Sunday, June 5, 2011

နောက်ပိတ်ခွေး အပိုင်း(၁)

(ရေးသူ-ဗန်းမော်တင်အောင်)

by အား မာန် on Saturday, June 4, 2011 at 11:17pm
အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။ သူ့ကို မေ့လျော့ထားကြသည့်အတွက် အောင်သန်းသည် များစွာအရေးထားလှပုံမရ။ စွန့်ပစ်ထားခြင်း ကို ခံရသည့်အတွက်လည်း သူသည် ဝမ်းနည်းမိဟန်မတူ။
သူသည် ရဲရင့်သော လူသား တယောက်ပီပီ သူ့အား မေ့လျော့စွန့်ပစ်ထားကြသော လူ့ဘောင်ကြီးအတွင်း၌ သူ၏ စွမ်းပကား ဖြင့် အသက်တချောင်းကို မွေးမြူနေထိုင်လျက်ရှိသည်။ အောင်သန်းသည် ကျေးလက်၏ ရလဒ်ဖြစ်သော်လည်း နေပြည်တော်၌ စွဲမြဲနေထိုင် လျက်ရှိသည်။ ကျေးလက်၏ သားသမီးပီပီ အောင်သန်းသည် စိမ်းလန်းသော လယ်ကွင်းများ သို့ အဘယ်ကြောင့် ပြန်၍ မနေထိုင်ရသနည်း။ ပြွေသံနှင့် နွားခလောက်သံများကို သူသည် မလွမ်းဆွတ်လေသလော။ မှိုနတိုနှင့် ချဉ်ပေါင်ရေတည်တို့ကိုလည်း သူသည် မေ့လျော့လေပြီ လော။ အဘယ်ကြောင့် သူ့အား လူရာမသွင်းသော နေပြည်တော်၌ ပျော်ပိုက်၍ နေရသနည်း။ သူသည် အခလွတ် ပညာသင်ကြားခွင့် ရသည်ဆိုသော တက္ကသိုလ်ပညာရေးကို တပ်မက်နေ သလား။ သို့မဟုတ် ကမ္ဘာအေးစေတီကို ဖူးမြှော်ရင်း ပြည်တော်သာစီမံကိန်း၏ တိုက်တလုံး၊ ကားတစီးနှင့် လစာရှစ်ရာတထောင်တို့ကို စောင့်စားနေသလား။ ပုထုဇနော ဥမ္မတကောဟု ဘုရားရှင် ဟောကြားထားသော်လည်း အောင်သန်းသည် မိုက်မဲ လောက်အောင်ကား မရူးပါ။

အောင်သန်းသည် လယ်ကွင်းပြင်များ၌ မွေးဖွားလာခဲ့ရသော လယ်သမား သားသမီးပီပီ နွားကျောင်းရင်း ပြွေကြူလို၏။ သူသည်ကွင်းပြင်၌ တိုက်ခတ်သောလေကို ရှူရှိုက်လို၏။ သို့ရာတွင် ကျေးလက်၌ ယနေ့တိုင် မိုးကောင်းလျက်ရှိသော မြေရှင်က သူ့အား ကျောတရာ၊ ရင်တရာ ရိုက်ခတ်၍ လယ်ကွင်းများထဲမှ နှင်ထုတ်လိုက်သည်။ သူအဘိုး၏ လယ်ကိုသိမ်း ယူ၍ သူ့အဘကိုလည်း လယ်ထဲမှ ကန်ထုတ်လိုက်သောအခါ အောင်သန်းသည် ပြေးမိပြေးရာ သို့ပြေးရင်း နေပြည်တော်သို့ ရောက်လာခြင်းဖြစ်၏။
အောင်သန်းသည် ဤကဲ့သို့ အမွေမဲ့သားတယောက် ဖြစ်လာခဲ့ရသည်။ သူ့တွင် အတတ်ပညာလည်း မရှိပေ။ သူသည် လူလားမမြောက်ရမီပင် သူ၏ ဝမ်းတထွာကို ရသောနည်းနှင့် ကျောင်းခဲ့ရသည်။ သူ၏ အသက်ရှင်နေနိုင်ရေး တိုက်ပွဲသည် ကြပ်တည်းလှ၏။ မနိုင်သောဝန်ကိုလည်း ထမ်းခဲ့ရ၍ မရောက်နိုင်သောခရီးကိုလည်း သွားခဲ့ရ၏။ ဘဝ၏ ထန်ပြင်းသောမုန်တိုင်းအကြားဝယ် သူသည် လွင့်ချင်ရာလွင့် နေခဲ့ရ၏။ ငတ်မွတ်ရခြင်းသည် သူ၏ ညီအစ်ကိုဖြစ်၍၊ နာကျင်ရခြင်းများသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါ နေကြသော အရိပ်များဖြစ်ကြသည်။
သို့ရာတွင် အောင်သန်း၌ လေးမြတ်စရာကောင်းသော သတ္တိတခုရှိသည်။ သူသည် အတိတ်ကို လုံးဝ မြှုပ်နှံထားနိုင်ခြင်းပင် ဖြစ်၏။ သူသည် ပစ္စုပ္ပန်၌သာ နေထိုင်လျက်၊ အနာဂတ် ကိုလည်း အိပ်မက် မက်ခြင်း ရှိပုံမရ။ သူသည် နံနက်စာကို တွေ့ရသောအခါ စား၏။ သို့ရာတွင် ညစာအတွက် သူသည် မစဉ်းစား၊ တွေ့လျှင်လည်း စားမည်။ မတွေ့လျှင်လည်း မစားဘဲနေ လိုက်မည်။ မခံမရပ် နိုင်လောက်အောင် ဆာလောင်လာသောအခါ သူသည် တော၏ဥပဒေ အတိုင်း ရှာဖွေ၍ စားသောက်တတ်သည်။ သည်အတွက်နှင့် သူ့ကို ဝိုင်းဝန်းဖမ်းဆီး၍ တရားရုံး များသို့ ပို့ကြ၏။ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံသော တရားမင်းများက နေပြည်တော် အရပ်၌ တောဥပဒေကို လိုက်နာသော အောင်သန်းအား အပြစ်ပေးကြ၏။
ရန်ကုန်ထောင်အတွင်းသို့ အောင်သန်းသည် အကြိမ်ကြိမ်ရောက်ခဲ့ပြီးပေပြီ။ သူသည် ကလေးအရွယ်၌ ကလေးထောင်တွင် နေထိုင်ကြီးပြင်းခဲ့ရ ပြီးလျှင် ယခု အသက် (၄ဝ) နီးသော အရွယ်၌ကား ဗမာနိုင်ငံ အကျဉ်းထာင် အနှံ့အပြား၌ လှည့်လည်နေထိုင်ခဲ့ပြီးလေပြီ။ ဤအတိုင်း သွားနေလျှင် သူသည် ထောင်ထဲ၌ အရိုးထုတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။
၁၉၅၂ - ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အထက်ပါ အောင်သန်း ကို သွေးများ စွန်းထင်းနေသော ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော်သည် တွေ့ဆုံခဲ့ရ လေပေသည်။

(၂)

