ပြည်တက္ကသိုလ်က..၀ိဥာဉ်ကျောင်းသူလေး(ဖြစ်ရပ်မှန်)
ဒီဇာတ်လမ်းလေးဟာ တကယ့်ဖြစ်ရပ်မှန်မို့ အမည်များကို လွဲပြောင်းရေးသားထားပါတယ်။ဒါကကျမ တို့၂၀၀၂ (Dayကျောင်းသူတဦး)ရဲ့ တကယ်ဖြစ်ရပ်မှန်ပါ။အရင် ၂၀၀၂-၂၀၀၃ လောက်တုန်းက ပြည်တက္ကသိုလ်ရဲ့ Day တက်ရတဲ့ အချိန်က မနက်ပိုင်း နဲ့ နေ့လည်ပိုင်း ၂ချိန်ထဲပါ။တနလာင်္ ကနေ သောကြာနေ့ အထိပေါ့။ စနေ၊တနင်္ဂနွေ ဆိုရင် တော့ အဝေးသင်အချိန်ပါ။ပြည်တက္ကသိုလ်မှာ တက်နေကြတာဟာ ပြည်အနီးနားဝန်းကျင် ၆မြို့နယ်လုံးကပါ။
Day တက်ဖို့အတွက် အဆောင် ငှားနေကြရပါတယ်။ အဆောင်တွေကလဲ ရတနာလမ်းထဲမှာပဲများပါတယ်(၂၀၀၁-၂၀၀၅လောက်ကပေါ့)ခုတော့အရမ်းကို တိုးတက်နေပါပြီ။ ကျမလဲပြည်ကို(မြန်မာပြည်နဲ့) အဆက်အသွယ်ပြတ်နေတာကြာပါပြီ။အဲတိတုန်းက ကျမသူငယ်ချင်းတွေက နယ်ကလာတဲ့သူတွေဆိုတော့ အဆောင်ငှားနေကြရပါတယ်။အဆောင်က ပြည်ရတနာလမ်းဟိုဘက်ဒေါင့် ခရမ်းကုန်းသွားတဲ့ လမ်းဘက်ကျတဲ့ ကန်ဘောင်ဘေးက အဆောင်ပါ။အဲတိအဆောင်မှာ ကျမသူငယ်ချင်းတွေဖြစ်တဲ့ရွှေဇင်၊ချိုသက်၊အိအိမိုးနဲ့သူဇာလင်းတို့ပါ။သူတို့တွေက ပြည်က မဟုတ်လို့အဆောင်မှာနေပါတယ်။ကျမကတော့ပြည်သူဖြစ်တဲ့အတွက် အိမ်ကနေပဲ ဆိုင်ကယ်နဲ့ ကျောင်းတက်ပါတယ်။ကျမသူငယ်ချင်းတွေ က ဇီးကုန်း၊ ဥသျှစ်ပင်၊ နတ်တလင်း၊ ကပါ ။ပြောချင်တာက သူဇာလင်းဆိုတဲ့ သူငယ်ချင်းမလေးကတော့ ပေါင်းတည် (၃နှစ်တကြိမ် မြတ်စွယ်တော်လှည့်တဲ့)ရန်ကုန်-ပြည်လမ်းပေါ်က ပေါင်းတည်ကြီးကပါ။ သူတို့ အားလုံးဟာ သောကြာနေ့ပရက်တီကယ်အခြေအနေကိုကြည့်ပြီးနေ့လည်ကားတွေနဲ့ နယ်အသီးသီးကိုပြန်ကြပါတယ်။ကျမတို့က Day မနက်ပိုင်း(နံနက်၇နာရီမှ ၁၂ နာရီအထိမို့ပါ)။၂၀၀၁ သမားတွေက ညနေပိုင်းပါ။သောကြာနေ့ပြန်ကြပြီး တနင်္ဂနွေ
နေ့လည်၊ ညနေ ဆိုရင် ပြည်ကိုစားစရာ အကြော်အလှော်ဘူးလေးတွေ၊ ငွေစလေးအချို့တွေနဲ့ ပြန်လာတက်ကြပါတယ်။(စကားမစပ်-အဲတိတုန်းက “မေတ္တာရိပ်” ဆိုင်က ကြေးအိုးဆီချက်တပွဲ ကိုမြန်မာငွေ ၅၀၀ကျပ် ပါ၊ကျမတို့လဲ အိမ်ကဆိုင်ကယ်ဆီဖိုးကုန်လို့တဲ့ တနေ့မုန့်ဖိုး ၃၀၀ ပဲရတဲ့ခေတ်ကပါ။ သတိရလို့ပြန်ပြောတာပါ၊ ဒါပေမဲ့နယ်ကလာတဲ့ကျမသူငယ်ချင်းတောသူဌေးသမီးတွေကတော့ တပတ်ပြန်လာရင် ၂သောင်းလောက်သုံးနိုင်ကြပါတယ်)။ဇာတ်လမ်းက ဒီလိုပါ…တနင်္ဂနွေနေ့ ညနေရောက်တော့ အဆောင်မှာအိအိမိုး၊ရွှေဇင်နဲ့ ချိုသက်တို့ပြန်ရောက်နေကြပါပြီ။ညနေစောင်းနေပေမဲ့ သူဇာတယောက်တော့ ပြန်ရောက်မလာသေးပါဘူး။အရင်က သူဇာက ပေါင်းတည်ကနေ ရန်ကုန်-ပြည်Express တွေနဲ့လိုက်လာရင် ဒီလောက်နောက်မကျ တက်တာမို့အိအိမိုးတို့ လဲ မျှော်နေတာပေါ့။ အိအိမိုးက သူဇာနဲ့တခြင်ထောင်ထဲ အိပ်တဲ့သူပါး။ ၄ယောက်ခန်းဆိုပေမဲ့ ၂ယောက် တခြင်ထောင်အိပ်ကြတာပါ။ဒါနဲ့သူတို့ ညမိုးချုပ်တော့စာကျက်ရင်း လဖက်သုပ် စားကြပါတယ်။ တော်နေကြာတော့ နေကြာစိ ထွက်ဝယ်ဆိုပြီး ပြည်တက္ကသိုလ်ရှေ့က ဇင်ယော်နီကို ထွက်ခဲ့ပါတယ်။အပြန်မှာတော့ ရတနာလမ်းထိပ် အရောက် ကွေ့ခါနီး(ယခုThe Place နေရာ လောက်မှာ)နောက်က ကားမီးထိုးတော့ သူငယ်ချင်း ၃ယောက်နောက်လှည့် ကြည့်မိပါတယ်။ကြည့်တာက တခြားတော့ မဟုတ်ပါဘူး။ သူတို့ဘေးမှာလူတယောက်များ ပါလာသေးလားလို့ပါ။ ကားမီးထိုးတော့ သူတို့အရိပ်က သူတို့ရှေ့မှာ ၄ယောက်လာပေါ်နေလို့ပါတဲ့။ ဒီလိုနဲ့ အဆောင်ကိုပြန်ရောက်တော့ အမှု့မဲ့ အမှတ်မဲ့ နေလိုက်တယ်။ည ၈နာရီလောက်မှာ သူဇာတယောက် မျက်နှာလဲ မကောင်းပဲ ခေါင်းငိုက်စိုက်ပြီး စက်ဘီးတွေထာတဲ့ နေရာက ဖြတ်ပြီးအခန်းထဲဝင်လာခဲ့တယ်။(အဆောင်က အခန်းတွေ ရဲ့ ရှေ့မှာလမ်းကြားတွေရှိပါတယ် ဟောတွေ ကိုသုံးထပ်သားတွေနဲ့ အခန်းဖွဲ့ထား တာပါအခန်းပြင်မှာ စက်ဘီးထားလို့၊ အ၀တ်လှမ်းလို့ရပါတယ်)။ ဟိုဘက်အခန်းက သူငယ်ချင်းတွေကလဲ လှမ်းနှုတ်ဆက်ကြတယ်။သူဇာ ဒီနေ့နောက်ကျနေပါလား တဲ့။သူဇာလဲ အင်း တလုံးပဲဖြေပြီး ခေါင်းငုံ့ပြီးအခန်းထဲ ၀င်လာတယ်။ အခန်းထဲရောက်တော့ အိအိမိုးက လှမ်းမေးတယ် “ဟဲ့သူဇာ နင်ပြန်လာတာ နောက်ကျလှချည့်လား၊အထုတ်တွေရော မပါဘူးလား”။ သူဇာက “ အေး ကားတွေ မရှိတော့လို့ မှီရာကားနဲ့အတင်း တိုးဝှေ့ လိုက်လာရတာ” ။ သူဇာပြောပြီးတော့ အိပ်ရာထဲ ၀င်လှဲ နေပါတယ်။ခြင်ထောင်တောင် မထောင်ပဲ အရင် ၀င်အိပ်နှင့်တဲ့ သူငယ်ချင်းကို ကြည့်ပြီး အိအိမိုးက “နေမကောင်းဘူးလား သူငယ်ချင်း”။ ကောင်းပါတယ် လို့ သူဇာကပြန်ဖြေပြီး အစောကြီး ၀င်အိပ်သွားပါတယ်။
နောက်တနေ့မနက်မှာလဲ ထုံးစံအတိုင်း တနလာင်္ဆိုတော့ မနက်စောစော ကျောင်းသွားကြပါတယ်။ ၁၂နာရီ အတန်းပြီးလို့ ပြန်လာတော့ သူဇာတယောက် ကို မတွေ့တော့ အိအိမိုးက မေးပါတယ်။ဘယ်သူ့မေးမေး မတွေ့ဘူးပဲဖြေကြပါတယ်။ အိအိမိုးလဲ အော်သူ့ကောင်လေးနဲ့ မေတ္တာရိပ်မှာရှိနေမှာပဲ လို့ တွေးပြီးသူတို့နေ့လည်စာ စားကြပါတယ်။ ကျမလဲ အဲတိနေ့က အိမ်မပြန်ပဲ ထမင်းလိုက်စား မိပါတယ်။ ညနေ ကျမ ပြန်တဲ့ အထိသူဇာတယောက် ပေါ်မလာပါဘူး။အော် အတန်းလဲ မတက်တော့ သူ့ဘဲ နဲ့ ပြသနာ တခုခုဖြစ်လို့ဆိုပြီး အမှု့မဲ့ အမှတ်မဲ့နေလိုက်ကြပါတယ်။အဂါင်္နေ့ မနက်ကျတော့ အိအိမိုးက မျက်ကလဲ ဆန်ပြာနဲ့ ညက သူဇာတယောက် အဆောင် ပြန်မအိပ်ကြောင်းပြောပါတယ်။အဲတာနဲ့ ရွှေဇင်နဲ့ ချိုသက်ကိုခေါ်ပြီးအိမိုးရယ် ကျမရယ် သချာင်္မေဂျာက သူ့ကောင်လေးရှိရာ ရှာပုံတော်ဖွင့်ရပါတော့တယ်။ ဇေယျာ့ ကိုတွေ့တော့ သူနဲ့ တနလာင်္နေ့ကထဲက မတွေ့ရသေးကြောင်းပြောပါတယ်။ဒါနဲ့ ကျမတို့ လေးယောက် စိတ်ပူပြီး သူ့အိမ်ကို ဖုန်းဆက်ဖို့ တိုင်ပင်ကြပါတယ်။ကျမတို့ကို မပြောပဲ သူ့အိမ်က အကြောင်းတခုခုကြောင့် ရုတ်တရက်ပြန်များသွားလားပေါ့။ သူ့အိမ်ကို ဖုန်းခေါ်နေ တဲ့ အိအိမိုးမျက်နှာ ကြည့်ပြီး ကျမတို့ ၃ယောက် ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး။ “သူဇာ သေပြီတဲ့…ဟီး..