Monday, June 13, 2011

ဘာသာရေးဆိုတာ ကြောက်ရွံ့မှုကြောင့် ဖြစ်လာရတာလား။ ယုံကြည်မှုသက်သက်လား

by သီဟ ပျံချီ on Monday, June 13, 2011 at 7:48pm
(ဘာသာရေးဆိုတာ ကြောက်ရွံ့မှုကြောင့် ဖြစ်လာရတာလား။ယုံကြည်မှုသက်သက်လား

ဆိုသော အမေးအတွက်  လွန်ခဲ့သည့်နှစ်က ပြန်ဖြေထားသည်ကို ပြန်လည် ဝေမျှသည်။)

ရှင်းမယ်နော်။ ညီပြောတဲ့အမေးကို အကိုလည်း ကြားဖူးပါတယ်။ဖတ်ဖူးပါတယ်။နိုင်ငံခြားက တွေးခေါ်ပညာရှင်တွေကိုယ်တိုင် ဘာသာရေးဟာ ကြောက်ရွံမှု ဖြစ်တယ်။ယုံကြည်မှုသက်သက်ဖြစ်တယ်လို့ ဆိုခဲ့ကြဖူးတယ်။ ဒဲ့ရှင်းကြတာပေါ့ကွာ....။


ဘာသာရေးသည် ယဉ်ကျေးမှု၊ကြောက်ရွံမှုတစ်ခုဟု ဆိုသော ပညာရှင်များ
"Religion is the daughter of Hope and Fear, explaining to ignorance the nature of the Unknowable."
—Ambrose Bierce
နောက်တစ်ယောက်ကတော့ ကမ္ဘာကျော်စာရေးဆရာကြီး ဘတ်ထရန်ရပ်ဆဲလ်ရဲ့ အယူအဆပါ။ မူရင်းကို ဖတ်ကြည့်နိုင်ဖို့ တစ်ပါတည်း တင်ပေးလိုက်ရပါတယ်။

Religion is based, I think primarily and mainly upon fear. It is partly the terror of the unknown and partly, as I have said, the wish to feel that you have a kind of elder brother who will stand by you in all your troubles and disputes. Fear is the basis of the whole thing - fear of the mysterious, fear of defeat, fear of death. Fear is the parent of cruelty, and therefore it is no wonder if cruelty and religion have gone hand in hand. It is because fear is at the basis of those two things. In this world we can now begin a little to understand things, and a little to master them by help of science, which has forced its way step by step against the Christian religion, against the churches, and against the opposition of all the old precepts. Science can help us to get over this craven fear in which mankind has lived for so many generations. Science can teach us, and I think our own hearts can teach, no longer to invent allies in the sky, but rather to look to our own efforts here below to make this world a fit place to live in, instead of the sort of place that the churches in all these centuries have made it.
WHAT WE MUST DO
We want to stand upon our own feet and look fair and square at the world - its good facts, its bad facts, its beauties, and its ugliness; see the world as it is and be not afraid of it. Conquer the world by intelligence and not merely by being slavishly subdued by the terror that comes from it. The whole conception of God is a conception derived from the ancient Oriental desporisms. It is a conception quite unworthy of free men. When you hear people in church debasing themselves and saying that they are miserable sinners, and all the rest of it, it seems contemptible and not worthy of self-respecting human beings. We ought to stand up and look the world frankly in the face. We ought to make the best we can of the world, and if it is not so good as we wish, after all it will still be better than what these others have made of it in all these ages. A good world needs knowledge, kindliness, and courage; it does not need a regretful hankering after the past or a fettering of the free intelligence by the words uttered long ago by ignorant men. It needs a fearless outlook and a free intelligence. it needs hope from the future, not looking back all the time toward a past that is dead, which we trust will be far surpassed by the future that our intelligence can create.