ကျီးကန်းနှင့်စာငှက်များကို အရှင်ရအောင် ဖမ်းနိုင်သည်ဆိုသော ထူးခြားသည့် အရည်အချင်းကြောင့် အောင်သန်းကို ကျွန်တော်သည် စတင်၍ စိတ်ဝင်စားမိ၏။ ထို့ထက်လွဲ၍ အောင်သန်းအကြောင်းကို ဘာမျှတော့မသိသေး။ ကျီးကန်းနှင့် စာငှက်များကို အရှင်ရအောင် ဖမ်းဆီးနိုင်သော လူတယောက်ထက်လွဲ၍ သူ၏ နာကျင်ရှည်လျားလှသော ငိုချင်းရှည်ကြီးကို ဘာမျှမသိရှိသေးမီ အောင်သန်းကို ကျွန်တော် စတင်တွေ့ရှိရသည်။
ပိန်ချည့်သေးကွေးသော လူတယောက်သည် အရောင်အဆင်းမရှိသော ပုဆိုးစုတ်ကို လည်တွင် ဂွင်းသိုင်းလျက်၊ တုတ်တချောင်းကို ဝှေ့ရမ်းကိုင်ဆောင်ကာ ငါးအဆောင်သို့ဝင်၍ လာသဖြင့် တံခါးဝ၌ တာဝန်ရှိသော အကြပ်က ထုံးစံအတိုင်း ဟန့်တားပိတ်ပင်သည်။
"ဟေ့ ဝါဒါ၊ မင်း ဖွင့်ပေးမလား၊ မပေးဘူးလား"
အကြပ်က အောင်သန်းအား တံခါးဖွင့်မပေးဘဲ နှင်ထုတ်၏။
အောင်သန်းသည် အကြပ်ကို နောက်ထပ် ဘာမျှပြောဆိုခြင်း မပြုတော့ဘဲ သံတိုင်ကို ကျော်တက်၍ ငါးအဆောင်တွင်းသို့ ဝင်သွား၏။ မိန်းဂျေးမှ စီအိုင်ဒီများသည် အောင်သန်းကို ဘာမျှမပြောဆိုနိုင်ဘဲ လက်ပိုက်၍ ကြည့်နေကြရ၏။
"အဲဒါပေါ့ဗျ၊ အောင်သန်းဆိုတာ" ဟု မိတ်ဆွေတယောက်က ကျွန်တော့်အား လှမ်း၍ ပြောပြ၏။
ချုပ်ချယ်မှုအား တော်လှန်တတ်သော အောင်သန်းကို ကျွန်တော်သည် ဤသို့စတင် တွေ့ရှိကာ သူ့အား သဘောကျမိသည်။ ချုပ်ချယ်ခြင်းခံနေရသည့်အကြား၌ ထပ်မံချုပ်ချယ် ခြင်းကို ပုန်ကန်ဝံ့သော အောင်သန်း၏ ပင်ကိုယ်သတ္တိကို ကျွန်တော်သည် လေးစားသလို ဖြစ်မိ၏။ သူ့ကို ရင်းရင်းနှီးနှီး သိကျွမ်းလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။
"ဟေ့....... အောင်သန်း၊ မင်းဘယ်သွားမလို့လဲ" ကျွန်တော်က စတင်၍ သူ့အား နှုတ်ဆက်ကာ တားလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ" ဟု အောင်သန်းက ကျွန်တော့်ကို အကဲခတ်သလို ပြန်၍မေးလာ ၏။
"ငါလဲ မင်းလို ထောင်ထဲရောက်နေတဲ့ လူတယောက်ပါပဲကွာ"
"ခင်ဗျား ဘီကလပ်ကလား"
"အေး"
"ဒါဖြင့် ဆေးလိပ်တလိပ်လောက်ပေးစမ်းပါ"
သူ၏ ပွင့်လင်းခြင်းကို သဘောကျမိသည်။ ထို့ကြောင့် သူ့အား ကျွန်တော့် အခန်းတွင်း သို့ ခေါ်လာခဲ့ပြီးလျှင် လက်ဖက်ရည်ဖျော်၍ တိုက်ရင်း သူ့ကို လေ့လာကြည်ရှုမိသည်။ အောင်သန်းသည် လုံလောက်သော အာဟာရနှင့် ဆေးဝါးများကို မမှီဝဲခဲ့ရသဖြင့် အသက် အရွယ်နှင့် မလိုက်အောင် သေးကွေး ပိန်ချည့်နေသည်။ လူစဉ်မမီနိုင်အောင် ညှိုးနွမ်းနေသည်။
"ဒါထက်....... မင်းကျီးကန်းနဲ့ စာကလေးတွေကို အရှင်ရအောင် ဖမ်းတတ်တယ်ဆို" ဟု ကျွန်တော် က မေးကြည့်သည်။
"ကျီးကန်းတကောင် လိုချင်ရင် ဆေးလိပ်ငါးလိပ်နဲ့ရမယ်" ဟု အောင်သန်းက သူ၏ ပေါက်ဈေးကို တောင်းလာ၏။
"စာကလေးတကောင်ကကောကွ"
"ငါးလိပ်ပဲ"
“တူတူပဲ လားကွ”
"ဖမ်းရတာ တူတူပဲ"
ညီမျှသော လုပ်အားအတွက် ညီမျှသော တန်ဖိုးကို အောင်သန်းက တောင်းဆို၏။
လက်ဖက်ရည် သောက်ပြီးသွားသောအခါ ကျွန်တော်သည် အောင်သန်းအား ဆေးလိပ် ဆယ်လိပ်ခန့် ပေးလိုက်သည်။ သူသည် ဆေးလိပ်များရသဖြင့် ဝမ်းသာအားရ ထွက်သွားသည်။
နောက်ထပ်၍ သုံးရက်မျှ အောင်သန်းနှင့် မတွေ့ရပေ။
သုံးရက်ခန့် အကြာတွင် အောင်သန်းသည် ကျွန်တော့်ဆီသို့ လာ၏။ သူနှင့်အတူ စာကလေး အရှင် နှစ်ကောင်ကိုလည်း ကျွန်တော့်အတွက် ယူလာခဲ့ပေသည်။

