- သိပ္ပံ၊ နိုင်ငံရေးနှင့် ဗုဒ္ဓဘာသာ
ATHEISM (အသယ်ဇင်) (ဂရိတ်ဘာသာ-A=မ, THEOS=ထာဝရဘုရား) ထာဝရဘုရား၌လည်းကောင်း၊ တန်ခိုးဗျာဓိဟာများနှင့် သေပြီးကာလ နောက်ဘဝရှိခြင်း စတဲ့ ဘာသာရေးနှင့် ပါတ်သက်သော အယူအဆများ၌ မယုံကြည်မှု ဖြစ်သည်၊ ၎င်းအယူအဆသည် သိပ္ပံပညာတိုးတက်သည့် ခေါမ တိုင်း၌ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည်။ ရုပ်ဝါဒ၏ သန္ဓေယူမှုသည် ခရစ်တော်မပေါ်မီ ရှေးပဝေသဏီကပင် စခဲ့ပါသည်၊ လူသတ္တဝါတို့သည် သေပြီးနောက် ဘဝ မရှိတော့ဟု ယူသည့် ဥစ္ဆေဒဒိဌိသည် ရုပ်ဝါဒ၏ ပဓါန ခံယူချက်ဖြစ်လာသည်၊ ဤသို့ဖြစ်လာရခြင်းမှာလည်း ဘဝတို့သည် ဆက်နေ၏ ပြတ်သွားသည်မရှိ၊ ထို့ကြောင့် ဒုက္ခဖြစ်နေသည့် ဘဝမှ သုခဖြစ်စေမည့် ဘဝကို ရောက်ရန် GOD ကို လည်းကောင်း၊ မမြင်နိုင်ဘဲ တည်ရှိနေသည့် တန်ခိုးရှင်များကိုလည်းကောင်း၊ သူတို့၏ တန်ခိုးဗျာဓိဟာများကိုလည်းကောင်
ဘဝဟူသည် သေလျှင်ပြတ်သည်ဟုယူသည့် ဥစ္ဆေဒဒိဌိနှင့် ယှဉ်သည့် ရုပ်ဝါဒ ပေါ်ပေါက်လာရခြင်းမှာ ဘဝဟူသည် ပြတ်သည်မရှိ ကောင်းကျိုး ဆိုးကျိုးအတိုင်းစဉ်ဆက်မပြတ် လည်နေဦးမည်ဆိုသည့် သဿရဒိဌိကို ငြင်းဖျက်လိုသောကြောင့် ဖြစ်သည်၊ စင်စစ်မှာ ဆက်ခြင်းရော ပြတ်ခြင်းပါ မှားနေသည်၊ ဒါကို မသိလျှင် မသိခြင်း သံသရာမှာ ကျင်လည်နေကြရမည်၊ သိ၍ မှန်ကန်စွာ အကြောင်းခံလျှင် မသိ၍ သံသရာမှာ ကျင်လည်ရမည့် ဘေးမှကင်းဝေးသည့် အကျိုးဖြစ်ထွန်း မည်သာ ဖြစ်ပါသည်၊ ထို့ကြောင့် အကြောင်းအကျိုးကို နားမလည်သေးသူများအဖို့ ဆက်ခြင်းနှင့် ပြတ်ခြင်း အယူအဆမှ မကင်းလွတ်နိုင်တော့ပါ။ အဘိဓမ္မာဆရာကြီးများဖြစ်သည့် ဒီမိုကရေးတပ်စ်နှင့် အက်ပီကျူးရပ်စ်တို့၏ နောက်ပိုင်း ရောမအဘိဓမ္မာဆရာကြီး LUCRETIUS: လူကရက်ရှပ်က ကမ္ဘာလောကကြီးကို ကျွန်ုပ်တို့၏ သိပ္ပံပညာနှင့် ချဉ်းကပ်တဲ့အခါ ကမ္ဘာလောကသည် ရုပ်အနုမြူများဖြင့်သာ ပေါင်းစပ်ဖွဲ့စည်း ထားကြကုန်၏ဟု ထုတ်ဖော်ခဲ့သည်၊ ဘာသာရေးနှင့် နှီးနွယ်သည့် စိတ်၊ နာမ်၊ ဥာဏ်တို့၏ အခန်းကဏ္ဍကို ပြစ်ပယ်ဟောပြောပြီး ဘာသာရေးကို ဆန့်ကျင်ပြသဖြင့်လည်း