ဘတ်ထရန် ရပ်ဆယ် ရေးထားတာကို အကျဉ်းမျှ ဖော်ပြရရင်
၁။ဘာသာရေးဟာ ကြောက်ရွံမှုအပေါ် အခြေခံပြီး တည်ဆောက်ထားတယ်။
၂။ဘာသာရေးဟာ မသိမမြင်နိုင်တဲ့အရာတွေအပေါ် အကြောက်တရားရှိတာနဲ့မိမိဒုက္ခ၊ပြသနာတွေအတွက်ဖြေရှင်းပေးဖို့၊လုံခြုံမှုပေးဖို့အတွက် ရည်ရွယ်ထားတယ်။
၃။သိပံပညာရပ်တိုးတက်လာတာနဲ့အမျှ မျိုးဆက်အဆက်ဆက်က ကိန်းအောင်းဖွံ့ဖြိုးခဲ့တဲ့ အကြောက်တရားတွေကို သိပံပညာရပ်အကူနဲ့ပယ်ဖျောက်နိုင်လာကြတယ်။
၎။သေဆုံးသွားတဲ့အတိတ်ကိုပြန်မကြည့်ဖို့နဲ့ မိမိအသိညဏ်၊ဗဟုသုတ၊သတ္တိတို့နဲ့ အနာဂတ်ကို ဖန်တီးကြဖို့ လိုအပ်တယ်လို့ ညွှန်ထာတယ်။
၅။ဘာသာရေးကနေ ပေးစွမ်းတဲ့ အကြောက်တရားတွေကို အသိညဏ်နဲ့ ဖယ်ရှားအောင်မြင်ဖို့ တိုက်တွန်းထားတယ်။
ဟုတ်ပြီနော်..။ ဒီနှစ်ယောက်ပြောတာကိုပဲ အခြေခံထားပြီး အကိုအချက်(၅)ချက်နဲ့ ရှင်းသွားမယ်...။
၁။ဘာကြောင့် ဘာသာရေးဟာ ကြောက်ရွံ့မှုအပေါ် အခြေခံပြီး တည်ဆောက်ထားရတယ်လို့ ပြောရတာလဲ။
ဘတ်ထရန်ရဲ့ စာထဲမှာ သေခြင်းကို ကြောက်ရွံ့တာ၊အံဖွယ်ထူးဘနန်းအရာတွေကို ကြောက်ရွံ့တာ၊ရှုံးနိမ့်ခြင်းကိုကြောက်ရွံ့တဲ့ အကြောင်းတွေ ပြောသွားတယ်။
အကိုတို့ ..ဟိုးရှေးကမ္ဘာဦးလက်ထက်ကစပြီး သွားကြည့်ကြရအောင်။ယဉ်ကျေးမှုတွေ မဖွံ့ဖြိုးတိုးတက်စဉ်အခါတုန်းက လူတွေဟာ မိုးကြိုးပစ်လို့ မိုးကို ကိုးကွယ်ကြတယ်။တောင်တွေ၊သစ်ပင်တွေ၊နဂါးတွေ၊ကျားတွေ၊မိကျောင်းတွေကို ကိုးကွယ်ခဲ့ကြတယ်။တရုတ်ပြည်မှာ ဟိုးအရင်တုန်းက လူသားစားပြီး ပူဇော်တဲ့ဓလေ့လေးတစ်ခုရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနလေ့လာသူတွေ တွေ့ရှိချက်အရ သိရှိလာရတယ်။ကျောက်ခေတ်က စဦးလူတွေရဲ့ ဖြတ်သန်းမှုဟာ အကြောက်တရားတွေနဲ့ချည်း ပြည့်နှက်နေခဲ့ရတယ်။ဒါကြောင့် သူတို့ရဲ့ အားကိုး ကိုးကွယ်ရာတွေဟာ သက်ရှိတင်မက၊သက်မဲ့တွေပါ ပါဝင်လာခဲ့တယ်။လူသားတင်မက တိရစာန်တွေပါ ရှိလာခဲ့တယ်။ဒါဟာ အကိုအမြင်အရပြောရရင်တော့ ဖြစ်သင့်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဖြတ်သန်းမှုတိုင်းမှာ အစခရီးဟာ ကြမ်းတမ်းခက်ထန်စမြဲပဲလေ။လူသားတိုးတက်မှုဖြစ်စဉ်ဟာလည်း ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။
အကို..ဘာကို..ဆိုလိုချင်လို့ ဒီစကားတွေ ပလင်ခံနေရသလည်းဆိုတာ သိရအောင် ဆက်ဖတ်ပေးပါ.ညီ။
