ထူးအိမ်သင် ကိုယ်တိုင်ရေးခဲ့သောကဗျာ ( မြ ကဗျာစာအုပ်မှ)
စင်သီယာ
နှလုံးသားနဲ့ ဖတ်ဖို့
(ရင်၌ဖြစ်သော)
..................................... ချစ်ဇနီးသို့...
'' စင်သီယာ ''
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။
'' စင်သီယာ ''
ငါမပြောတော့ဘူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဘူး...
'' စင်သီယာ ''
မင်းဘာမှမသိဘူး
ငါ့ဘဝဟာ ဆူးနဲ့ခလုတ်ပဲ
ညွှတ်တဲ့ဥုကောင်းနဲ့ ငါအသက်မရှင်
လေးညှို့ကိုငင်ပြီးမှ မာနအခွံခွာ
ငါတောင်းပန်ရမှာလား...
မင်းစကားပြန်အနှုတ်မှာ
ငါ '' ဖြုတ် '' ကနဲကြွေခဲ့ပေါ့၊
ညှိုးရော့တဲ့ ငါ့အပြုံး
နေပါဦးအချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ
မင်းဘာမှမသိဘူး...၊
“ စင်သီယာ ”
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့...။
“ စင်သီယာ ”
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်...။
“ စင်သီယာ ”
ဘာကြောင့်လဲ
ဖန်တီးဆဲ ဂီတမှာ
သာယာမှုမဲ့တယ်
နွယ်မြက်သစ်ပင် သံယောဇဉ်မဟုတ်
ကဗျာတစ်ပုဒ် ကြေပျက်ပြီးမှ
မင်းဝန်ချမှာလား
ဆေးသမားမှားတဲ့အခါ
ပန်းပွင့်တစ်ရြာွေကစေတယ်
ရေဒီယိုသတ္တိကြွအပြုံး
ငါ့နှလုံးသားထက်မှာ
ဗုံးကျင်းရာထင်ပြီ စင်သီယာ
ဘာကြောင့်လဲ...။
“ စင်သီယာ ”
ငါမငိုဘူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဘူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီလေ
မကြွေနဲ့ စင်သီယာ
ငါ........။
ကဗျာချစ်သော မိတ်ဆွေများကို ကျွန်တော် ဖတ်စေလိုသော ဆန္ဒဖြင့်... ကူးယူဖော်ပြပါသည်။
နှလုံးသားနဲ့ ဖတ်ဖို့
(ရင်၌ဖြစ်သော)
..................................... ချစ်ဇနီးသို့...
'' စင်သီယာ ''
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။
'' စင်သီယာ ''
ငါမပြောတော့ဘူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဘူး...
'' စင်သီယာ ''
မင်းဘာမှမသိဘူး
ငါ့ဘဝဟာ ဆူးနဲ့ခလုတ်ပဲ
ညွှတ်တဲ့ဥုကောင်းနဲ့ ငါအသက်မရှင်
လေးညှို့ကိုငင်ပြီးမှ မာနအခွံခွာ
ငါတောင်းပန်ရမှာလား...
မင်းစကားပြန်အနှုတ်မှာ
ငါ '' ဖြုတ် '' ကနဲကြွေခဲ့ပေါ့၊
ညှိုးရော့တဲ့ ငါ့အပြုံး
နေပါဦးအချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ
မင်းဘာမှမသိဘူး...၊
“ စင်သီယာ ”
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့...။
“ စင်သီယာ ”
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်...။
“ စင်သီယာ ”
ဘာကြောင့်လဲ
ဖန်တီးဆဲ ဂီတမှာ
သာယာမှုမဲ့တယ်
နွယ်မြက်သစ်ပင် သံယောဇဉ်မဟုတ်
ကဗျာတစ်ပုဒ် ကြေပျက်ပြီးမှ
မင်းဝန်ချမှာလား
ဆေးသမားမှားတဲ့အခါ
ပန်းပွင့်တစ်ရြာွေကစေတယ်
ရေဒီယိုသတ္တိကြွအပြုံး
ငါ့နှလုံးသားထက်မှာ
ဗုံးကျင်းရာထင်ပြီ စင်သီယာ
ဘာကြောင့်လဲ...။
“ စင်သီယာ ”
ငါမငိုဘူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဘူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီလေ
မကြွေနဲ့ စင်သီယာ
ငါ........။
ကဗျာချစ်သော မိတ်ဆွေများကို ကျွန်တော် ဖတ်စေလိုသော ဆန္ဒဖြင့်... ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment