Friday, June 17, 2011

တန်ဘိုးကြီး ပန်းချီကား မြန်မာပြည်က ၀ယ်ယူ

by Min Kyaw Khine on Saturday, June 18, 2011 at 1:49am
မြန်မာလုပ်ငန်းရှင်တဦးသည် သက်တမ်း ၈၀ ၀န်းကျင်ရှိသည့် မြန်မာပြည်ဆိုင်ရာ တန်ဘိုးကြီး ပန်းချီကားတချပ်ကို မကြာသေးခင်က အင်္ဂလန်နိုင်ငံမှ ၀ယ်ယူလိုက်သည်ဟု သိရသည်။

ဧပြီ ၂၉ ရက်နေ့တွင် အရောင်းအ၀ယ် ဖြစ်သွားသည်ဟု သောကြာနေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသော်လည်း မည်သည့်ဈေးဖြင့် ၀ယ်ယူလိုက်ကြောင်း မသိရသေးပေ။


ဝယ်ယူသူမှာ ဦးသက်ပိုင်စိုး ဆိုသူ ဖြစ်သည်။

ပန်းချီကားသည် ရှမ်းစော်ဘွားမျိုးဆက် စ၀်အုန်းညွန့်၏ ပုံတူ ဖြစ်သည်။

ဦးသက်ပိုင်စိုးက ထိုပန်းချီကားကို ပုံနှိပ်စာအုပ်တွင် ငယ်စဉ်က တွေ့မြင်ခဲ့ဖူးပြီး စွဲလမ်းခဲ့သူဖြစ်သည်ဟု မြန်မာတိုင်းမ်ကို ပြောသည်။

"ဒီပန်းချီကား ကျွန်တော့ဆီ ရောက်လာတဲ့နေ့ကဆို တစ်ညလုံး ထိုင်ပြီး ကြည့်ပြီး ရင်း ကြည့်နေမိတယ်။ ကျွန်တော့ရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်ခွင့် ရပြီ ဆိုပြီးတော့ အတိုင်းမသိ ကြည်နူးနေမိတယ်"
ဟု ဆိုသည်။

ပန်းချီကားထဲမှ အမျိုးသမီးသည် ၁၈၆၆ မှ ၁၉၀၂ အထိ သီပေါစော်ဘွား ဖြစ်ခဲ့သူ စ၀်ခွန်ဆိုင်၏ မြေး တော်စပ်သည်။ ငယ်စဉ်က လန်ဒန်သို့ လအနည်းငယ် သွားရောက် နေထိုင်ရာမှ ထိုပန်းချီကား ဖြစ်ပေါ်လာသည်။

ပန်းချီဆရာ၏ အမည်မှာ Gerald Kelly ဖြစ်သည်။

ရှက်တတ်သော၊ ထိုစဉ်က အသက် ၁၉ နှစ်အရွယ် ရှိပြီ ဖြစ်သော၊ အိမ်လွမ်းနာကျနေသော စ၀်အုန်းညွန့်က စိတ်ရှည်ရှည်ဖြင့် မိုဒယ်ထိုင်ပေးခဲ့သည်ဟူသော ပန်းချီဆရာ၏ ပြောဆိုချက်ကို ၁၉၈၄ သြဂုတ်လထုတ် စာစောင်တခုတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။

စ၀်အုန်းညွန့်၏ ပုံကြမ်း နှင့် ပုံတူ အများအပြား ဆွဲခဲ့ရာ ပန်းရောင်လုံခြည်နှင့် ပန်းချီကားမှာ အထင်ရှားဆုံးဖြစ်သည်၊ ထိုပန်းချီကားကို ပိုစတာအဖြစ် ပုံနှိပ်ခဲ့ရာ ၁၉၆၈ တွင် ပုံပေါင်း သုံးသောင်းခွဲကျော် အရောင်းထွက်ခဲ့သည်ဟု ထိုစာစောင်တွင် ရေးထားသည်။

ပန်းချီဆရာသည် လွန်ခဲ့သည့် အနှစ် ၄၀ က ကွယ်လွန်ခဲ့သည်။

ပန်းချီကားထဲမှ စ၀်အုန်းညွန့် ယနေ့ အသက်ရှိဦးမည်ဆိုပါက ၉၈ နှစ်အရွယ်ရှိမည် ဖြစ်သည်။

မြန်မာပြည်ရောက် Sao Ohn Nyunt V အမည်ရှိ ပန်းချီကား
ရန်ကုန်တွင် ရိုက်ကူးထားသည်ဟု ယူဆရသော စ၀်အုန်းညွန့် နှင့် သူ၏ ပုံတူ။ ပန်းချီဆရာက ပုံတူ ပန်းချီကား ပိုစတာတို့ကို ကာယကံရှင်ထံသို့ ပေးပို့ခဲ့သည်။ (mangraisofkengtung.blogspot.com)
ပန်းရောင်လုံခြည်နှင့် ပန်းချီကား
စ၀်အုန်းညွန့်၏ ပုံတူ ပန်းချီ တချို့
စ၀်အုန်းညွန့်၏ ပုံတူ ပန်းချီ တချို့
စ၀်အုန်းညွန့်၏ ပုံတူ ပန်းချီ တချို့
စ၀်အုန်းညွန့်၏ ပုံတူ ပန်းချီ တချို့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...