အမေရိကန်ဒေါ်လာငွေဈေးကျဆင်းပြီး မြန်မာငွေပြန်လည်ခိုင်မာလာပါမယ်လို့  ကျနော် - ၂၀၁၁- နှစ်ဆန်းပိုင်း ဇန္န၀ါရီလဆန်းပိုင်းမှာ စီးပွားရေးပိတ်ဆို့ မှုအကြောင်းရေးနေရင်း Australia Macquarie University မှ စီးပွားရေးပါမောက္ခ Dr; Sean Turnell မှ ထိုင်းနိုင်ငံမှ မြ
န်မာအလုပ်သမားများ နှစ်စဉ်မြန်မာနိုင်ငံပြန်ပို့ ပေးနေသော ငွေကြေးပမာဏ အကြောင်းဆောင်းပါး ပါလာသည့်အတွက် ကျနော်မှ မြန်မာနိုင်ငံမှာ အခု မြန်မာငွေပြန်လည်ခိုင်မာလာနေတဲ့ ကိစ္စ ကို ထောက်ပြခဲ့ပါတယ် ။ န.အ.ဖ က သူတို့ လက်ထက်စီးပွားရေး အကောင်းဘက်ကို ပြလာ စီးပွားရေးခိုင်မာလာလို့  ဦးမော့လာလို့  ဆိုပြီး အတည်ပေါက်လိမ်လာပါတယ် ။ တကယ်က အရင်နှစ်တွေက သန်းရွှေ နဲ့ မောင်အေးမိသားစုက နစ်စဉ် ကားပါမစ် / ဖုံးပါမစ် / လုပ်ငန်းပါမစ် စတာတွေကနေ နိုင်ငံသူ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ငွေတွေကို ရေစစ်နဲ့  သဲ့ယူသလို နစ်စဉ်သဲ့ယူခဲ့ပါတယ် ။ တနှစ်ကို မြန်မာကျပ်ငွေ သိန်းပေါင်း ( ၂-ကုဋေ လောက် ) သဲ့ယူပါတယ် ။ အဲဒီငွေတွေကို နိုင်ငံခြားက ငွေလွှဲသူတွေ လွှဲပို့ တဲ့ဒေါ်လာကို တေဇ တို့ က စင်ကာပူမှာ တင်ဘဏ်ထဲသိမ်းထားလိုက်ပြီး အဲဒီဒေါ်လာတွေဟာ မြန်မာပြည်ထဲမရောက်တော့ဘဲ မြန်မာပြည်မှာ သူတို့  ပါမစ်နဲ့  သဲ့ယူထားတဲ့ မြန်မာကျပ်ငွေတွေကို ပြန်အမ်းပေးနေတာပါ ။ သတိထားတတ်ရင်ပိုသိပါတယ် ။
ကားဈေး / လက်ကိုင်ဖုံးဈေးတွေ မတရားခေါင်ခိုက်တဲ့နစ်တွေ မှာ ဒေါ်လာဈေး အမြင့်ဆုံးရတတ်ပါတယ် ။
မတရားဝိုက် ( သဲ့ယူထားတဲ့ငွေ ) ကဖုံးဈေးကားဈေးတက်ရင် မြန်မာကျပ်ငွေသူ တို့ လက်ထဲမတရားများလာတော့ မြန်မာငွေဈေးပို ကျတာပါ ။ အစိုးရလက်ထဲ ဒေါ်လာတွေ ၀င်လာတာများလို့  ဆိုတာ လိမ်တာသက်သက်ပါ ။ အခု သမ္မတကြီးဦးသိန်းစိန်အစိုးရတောင် နိုင်ငံခြားငွေ သုံးစွဲရန် နည်းနေလို့  