ထင်ရှားလာခဲ့သည်။ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း၌ ကိုးပါးနီးကပ်၊ ဂယ်လီလီယို၊ ဂျော်ဒန်နိုဗရှုနိုနှင့် အခြားဆရာကြီးတို့သည်လည်း ကမ္ဘာလောကနှင့် ပါတ်သက်ပြီး မသဲကွဲသော ဘာသာရေးဆိုင်ရာ အယူအဆများနှင့် ဥပဒေသတို့ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပါသည်၊ အဲဒီခေတ် အဲဒီအခါက သူတို့ရှာဖွေတွေရှိခဲ့ကြတဲ့ နေသည် ကမ္ဘာကို မပတ်၊ ကမ္ဘာကသာ နေကို ပတ်သည်၊ ကမ္ဘာ၊ လနှင့် အခြားဂြိုလ်များသည်လည်း နေကို ဗဟိုလ်ပြုသော နေစင်္ကြာဝဠာပင် ဖြစ်သည်ဟု နားလည် လက်ခံမှုနှင့်အတူ ထာဝရဘုရား၏ ဖန်ဆင်းမှုနှင့် သဘာဝကို ခွဲခြားနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ကမ္ဘာ့သိပ္ပံဒဿန ပညာရှင်ကြီးတို့သည် သူတို့နားလည်တတ်ကျွမ်းသည့် လက်တွေ့ စမ်းသပ်အောင်မြင်သည့် သိပ္ပံပညာနှင့် သူတို့ထင်မြင်ယူဆသည့် ဘာသာရေးအယူအဆကို နှိုင်းယှဉ် သုံးသပ်ပြီးမှ ဘာသာရေးကို စွန့်ပစ်ကြခြင်းသာ ဖြစ်သည်၊ ဤသို့ဆိုသော် သိပ္ပံအဘိဓမ္မာဆရာကြီးတို့သည် သူ့ခေတ် သူ့အမြင်နှင့်သာ ဘာသာရေးကို ရှုမြင်သုံးသပ်နိုင်ကြပါသည်ဟု ပြောရပါလိမ့်မည်၊ ဆိုချင်သည်မှာ သိပ္ပံဆရာကြီးတို့၏ အမြင့်ဆုံး နားလည်တတ်ကျွမ်းမှုဖြင့် စမ်းသပ်အောင်မြင်တွေ့ရှိချက်မျာ
မည်သို့ဆိုစေ သေဆုံးလောင်တုံးဆိုသည့် ဘဝပြတ်ကြောင်း သိပ္ပံရုပ်ဝါဒအယူနှင့် ဘဝဆက်သံသရာလည်နိုင်သည်ဟု ဟူသည့်ဘာသာရေး အခြေခံအယူအဆကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ ဟော်လံနိုင်ငံမှ စပင်နိုဆာ (SPIONZA) နှင့် အင်္ဂလန်မှ ဟော့ဗ်စ် (HOBBES) တို့ကတော့ ဘာသာရေးကို ကျဉ်းမြောင်းသော တရားသေ ကျသော စာနာမှု ကင်းမဲ့သော ဝါဒဟု ဆိုကာ ပြင်းထန်စွာ ထိုးနှက် ခဲ့ကြပြန် ပါသည်၊ ဆယ့်ရှစ်ရာစု အမြင်သစ် ရုပ်ဝါဒီ ခေါင်းဆောင်များဖြစ်တဲ့ ဒီဒါရို (DIDEROT)၊ ဟဲလ်ဗက်ရှပ် (HELVETIUS) နှင့် ဟိုးဘက် (HOLBACH) တို့ကတော့ လူထု၏ အသိပညာကင်းမဲ့မှုကို အခွင့်ကောင်းယူ၍ ခေါင်းပုံဖြတ် သူများမှာ ဘာသာရေး ဆရာများ၊ သသာနာ့ဝန်ထမ်း ရဟန်းများဖြစ်သည်ဟု