ဗန်းမော်တင်အောင်
(၂၁၊ ၁၁၊ ၅၅)
ရှုမဝမဂ္ဂဇင်း
(မာယာအွန်လိုင်းမဂ္ဂဇင်း မှတဆင့် ကူးယူဖော်ပြလိုက်ပါသည်၊)

ဆက်လက်ဖော်ပြပါမည်......။

နောက်ပိတ်ခွေး (ရေးသူ-ဗန်းမော်တင်အောင်) အပိုင်း(၂)အားအောက်ကလင်ခ်မှာဖတ်...။
http://www.facebook.com/note.php?created&&note_id=228130320546828
နောက်ပိတ်ခွေး (ရေးသူ-ဗန်းမော်တင်အောင်) အပိုင်း(၃)အားအောက်ကလင်ခ်မှာဖတ်....။
http://www.facebook.com/note.php?created&&note_id=228130333880160
by အား မာန် on Saturday, June 4, 2011 at 11:17pm

အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။ သူ့ကို မေ့လျော့ထားကြသည့်အတွက် အောင်သန်းသည် များစွာအရေးထားလှပုံမရ။ စွန့်ပစ်ထားခြင်း ကို ခံရသည့်အတွက်လည်း သူသည် ဝမ်းနည်းမိဟန်မတူ။ သူသည် ရဲရင့်သော လူသား တယောက်ပီပီ သူ့အား မေ့လျော့စွန့်ပစ်ထားကြသော လူ့ဘောင်ကြီးအတွင်း၌ သူ၏ စွမ်းပကား ဖြင့် အသက်တချောင်းကို မွေးမြူနေထိုင်လျက်ရှိသည်။ အောင်သန်းသည် ကျေးလက်၏ ရလဒ်ဖြစ်သော်လည်း နေပြည်တော်၌ စွဲမြဲနေထိုင် လျက်ရှိသည်။ ကျေးလက်၏ သားသမီးပီပီ အောင်သန်းသည် စိမ်းလန်းသော လယ်ကွင်းများ သို့ အဘယ်ကြောင့် ပြန်၍ မနေထိုင်ရသနည်း။ ပြွေသံနှင့် နွားခလောက်သံများကို သူသည် မလွမ်းဆွတ်လေသလော။ မှိုနတိုနှင့် ချဉ်ပေါင်ရေတည်တို့ကိုလည်း သူသည် မေ့လျော့လေပြီ လော။ အဘယ်ကြောင့် သူ့အား လူရာမသွင်းသော နေပြည်တော်၌ ပျော်ပိုက်၍ နေရသနည်း။ သူသည် အခလွတ် ပညာသင်ကြားခွင့် ရသည်ဆိုသော တက္ကသိုလ်ပညာရေးကို တပ်မက်နေ သလား။ သို့မဟုတ် ကမ္ဘာအေးစေတီကို ဖူးမြှော်ရင်း ပြည်တော်သာစီမံကိန်း၏ တိုက်တလုံး၊ ကားတစီးနှင့် လစာရှစ်ရာတထောင်တို့ကို စောင့်စားနေသလား။ ပုထုဇနော ဥမ္မတကောဟု ဘုရားရှင် ဟောကြားထားသော်လည်း အောင်သန်းသည် မိုက်မဲ လောက်အောင်ကား မရူးပါ။


အောင်သန်းသည် လယ်ကွင်းပြင်များ၌ မွေးဖွားလာခဲ့ရသော လယ်သမား သားသမီးပီပီ နွားကျောင်းရင်း ပြွေကြူလို၏။ သူသည်ကွင်းပြင်၌ တိုက်ခတ်သောလေကို ရှူရှိုက်လို၏။ သို့ရာတွင် ကျေးလက်၌ ယနေ့တိုင် မိုးကောင်းလျက်ရှိသော မြေရှင်က သူ့အား ကျောတရာ၊ ရင်တရာ ရိုက်ခတ်၍ လယ်ကွင်းများထဲမှ နှင်ထုတ်လိုက်သည်။ သူအဘိုး၏ လယ်ကိုသိမ်း ယူ၍ သူ့အဘကိုလည်း လယ်ထဲမှ ကန်ထုတ်လိုက်သောအခါ အောင်သန်းသည် ပြေးမိပြေးရာ သို့ပြေးရင်း နေပြည်တော်သို့ ရောက်လာခြင်းဖြစ်၏။
အောင်သန်းသည် ဤကဲ့သို့ အမွေမဲ့သားတယောက် ဖြစ်လာခဲ့ရသည်။ သူ့တွင် အတတ်ပညာလည်း မရှိပေ။ သူသည် လူလားမမြောက်ရမီပင် သူ၏ ဝမ်းတထွာကို ရသောနည်းနှင့် ကျောင်းခဲ့ရသည်။ သူ၏ အသက်ရှင်နေနိုင်ရေး တိုက်ပွဲသည် ကြပ်တည်းလှ၏။ မနိုင်သောဝန်ကိုလည်း ထမ်းခဲ့ရ၍ မရောက်နိုင်သောခရီးကိုလည်း သွားခဲ့ရ၏။ ဘဝ၏ ထန်ပြင်းသောမုန်တိုင်းအကြားဝယ် သူသည် လွင့်ချင်ရာလွင့် နေခဲ့ရ၏။ ငတ်မွတ်ရခြင်းသည် သူ၏ ညီအစ်ကိုဖြစ်၍၊ နာကျင်ရခြင်းများသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါ နေကြသော အရိပ်များဖြစ်ကြသည်။
သို့ရာတွင် အောင်သန်း၌ လေးမြတ်စရာကောင်းသော သတ္တိတခုရှိသည်။ သူသည် အတိတ်ကို လုံးဝ မြှုပ်နှံထားနိုင်ခြင်းပင် ဖြစ်၏။ သူသည် ပစ္စုပ္ပန်၌သာ နေထိုင်လျက်၊ အနာဂတ် ကိုလည်း အိပ်မက် မက်ခြင်း ရှိပုံမရ။ သူသည် နံနက်စာကို တွေ့ရသောအခါ စား၏။ သို့ရာတွင် ညစာအတွက် သူသည် မစဉ်းစား၊ တွေ့လျှင်လည်း စားမည်။ မတွေ့လျှင်လည်း မစားဘဲနေ လိုက်မည်။ မခံမရပ် နိုင်လောက်အောင် ဆာလောင်လာသောအခါ သူသည် တော၏ဥပဒေ အတိုင်း ရှာဖွေ၍ စားသောက်တတ်သည်။ သည်အတွက်နှင့် သူ့ကို ဝိုင်းဝန်းဖမ်းဆီး၍ တရားရုံး များသို့ ပို့ကြ၏။ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံသော တရားမင်းများက နေပြည်တော် အရပ်၌ တောဥပဒေကို လိုက်နာသော အောင်သန်းအား အပြစ်ပေးကြ၏။
ရန်ကုန်ထောင်အတွင်းသို့ အောင်သန်းသည် အကြိမ်ကြိမ်ရောက်ခဲ့ပြီးပေပြီ။ သူသည် ကလေးအရွယ်၌ ကလေးထောင်တွင် နေထိုင်ကြီးပြင်းခဲ့ရ ပြီးလျှင် ယခု အသက် (၄ဝ) နီးသော အရွယ်၌ကား ဗမာနိုင်ငံ အကျဉ်းထာင် အနှံ့အပြား၌ လှည့်လည်နေထိုင်ခဲ့ပြီးလေပြီ။ ဤအတိုင်း သွားနေလျှင် သူသည် ထောင်ထဲ၌ အရိုးထုတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။
၁၉၅၂ - ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အထက်ပါ အောင်သန်း ကို သွေးများ စွန်းထင်းနေသော ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော်သည် တွေ့ဆုံခဲ့ရ လေပေသည်။