အမှောင်ကိုကြောက်တဲ့ ကျောက်ခေတ်က လူတွေမှ အကြောက်တရားရှိတာ မဟုတ်ပါဘူး။အိုင်တီခေတ်က လူတွေလည်း အကြောက် တရားရှိပါတယ်။အကြောက်တရားဟာ လူသားတစ်ယောက်မွေးဖွားလာတာနဲ့ အတူပေါင်းဖက်ပြီး ကြီးပြင်းလာရတာ ဖြစ်ပါတယ်။အသိညဏ်ဖွံ့ဖြိုးတိုးတက်ခြင်း၊မတိုးတက်ခြင်းနဲ့ အကြောက်တရားဟာ ဆက်စပ်နေပေမယ့် အသိညဏ်ရှိတိုင်း အကြောက်တရားကင်းတာတော့ မဟုတ်ပါဘူး။
သေခြင်းကို ကြောက်ရွံ့ခြင်း၊ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်း၊မမြင်ရတဲ့အရာတွေအပေါ် ကြောက်ရွံ့ခြင်းစတဲ့ ကြောက်ရွံ့ခြင်းတွေအပေါ် ဘာသာရေးဟာ အခြေခံတည်ဆောက်ထားတယ်ဆိုတဲ့စကားမှန်ကန်ခဲ့မယ်ဆိုရင် ဘာသာမဲ့တစ်ယောက်အနေနဲ့ အကြောက်တရားဆိုတာ မရှိတော့ဘူးဆိုတဲ့သဘောပေါ့။
ဘာသာမဲ့တစ်ယောက်အနေနဲ့ မီးလောင်နေတဲ့အိမ်ထဲကိုဝင်ဖို့ အကြောက်တရားဆိုတာ မရှိတော့ဘူး။AIDS ရောဂါဖြစ်ရင်သေမယ်ဆိုတာသိလည်း ကြောက်စရာ မလိုတော့ဘူးပေါ့။ဘာသာရေးဟာ အကြောက်တရားကို Foundation ချထားတာမို့ ဘာသာမရှိတော့ရင် အကြောက်တရားဆိုတာ မရှိတော့ဘူးပေါ့။ ဒီစကားဟာ မှန်ကန်တယ်လို့ ယူဆရင် ဘတ်ထရန်ရပ်စဲကို သေရွာကနေခေါ်ပြီး ဘာသာမဲ့လုပ်ခိုင်းမယ်။ပြီးရင်
၁။ပင်လယ်ထဲကို ပစ်ချပြီး ငါးစာကျွေးကြည့်မယ်။
၂။မီးလောင်နေတဲ့အိမ်ထဲမှာ ပိတ်ထားမယ်။
၃။ကြက်ငှက်တုပ်ကွေးလို ရက်ပိုင်းအတွင်းသေစေနိုင်တဲ့ရောဂါပိုးရှိတဲ့ရပ်ကွက်ထဲ နေခိုင်းမယ်။
အဲဒီလို အကိုလုပ်ခိုင်းမယ်ဆိုရင် ဘတ်ထရန် ရပ်ဆဲလ်က အကို့ကို ထထိုးမှာ ကျိန်းသေပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သူဒုက္ခရောက်မယ်ဆိုတာ၊နာကျင်မယ်ဆိုတာ ကျိန်းသေပေါက်သိရှိနေလို့ပါ။
အကိုအနေနဲ့ အကြောက်တရားဟာ ဘာသာရေးအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်းမဟုတ်တဲ့အကြောင်းနဲ့ လူတွေရဲ့ အကြောက်တရားဟာ မသိမနားလည်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်း မဟုတ်ကြောင်း အထက်က အချက်(၃)ချက်နဲ့တင် သက်သေပြနိုင်ပါတယ်။လူတွေဟာ မိမိကိုယ်ကို မိမိဘေးအန္တာရယ်ရှိစေနိုင်တဲ့အရာကို သိသိကြီးနဲ့ ချဉ်းကပ်ဖို့ သတ္တိမရှိကြပါဘူး။သူတို့မှာ အကြောက်တရား ရှိပါတယ်။အဲဒီ့အကြောက်တရားဟာ ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး။မီးကို ပူမှန်းသိလို့ မကိုင်ရဲတဲ့ အသိမျိုးပဲ ဖြစ်ပါတယ်။ဒါကို နည်းနည်းပညာရပ်ဆန်တဲ့စကားနဲ့ပြောရရင် Cause and Effect ရဲ့သဘောတရားကို သိရှိလို့ ဦးနှောက်ကနေ ခွင့်မပြုတဲ့အကြောက်တရားပဲ ဖြစ်ပါတယ်။ဒါကြောင့် အသိညဏ်ဖွံ့ဖြိုးတိုးတက်တိုင်း အကြောက်တရားဟာ လျှော့နည်းပပျောက်သွားရတာ မဟုတ်ပါဘူး။အသိညဏ်အဖွံဖြိုးတိုးတက်ဆုံးလို့ ယူဆဖွယ်ရာရှိတဲ့ အိုင်ကျူအမြင့်ဆုံးလူတွေကို တန်းစီမေးပြီး မင်းတို့ ကြောက်တတ်လား၊မကြောက်တတ်အောင် စမ်းသပ်မယ်ဆို၇င် အဖြေသိလာပါလိမ့်မယ်။ဗဟုသုတပြည့်စုံတိုင်း အကြောက်တရားမရှိဘူးဆိုရင် ဆာဟာရ သဲကန္တရထဲကို ရဟတ်ယာဉ်နဲ့ခေါ်သွားပြီး အလယ်ရောက်မှ ကန်ချပစ်လိုက်မယ်။ဗဟုသုတပြည့်စုံတဲ့သူဆိုတော့ ဘယ်နေရာမှာပဲနေနေ အကြောက်တရားဆိုတာ မရှိနိုင်ပါဘူးလေ..ဟုတ်တယ်ဟုတ်...။
အကိုအနေနဲ့ ထပ်ပြီး ပေရှည်ရရင် ဘတ်ထရန် ရပ်စဲပြောတဲ့ Fear ပဲရှိသေးတယ်။ Fear of ဆိုတဲ့ Phobia အပိုင်းကို ဆက်စပ်ပြီး မပြောချင်သေးပါဘူး။Phobia ဆိုတာ ဓာတ်ပုံအရိုက်ခံရမှာ ကြောက်တာ၊အမှောင်ကို ကြောက်တာ၊မိန်းမတွေကို ကြောက်တာ၊လိပ်ပြာကို ကြောက်တာ၊ရေချိုးမှာကို ကြောက်တာစတဲ့ လူတစ်ကိုယ်တစ်မျိုး မတူတဲ့ ကြောက်စိတ်အမျိုးမျိုးလေးတွေ ဖြစ်ပါတယ်။
သူက ဘာသာရေးဟာ ကြောက်စိတ်အပေါ် အခြေခံပြီး တည်ဆောက်ထားတယ်ဆိုလို့ ဒီကြောက်စိတ်လေးတွေပါ ဘာသာရေးနဲ့ဆက်စပ်ပတ်သတ်မှုရှိလားဆိုတာ မေးချင်လာလို့ပါ။အဲဒီ့ကြောက်စိတ်လေးတွေဟာ အသိညဏ်ပညာ၊ဗဟုသုတ၊သတ္တိတို့နဲ့ ဆက်စပ်သလားဆိုတာ သိချင်လာလို့ပါ။သူ အသက်ရှင်နေသေးရင် အကို..အဲဒီ့လို မေးလိုက်ချင်ပါတယ်။
ဘတ်ထရန်ရပ်စဲလ်ပြောတဲ့ အကြောက်တရားဟာ ဘာသာရေးရဲ့ အခြေခံ
ဆိုတာ တချို့ဘာသာများအတွက် ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ကျောက်ခေတ်က လူတွေကိုးကွယ်ဆည်းကပ်ခဲ့ကြတဲ့ ဘာသာရေးတွေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် အဲဒီ့ဘာသာရေးအထဲမှာတော့ အကိုတို့ ဗုဒဘာသာရေးဟာ မပါဘူး။ဘတ်ထရန်ပြောသလို ဘာသာရေးဟာ လူတွေရဲ့ ဒုက္ခ၊ပြသနာတွေ ကို ဖြေရှင်းပေးနိုင်တဲ့ဘာသာရေးတွေထဲမှာ အကိုတို့ ဗုဒဘာသာမပါဘူး။ဒီစကားကျတော့ နည်းနည်းရှုပ်တယ်။ဒီလိုရှိတယ်။
အကိုတို့ ဗုဒဘာသာဟာ
၁။ကံကံရဲ့အကျိုးတရားကို ယုံတယ်။အဲဒါဟာ Cause and Effect ဆိုတဲ့သဘောပဲ။ အကြောင်းတရားရှိရင် အကျိုးတရားဆိုတာ ရှိတယ်။
မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။
မကောင်းတာ လုပ်ပြီး ကောင်းတာ ဖြစ်ချင်လို့ မရဘူး။ကောင်းတာလုပ်ပြီး မကောင်းတာ မဖြစ်သွားဘူး။
၂။ကိုယ်လုပ်မှ ကိုယ်ရတယ်။ကိုယ်မလုပ်ရင် ကိုယ်မရဘူး။အကိုက သိကြားမင်းနဲ့ အမျိုးတော်လည်း သိကြားမင်းက အကို့ကို နိဗန်ရောက်အောင် မပို့ပေးနိုင်ဘူး။အကိုဘာသာ အကိုကြိုးစားအားထုတ်ပြီးမှ သွားလို့ရမယ်။
လောကီကိစ္စတွေဖြစ်တဲ့ လူ့ဘ၀မှာ ချမ်းသာချင်ရင် ချမ်းသာတဲ့အကြောင်းရင်းတွေ အတိုင်းကျင့်ဆိုပြီး ဗုဒ္ဒက ညွှန်ခဲ့တယ်။
