနေသမျှ
ကိုယ့်အတွက်လည်း ဗလာသက်သက် ဖြစ်နေတယ်ဆိုတာ....
မနက်ထိအောင် မစောင့်နိုင်တော့ဘူးလို့များ
မင်း ခံစားလိုက်ရရင်
မိုးကို နမ်းပါ၊ မိုးကိုပဲ နမ်းပါ၊ မိုးစက်တွေကိုပဲ နမ်းစမ်းပါ။

ဟဲလို...
မင်း ကိုယ့်ကို လွမ်းရဲ့လားဟင်
" လွမ်းတယ်" လို့ မင်းအဖြေကို ကိုယ်ကြားရပေမယ့်
ကိုလွမ်းသလိုမျိုး မင်းလွမ်းနေတာ မဟုတ်ပါဘူး။
အဲဒီမှာ ဘာထူးခြားသေးလဲဟင်
ရာသီဥတုရော ဘယ်လိုနေလဲ
မင်းဆီမှာ မုန်တိုင်းထန်နေသလားဟင်
ကိုယ် ဒီလောက်နီးကပ်နေပါလျက်နဲ့
မင်းကတော့ ကိုယ့်နဲ့ဝေးလှချည့်ရဲ့လို့ ကိုယ်ခံစားနေရလို့ပါ
ဒါ....အဓိပ္ပာယ်တခုခုများ ရှိနေပြီလား။
ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးပြီး ခံစားကျန်ရစ်တယ်ဆိုတာ
မင်းသာသိခဲ့ရင်....
မိုးကိုပဲ သွားနမ်းလေမလား
နောက်ပြီး ကိုယ့်တစ်ယောက် အပေါ်ကိုပဲ မင်းပုံအပ်လိုက်လေမလား၊
ကိုယ့်အကြောင်းကိုပဲ တွေးနေပါလားကွယ်
ကိုယ်တစ်ယောက်တည်းကိုလေ
မိုးကိုနမ်းပါ
အဝေးမှာ ကိုယ်အကြာကြီးရောက်နေရတဲ့အခါတိုင်း
မင်းနှုတ်ခမ်းတွေ အထီးကျန်တမ်းတစိတ်နဲ့ ငတ်မွတ်နေရင်လည်း
မိုးကိုပဲ နမ်းလိုက်ပါလားကွယ်
ပြီးတော့ အရုဏ်တက် အလင်းရောင်လာတဲ့အထိ စောင့်လိုက်ပါ
ရင်ထဲမှာ စွဲစွဲမြဲမြဲသိထားပါ အချစ်ရယ်
ကိုယ်တို့ဟာ တစ်ခုတည်းသော ကောင်းကင်အောက်မှာတော့
အတူတကွ ရှိနေကြတယ်ဆိုတာ
နောက်ပြီး.....ညတွေဟာ မင်းအတွက် လစ်ဟာနေသမျှ
ကိုယ့်အတွက်လည်း ဗလာသက်သက်ဖြစ်နေတယ်ဆိုတာ
မနက်ထိအောင် မစောင့်နိုင်တော့ဘူးလို့များ
မင်းခံစားလိုက်ရရင်
မိုးကိုနမ်းပါ......မိုးကိုပဲ နမ်းပါ......မိုးစက်တွေကိုပဲ နမ်းစမ်းပါ။
ဟဲလို......
မင်းကိုယ့်အသံကို ကြားရဲ့လားဟင် .......ကိုယ့်အသံ ကြားရဲ့လားဟင်
ကိုယ့်အသံကို ကြားရဲ့လားဟင်။

******
ဘီလီမိုင်းယားစ် ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းရေးစပ်တဲ့ ကဏ္ဍမှာ ဘီလီမိုင်းယားစ် ကိုယ်တိုင်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ချစ်သူနဲ့ မိုင်ပေါင်းများစွာ အဝေးတစ်နေရာကို ရောက်နေရတဲ့ မိန်းကလေး တစ်ယောက် ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရတတ်တယ်ဆိုတာ ဖွင့်ပြလိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီလိုအဖြစ်မျိုး ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘက်က ဖက်တွယ်ဆုပ်ကိုင်စရာဆိုလို့ ချစ်သူအပေါ် ယုံကြည်စိတ်ချမှုတစ်ခုသာ ရှိတာပါ။
မိုင်းပေါင်းထောင်သောင်းနဲ့ချီပြီး ဝေးနေကြတာဆိုတော့ ကိုယ့်ဆီမှာ နေ့လယ်ခင်းဟာ ချစ်သူ့ဆီမှာ ညဥ့်နက်သန်းခေါင်ဖြစ်နေတုန်းပဲပေါ့။ ချစ်သူကိုလွမ်းလွန်းလို့၊ ချစ်သူကလည်း လွမ်းနေမှာ သိလို့၊ ချစ်သူ့စကားသံလေးကို ကြားချင်လွန်းလို့ ဖုန်းဆက်လိုက်ခါမှ ဖုန်းထဲမှာ ရယ်သံတစ်ခု ကြားလိုက်ရသတဲ့။
ဝမ်းနည်းမှု၊ နာကျင်မှု၊ အခံရခက်မှုနဲ့အတူ အံ့သြတုန်လှုပ်မှုတွေ ဘယ်လောက်ထိ ဖိစီးနှိပ်စက်လိုက်လေမလဲနော်။

" ညဆိုတဲ့ ဖမ်းစားမှုတစ်ခုကနေ မလွတ်မြောက်နိုင်သေးခင် (မနက်အလင်းရောင် မလာခင်) အချိန်အတွင်း မင်းရဲ့တမ်းတစိတ်တွေကို အာရုံလွဲပစ်ဖို့ ( တခြားနှုတ်ခမ်းတစ်ခုခုကို နမ်းမဲ့အစား) မိုးကိုပဲ နမ်းလိုက်ပါတော့လား အချစ်ရယ်.....လို့ ကြေကွဲစွာ တောင်းပန်ညည်းညူလိုက်ရတဲ့ ခံစားချက်ကို ဘီလီမိုင်းယားစ်ရဲ့ အသံမှာ တွေ့နိုင်ပါတယ် " ။
            ဘုရားရေ.......
ချစ်သူနဲ့ ကိုယ်နဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းမှာ ရောက်နေကြရတဲ့ အဖြစ်ဟာ မိန်းမတစ်ယောက်အတွက်တော့ တော်တော်ရက်စက်တဲ့ ကံကြမ္မာရဲ့ စီရင်ချက်တစ်ခုပါပဲလား။

ဂျူး ( နိုဝင်ဘာမိုး )

http://www.youtube.com/watch?v=Kq-r4ZUpels&feature=related

မိုးသူမှ ပြန်လည်ခံစားသည် (Apr 01 2011)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...