ဟီး” ဆို ရှုံးပွချငိုပါလေရော။ ဒီနေ့ သဂြိုလ်မှာ ဆိုတော့ ကျမတို့ သူငယ်ချင်းတွေ အားချင်း ပေါင်းတည်ကို အသုဘပို့ ဖို့ မှီရာကားနဲ့ လိုက်ခဲ့ကြပါတယ်။ ကျမတို့ ရောက်တော့ သဂြိုလ်ပြီးနေပါပြီ။ သူ့အမေက အကြောင်းစုံလဲ ပြောပြရော ဒေါ်အိအိမိုး တယောက် ၃ရက်လောက် အပြင်းဖျားလိုက်ပါတယ်။သူ့အမေ ကပြောတယ် “သမီးတို့ သူငယ်ချင်းက သောကြာနေ့ ပြန်ရောက်တော့သူ့အဒေါ်တွေက မနက်ဖြန် ချောင်းထဲရေသွာကူးမလို့ဆိုတော့ အမေ သမီးလဲ လိုက်သွားမယ်ဆိုပြီး စနေနေ့ မနက်ကျတော့ သူ့အဒေါ်တွေနဲ့လိုက်သွားတာ.. ချောင်းထဲမှာ ရေကူးရင်း ရေနစ်တာ..ပျောက်သွားတာညနေစောင်းမှ အလောင်း ပြန်ရှာတွေ့တယ်တဲ့” ဒါဆို သူဇာသေတာ စနေနေ့ ကထဲကပေါ့နော်ဆိုတဲ့ အိအိမိုးရဲ့ ငိုသံရောနေတဲ့ကြောက်သံကြီး က ထွက်လာပြီးတဲ့ နောက်မှာတော့ သေသွားတဲ့ သူဇာ ၀ိဥာဉ်လေးနဲ့ တခြင်ထောင်ထဲ တညတာ အိပ်ခဲ့တဲ့ အိအိမိုးတယောက် သတိလစ်လဲကျ သွားပါတယ်။ ရွှေဇင်တို့ က အဖြစ်တွေ ပြန်ပြောပြတော့ သူဇာ အမေတယောက် ငိုပါတော့တယ်။ ကျမတို့လဲ ပြည်တက္ကသိုလ်ကြီးနဲ့..သူ့ရည်းစားဇေယျ နဲ့ ကျမ တို့ ကို သတိတရနဲ့ ပြည်မြို့ ကိုပြန်လာသေးတဲ့ သူငယ်ချင်းသူဇာ ရဲ့ ၀ိဥာဉ်လေးကို သနားရင်း “မသူဇာလင်း..အသက်(၁၈)နှစ်” ဆိုတဲ့ ယပ်တောင်လေးတွေနဲ့ ပြည်ကို ပြန်လာခဲ့ကြ ပါတယ်။အော်..သူဒါ့ကြောင့် ရန်ကုန်-ပြည်ကားတွေ ကို ခက်ခက်ခဲခဲ စီးလာရတာနေမှာပေါ့။ လူက သေသွားပေမဲ့ ကျောင်းတက်ရအုံးမယ်ဆိုတဲ့ အသိနဲ့ တနလာင်္နေ့ကျောင်းတက်ဖို့ တနင်္ဂနွေ အရောက်ပြန်လာတဲ့ ကျမတို့ သူငယ်ချင်း ၀ိဥာဉ်မလေး မသူဇာ ခုဆိုရင် သူ ကောင်းရာ ဘုံဘ၀မှာ ရောက်နေလောက်ပါပြီ။
(ပြည်တက္ကသိုလ်မှ ၂၀၀၁-၂၀၀၂ သူငယ်ချင်းများ အား သတိရလျှက်
မင်းတို့ရဲ့သူငယ်ချင်း “ရယ်စရာနဲ့မဟေသီ မဂ္ဂဇင်းတွေမှာဟာသနဲ့ ကဗျာတွေရေးတဲ့….
ဝါသနာရှင် လမင်းဝိုင်(ပြည်) )….ကျမစာတွေမရေးတာ ၅နှစ်ရှိခဲ့ပြီ ၊မြန်မာပြည်နဲ့ အဆက်အသွယ် ပြတ်နေတာလဲကြာခဲ့ပြီမို့ အရေးအသားပိုင်း များလိုအပ်ချက်ရှိခဲ့ရင်၊အမှားပါခဲ့ရင် သီးခံ နားလည်ပေးပါရန် မေတ္တာရပ်ခံပါတယ်)

0 comments:
Post a Comment