ရော ဥုံဖွံ ချမ်းသာစမ်းဆိုပြီး ဗြုန်းစားကြီး မချမ်းသာလာနိုင်ဘူး။
ဒီတော့ ဘတ်ထရန်ပြောတဲ့ လူတွေရဲ့ ဒုက္ခတွေကို ဖယ်ရှားပေးဖို့ အဆင်ပြေဖို့ အဲဒီ့လူကိုယ်တိုင်ကြိုးစားအားထုတ်မှုမပါဘဲ မရနိုင်ဘူး။
၃။လောကုတ္တရာကိစ္စတွေဖြစ်တဲ့ဟာတွေကို တချက်ကြည့်မယ်။မဂ်၊ဖိုလ်ရချင်လား..။အလွယ်ရချင်လို့ ဘာသာရေးကျူရှင်တက်ပါရစေ..လာမလုပ်နဲ့..နိုးပဲ..။ကိုယ်ဟာကို ၀ိပသနာအားထုတ်၊ကျင့်၊ပါရမီဘယ်လောက်ပါတယ်၊မပါတယ်၊ဖြည့်ဆည်းထားမှု ဘယ်လောက်ရှိတယ်၊မရှိတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်ရဲ့ အကျိုးရလာဒ်ပေါ်ထွက်မှုဟာ အချိန်အနှေးအမြန်ဖြစ်သွားလိမ့်မယ်။အကိုတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ အနှစ်ကုဋေနဲ့ချီပြီး ပါရမီဖြည့်ခဲ့၇တယ်လို့ ဆိုထားတယ်။တစ်ဘ၀တည်းကျင့်ပြီး ဒီလို ရခဲ့တာ မဟုတ်ဘူး။
၎။အကိုတို့ ဗုဒဘာသာဟာ လူတွေကို မကြောက်တတ်အောင် နှစ်သိမ့်ပေးတာ၊ကာကွယ်ပေးတာ မဟုတ်ဘူး။
အပြစ်ရှိရင် အပြစ်ဒဏ်ခံစားရမယ်။ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ်။မကောင်းတဲ့သူက မကောင်းတဲ့အကျိုး မခံစားရဘူးလို့ မဟောထားဘူး။
ဘယ်လောက်ပြေးပြေးမလွတ်ဘူး။
အကိုတို့ဗုဒဘာသာဟာ လူတွေကို အကျိုးအကြောင်းတရားရှိရှိနဲ့ ကြောက်သင့်တာကြောက်၊မကြောက်သင့်တာ မကြောက်ဘဲ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှု အနှစ်သာရအပြည့်အ၀ကို ဘယ်လိုလုပ်ဆိုတာ လမ်းပြပေးတာပဲ ဖြစ်တယ်။
ဒါကြောင့် ဘတ်ထရန်တို့ ပညာရှင်တွေ ပြောတဲ့ ဘာသာတရားသည် အကြောက်တရားအပေါ် အခြေခံထားတယ်ဆိုတဲ့ အချက်ဟာ
၁။ဟုတ်နိုင်ပါသည်။သို့သော် ကမ္ဘာဦးဘာသာရေးများနှင့် အချို့သော ဘာသာရေးများအပေါ် ရည်ညွှန်းခြင်းသာ ဖြစ်ပါလိမ့်မယ်။
အကိုတို့ ဗုဒဘာသာနှင့်တော့ ကောင်းကင်နှင့်မြေကြီးလို့ မဆက်စပ်၊မသက်ဆိုင်ပေ။
ရပ်စယ်ပြောသည့်စကားသည်
အကိုတို့ဗုဒဘာသာအပေါ် နက်နက်ရှိုင်းရှိုင်းမလေ့လာဘဲ ဆိုမိသည့် မသိနိုးစကားပြောခြင်းဖြစ်မည်။
ယင်းစကားများသည် အကိုတို့ဗုဒဘာသာနှင့် မသက်ဆိုင်၊အကျုံးမ၀င်၊သက်သေထူ၇န် အပြည့်ရှိသည်။
သိပညာရပ်တိုးတက်မှုသည် အကိုတို့ဗုဒဘာသာ၏ မှန်ကန်ကြောင်းပြယုဂ်ကို သက်သေပြနေသလို ဖြစ်ပေမည်။
ဒီလောက်ဆို ညီငယ်သဘောပေါက်လောက်မိပြီထင်ပါရဲ့။
ပညာရှင်များ အမှားပါသွားပါက ပြင်ဆင်ထောက်ပြပေးကြပါရန်။
လေးစားစွာဖြင့်

သီဟပျံချီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...