တရုတ်ပြည် ခွက်ပျောက်သွားတောင်း ဒူးထောက်ပြန်လာရတာ သိကြတယ်နော် ။ သမ္မတဖြစ်လို့  ဖင်တောင်ပူအောင်မထိုင်ရရှာဘူး ဒူးထောက်တောင်းရတဲ့သမ္မတ ဘဲ ။ နိုင်ငံခြားငွေ ရှိရင် ထမင်းစားသူတွေ ဘဲ ။ အခု ကားပါမစ်က မရှိတော့ဘူး ။ တခါ ဖုံးကတော့ ၃-သိန်းနဲ့တောင်ပေးမယ် ။ နောက်- ၂နစ်လောက်ဆို ဖုံးတွေ ဒေါ်လာ- ၅၀ လောက်ဘဲရှိတော့မယ် ။ ဖုံးကနေ သဲ့ယူတဲ့ စံနစ် မရှိတော့ဘူး ။ မြန်မာငွေ အသားလွတ် ၀ိုက်ရတဲ့ စံနစ်မရှိတော့ဘူး ။ နိုင်ငံခြားနေသူတွေ ပို့ တဲ့ငွေကို စင်ကာပူမှာ သိမ်းပြီး ပြည်တွင်းက အသားလွတ် ယူထားတဲ့ငွေ နဲ့ ပြန်အမ်း ငွေမရှိတော့ဘူး ။ တခါ ကြိုင်ကြိုင်တို့  ပြေးဖို့ ပြင်ထားပြီးပြီ ။ သူတို့ ပိုင်တဲ့ငွေတွေ ကိုလဲ သူတို့ ကိုယ်တိုင်က မြန်မာပြည်ကပြေးဖို့  ဘဲ အပြီတွက်ထား ပြင်ထားကြတော့ သူတို့ ငွေကိုပြည်တွင်းပြန်မရင်းနှီးကြတော့ဘူး ။ ဒါကို မျက်တောင်တဆုံးဘဲ ကြည့်တတ်တဲ့ ကြံ့ ဖွတ်တွေက မမြင်ကြသေးဘူး ။ ချကျွေးတာလေး အငမ်းမရဟပ်နေကြတာ ။ သူတို့ အဘ ကပြေးဖို့  ရယ်ဒီ ။ ထစ်ဆိုရင် အမြှီးတောင်မြင်လိုက်ရမှာမဟုတ်ဘူး ။ ဒီတော့ အခုမြန်မာငွေက ခိုင်မာလာတာ သက်သက်ပါ ။ အမေရိကန်ဒေါ်လာဈေး ကျလို့ မဟုတ်ပါဘူး ။ အမေရိကန်ဒေါ်လာက တချို့ နိုင်ငံ ( ဥပမာ-သြေစတေးလျှာ နဲ့ ) ဆိုရင်ကျပါတယ် ။ ကျတာကအော်စတေးလျှက သံယံဇာတအများကြိးထွက်တော့ စီးပွားရေးခိုင်မာ လို့ ပါ ။ အခု ငွေတန်ဖိးု့  တအိအိကျနေတာက တရုတ်ငွေပါ ။ သူငွေက လူသန်း-၁၃၀၀ - ရဲ့  အင်အား ။ ကျတာက တအိအိ ။ ဒါပေမဲ့ သူက စီးပွားရေးပမာဏကကြီးလွန်းတော့ ငွေတန်ဖိုး နဲနဲလေးကျတာ အင်မတန် ကြောက်စရာကောင်းတယ် ။ အဲဒါက တမှောင့် ။ သူငွေ နဲ့ ယှဉ်ရင်အမေရိကန်ငွေက ခိုင်မာတယ် ။ ကျနော်တို့ ဆီမှာက မူမမှန်တဲ့ ငွေကြေးကစားထားတာကြောင့် အဲဒီကစားတာကိုရပ်လိုက်ရတာနဲ့  မြန်မာငွေဈေးက အရှိန်အဟုတ် ပျင်းပျင်း ထိခိုက်လာတာ ။ ဘာမှစီးပွားရေး တက်လာလို့  မဟုတ်ဘူး ။ လူမမာနဲ့ ဥပမာပေးပါမယ် ။ အခုမြန်မာပြည်မှာ ဆေးခန်းအတော်များများက လူတယောက်သာမန်ဖျားနာရင်ကို STEROIDS / PREDNISOLONE တွေ ပေးတော့တာ ။ စတီးရွိုက်ဆေးဆိုတာက သူက ရောဂါကိုကုပေးတာမဟုတ်ဘူး ။ ရောဂါလက္ခဏာကို / တနည်း - ဝေဒနာကိုသက်သာအောင်လုပ်ပေးတာ ။ ဥပမာထပ်ဆင့်ပေးပါမယ် ။ သူက ပဋိဇီဝဆေးလို ရောဂါပိုးကို တိုက်ပေးတာမဟုတ်ဘူး ။ အရပ်စကားနဲ့ဆို ( ရွှေရင်အေးဆေး ) လူတဦးကို ရောဂါပိုးဂါပိုးဝင်လာရင် ( ရန်သူပေါ့ ) လာရင် လူ့ ခန္ဒာကိုယ်က( မြို့ ခံတပ်ပေါ့ ) ပြန်ခုခံတိုက်တယ် ။ တနည်းစစ်ဖြစ်ကြတယ်ပေါ့ ။ စစ်တိုက်ကြ စစ်ဖြစ်ကျတော့ မီးတွေလောင်ဘာဖြစ်ညာဖြစ်တော့ လူမှာ ကိုက်ခဲ မီးလောင်တော့ ကိုယ်တွေပူ ဖျားတယ်ပေါ့ ။ အဲဒီလိုမြင်ကြည့်ပါ ။ ကိုယ်ကကိုယ်ခံအားကောင်းရင် ရောဂါပိုးကိုနိုင်ပြိး သက်သာလာတယ် ။ ကိုယ်ကမနိုင်ရင် ပဋိဇီဝဆေးတွေ အကူယူတိုက်ရတာ က ဆေးကုတာလုပ်ပေးရပါတယ် ။ အဲဒီမှာ စတိးရွိုက်ဆေးကို ပေးလိုက်ရင်သူက ရန်သူ မတိုက်ဘူး ။ စတီးရွိုက်က မြို့ ခံတပ်ကို မတိုက်ဖို့  ရွှေရင်အေးဆေး ပေးလိုက်တာပါ ။ စစ်မတိုက်ကြတော့ မီးမလောင်တော့ဘူး အပစ်အခတ်တွေမရှိတော့ အကိုက်အခဲတွေ ကိုယ်ပူတာတွေ ရပ်သွားတာပါ ။ ရောဂါပိုး( ရန်သူ ) က သူ့ ကိုတိုက်သူမရှိတော့ မြို့ ထဲကိုအေးအေးဆေးဆေး ၀င်ထိုင်တော့ ခြေကုပ်ယူတော့တာပါ ။ အဲဒီလို ပုံဖေါ်မြင်ကြည့်ပါ ။ ကျနော်တို့  ကိုစာသင်ပေးတဲ့ ပါမောက္ခကြိးတွေ ပြင်ပဆေးခန်းက ဆရာဝန်တွေ ပြိးလွယ် နဲ့ စတီးရွုက်တွေ ပေးနေတာကို နည်းနည်းရိပ်မိကြပါတယ် ။ အခုကျနော်ထောက်ပြသလောက်မသိကြပါဘူး ။ သိရင်မျက်လုံးပြူးကုန်ပြီး ထိုင်မနေနိုင်ကြပါဘူး ။ အခုဆို မြန်မာပြည်ဆေးဆိုင်တွေကို ခင်ရင်မေးကြည့်ပါ ။ ဒီ စတီးရွိုက်ဆေးတွေဟာ အင်မတန် ရောင်းအားကောင်းနေပါတယ် ။ ကျန်းမာရေးဝန်ကြိး ဦးဖေသက်ခင် / ကျနော်က