(၂)

ကျီးကန်းနှင့်စာငှက်များကို အရှင်ရအောင် ဖမ်းနိုင်သည်ဆိုသော ထူးခြားသည့် အရည်အချင်းကြောင့် အောင်သန်းကို ကျွန်တော်သည် စတင်၍ စိတ်ဝင်စားမိ၏။ ထို့ထက်လွဲ၍ အောင်သန်းအကြောင်းကို ဘာမျှတော့မသိသေး။ ကျီးကန်းနှင့် စာငှက်များကို အရှင်ရအောင် ဖမ်းဆီးနိုင်သော လူတယောက်ထက်လွဲ၍ သူ၏ နာကျင်ရှည်လျားလှသော ငိုချင်းရှည်ကြီးကို ဘာမျှမသိရှိသေးမီ အောင်သန်းကို ကျွန်တော် စတင်တွေ့ရှိရသည်။
ပိန်ချည့်သေးကွေးသော လူတယောက်သည် အရောင်အဆင်းမရှိသော ပုဆိုးစုတ်ကို လည်တွင် ဂွင်းသိုင်းလျက်၊ တုတ်တချောင်းကို ဝှေ့ရမ်းကိုင်ဆောင်ကာ ငါးအဆောင်သို့ဝင်၍ လာသဖြင့် တံခါးဝ၌ တာဝန်ရှိသော အကြပ်က ထုံးစံအတိုင်း ဟန့်တားပိတ်ပင်သည်။
"ဟေ့ ဝါဒါ၊ မင်း ဖွင့်ပေးမလား၊ မပေးဘူးလား"
အကြပ်က အောင်သန်းအား တံခါးဖွင့်မပေးဘဲ နှင်ထုတ်၏။
အောင်သန်းသည် အကြပ်ကို နောက်ထပ် ဘာမျှပြောဆိုခြင်း မပြုတော့ဘဲ သံတိုင်ကို ကျော်တက်၍ ငါးအဆောင်တွင်းသို့ ဝင်သွား၏။ မိန်းဂျေးမှ စီအိုင်ဒီများသည် အောင်သန်းကို ဘာမျှမပြောဆိုနိုင်ဘဲ လက်ပိုက်၍ ကြည့်နေကြရ၏။
"အဲဒါပေါ့ဗျ၊ အောင်သန်းဆိုတာ" ဟု မိတ်ဆွေတယောက်က ကျွန်တော့်အား လှမ်း၍ ပြောပြ၏။
ချုပ်ချယ်မှုအား တော်လှန်တတ်သော အောင်သန်းကို ကျွန်တော်သည် ဤသို့စတင် တွေ့ရှိကာ သူ့အား သဘောကျမိသည်။ ချုပ်ချယ်ခြင်းခံနေရသည့်အကြား၌ ထပ်မံချုပ်ချယ် ခြင်းကို ပုန်ကန်ဝံ့သော အောင်သန်း၏ ပင်ကိုယ်သတ္တိကို ကျွန်တော်သည် လေးစားသလို ဖြစ်မိ၏။ သူ့ကို ရင်းရင်းနှီးနှီး သိကျွမ်းလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။
"ဟေ့....... အောင်သန်း၊ မင်းဘယ်သွားမလို့လဲ" ကျွန်တော်က စတင်၍ သူ့အား နှုတ်ဆက်ကာ တားလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ" ဟု အောင်သန်းက ကျွန်တော့်ကို အကဲခတ်သလို ပြန်၍မေးလာ ၏။
"ငါလဲ မင်းလို ထောင်ထဲရောက်နေတဲ့ လူတယောက်ပါပဲကွာ"
"ခင်ဗျား ဘီကလပ်ကလား"
"အေး"
"ဒါဖြင့် ဆေးလိပ်တလိပ်လောက်ပေးစမ်းပါ"
သူ၏ ပွင့်လင်းခြင်းကို သဘောကျမိသည်။ ထို့ကြောင့် သူ့အား ကျွန်တော့် အခန်းတွင်း သို့ ခေါ်လာခဲ့ပြီးလျှင် လက်ဖက်ရည်ဖျော်၍ တိုက်ရင်း သူ့ကို လေ့လာကြည်ရှုမိသည်။ အောင်သန်းသည် လုံလောက်သော အာဟာရနှင့် ဆေးဝါးများကို မမှီဝဲခဲ့ရသဖြင့် အသက် အရွယ်နှင့် မလိုက်အောင် သေးကွေး ပိန်ချည့်နေသည်။ လူစဉ်မမီနိုင်အောင် ညှိုးနွမ်းနေသည်။
"ဒါထက်....... မင်းကျီးကန်းနဲ့ စာကလေးတွေကို အရှင်ရအောင် ဖမ်းတတ်တယ်ဆို" ဟု ကျွန်တော် က မေးကြည့်သည်။
"ကျီးကန်းတကောင် လိုချင်ရင် ဆေးလိပ်ငါးလိပ်နဲ့ရမယ်" ဟု အောင်သန်းက သူ၏ ပေါက်ဈေးကို တောင်းလာ၏။
"စာကလေးတကောင်ကကောကွ"
"ငါးလိပ်ပဲ"
“တူတူပဲ လားကွ”
"ဖမ်းရတာ တူတူပဲ"
ညီမျှသော လုပ်အားအတွက် ညီမျှသော တန်ဖိုးကို အောင်သန်းက တောင်းဆို၏။
လက်ဖက်ရည် သောက်ပြီးသွားသောအခါ ကျွန်တော်သည် အောင်သန်းအား ဆေးလိပ် ဆယ်လိပ်ခန့် ပေးလိုက်သည်။ သူသည် ဆေးလိပ်များရသဖြင့် ဝမ်းသာအားရ ထွက်သွားသည်။
နောက်ထပ်၍ သုံးရက်မျှ အောင်သန်းနှင့် မတွေ့ရပေ။
သုံးရက်ခန့် အကြာတွင် အောင်သန်းသည် ကျွန်တော့်ဆီသို့ လာ၏။ သူနှင့်အတူ စာကလေး အရှင် နှစ်ကောင်ကိုလည်း ကျွန်တော့်အတွက် ယူလာခဲ့ပေသည်။

ဗန်းမော်တင်အောင်
(၂၁၊ ၁၁၊ ၅၅)
ရှုမဝမဂ္ဂဇင်း
(မာယာအွန်လိုင်းမဂ္ဂဇင်း မှတဆင့် ကူးယူဖော်ပြလိုက်ပါသည်၊)

ဆက်လက်ဖော်ပြပါမည်......။

နောက်ပိတ်ခွေး (ရေးသူ-ဗန်းမော်တင်အောင်) အပိုင်း(၂)အားအောက်ကလင်ခ်မှာဖတ်...။
http://www.facebook.com/note.php?created&&note_id=228130320546828
နောက်ပိတ်ခွေး (ရေးသူ-ဗန်းမော်တင်အောင်) အပိုင်း(၃)အားအောက်ကလင်ခ်မှာဖတ်....။
http://www.facebook.com/note.php?created&&note_id=228130333880160

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...