ဆိုကြ ပြန်ပါသည်။ ကားလ်မာက္ခ(စ်)နှင့် အိန်ဂျယ်တို့ လက်ထက်ရောက်တဲ့အခါ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ၊ သွေးစုပ်သူနှင့် သွေးစုပ်ခံ၊ လူမှုဆက်ဆံရေးနယ်ပယ်တခုလုံးကို ရုပ်သဘာဝ အခြေခံအမြင်ဖြင့် ကြည့်ရှုကြပြီး ဘာသာရေး ဟူသည် ဖိနှိပ်ခံ အလုပ်သမား လူတန်းစားများကို ကျွန်စိတ် သွတ်သွင်း ပေးသည့် လက်နက် ကိရိယာအဖြစ် ဖော်ပြကြပါသည်၊
ကမ္ဘာကြီးပေါ်တွင် ယခင်ရော ယခုပါ ဘာသာရေးကို ပစ်ပယ်သည့် ရှုံချသည့် တိုက်ခိုက်ချေဖျက်ကြသည့် သိပ္ပံဒဿန ဆရာများနှင့် နိုင်ငံရေး ဒဿန ဆရာကြီးများ အများအပြားပင် ပေါ်ပေါက်ခဲ့ကြသလို ပေါ်ပေါက်ဆဲလည်း ဖြစ်ပါသည်၊ ဤကဲ့သို့ ဖြစ်နေခြင်းသည်လည်း သဘာဝတရားပင် ဖြစ်ပါသည်၊ ဘာသာရေးကို ယုံကြည်သူရှိကြလို မယုံကြည်သူလည်း ရှိနိုင်မည်သာ ဖြစ်သည်၊ သို့သော် အယူအဆများသည် နှစ်ဘက်လုံး မှားနေသည်၊ နှစ်ဘက်လုံးမှန်နေသည် ဟူ၍ လည်းကောင်း၊ နှစ်ဘက်လုံးမှာ အမှားနှင့် အမှန် ရောနေသည်ဟူ၍လည်းကောင်း ဖြန်ဖြေ၍ မှတ်ချက်မချနိုင်ပါ၊ ရုပ်နာမ်လူသား အားလုံးအတွက် အကြွင်းမဲ့လွတ်လပ်ခြင်းနှင့် ထာဝရချမ်းသာခြင်းကို ရှာသည့် အမြင့်ဆုံးအဆင့်အတွက်ဆိုလျှင် အမှန်တရားသည် ဘက်တဘက်မှာသာ ရပ်တည်နေပေသည်၊ လုံးဝ မတိမ်းစောင်းပါ၊ အဆင့်အဆင့်သော လောကဓါတ်သိပ္ပံဆရာကြီးများသည် ဓာတ်ကမ္ဘာ၊ စင်္ကြာဝဠာနှင့် လောက၏ သဘာဝမှန်ကို သိမြင်ရန် အပတ်တကုတ်အားထုတ် ရှာဖွေခဲ့ကြသည်မှာ ယနေ့ စတီဗင်ဟော့ကင်း(Stephen Hawking) တို့ လက်ထက်သို့ပင် ရောက်ခဲ့ပါပြီ၊ သူတို့၏ စမ်းသပ်အားထုတ်မှုများကြောင့်လည်
ဤသို့ဆိုလျှင် ရုပ်သမားတို့သည် ရုပ်၏ အသေးဆုံး အမှုန်၏ တည်ရှိရာ၊ ပမာဏ၊ အားနှင့် လားရာတို့ကို သိနိုင်ရန် မဖြစ်နိုင်တော့ချေ၊ ထို့ကြောင့် ရုပ်ကမ္ဘာအကြောင်းနှင့် ရုပ်လောက၏ အတိတ်နှင့် အနာဂတ်ကို မှန်ကန်စွာ ဟောကိန်းထုတ်ရန် ကြိုးပမ်းမှုများသည် စိတ်ကူးယဉ်မှုသာ ဖြစ်ပါ တော့သည်၊ ယနေ့ခေတ်လောကဓါတ် သိပ္ပံပညာ၏ အမြင့်ဆုံးဆရာတဆူဖြစ်နေသည့် စတီဗင်ဟော့ကင်းသည် မသေချာခြင်း နိယာမကို လက်ခံပြီး သိပ္ပံပညာကို ပိုမိုတိုးတက် သစ်လွင် တောက်ပြောင် စေခဲ့ပါသည်၊ အိုင်စတိုင်းထက်ပင် ခေါင်းတလုံးပို၍ မြင့်နေပြန်ပါသည်၊ ဟော့ကင်းသည် ဘလက်ဟိုး(Black Holes) တွင်းမဲကြီးများကို ရှာဖွေပြီးသူ၏ ဘစ်ဘင်း (Big Bang) သီဝရီကို အခိုင်အမာ သက်သေပြတော့မည် ဖြစ်ပါသည်၊ သူ၏ သုတေသနပြုမှုကြီး အောင်မြင်ပြီးမြောက်လျှင် စင်္ကြာဝဠာ၏ အတိတ်နှင့် အနာဂတ်ကို ဟောကိန်းထုတ်နိုင်မည်ဟု ဟော့ကင်းက ယုံကြည်နေပုံရပါသည်။ GOD ကို ကာကွယ်လိုသည့် အိုင်စတိုင်းကြီး၏ အနုမာနကို ရှောင်သွေပြီး မသေချာခြင်းနိယာမ(Uncertainty Principle) ဖြစ်သည့် အနိစ္စဝါဒ ဘက်ကို တိမ်းစပြုသည့် ဟော့ကင်းသည် စင်္ကြာဝဠာကို မှန်ကန်စွာ ချဉ်းကပ်လာ နိုင်သည်ကို လည်း တွေ့နေရပါပြီ၊ သို့သော် စင်္ကြာဝဠာ၏ အစနှင့် အဆုံးကို မဆိုထားဘိ မဝေးသေးသော အတိတ်နှင့် မကွာလှမ်းသော အနာဂတ်ကိုပင် ဟောကိန်းထုတ်ရန် အလား အလာ မရှိသေးပါ၊ ရုပ်နာမ်တို့နှင့် လူသားတို့၏ အတိတ်နှင့် အနာဂတ်ကို ဟောကိန်းထုတ်ရန်ဟူသည်ကား ဝေးလှပါသေးသည်၊ ဤကိစ္စသည် ရုပ်သိပ္ပံဆရာတို့၏ အရာမဟုတ်ချေ၊ လူ့အသိပညာ၏ အထွဋ္ဋ်အထိပ်ကို ရောက်ရှိ ရရှိသူ အရိယာမြတ်ကြီးများ၏ အရာပင်ဖြစ်ပါသည်၊ လူ့အသိပညာ၏ အထွဋ္ဋ်အထိပ်ဖြစ်သည့် အရဟတ္တမဂ်ဥာဏ် ဖိုလ်ဥာဏ်ကို မရရှိသေးသည့် သာသနာပ သမထ ဆရာကြီး ဒေဝီလလို ပုဂ္ဂိုလ်မျိုး ပင်လျှင် ရှေးကမ္ဘာလေးဆယ်၊ နောက်ကမ္ဘာလေးဆယ်ကို မြင်သည်ဟု ဗုဒ္ဓဘာသာမှာ ဖော်ပြပါရှိပါသည်၊ ဤကဲ့သို့ အကန့်အသတ်နှင့် မြင်သည့် သမထအမြင်ကိုသည်ပင်လျှင် ယနေ့ သိပ္ပံဆရာကြီးများ မမြင်နိုင် မလိုက်နိုင်ကြသေးပါ၊ အဘယ်ကြောင့်ဆိုသော် သက်ရှိသက်မဲ့ လောကကြီးကို ရုပ်ဟုသာ မြင်နေသဖြင့် ရုပ်ကို ရုပ်ဖြင့်တိုင်းတာ စမ်းသပ် ဖော်ထုတ်ရန် ကြိုးစားနေခြင်း ကြောင့် ဖြစ်ပါသည်၊
ထိုသို့ စမ်းသပ်ရှာဖွေကြံဆကြရင်း ရုပ်ကို ရုပ်ဖြင့် တိုင်းတာ၍ မရတော့သည့်အတွက် ဘာမှ မသေချာပါဘူးကွာဆိုသော အဆင့်မှာပင် ရေစုံမျောကြပါတော့သည်၊ ထို့ကြောင့် သိပ္ပံဆရာကြီးတို့သည် ပန်းတိုင်မဲ့ ရှာဖွေရေး ခရီးလမ်းကိုသာ လျှောက်လှမ်း နေသူများအဖြစ် မှတ်ယူရပါတော့သည်။ ဘာသာရေးမှာ ပန်းတိုင်ရှိသည်၊ ဗုဒ္ဓဘာသာမှာလည်း ပန်းတိုင်ရှိသည်၊ ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်၊ နိဗ္ဗာန်သည် မဖောက်မပြန် မဖြစ်မပျက်သော ထာဝရချမ်းသာသည့် သဘောကိုဆောင်သည်၊ လူ့အသိပညာ၏ အထွဋ္ဋ်အထိပ်ကို ရသူရောက်သူသည် နိဗ္ဗာန်ချမ်းသာကို သိသည် မြင်သည် ခံစားသည်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မြတ်တို့အဖို့ လောကသာမက လောကမှလွန်သည့် လောကုတ္တရာကိုပါ မြင်တော်မူကြသည်၊ သို့မြင်တော်မူကြသည့်အတိုင်း လောကဟူသည် ဖြစ်ခြင်းပျက်ခြင်းများနှင့် မပြီးဆုံးနိုင်သည့် သံသရာဟု ဟောကြားဆုံးမတော်မူခဲ့ကြသည်၊ ထို့ကြောင့် လောကထဲရှိ ရုပ်နာမ်ဟူသမျှတို့သည်လည်း ဖြစ်ခြင်းပျက်ခြင်းဖြင့် မဆုံးနိုင်သော သံသရာဟူ၍သာ ခေါ်ဆိုအပ်ပါသည်၊ ယနေ့ သိပ္ပံတိုးတက်မှုနှင့်အတူ လူသတ္တဝါနှင့် ကမ္ဘာ စင်္ကြာဝဠာ အနန္တသည်လည်း ဖြစ်လိုက်ပျက်လိုက်နှင့် မပြီးဆုံးနိုင်ပါ၊ စင်္ကြာဝဠာ၏ မပြီးဆုံးခြင်းနိယာမကို BIG BANG (မဟာပေါက်ကွဲမှု) သီဝရီဖြင့် သိပ္ပံက မှုန်ဝါးဝါးမြင်စ ပြုလာပြီ ဖြစ်သည်။ သိပ္ပံဆရာကြီးတို့သည် ဘလက်ဟိုး ၏ စုပ်ယူဝါးမြိုခြင်းခံရသည့် စင်္ကြာဝဠာသည် ဘိတ်ဘိတ်တုံး ချုပ်ဆုံးမှတ် ရောက်သော်လည်း လုံးဝဥဿုန် ချုပ်ငြိမ်း ရုပ်သိမ်းသည် မဟုတ်ဘဲ၊ မဟာပေါက်ကွဲမှုနှင့်အတူ စင်္ကြာဝဠာအသစ်တခု ပြန်လည် မွေးဖွား လာပြန်သည်ကို တွေ့ရှိ ဖော်ထုတ်စ ပြုနေကြပါသည်၊ ဤသို့ဆိုသော် စင်္ကြာဝဠာသည် မွေးလိုက် သေလိုက်၊ ဖြစ်လိုက် ပျက်လိုက် သံသရာမှ လွဲမထွက်နိုင်ပါဟု ကောက်ချက်တခုဖြစ်လာပါသည်။
သို့သော် ပျက်သွားသည့် (သို့မဟုတ်) သေသွားသည့် စင်္ကြာဝဠာဟောင်းနှင့် ဖြစ်ပေါ်လာသည့် (သို့မဟုတ်) မွေးဖွားလာသည့် စင်္ကြာဝဠာသစ်တို့သည် တခုနှင့် တခု ဆက်စပ်မှု ပါတ်သက်မှုကင်းသည့် အသစ်နှင့် အဟောင်း လုံးဝသက်ဆိုင်မှု ကင်းနေပြီလား (သို့မဟုတ်) အဟောင်းနှင့် အသစ်သည် မည်သို့ဆက်စပ်မှုနှင့် မည်သို့သက်ဆိုင်ပြီး မည်သို့ရောင်ပြန်ဟတ်မှုများ ရှိနေမည်နည်းဆိုသည့် ပြဿနာ ကတော့ သိပ္ပံဆရာကြီး တို့၏ ဦးနှောက်ကို မီးတောက် ပါလိမ့်အုံးမည်။ ဤကဲ့သို့ ရုပ်စင်္ကြာဝဠာ၊ ရုပ်ကမ္ဘာတို့၏ ပြဿနာများကို အသဲအသန်ရှာဖွေဖြေရှင်းရန် အားထုတ် နေကြသည့် သိပ္ပံအဘိဓမ္မာ ဆရာကြီးများသည် နာမ်နှင့် စင်္ကြာဝဠာ၊ နာမ်နှင့် ကမ္ဘာအတွက်မူကား “ သက်တန့် လှမ်းချီ ဖမ်းမမီ ” ဆိုသကဲ့သို့သာ ဖြစ်ချိမ့်မည်။ လူသားတို့သည် ငြိမ်းချမ်းခြင်း ချမ်းသာခြင်းကို အလိုရှိကြသည့်အတိုင်း ရှာဖွေခဲ့ကြသည်၊ ယာယီငြိမ်းချမ်းခြင်းထက် ထာဝရငြိမ်းချမ်းခြင်းကို ရှာဖွေနေကြပြန်သည်၊ ထာဝရငြိမ်းချမ်းခြင်းကို ရှာဖွေရာ၌သဿတဒိဌိနှင့် ဥစ္ဆေဒ ဒိဌိတို့ဖြင့် မတွေ့ရှိနိုင်ပေ၊ တွေ့ရှိနိုင်သည့် မဇ္ဈိမပဋ္ဋိပဒါ အလယ်အလတ် လမ်းစဉ်ဖြင့် အစွဲသက္ကာရကင်းသည့် အယူသည် ဗုဒ္ဓဘာသာမှာရှိသည်၊ ဆက်ခြင်းနှင့် ပြတ်ခြင်း အစွန်းတရားနှစ်ပါးထဲမှ လွှဲမထွက် နိုင်သည့် သိပ္ပံဒဿန ဆရာကြီးများ၊ နိုင်ငံရေးဒဿန ဆရာကြီးများနှင့် ဘာသာရေး ဆရာကြီးများ သည်လည်း ထာဝရ ငြိမ်းချမ်းရေး (Absolute freedam) ကို တွေ့ရှိနိုင်မည် မဟုတ်ပါ၊ ဒါကြောင့်လည်း အစွန့်တရား နှစ်ပါးကို လက်ကိုင်ထားနေကြသည့်သိပ္ပံ၊ နိုင်ငံရေး၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တို့သည် တဦးနှင့် တဦး တိုက်ခိုက်လိုက် အသုံးချလိုက်နှင့် လောကသံသရာတွင် နစ်မျော နေကြမည်သာ ဖြစ်ပါသည်။
ထိုသည့်အထဲတွင် ဗုဒ္ဓဘာသာမှာ မပတ်သက်ကောင်းပါ၊ မိမိတို့ လမ်းနှင့် မိမိတို့လျှောက်လှမ်းပြီးအစွန်း
နိဂုံးကမ္ပတ်အဆုံးသတ်ရသော် ရုပ်ဝါဒ အဓိက သိပ္ပံဆရာကြီး တို့နှင့် လည်းကောင်း၊ အနုပဋိလောမ ရုပ်ဝါဒ အဓိက နိုင်ငံရေး ဆရာကြီးတို့နှင့် လည်းကောင်း ဗုဒ္ဓ ဘာသာသည် မည်သို့မျှ တူညီ ပါတ်သက်ခြင်း မရှိသလို ပုထုဇဉ် လူဝတ်ကြောင် တို့၏ နိုင်ငံရေး လူမှုရေး ကိစ္စများနှင့် လည်း ပါတ်သက် စပ်ယှက်မှု မရှိသဖြင့် အပြန်အလှန် အသုံးချ မှုများဖြင့် ဗုဒ္ဓဘာသာကို မဖျက်ဆီးသင့်ပါကြောင်း သတိပေးတင်ပြအပ်ပါသည်။
ဆောင်းပါးရှင်- ဦးဖိုးသာအောင်
၁၈ -၆ - ၂၀၁၁
0 comments:
Post a Comment