မမတူးခေါ်တဲ့ ဒု-၀န်ကြိးဒေါ်ဝင်းဝင်းမြင့် / မမအုံး လို့ ခေါ်တဲ့ ဒေါ် မြမြအုံးခင် ( သုံးယောက်စလုံးနဲ့  အတော်လေးခင်ပါတယ် ။ )တို့ ကို ကျနော်ဒုက္ခပေးတာမဟုတ်ပါဘူး ။ ဆေးဆိုင်တွေမှာ စစ်တမ်းကောက်စေချင်ပါတယ် ။ စတီးရွိုက်ကို ကွမ်းယာဆိုင်တွေကအစ ပဲကြိးလှော်လို ညွန်းနေတာလေး စစ်တမ်းကောက်ပေးပါ ကြပ်မတ်ပေးပါလို့  ။ ဒီဆေးတွေကြောင့်ကျနော်တို့ မြန်မာလူမျိုးတွေ ၀လဲပိုဝလာတယ် ။ အရပ်ပါပုလာပါတယ် ။ တခါဖျားလို့ ဆေးခန်းတွေမှာ တခါကုလိုက်ရင် တခါဝလာတာ အဲဒီဆေးတွေ အကျွေးခံကြရလို့ ပါ ။ ကဲငွေဈေးနုံးကိစ္စဘက်ပြန်လှဲ့ ကြရအောင် ။ မြန်မာပြည်မှာ ဖြစ်နေတာက စီးပွားရေးမှာ အာဏာရှင်ကြီးတွေက အထက်ကလို စတီးရွိုက်ဆေးနဲ့  စီးပွားရေးကို ဆေးတိုက်ထားတော့ စကီးရွိုက်လဲဖြတ်ရော အဖျားပြန်ထတော့တာပါဘဲ ။ အခုက အချိန်အကြာကြီးစတီးရွိုက် နဲ့ အကျွေးခံထားရ ။ နိုင်ငံသူနိုင်ငံသားတွေရဲ့ ငွေကြေးတွေကလဲ သူတို့  လူတစုလက်ထဲရောက်တယ် ။ လူထုလက်ထဲမှာလဲ ငွေကကုန်ခမ်း နေပြီ(လူမမာ အားပြတ်နေပြီ) ။ တခါစတီးရွိုက်ကလဲဖြတ်လိုက်တော့ အရေးပေါ်ဖြစ်တော့တာဘဲ ။ အထက်က စတီးရွီုက်ဆေးက ဖြတ်ရင် တဖြေးဖြေးချင်း လျှော့ဖြတ်ရတာ ။ ရုတ်တရက်ဖြတ်လိုက်ရင် အဖျားလဲ ပြန်ပြီးကန်ထလာတယ် ။ လူမမာလဲ အားပြတ်သလို အရုပ်ကြိုးပြတ်ပြီး မလှုပ်ချင် မကိုင်ချင်အောင် ပုံကျသွားတော့တာ ။ တခါက ၂၀၀၅- ခုနှစ်ပေါ့ ။ မိတ်ဆွေတယောက်ရဲ့ ကလေး - ၃-နှစ်သားလေး ဖျားတယ် ။ ဆေးခန်းပြတယ် ။ ငွေသိပ်မတတ်နိုင်တော့ အဖျားကျပြီဆိုပြီးဆေးခန်းဆက်မသွားတော့ စတီးရွိုက်ရုတ်တရက်ပြတ်သွားတယ် ။ ကလေးက မျက်လုံးလေးဟောက် မလှုပ်နိုင်တော့ ကလေးဆေးရုံကြီးသွားပြရတယ် ။ ဆေးရုံတင်ရတယ် ။ ဆေးရုံမှာအားဆေးတွေသွင်း အားပြန်မထူနိုင်ဘူး ။ ကျနော်လိုက်ကြည့်တယ် ။ ကလေးကိုကိုင်ကြည့်လိုက်တာနဲ့ ချွေးစေးတွေ နဲ့ အေးစက်နေတာ ။ သိလိုက်ပြီ အပြင်ဆေးခန်းက ဆရာဝန်က ပထမနေ့ ကထဲက စတီးရွိုက်ဆေး နဲ့ကုနေတယ်ဆိုတာ ။ ဒါ ( လုံးဝ မလုပ်ကောင်းတဲ့ ) ကိစ္စ ။ ဒါဆရာဝန်တွေ စောင့်ထိမ်းရတဲ့ သမားကျင့်ဝတ်ကိုဖေါက်ဖျက်တာ ။ ကလေးအထူးကု ဆရာဝန်ကလဲ မိတ်ဆွေဆိုတော့ ကျနော်ဒီလိုထင်ပါတယ်ရှင်းပြလိုက်တယ် ။ သူက ကျနော်ထက် လေးတန်းလောက်ငယ်တယ် ။ သူကလက်ခံတယ် ။ စတီးရွိုက်လေးပေးလိုက်တာ တနာရီနေတော့ ထထိုင်တော့တာဘဲ ။ ဒီလိုဘဲ တခြားသူတွေလဲခဏခဏ ဖြစ်တတ်ကြလို့ ကျနော့်ကိုခေါ်ပါတယ် ။ သိတယ် ။ စတီးရွိုကိဝယ်သောက်ညွှန်းလိုက်တယ် ။ အိမ်ပြန်တယ် ။ မသက်သာရင်ဖုံးဆက် ။ ဒီအတိုင်းဘဲ ။ နာရီဝက် တနာရီဆို ရေတောင်ပြန်ချိုးလို့  ။ ပြီးမှ တစတစ ဖြတ်နည်းညွန်းရတယ် ။ အခုကျနော်တို့ ဆီမှာ ဖြစ်နေတာက ပါမစ်ဆိုတဲ့ အထူးအခွင့်ထူးခံစီးပွားရေး ငွေညှစ်ယူတဲ့ စတီးရွိုက်ဆေး အကျွေးခံထားရတဲ့စီးပွားရေး ။ အခုစတီးရွိုက်က ပေးလို့ မရတော့ဘူး ။ သေပြီ ။ ဘယ်လိုကုကြမလဲ ။ စီးပွားရေးဆရာကြီးများ ခင်ဗျား အခုန ကလေးအထူးကု ဆရာဝန်လေးလို စတီးရွိုက် ကို ထဲ့စဉ်င်္းစားပါအုံးလို့  ။ လူတစုလက်ထဲမှာ မူမမှန်မတရား အမြဲရနေတဲ့ငွေ စတီးရွိုက်တွေ မရှိတော့ဘူး ။ အဲဒါကိုထဲ့မစဉ်းစားတော့ ပညာရှင်ကြီးတွေ ခေါင်းခဲနေကြတာ ။ ဘာကြောင့်ပါလိမ့်ပေါ့ ။ ဒီ စတီးရွိုက် ငွေဆိုတာ တကယ်က ငွေမည်းတွေ ။ အဲဒါတွေကို ငွေဖြူဖြစ်ရုံမက စင်ကာပူ ဘဏ်ထဲအထိ တရားဝင်ငွေအနေနဲ့ ရောက်အောင် တချက်ခုတ် ဆယ်ချက်ပြတ် လုပ်နေခဲ့တာ ။ အခု စီးပွားရေးပညာ ရှင်ကြီးတွေ ( ပြည်တွင်းကို မဆိုလိုပါ ) ပြည်ပ က ပညာရှင်ကြီးတွေ ဘာလို့  ဒီ စတီးရွိုက်ငွေ ငွေမည်းကိစ္စ ကို ရေငုံနေကြတာပါလဲ ။ ကျနော်က မြန်မာပြည်ငွေလွှဲတဲ့ကိစ္စ ကို ဆောင်းပါးတွေပေါ်မှာ ရေးလိုက်တယ် ။ လူထု ထံကနေ ကျနော်အမြင့်ကို လက်ခံသူတွေ အများကြီးကွန်မင့်တွေ တက်လာပါတယ် ။ ကနေ့  ပြည်ပအသံလွှင့်ဌာနကြီးတွေ မီဒီယာကြီးတွေပေါ်မှာ ရော ပြည်တွင်း/ပြည်ပက စိးပွားရေးပညာရှင်ကြီးတွေကပါ ကျနော်ထောက်ပြတဲ့ ငွေလွှဲတာမှာ အမေရိကန်ဒေါ်လာတွေဟာ မြန်မာပြည်ထဲကို ၀င်မလာဘဲ စင်ကာပူမှာ တင် လမ်းဆုံး ပြည်တွင်းမှာ စတီးရွိုက် ကျပ်ငွေတွေ နဲ့ လဲပေးနေပါတယ်ဆိုတာ လက်ခံတဲ့ပညာရှင်တွေ မရှိကြသေးတာ တော်တော်လေး ထူးဆန်းနေပါတယ် ။ တခါ ပိုထူးခြားတာက ကျနော်ရေးထားတာတွေ တလွဲပါလို့ ပြောသူ တယောက်မှ မရှိတာကလဲ ။ အခုကျနော်နိုင်ငံခြားမှာ တခါတခါ စီးပွာရေးသတင်းစာပေါ့ ၀ယ်ဖတ်တယ် ။ နားမလည်တာအများကြီး ။ နားလည်တာကနဲနဲ ။ ကိုယ်ကစီိးပွားရေးနဲ့ ဆိုင်တဲ့ ဝေါဟာရတွေတောင်မှမသိတာဘယ်နားလည်နိုင်မှာလဲ ။ ဒါပေမဲ့ မြန်မာနိုင်ငံကစီးပွားရေးပညာရှင်ကြီးများကိုတော့ စတီးရွိုက်ကိုထဲ့စဉ်းစားပါလို့  ပြောလိုပါတယ် ။ ဒါကိုထဲ့မစဉ်းစားရင် အထက်က ကလေးကို မလိုဘဲအားဆေးတွေသွင်းနေတာ ၂- ရက် ။ ရောဂါတခြား ဆေးတခြားဖြစ်နေပါမယ် ။ သူလိုနေတဲ့ဆေးကို သိတော့ တနာရီနဲ့ ထ ထိုင်တာပါ ။ အခု စတီးရွီုက်ကတော့ ပြန်ပေးလို့ မရတော့ဘူး ။ စတီးရွုက်ခေတ် ကုန်ပြီ ။ စတီးရွိုက်ကို ထဲ့စဉ်စားပြီး ကုသဖို့ ထက် မြန်မာငွေ ဘယ်လောက်အထိ ဈေးပေါက်မယ်ဆိုတာကို ကြိုတင်တွက်ဆထားဖို့  လုပ်ကြရပါမယ် ။ နောက်ကုသချင်တယ်ဆိုရင်တော့ကျနော်မြင်တာလေးပေါ့ ။ ငါနည်းမှ အပိုင်လို့ အမှန်လို့ တော့ မပြောရဲပါ ။ အခုဟာက လူမမာစကားနဲ့ပြောရရင် သွေးအဆိပ်တက်နေ သွေးတွေ ယိုစိမ့်နေတဲ့ လူမမာ အဆင့်ရောက်နေတော့ ကျုပ်ကုရင်ရတယ် အာမ မခံရဲတဲ့အခြေအနေရောက်နေပါတယ် ။ ရောဂါလွန်နေပြီ ။ နဲနဲသက်သာစေနိုင်မဲ့ နည်းလေးတွေ ဆေးမီးတိုလေးတွေ တော့ အကြံပေးချင်ပါတယ် ။ လက်ခံရင်ပေါ့ ။ လက်မခံရင်လဲ ရတယ် ။ လစ်ဗျားပြီးရင် ခင်ဗျားတို့  ( လစ်ဗျာ ) လုပ်ဖို့ ပြင်ထားကြပေတော့ ။ ဒါပေမဲ့ ပြည်သူအများစုကိုတော့ အသိပေး သတိပေးလိုပါတယ် ။ မြန်မာငွေ အခုထက်ပိုခိုင်မာလာပါမယ် လို့  ။ ဘယ်လောက်အထိ ပြန်တက်လာနိုင်တယ်တော့ မခန့် မှန်းနိုင်ပါဘူး ။ ဒီထက်မက တက်လာပါမယ်တော့ပြောရဲပါတယ် ။ ကျနော်အထင်သက်သက်နဲ့  ( ခန့် မှန်းတာ သက်သက်နော် ) မြန်မာငွေ ဟာ တစ်ဒေါ်လာကို--၅၀၀-ကျပ်အောက်ကို ပြန်ရောက်မယ်လို့ ထင်နေပါတယ် ။ ပြန်စဉ်းစားကြည့်ပါ ။ ရှေ့ရှောက်နိုင်ငံခြားကနေ မြန်မာတွေက အခြေနေပိုဆိုးလေ မိမိရဲ့  ဆွေမျိုးမိသားစုတွေ ဆီ ငွေတွေကို ပိုပြီးတောင်ပို့ ကြရပါမယ် ။ နိုင်ငံခြားငွေတွေ ပိုလို့ တောင် ၀င်လာပါမယ် ။ ဒါပေမဲ့ အရင်လို စင်ကာပူဘဏ်ထဲမှာအောင်းမနေတော့ဘဲ ပြည်တွင်းကိုဆက်တိုက်ရိုက် ၀င်လာရပါတော့မယ် ။ အဲဒီကျရင် ဒီငွေမည်းလိုဖြစ်နေတဲ့ အမေရိကန်ဒေါ်လာဟာ ဈေးကွက်ထဲမှာများနေရင် တိုင်းပြည်နာပါတယ် ။ သူက ငွေမည်းဒေါ်လာဖြစ်နေတော့ ပမာဏ နည်းရင် မသိသာပေမဲ့ ပမာဏများရင် ဘဏ်ထဲကို တရားဝင်ငွေအနေနဲ့ ပြန်သွင်းဖို့ က လွယ်တဲ့ကိစ္စမဟုတ်ပါဘူး ။ အမေရိကန် မှာ ဒေါ်လာကို စောင့်ကြည့်နေတဲ့ ဒေါ်လာ FBI ဆိုတာရှိတယ် ။ သူတို့ သိရင် စောင့်ကြည့်မယ် ။ ပြန်မထဲ့နိုင်အောင်လုပ်ပါမယ် ။ အဲဒီကျရင် အဲဒီငွေမည်း ဒေါ်လာက အကျကိုပိုတန်းမယ် ။ တခါ န.အ.ဖ ကလဲ ပြည်ပက ဒီလောက်များတဲ့ငွေတွေ မတ၇ားလွှဲနေတာကို ငွေလွှဲသူတွေကို ဖမ်းတာ တခါဆို တခါမှ မရှိခဲ့ဘူးပါ ။ သူတို့ အကျိုးစီးပွားကို ကူနေသူတွေဆိုတော့ ။ အခုကျတော့ သူတို့ အကျိုး ( စီးပွားရေးတွေကိုပါထိခိုက်လာတော့ ) ဖမ်းတာက လာပါအုံးမယ် ။ ဖမ်းလေ ဒေါ်လာဈေးက ကျလေ ။ နောက်ဆုံး ဘယ်လောက်အထိ ပြန်ကျနိုင်မလဲဆိုရင် ၂၀၀၀-ခု နှစ်စလောက်က ရှိခဲ့တဲ့ ၃၀၀- ၀န်းကျင်အထိ ကိုတောင် ပြန်ရောက်နိုင်ပါတယ် ။ အတတ်တော့မပြောနိုင်ပါ ။ ဘဏ်ကနေ မြန်မာတွေတွေ လှိမ့် ထုတ်လိုက်ရင် တခါ ဈေးက ပြောင်းပြန် ပြန်ဖြစ်နိုင်တယ်လေ ။ အရူး လင်လုပ်ရသလိုဘဲ ။
လှိုင်မြင့်
0 comments:
Post a Comment